ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/23/11

ကျနော့်အလုပ်အကြောင်း -၃

အလုပ်သမားချင်းတူတာတောင် အခွင့်အလမ်း နဲ့  ခံစားခွင့်မတူဘူး။ သြစတျေးလျက မိုင်းအလုပ်သမားတစ်ယောက်အနေနဲ့ ဘာတွေခံစားခွင့်ရလဲဆိုတာကို မသိတဲ့သူတွေအတွက်သိအောင် ဒီစာကိုရေးပါတယ်။ သူတို့ ရဲ့ အတုကို ယူနိုင်အောင်လို့ ပါ။ မြန်မာနိုင်ငံက အလုပ်သမားတိုင်း အလုပ်ရှင်တိုင်း စဉ်းစားဖို့ အတွက် အဓိက ရည်ရွယ်ပါတယ်။ အခွင့်အရေးကောင်းကောင်းလိုချင်ရင် တောင်းယူလို့ မရရင် တိုက်ပြီးယူရတယ်။ တိုက်ယူတယ်ဆိုတာ အကြမ်းဖတ်တဲ့နည်းကို သုံးပြီးတိုက်ယူတာကို ဆိုလိုခြင်းမဟုတ်ပါ။

သြစတျေးလျတွေရဲ့ ထုံးစံက သူတို့ လစာဘယ်လောက်ရလဲဆိုတာကို လျှို့ ဝှက်ထားလေ့ရှိတယ်။ သူတို့ တင်မကဘူး လက်ရှိ ထိုင်းအခြေစိုက်အတိုက်အခံတွေ မီဒီယာတွေရဲ့ လူကြီးဟုခေါ်သော လူကြီးတွေရဲ့ လစာနှုံးထားကို ဘယ်သူမှ အတိအကျမသိပါဘူး။ ဥပမာ ဧရာဝတီမဂ္ဂဇင်းက အယ်ဒီတာရဲ့ လစာ၊ ဗဟုအဖွဲ့ က လူကြီးတွေရဲ့ လစာ၊ အေအေပီပီက အမြဲတမ်းအတွင်းရေးမှုးနဲ့  ဥက္ကဌလစာ စသဖြင့်တွေကို ပြည်သူတွေသိသလားဆိုတော့ လုံးဝမသိပါဘူး။ တကယ်တမ်းပြောရရင် ဒီလူတွေဟာ သူတို့ လစာ ဘယ်လောက်ရလဲဆိုတာကို အသိပေးသင့်တာပေါ့။ ရိုးသားမှုမရှိလို့ အသိမပေးတာပဲလို့ ကျနော် နိဂုံးချုပ်မိတယ်။

သူများတွေ ပြောပြောမပြောပြော ကျနော် လစာနဲ့ ခံစားခွင့် ဘယ်လောက်ရလဲဆိုတာကို စောက်သုံးမကျတဲ့မြန်မာတွေအတုယူနှိုင်အောင်ရေးလိုက်ပါတယ်။
ကျနော့်လစာက တနှစ်ကို ဒေါ်လာ ခုနှစ်သောင်းခွဲရတယ်။ အခွန်ဖြတ်ပြီး ဆိုရင် ခြောက်သောင်းလောက်ကျန်ပါတယ်။ ဒီလစာက မိုင်းမှာ လုပ်တဲ့သူတိုင်းရတယ်။ ကျနော့်လို ရာထူးကြီးကြီးမရှိ ပညာမတက်တဲ့ အလုပ်သမားတောင် ဒီလောက်ရတယ်ဆိုရင် အခြားသူတွေ ဘယ်လောက် ရမလဲဆိုတာ ခန့် မှန်းကြည့်ပါ။ ဒါက လစာသက်သက်ပဲရှိသေးတယ်။

လစာအပြင် အာမခံ အမျိုးမျိုးကို အလုပ်က လုပ်ထားပေးတယ်။ အဓိကရည်ရွယ်ချက်က အလုပ်သမားတစ်ယောက်အတွက် ဘ၀လုံခြုံမှု ရှိအောင်လို့ ပါ။ Private Heath Insurance လို့ ခေါ်တဲ့ ပုဂ္ဂလိကပိုင်ဆေးရုံမှာ တက်ရောက်ကုသနိုင်တဲ့ အာမခံကြေးကို အလုပ်က လုပ်ထားပေးတယ်။ ကုန်ကျစရိတ်က တနှစ်ကို ဒေါ်လာ ၃၅၀၀-ကုန်တယ်။ နောက်ပြီး Income Protection Insurance လည်း အလုပ်က လုပ်ပေးပါတယ်။ ဒါရဲ့ ရည်ရွယ်ချက်က အလုပ်ထဲမှာ တစ်ခုခုထိခိုက်ရှနာဖြစ်လို့ အလုပ်မလုပ်နိုင်ဘူးဆိုရင် ကိုယ်ရတဲ့လစာရဲ့  ၇၅-ရာခိုင်နှုံးကို အာမခံတဲ့ Company က ပေးပါတယ်။ ပြီးခဲ့နှစ်က ကျနော်တို့ Company မှာ အလုပ်သမား ၆-ယောက်လောက်သေပါတယ်။ ကုမဏီက ကမ္ဘာပေါ်မှာ နံပါတ်ငါးအဆင့်ရှိ အကြီးဆုံးရွှေရှာတဲ့ကုမဏီဆိုတော့ ကမ္ဘာပတ်ပြီး ရွှေရှာတဲ့အချိန်မှာ လူအသေအပျောက်လည်းရှိပါတယ်။ အသေများတဲ့ နေရာကတော့ တောင်အာဖရိကမိုင်းမှာဖြစ်ပါတယ်။ ဒ့ါကြောင့် ကိုယ်သေသွားရင်တောင် ကျန်ရစ်သူမိသားစုတွေ ကောင်းစားအောင်ဆိုပြီး Company က အာမခံအမျိုးမျိုးကို လုပ်ထားပေးပါတယ်။

တစ်နှစ်ကို လေးပတ် နားခွင့်ပေးတယ်။ ဒီလေးပတ်အတွက်လည်း လစာပေးပါတယ်။ နောက်ပြီး မိသားစုမှာ အရေးတကြီးကိစ္စဖြစ်ရင် ခွင့် နှစ်ပတ်လည်းပေးပါသေးတယ်။ အားလုံးပေါင်း ခြောက်ပတ်ကို တစ်နှစ်တစ်ခါရပါတယ်။ ဒီခြောက်ပတ်အတွက် အလုပ်မလုပ်ပဲ လစာရပါတယ်။

Dell ကွန်ပြူတာဝယ်ရင်လည်း Special Discount ပေးသေးတော့ သူများတွေနဲ့ မတူ ပိုပြီး ဈေးတော်တဲ့ကွန်ပြူတာတွေကို ဈေးပေါပေါနဲ့ ဝယ်နိုင်တဲ့ မိုင်းမလုပ်သမားတွေပါလို့ ပြောချင်ပါတယ်။ ပညာဆက်သင်ချင်ရင်လည်း Company က ငွေကြေးထောက်ပံ့ပေးပါတယ်။ နိုင်ငံခြားမှာ သွားပြီး သင်တန်းတက်ခွင့်တွေလည်း အခမဲ့စီစဉ်ပေးတော့ သူများနိုင်ငံနဲ့ မတူတဲ့ ကျွမ်းကျင်လုပ်သားတွေကို Company အတွက် ရပါသေးတယ်။ တစ်နှစ်ကိုတစ်ခါ ရွှေသားအစစ် တစ်အောင်စကို အခွန်မပါပဲ ၀ယ်ခွင့်ပေးတယ်။ ဈေးပေါပါတယ်။ ဆိုတော့ အလုပ်သမားတစ်ယောက်က သူ့ မှာ ဘာမှပူပင်စရာမရှိပဲ အလုပ်လုပ်နိုင်တယ်။ လစာကလည်း စားလောက်တဲ့အပြင် အများကြီးပိုလျှံပါတယ်။ ကျနော့်အလုပ်က ၈-ရက်လုပ် ၆-ရက်နားတာတောင် ပိုက်ဆံ ခုနှစ်သောင်းကျော်ရတယ်ဆိုရင် နေ့ တိုင်းသာအလုပ်လုပ်ရင် ဘယ်လောက်ရမလဲဆိုတာကို တွက်ကြည့်ရင် သိနိုင်တယ်။ အလုပ်သမားတိုင်း ကိုယ့်ရဲ့ လစာထဲက ၉-ရာခိုင်နှုံးကို အစိုးရက မစုမနေစုခိုင်းပါတယ်။ ဒါရဲ့ ရည်ရွယ်ချက်က အသက်ကြီးရင် စားဖို့ အတွက်ပါ။ အသက် ၆၅-နှစ်ပြည့်မှ ထုတ်ယူသုံးစွဲခွင့်ရှိပါတယ်။ ပင်စင်သဘောမျိုးဖြစ်မယ်ထင်တယ်။ အလုပ်ထဲကို လာလည်ဖို့ အတွက် Company က တစ်နှစ်တခါ အခမဲ့လေယာဉ်နဲ့ မိသားစုအလိုက် အလည်ခေါ်ပေးပါတယ်။ ကျနော်လုပ်တဲ့အလုပ်ကို ကျနော့်မိသားစုတွေ သိအောင်လို့ ပါ။ အလုပ်ထဲမှာ သွားတဲ့လေယာဉ်ခကို Company ကပေးပါတယ်။ နေဖို့ စားဖို့ အတွက် Company က အခမဲ့စီစဉ်ပေးပါတယ်။ တပြားမှမကုန်ပါဘူး။ ဆိုတော့ မိုင်းမှာလုပ်တိုင်း ငွေကို အသားတင်စုမိပါတယ်။ ရွှေဈေးကောင်းရင် ကောင်းသလို Bonus ရပါတယ်။ ပြီးခဲ့နှစ်က အလုပ်သမားတိုင်း တစ်ယောက်ကို ၃.၅ ရာခိုင်နှုံးလောက် ဘိုးနပ်စ်ရပါတယ်။ ဥပမာ တစ်နှစ်ကို ပိုက်ဆံတစ်သိန်းလစာရတဲ့လူဟာ ဒေါ်လာ ၃၅၀၀ ဘိုးနစ်ပ်ရပါတယ်။

အလုပ်ထဲက လူတိုင်းဟာ တစ်နှစ်ကိုတစ်ခေါက်ပုံမှန် နိုင်ငံခြားမှာ အပန်းဖြေပါတယ်။ အများစုကတော့ ထိုင်း နဲ့ ဘာလီမှာ အပန်းဖြေတယ်။ ကုန်ကျတဲ့စရိတ်က ဒေါ်လာ ၂၀၀၀ လောက်တောင်မကုန်တော့ လူတိုင်းသွားနိုင်တယ်။ တချို့ ဆိုရင် တစ်နှစ်ကို သုံးခေါက်လောက် ခရီးထွက်တယ်။

ဒီစာကို ရေးတာ ကြွားဖို့ မဟုတ်ပါဘူး။ မသိတဲ့သူတွေ သိအောင်လို့ ပါ။ ကျနော်လည်း မြန်မာပြည်နဲ့ ထိုင်းမှာ အလုပ်ပေါင်းစုံလုပ်ဘူးပါတယ်။ မြန်မာတွေဟာ တကယ့်ကိုသနားစရာကောင်းတဲ့လူတွေပါလားလို့  အခုမှသိတယ်။ သြစတျေးလျတွေတောင် ဒီလိုစနစ်မျိုး ဖန်တီးနိုင်တယ်ဆိုရင် ကျနော်တို့ က ဘာ့ကြောင့် သူတို့ လို မလုပ်နိုင်ရမှာလဲ။

ကျနော်အဖေက တစ်ကြပ်ကြီးဘ၀နဲ့ တပ်ထဲမှာ နှစ်ပေါင်း ၂၀-ကျော်အလုပ်လုပ်ခဲ့တယ်။ သူကတပ်က ထွက်တော့ ထောင်ကျမှ ထွက်လို့ ရမယ်ဆိုလို့ ထောင်ထဲကို တနှစ်လောက် ၀င်ပြီးမှ အပြင်ကိုရောက်ခဲ့တယ်။ တပ်ကထွက်တော့ ပင်စင်လည်းမရပါဘူး။ နေစရာအိမ်လည်း မရှိဘူး။ စုထားတဲ့ငွေလည်းမရှိတော့ တကယ့်ကိုစုတ်ပြတ်သတ်ပြီး ဆင်းရဲလှတဲ့ ဘ၀တွေဖြစ်ကုန်တယ်။ သူတို့ အပြင် ကျနော့် ဦးလေးကလည်း ထောက်ပံ့နဲ့ ပို့ ဆောင်ရေးတပ်မှာ ယဉ်မောင်းတဲ့ရဲဘော်တစ်ဦးအနေနဲ့ လုပ်ရင်း တနေ့ မှာ ကားမှောက်ပြီးသေပါတယ်။ ဦးလေးသေတော့ ဦးလေးရဲ့ ပင်စင်က တစ်လကို မြန်မာငွေလေးရာပဲရပါတယ်။ အဘိုးက သူ့ သားရဲ့ ပင်စင်လေးရာကို ယူတောင်မယူပါဘူး။ လေးရာနဲ့ ဘာလုပ်စားလို့ ရမလဲ။ ဦးလေးကော အဖေကော တပ်ထဲမှာ လုပ်လို့ ခံစားခွင့် ဘာရလဲဆိုတော့ ဒီနေ့ အချိန်အထိ ကျနော့်အဖေနဲ့ အမေဟာ ဒုက္ခသည်စခန်းထဲကိုရောက်တာပဲ အဖတ်တင်တယ်။ ဒီလိုဘ၀တွေဟာ ဗမာပြည်မှာ အများကြီးပါ။ ဒီလိုပုံစံမျိုးသာ သြစီမှာဖြစ်ခဲ့ရင် ကျနော်တို့ တွေ ကောင်းစားနေပြီ။

ကျနော့်အလုပ်မှာ ၁၀-နှစ်လုပ်တဲ့လူတိုင်း Long Service လို့ ခေါ်တဲ့ ခွင့်ရက်ရှည်ကို အလုပ်ကပေးတယ်။ သုံးလတောင် မလုပ်မလုပ်ပဲ လစာရပါတယ်။ တစ်နှစ်ကိုတစ်ခါ လစာတိုးတယ်။ ငွေကြေးဖောင်းပွမှု့ အပေါ်မှုတည်ပြီး လစားတိုးရပါတယ်။ ဥပမာ ငွေကြေးဖောင်းပွမှု (Inflation) က ၂.၅ ရာခိုင်နှုံးရှိရင် ကျနော်တို့ အလုပ်သမားတွေရဲ့ လစာလည်း ၂.၅ ရာခိုင်နှုံးကိုမတိုးမနေရနှစ်စဉ်တိုးရပါတယ်။ ဒါမှ ကုန်ဈေးနှုံးနဲ့ လစာက ကာမိမှာပါ။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ဒီလိုစနစ်မျိုးရှိမှာမဟုတ်ဘူး။

အလုပ်ထဲမှာ ဘယ်သူမှ ဖားတာယားတာမရှိဘူး။ အနိုင်ကျင့်ခံရတာမရှိ၊ ခေါင်းပုံဖြတ်ခံရတာ မရှိပဲ လူတိုင်း ရိုးရိုးသားသားနဲ့ အလုပ်ကို ကျိုးကျိုးစားစားလုပ်ကြတယ်။ လိမ်တာလည်းမရှိဘူး။ ဘာ့ကြောင့်သူတို့ ဒီလိုဖြစ်လဲဆိုတော့ Company ကပေးတဲ့လစာနဲ့ ခံစားခွင့်က ဖူလုံတဲ့အပြင် ပိုလျှံနေတော့ အလုပ်ကို တန်ဖိုးထားကြတယ်။ ဘယ်သူမှ နာမည်ပျက်တာကို မလိုချင်ကြဘူး။ မလုပ်ကြဘူး။ အသက်အန္တရာယ်အရမ်းနီးတဲ့အလုပ်ကိုလည်း အနှိင်ကျင့်ပြီးမခိုင်းဘူး။ Company ရဲ့ အကြီးဆုံး စီအီအိုလည်း အလုပ်သမားတွေနဲ့ တန်းတူ ထမင်းစားတယ်။ တန်းတူအခန်းရတယ။ ယူနီဖောင်းတူတယ်။ သူ့ မှာပိုရတာက လစာတစ်ခုပဲရတယ်။

ဗမာတွေဟာ ရာထူးကြီးလာရင် သူများနဲ့ မတူ နဖူးမှာ ဟိုဟာတက်ပြီးပေါက်ကြတယ်။ လက်အောက်ငယ်သားကလည်း အရမ်းစွပ်ပြီးဖားတော့ အထက်လူကြီးက ဘုရင်လိုဖြစ်ဖြစ်လာတယ်။ မြန်မာ့ယဉ်ကျေးမှု့ မှာ ဒီလိုမျိုး အတွေးအခေါ်တွေကို လုံးဝပြောင်းသင့်နေပြီ။ အလုပ်သမားတွေဟာ လစာကလည်းနဲတဲ့အပြင် အခြားခံစားခွင့်ကလည်း မရှိသလောက်ပဲ။ ဒါ့ကြောင့် နေရာတကာမှာ ခိုးကြတာလို့ ထင်တယ်။ တကယ်တမ်းသာ လစာကောင်းကောင်းပေးရင် ဒီလိုပုံစံမျိုးကို တွေ့ ရမှာမဟုတ်ဘူး။

ဘယ်နိုင်ငံမှာမဆို အလုပ်သမားတွေရဲ့ အခွင့်အရေးကို အလုပ်ရှင်က သိတတ်နားလည်ပြီး စေတနာကောင်းလို့ ပေးတာမဟုတ်ပါ။ အလုပ်သမားအခွင့်အရေးနဲ့ ရပိုင်ခွင့်ကို အလုပ်သမားတွေက တိုက်ပွဲဝင်ပြီးတောင်းဆိုမှ ရတာပါ။ ဒါတောင် အလုပ်ရှင်က အသာတကြည်ပေးတာမဟုတ်ဘူး။ အခုသြစီက ကျနော်လုပ်တဲ့မိုင်းမှာ ဘာ့ကြောင့် ဒီလိုစနစ်ကောင်းလဲဆိုတော့ ဟိုးတုန်းက မိုင်းအလုပ်သမားတွေ တောင်းဆိုတိုက်ပွဲဝင်လာလို့ ကောင်းတာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်လောက်က ဒီလို စနစ်ကောင်းကောင်းမရှိခဲ့ဘူး။ သူတို့ သား တောင်းဆိုတိုက်ပွဲမ၀င်ခဲ့ဘူးဆိုရင် ယနေ့ မှာ ကျနော်လည်း ဒီလိုခံစားခွင့်နဲ့ အခွင့်အရေးကိုရမှာမဟုတ်ဘူး။

အခုလည်း ဗမာအလုပ်သမားတိုင်း မိမိဘာလိုချင်လဲဆိုတာကို အဓိကသိဖို့ လိုတယ်။ မိမိရဲ့ ရသင့်ရထိုက်တဲ့ ဘ၀လုံခြုံမှု နဲ့ အလုပ်လုံခြုံမှုကို သူများက အားအားယားယားလားမပေးတော့ အလုပ်သမားတွေအနေနဲ့  ဘာလုပ်သင့်လဲဆိုတာကို သဘောပေါက်ပါစေလို့ ဆန္ဒပြုရင်း ဒီစာကို နိဂုံးချုပ်ချင်ပါတယ်။

10/22/11

ABSDF Killed Army Soilders

တိုက်ပွဲသတင်း (နောက်ဆက်တွဲ) ထုတ်ပြန်ခြင်း

ရက်စွဲ။ ။ ၂၂ အောက်တိုဘာ ၂၀၁၁။

ယမန်နေ့ည ၇ နာရီ ၃၀ တွင် ရန်သူ လူနာပို့ နှင့် လူနာကြိုအဖွဲ့များအား ကွိတာအူး နှင့် သေ့ဘောဘိုးအကြားတွင် မိမိကျောင်းသားတပ်မတော် နှင့် DKBA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာတွင် ရန်သူ တပ်ရင်းအမှတ် စိစစ်ဆဲ ၁၂ ဦး ကျဆုံးပြီး၊ ဒဏ်ရာ ၇ ဦး ရရှိခဲ့သည်။

ည ၈ နာရီ ၃၀ မိနစ်တွင် ၎င်း လူနာပို့ ယာဉ်တန်းအား သေဘောဘိုးအဝင်တွင် မိုင်း၊ လက်နက်ငယ်များဖြင့် ထပ်မံ ဆီးကြိုတိုက်ခိုက်ရာ၊ ရန်သူ တပ်ရင်းအမှတ် စိစစ်ဆဲ၊ မှူး ဗက ၁ ဦး၊ အရာခံဗိုလ် ၁ ဦး၊ တကက ၂ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး ကျဆုံးပြီး၊ ဒဏ်ရာ ၄ ဦး ရရှိခဲ့သည်။

မိမိဖက်မှ ထိခိုက်ကျဆုံးမရှိကြောင်း သတင်းရရှိသည်။

10/15/11

DPNS


Type your summary here.Type the rest of your post here.

လူ့ ဘောင်သစ်ပါတီသက်တော်ရာကျော်ရှည်ပါစေ။ ဒါ့ကြောင့် အရက် အရမ်းမသောက်နဲ့ ။

လူ့ ဘောင်သစ်ပါတီသက်တော်ရာကျော်ရှည်ပါစေ။ ဒါ့ကြောင့် အရက် အရမ်းမသောက်နဲ့ ။

10/14/11

What is an opposition party?

အတိုက်အခံလုပ်တဲ့ပါတီမှန်သမျှ အဖွဲ့ အစည်းမှန်သမျှဟာ အာဏာလိုချင်လို့ အတိုက်အခံလုပ်တာပါ။ အန်အယ်ဒီပါတီက အတိုက်အခံပါတီကြီးတစ်ခုပါ။ သူ့ ရဲ့ အလုပ်က ကြံ့ဖွတ်ပါတီအစိုးရကို နိုင်ဖို့ အတွက် မိမိအာဏာရဖို့ အတွက် အစိုးရရဲ့ ပေါ်လစီအမှားနဲ့ လုပ်ရပ်အမှားတွေကို ထောက်ပြပြီး တိုက်ခိုက်ရပါတယ်။ အလားတူအခြားပါတီတွေကလည်း မိမိအာဏာရဖို့ အတွက် လုပ်ရပါတယ်။ ဒါပေမဲ့လက်ရှိမြင်ရတဲ့ အန်အယ်ဒီပါတီရဲ့ လုပ်ရပ်ဟာ အတိုက်အခံအနေနဲ့ မဟုတ်တော့ပဲ တရားရေအေးတိုက်ကျွေးတဲ့ဘုန်းကြီးတစ်ယောက်လို ဖြစ်နေတယ်။ Opposition Party မဟုတ်တော့ဘူး။ နိုင်ငံခြားမှာ opposition party တွေ အလုပ်နဲ့ မြန်မာပြည်က အတိုက်အခံတွေလုပ်ရပ်ဟာ ပြောင်းပြန်ဖြစ်နေတယ်။ တကယ့်အစစ်အမှန်အတိုက်အခံကိုပြောပါဆိုရင် ပြည်ပက အဖွဲ့ အစည်းတွေဖြစ်ပါတယ်။ သူတို့ အမြဲတမ်း အတိုက်အခံ အစိုးရကို လုပ်နေခဲ့တယ်။ ဒါမှ စစ်မှန်တဲ့အတိုက်အခံဖြစ်ပါတယ်။ အန်အယ်ဒီဘာ့ကြောင့် ဒီလိုဖြစ်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နည်းလမ်းကြောင့် အတိုက်အခံလည်းမဟုတ်၊ ဟိုလည်းမရောက် ဒီလည်းမရောက်ဖြစ်နေတဲ့ အင်အားစုတစ်ရပ်ဖြစ်လာတယ်လို့ သုံးသပ်ချင်ပါတယ်။ တကယ်လို့  ဒေါ်စုမျှော်လင့်နေတဲ့ အပြောင်းအလဲကြီးမဖြစ်ရင် ဒေါ်စုနဲ့ အန်အယ်ဒီဘာလုပ်မလဲ။ ၉ဝ-ခုနှစ်က ပေးထားတဲ့ မဲတွေဟာ နှမျောဖို့ ကောင်းတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး အန်အယ်ဒီပါတီကို တရားဝင်တောင်းပန်ဖို့ ပန်ကြားပါတယ်။ အတိုက်အခံတွေဟာ အတိုက်အခံအလုပ်ကို မလုပ်ရင် ရလာမဲ့ရလာဒ်ဟာ ယနေ့ နိုင်ငံရေးကပေးတဲ့အဖြေလိုဖြစ်လိမ့်မယ်။ ဒါ့ကြောင့် အတိုက်အခံလုပ်မယ်ဆိုရင် အပြတ်လုပ်။ မလုပ်ဘူးပေါင်းမယ်ဆိုရင်လည်း အပြတ်ပေါင်း။ ဟိုလိုလိုဒီလိုလိုလုပ်ရင် ကြားထဲကနေ ဒိုင်စားတက်တယ်။ အဲဒိဒိုင်ကတော့ အာဏာရှင်စနစ်ကို နောက်ကြောင်းပြန်လှည့်ချင်တဲ့ လူတွေပဲ။

10/12/11

ကိုဇာဂနာကျန်းမာပါစေ

ကိုဇာဂနာကျန်းမာပါစေ

စီးချင်းထိုးမလား

ရှေးအခါက မလွှဲသာလို့ စစ်ထိုးရတဲ့ ဒုဌဂါမဏိမင်းနဲ့ ဧဌာရကျေးမင်းတို့ ဟာ တိုင်းသူပြည်သူ စစ်သားများကို ငဲ့ညာပြီးစီးချင်းထိုးကြပါတယ်။ မဆိုင်တဲ့သူမသေကြရဘူး။ ယခုခေတ်မှာတော့ နိုင်ငံသားအားလုံးစစ်ပွဲမှာပါဝင်ဆင်နွဲရတယ်။ တကယ်လို့ သာ ရှင်ဘုရင်အချင်းချင်း ခေါင်းဆောင်အချင်းအချင်းသာ စစ်ထိုးလျှင် စစ်ပွဲနည်းသွားပါလိမ့်မယ်။ ဧဌာရမင်း ကျဆုံးတဲ့အခါစစ်ပွဲပြီးသွားပါတယ်။ ကြာရှည်ဒုက္ခမခံရပုံကို သတိပြုသင့်တယ်။ လူနှစ်ယောက်သာကျဆုံးပြီး ကျန်လူများ ပျော်ရွှင်ချမ်းမြေ့စွာ နေကြရပါတယ်။

အထက်ပါစာပိုဒ်ကို အီတာလျံဘုန်းတော်ကြီး ဦးလောကနာထရဲ့ ကမ္ဘာလှည့်တရားစာအုပ် စာမျက်နှာ ၁၆၉-မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

သဘောကြစရာ အတုယူစရာကောင်းလို့ ပါ။ မြန်မာပြည်မှာပြည်တွင်းစစ်ဖြစ်နေတာကို ဒီပုံစံအတိုင်း ရပ်လို့ မရဘူးလား။ စဉ်းစားကြည့်ဖို့ ပါ။ တကယ်တမ်း စစ်တပ်က ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ကခေါင်းဆောင်တွေ သတ္တိရှိတယ်ဆိုရင် ဘုရင်တွေစီးချင်းစစ်ထိုးသလို ချသင့်တာပေါ့။ ဥပမာဗျာ- လက်ရှိသမ္မတဦးသိန်းစိန်က မြင်းစီးရင်စီး၊ မစီးရင် နွားစီးပြီး ပစ္စတိုတစ်လက်နဲ့ ကောင်းဘွိုင်ပုံစံလိုမျိုး ဂိုက်ဖမ်းပြီး SSA က ဗိုလ်ချုပ်ကြီးဟု ခေါ်သော ယွက်စစ်နဲ့  သေနတ်ချင်း ယှဉ်ပြီးပစ်ပေါ့။ နိုင်တဲ့သူက ရှုံးတဲ့သူရဲ့ စစ်တပ်နဲ့ နယ်မြေကို သိမ်းယူလိုက်ရင်မကောင်းဘူးလား။

နောက်ရှိသေးတယ်။ DKBA က ဗိုလ်ချုပ်နုတ်ခမ်းမွေးနဲ့ ဦးရွှေမန်းတို့  ဓားချင်းယှဉ်ခုတ်။ ဗိုလ်နုတ်ခမ်းမွေးက ကရင်ဆိုတော့ ဓားတော့ ပိုင်မယ်။ မဆိုင်တဲ့သူတွေ မသေစေရ။ ဒီလိုမျိုးကြတော့ နိုင်ငံတော်အကြီးအကဲတွေကော၊ သူပုန်အကြီးအကဲတွေကော သတ္တိရှိမှာမဟုတ်ဘူး။ လေပဲရတယ်ထင်တယ်။

နိုင်ငံရေးမှာလည်း ရှေးက ဘုရင်တွေလို အတုခိုးလို့ ရတယ်။ ဥပမာဗျာ- ဦးတင်ဦးနဲ့ ဦးသိန်းစိန် လက်ဝေ့ထိုးကြ။ နိုင်တဲ့သူ အုပ်ချုပ်။ ဦးတင်ဦးမအားရင် ဦးဝင်းတင် ၀င်ပြီးထိုး။ အခုတော့ သိတဲ့အတိုင်း လမ်းတောင်း မနဲလျှောက်နေရတာဆိုတော့ဗျာ။ ပျင်းလို့ ရေးတာပါ။ ဘယ်သူ့ ကိုမှ မစော်ကားပါဘူး။

10/11/11

ကျေးဇူးတင်သင့်၊ မတင်သင့်

သူ့ ဟာသူ ဖမ်း၊ သူ့ ဟာသူ ပြန်လွှတ်တာကို ကျေးဇူးတင်စရာမလိုပါဘူး။ ဒါပေမဲ့ နောက်နောင်မှာ နိုင်ငံရေးလုပ်တဲ့ လူတွေမှန်သမျှကို မဖမ်းဘူးလို့ ပြောရင်တော့ ကျေးဇူးတင်ရမယ်။

10/10/11

လူငယ်အားမာန် ဖိတ်စာ (စာပေဟောပြောပွဲ)



Contact-tharzinoo@gmail.com

မနာလိုဘူး

Generation Wave ဆိုတာက လွန်ခဲ့တဲ့လေးနှစ်ကမှ ပေါ်လာတဲ့ အဖွဲ့ လေးတစ်ခုပါ။ သူတို့ အဖွဲ့ မွေးနေ့ ပွဲလုပ်တာကို မီဒီယာကနေ တခမ်းတနားဖော်ပြတယ်။ ဘီဘီစီနဲ့ အာအက်ဖ်အေမှာ နားထောင်လိုက်ရတယ်။ နိုင်ငံရေးအဖွဲ့ အစည်းတွေ၊ ပါတီကြီးတွေ မွေးနေ့ ပွဲကြတော့ ဒီလိုမျိုးဖော်ပြတာမတွေ့ ရဘူး။ ဥပမာ ထိုင်းနယ်စပ်က အဖွဲ့ တွေဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀-ကျော်ကတည်းက ဖွဲ့ ခဲ့ကြတာပါ။ သူတို့ မွေးနေ့ ပွဲကြတော့ Generation Wave လိုမျိုး မီဒီယာတွေက မဖော်ပြဘူး။ ဘာ့ကြောင့်လဲ။ မတူလို့ လား၊ မတန်လို့ လား။ ပြည်တွင်းက အဖွဲ့ တွေကပဲ တကယ့်ကိုအရေးကြီးသလိုမျိုးဖြစ်နေမလားပဲ။

10/9/11

ဦးသိန်းစိန်ကို ညတိုင်းရှစ်ခိုးပါ

ဦးရွှေမန်းက နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်တယ်။

ဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်းကိုရပ်တယ်။ ပြည်ပကလူတွေကို ပြန်ခေါ်တယ်။

ကျန်တဲ့ ၀န်ကြီးတွေက သတင်းလွတ်လပ်ခွင့်နဲနဲပေးတယ်။

နောက်ဘယ်ဝန်ကြီးကများ ဘာတွေလုပ်ပေးအုံးမလဲမသိဘူး။

ဦးတင်အောင်မြင့်ဦးနဲ့ အဖွဲ့ က တစ်တိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေးကြေငြာမလားမသိဘူး။

ဦးကျော်ဆန်းကလည်း စာနယ်ဇင်းလွတ်လပ်ခွင့်ကို အားကြမခံပေးမယ်လို့ ကြားရပြန်တယ်။ ဆိုတော့ လက်ရှိအစိုးရတစ်ဖွဲ့ လုံးက အားကြမခံ ပြည်သူလူထုစကားကို နားထောင်ကြသလိုပဲ။ ဘာပဲဖြစ်ဖြစ် အရမ်းချစ်စရာကောင်းတဲ့ အစိုးရတစ်ခုလို့ တော့ ပြောလို့ ရပြီ။

ဒါ့ကြောင့် ကျနော်က လာမဲ့နိုဘယ်ငြိမ်းချမ်းရေးဆုပေးပွဲမှာ ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရအဖွဲ့ တစ်ခုလုံးကို ဆုရအောင် အဆိုပြုအုံးမယ်။ လက်ရှိအဖြစ်အပျက်တွေအားလုံးကို လုပ်ပေးခဲ့တဲ့လူတွေဟာ အစိုးရအဖွဲ့ ဝင်ဝန်ကြီးတွေချည်းပဲ။ အတိုက်အခံဘက်ကလုပ်တာမဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း လုပ်တာမဟုတ်ပါ။ ဒါ့ကြောင့် လက်ရှိအစိုးရအဖွဲ့ ကို ညတိုင်းရှစ်ခိုးပြီး အိပ်ကြပါ။ သူတို့ စိတ်ကောင်းမှ ဒိထက်ပိုပြီး ကောင်းလာမှာပါ။ နိုင်ငံတော်အကြီးအကဲများ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။

ကိုမိုးသီးက လက်ကြောမတင်းဘူးလား


ကိုမိုးသီးဇွန်က ငွေရမဲ့အလုပ်ကို အမေရိကမှာ မလုပ်ပဲ တချိန်လုံး အွန်လိုင်းမှာပဲနေတယ်။ ပြီးရင် ဟိုအိမ်တက်စား ဒီအိမ်တက်စား နဲ့  သူများချက်ထားတဲ့ဟင်းကိုလည်း နောက်လူဖို့ မချန် အသားကုန်ဝါးတယ်။ သူ့ ရဲဘော်ရင်းတွေတောင် သူ့ ကို အိမ်ပေါ်ကနေ မောင်းချတယ်။ လက်ကျောမတင်းဘူးဆိုပြီး ဝေဖန်သံတွေကြားနေရတယ်။ နောက်ပြီး ကိုမိုးသီးက အောက်သက်မကျေဘူးလို့ လည်း ပြောတယ်။ ကဲ...ဘယ်လိုရှင်းမလဲ...၈၈-ကျောင်းသားခေါင်းဆောင်ကြီးရဲ့ ။ အေဘီအက်စ်ဒီအက်စ်ရဲ့ ခေါင်းဆောင်ကြီးရေ....နိုင်ငံရေးလုပ်မယ်ဆိုရင်လည်း လူလေးစားအောင် လူအထင်ကြီးအောင်လုပ်ပါအုံးဗျာ။

10/8/11

နိုင်ငံရေးသမားတွေ မှန်မှန်ကန်ကန် သုံးသပ်ဖို့ ပါ

ကျနော့်စာတွေကို ဖတ်ဖူးတဲ့သူတွေရှိမှာပါ။ ကျနော်တွေးမိတာကိုရေးခဲ့တယ်။ ဆဲချင်လည်းဆဲတယ်။ ဘာ့ကြောင့် ဒီလိုရေးလဲဆိုတော့ ကျနော်က အစိုးရတစ်ခု၊ အဖွဲ့ အစည်းတစ်ခုရဲ့ အဖွဲ့ ဝင် (သို့) ပြောခွင့်ရပုဂ္ဂိုလ်မဟုတ်ဘူး။ လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်တော့ ရေးချင်တာရေးတယ်။

နာမည်ကြီးစာရေးဆရာလည်းမဟုတ်တော့ ဘယ်သူ့ မျက်နှာမှ ထောက်စရာမလိုဘူး။

အခုလည်း တွေးမိတာကိုရေးပါတယ်။ ကြိုက်တဲ့သူဖတ်ပါ။ မကြိုက်ရင်မဖတ်ပါနဲ့ ။ တခုတော့ရှိတယ်၊ ဖတ်လည်းဖတ်သေးတယ်၊ ပြီးရင် စာရေးတဲ့သူကိုကျေးဇူးမတင်တဲ့အပြင် ကျေဇူးကန်းတဲ့ စကားမျိုးတော့ မပြောနဲ့ ။ ဒီစာကိုရေးတဲ့အတွက်ကြောင့်လည်း စာရေးစားတဲ့လူတွေလို ပိုက်ဆံတပြားမှ မရဘူး။

တွေးမိတာက ဒီလိုပါ။

မဖြစ်နိုင်တာကိုစိတ်ကူးယဉ်ပြီး လုပ်နေတာကို လက်တွေ့ မကျဘူးလို့ ခေါ်တယ်။ ဒီလိုမျိုးလုပ်နေတာကို နိုင်ငံရေးမှာ တွေ့ နေရတယ်။ ဟိုးတုန်းကကာ၊ အခုကော ဒီလိုအလုပ်တွေကို စိတ်ကူးယဉ်ဆန်ဆန် နိုင်ငံရေးသမား (တနည်း) တော်လှန်ရေးသမားတွေ အကောင်အထည်ဖော်ကြတယ်။

ကျနော်တို့ အဓိက စဉ်းစားခဲ့တဲ့အရာကတော့ အစိုးကဖြုတ်ချရေးဆိုတဲ့ ခေါင်းစဉ်ပဲ။ ဒီခေါင်းစဉ်အောက်ကနေ အစိုးရဖြုတ်ချရေးလုပ်ငန်းတွေကို အစဉ်တစိုက်လုပ်ခဲ့ကြတယ်။ အစိုးရနဲ့ ပူးပေါင်းပြီး အပြောင်းအလဲကိုလုပ်မဲ့နည်းလမ်းကို မစဉ်းစားခဲ့တဲ့ လူတွေများခဲ့တယ်။

ကျနော်တို့ ဘယ်တွေလုပ်ခဲ့လဲဆိုတာကိုလေ့လာကြည့်ပါ။ ဥပမာ-

၁) လူထုအုံကြွမှု (သို့ ) ဆူပူမှု (သို့ ) လမ်းမပေါ်ထွက် ဆန္ဒပြခြင်း

၂) လက်နက်ကိုင်တော်လှန်ရေးနဲ့ အောင်ပွဲခံမည်

၃) တွေ့ ဆုံဆွေးနွေးနွေးသာလျှင် တခုတည်းသောနည်းလမ်း

၎) ရွေးကောက်ပွဲ နှင့် ၂ဝဝ၈-ခုနှစ် အခြေခံဥပဒေဆန့် ကျင်ရေး

၅) ရွေးကောက်ပွဲဝင်ရေး

ဒီနည်းလမ်းတွေထဲမှာ ရွေးကောက်ပွဲဝင်ရေးဆိုတဲ့ နည်းလမ်းက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ဖြစ်နိုင်ခြေရှိတဲ့ အပြောင်းအလဲကို လက်တွေ့ ကျကျ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ယုံကြည်ရတယ်။ ကျန်တဲ့နည်းလမ်းတွေက လုံးဝကို အလုပ်မဖြစ်နိုင်ဘူး။ ဟိုတုန်းကတည်းက ဒါတွေကို အစဉ်တစိုက်လုပ်ခဲ့ကြတာ လူကြီးမင်းတို့ အားလုံးအသိပဲ။

ကျနော်တို့ ပြည်သူတွေလိုချင်တာက အေးချမ်းတည်ငြိမ်းပြီး ထမင်းဝဝလင်လင်စားနိုင်တဲ့ ဘဝကိုလိုချင်တယ်။ ချမ်းသာချင်ကြတယ်။ လွတ်လပ်ချင်ကြတယ်။ သူများနိုင်ငံနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်တဲ့ မြန်မာပြည်အဖြစ် ကမ္ဘာ့အလည်မှာမြင်ချင်ကြတယ်။ ဒါက လူတိုင်းလိုချင်တဲ့အရာလို့ ထင်တယ်။ ဒါတွေကို ရနိုင်ဖို့ မြန်မာပြည်သူတိုင်း ကျတဲ့အခန်းကနေ ကျိုးစားလုပ်ဆောင်ကြတယ်။ လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် ကိုယ်နေရာကနေ ကိုယ်တက်နိုင်သလောက်ပေးဆပ်ကြတယ်။ ဒီလိုပေးဆပ်တဲ့နေရာမှာ ဘယ်သူကတော့ပေးဆပ်မှုကြီးတယ်။ ဘယ်သူကတော့သေးတယ်ဆိုတဲ့ အယူအဆမရှိသင့်ဘူး။ ခေါင်းဆောင်လည်း ခေါင်းဆောင်အခန်းကနေ တာဝန်ယူကတယ်။ ရဲဘော်ကလည်း သူ့ တာဝန်ရှိတဲ့အခန်းကနေ နိုင်သလောက်လုပ်ပေးတယ်။

စစ်အစိုးရလည်း သူကောင်းမယ်ထင်တာကို သူဖန်တီးတယ်။ အတိုက်အခံ နဲ့  သူပုန်ကလည်း သူတို့ ကောင်းမယ်ထင်တဲ့ လမ်းကိုရွေးတယ်။ အားလုံးသော မြန်မာပြည်သူတိုင်းဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ကောင်းစားချင်တဲ့စိတ်ရှိတယ်။ ဘယ်မြန်မာနိုင်ငံသားမှ မြန်မာပြည်ကြီး ပျက်စီးပါစေဆိုတဲ့ ရည်ရွယ်ရှိမှာမဟုတ်ဘူး။

ဒီလို မြန်မာတွေကောင်းစားဖို့ အတွက် အတိုက်အခံတွေရွေးတဲ့လမ်းကို ကျနော်နားလည်သလောက်တင်ပြချင်တယ်။ အစိုးရဘက်တော့ အားလုံးသိတဲ့အတိုင်း သူတို့ လိုချင်တဲ့ပုံစံအတိုင်းလျှောက်ပါ။ ဒါက သူတိုလိုချင်တဲ့အရာ။ သူတို့ ဖြစ်စေချင်တဲ့အရာ။

ကျနော်က အတိုက်အခံထဲက လူတစ်ယောက်ဖြစ်တဲ့အတွက် အတိုက်အခံတွေအနေနဲ့ ရွေးချယ်သင့်တဲ့ လမ်းကြောင်းကို ဉာဏ်မှီသလောက်တင်ပြချင်တယ်။

၁) လူထုအုံကြွမှု (သို့ ) ဆူပူမှု (သို့ ) လမ်းမပေါ်ထွက် ဆန္ဒပြခြင်း

ပြည်တွင်း၊ ပြည်ပက အတိုက်အခံတွေထဲက လိုချင်တဲ့အရာဖြစ်တယ်။ ဒီနည်းလမ်းကသာလျှင် အစိုးရကိုအပြောင်းအလဲဖြစ်စေနိုင်တယ်လို့ ဆိုတယ်။ ဒီလုပ်ငန်းစဉ်ဖြစ်လာအောင် နိုင်ငံခြားကပေးတဲ့ ငွေအကူအညီနဲ့  လူထုအုံကြွလာအောင် မြှောက်ပေးတယ်။ နည်းလမ်းပေးတယ်။ အကူအညီပေးတယ်။ ချုပ်ပြောရရင် ပြည်တွင်း၊ ပြည်ပက လူတစ်ချို့ အဖွဲ့ အစည်းတချို့ က လူထုတွေလမ်းပေါ်တက်လာအောင် ဆွပေးကြတယ်။

ဒီနေရာမှာ အဓိကမေးရမှာက...တကယ်လို့ ကျနော်တို့ လူထုတွေ လမ်းပေါ်တက်ပြီး ဆန္ဒပြပြီပဲထား။ အစိုးရပြုတ်ပြီပဲထား။ ဘယ်သူက အာဏာယူမှာလဲ။ နောက်ပြီး ဘယ်တော့မှ လူထုတွေအာဏာရမှာလဲ။ ၈၈-ခုနှစ်မှာ ဖြစ်တဲ့ဖြစ်ရပ်၊ ရွှေဝါရောင်တော်လှန်ရေးလို့ ခေါ်တဲ့ ဘုန်းကြီးတွေလမ်းပေါ်ထွက်တဲ့ဖြစ်ရပ်မှာ အာဏာရခဲ့လား။ ဒါတွေကိုကြည့်ရင် လူထုတွေလမ်းပေါ်ထွက်တဲ့နည်းလမ်းက အလုပ်ဖြစ်ပါရဲ့  လား။ ကျနော်အမြင်ကတော့ အလုပ်မဖြစ်ဘူး။

၂) လက်နက်ကိုင်တော်လှန်းရေးနဲ့ အောင်ပွဲခံမည်

သူပုန်တွေက ပြောတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ အောင်ပွဲခံမယ်တဲ့။ ဗကပဆိုရင် ပိုဆိုးသေးတယ်။ လက်နက်တောင်မရှိတော့တဲ့အချိန်မှာ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲကိုပေါင်းစပ်ကြ၊ ဘာညာဆိုပြီး ဘေးကနေ အခြားအဖွဲ့ အစည်းတွေကို ကြပ်ပေးတယ်။ နောက်ပြီး တိုင်းရင်းသားသူပုန်တွေကလည်း အစိုးရစစ်တပ်ကို နိုင်အောင်မတိုက်နိုင်ဘူး။ ဒီလိုမျိုးတိုက်လာတာ နှစ်ပေါင်းငါးဆယ်ကျော်နေပြီ။ ဒါလား လက်နက်ကိုင်တိုက်ပွဲနဲ့ အောင်ပွဲခံခဲ့တာ။ အစိုးရစစ်တပ်ရဲ့ အင်အားကိုကြည့်အုံး။ နဲတဲ့အင်အားမဟုတ်ဘူး။ ကိုယ့်အင်အားနဲ့ ဆိုရင် ဆိတ်နဲ့ ဂေါ်ဇီလာလောက်ရှိတယ်။ ဒါနဲ့ များ စိတ်ကူးယဉ်ချင်သေးတယ်။

၃) တွေ့ ဆုံဆွေးနွေးရေးသာလျှင် တခုတည်းသောနည်းလမ်း

ဒေါ်အောင်ဆန်းစုကြည်အမြဲပြောနေတဲ့စကား။ သူ့ ရဲ့ နည်းလမ်း။ နှစ်ပေါင်း ၂၀-ကျော်နေပြီ။ အခုထက်ထိအလုပ်မဖြစ်သေးဘူး။ တွေ့ တော့တွေ့ ပါရဲ့ ။ ဒါပေမဲ့ ဒုံရင်းကဒုံရင်းပဲ။ ဒီလိုဖြစ်နေတဲ့အနေအထားမှာ အခြားနည်းလမ်းပြောင်းဖို့ မစဉ်းစားတာက စိတ်ကူးယဉ်တယ်လို့ ပြောနိုင်တယ်။

၎)၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂ဝဝ၈-ခုနှစ် အခြေခံဥပဒေဆန့် ကျင်ရေး

၂၀၀၈-ခုနှစ်အခြေခံဥပဒေနဲ့  ၂၀၁၀-ရွေးကောက်ပွဲကို ဆန့် ကျင်ရင်းနဲ့ ပဲ ကြံ့ဖွံ့ ပါတီက အစိုးရဖြစ်သွားခဲ့တယ်။ ပြည်ပက အဖွဲ့ အစည်းတချို့ ဒီခေါင်းစဉ်အောက်ကနေ ပရိုပိုဆယ်တောင်းတာပဲ အဖတ်တင်တယ်။ တကယ်တမ်းတော့ အလုပ်မဖြစ်ခဲ့ဘူး။ တကယ်လို့ များ ၂၀၁၀-ရွေးကောက်ပွဲနဲ့ ၂၀၀၈-ခုနှစ်အခြေခံဥပဒေကို ဆန့် ကျင်လို့ နိုင်တယ်ထားအုံး....ပြီးရင်ဆန့် ကျင်တဲ့လူတွေအနေနဲ့  ဘာများလုပ်ကြမလဲမသိဘူး။ ဆန့် ကျင်ဖို့ လောက်ပဲ ခေါင်းထဲမှာရှိကြတယ်ထင်တယ်။

၅) ရွေးကောက်ပွဲဝင်ရေး

ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိစ္စကတော့ လက်ရှိနိုင်ငံရေးကာလမှာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ပြောချင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ အရင်တုန်းက နည်းလမ်းတွေက လက်တွေ့ မှာ အောင်ပွဲမရခဲ့တော့ ဒီနည်းလမ်းကသာလျှင် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်နေပြီ။ ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီလမ်းပဲရှိတော့တယ်။ နည်းလမ်းဟောင်းတွေကို ဆက်သုံးချင်ရင်လည်းသုံးလို့ ရပါတယ်။ အမှောင်ထဲမှာလမ်းလျှောက်သလို စမ်းတ၀ါးဝါးနဲ့  ဖြစ်နေတာကိုတော့ သတိထားဖို့ လိုတယ်။ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုး၊ မသာမာမှုတွေတော့ရှိမှာပဲ။ မြန်မာပြည်က ခိုးတဲ့လိမ်တဲ့နေရာမှာ သူများနိုင်ငံနဲ့ မတူ အရမ်းတော်တော့ ဖြစ်မှာပဲ။ တဖြည်းဖြည်း နဲနိုင်သမျှနဲအောင် လုပ်ဖို့ ကလွဲရင် ကျန်တဲ့လမ်းမရှိဘူး။

အထက်ကနည်းလမ်းတွေကို ဘယ်သူတွေက ဖန်တီးတာလဲဆိုတော့ ခေါင်းဆောင်တွေပဲ ဖန်တီးပါတယ်။ ပြည်သူတွေ နဲ့ အောက်ခြေက အဖွဲ့ ဝင်တွေရဲ့ သဘောတူညီချက်တွေ၊ အိုင်ဒီယာတွေလုံးဝမပါဘူး။ ခေါင်းဆောင်ပိုင်းကလည်း အောက်ခြေကို မတိုင်ပင်ဘူး။ အတိုက်အခံတွေ ပေါ်လစီချတိုင်း အောက်ခြေထုကို ဘယ်နှစ်ခါတိုင်ပင်ခဲ့ဘူးလဲ။ ပြည်သူဆိုရင်ပိုဆိုးပေါ့။

ဒါ့ကြောင့်မြန်မာ့နိုင်ငံရေးလောကမှာ မြင်တွေ့ နေရတဲ့ပေါ်လစီတွေ၊ မှုဝါဒတွေ၊ တောင်းဆိုချက်တွေဟာ အောက်ခြေကနေ မလာပဲ အထက်ကလာတာကြောင့် အလုပ်မဖြစ်ခဲ့ဘူးလို့ သုံးသပ်ချင်တယ်။ လူတွေရဲ့ အားတက်သရောပူးပေါင်းဆောင်ရွက်မှု မရှိခဲ့တာကြောင့် နိုင်ငံရေးအပြောင်းအလဲမဖြစ်ခဲ့ဘူး။ ဒီလိုပုံစံကို ယနေ့ ကာလမှာပြင်သင့်နေပြီ။ မြန်မာ့ယဉ်ကျေးမှုမှာ အဆိုးဆုံးက ဒီနည်လမ်းပဲ။ ငါပြောတာကိုနာခံဆိုတဲ့ အာဏာရှင်စိတ်ဓာတ်က နေရာတိုင်းမှာရှိတယ်။ အခုတော့ နှစ်ဘက်စလုံးက တင်းခံနေတော့ ကြားထဲက တိုင်းပြည်နဲ့ ပြည်သူကပဲ နစ်နာရတယ်။ တကယ်တမ်း အကျိုးရှိမဲ့ဟာကို စဉ်းစားကြရင် ဘယ်လောက်ကောင်းမလဲ။ ဒါကတော့ လျှော့ ဖို့ လိုတယ်။

ကန်ပိန်းနိုင်ငံရေး

ကန်ပိန်းအမျိုးမျိုးကို လူကြီးမင်းတို့ သတိထားမိမှာပါ။ ဒီထဲကနေ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ကန်ပိန်းဆိုတဲ့ကိစ္စနဲ့ ပက်သက်ပြီးနဲနဲပြောချင်တယ်။ လက်မှတ်တွေ ထိုးကြ။ ကုလသမဂ္ဂကိုတင်ကြနဲ့  အလုပ်တွေရှုပ်ကြတယ်။ နောက်ဆုံး ဘာရလဲဆိုတော့ ဘာမှမရခဲ့ဘူး။

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆိုတဲ့ကိစ္စက တကယ်တမ်းပြောရရင် ဦးစားပေးသင့်တဲ့အရာမဟုတ်ဘူး။ ဦးဝင်းတင်တောင် တခါတုန်းက ရေဒီယိုမှာ ဒီကိစ္စက အရေးမကြီးပါဘူးလို့ ပြောလိုက်တာကြားရတယ်။ ဆိုတော့ ပြည်ပကလူတွေဘာ့ကြောင့်များ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအိတ်ရှုးကို အရမ်းစွပ်တင်ကြရတာလဲမသိဘူး။ သူတို့ အားလုံးလွှတ်တာနဲ့  တိုင်းပြည်ငြိမ်းချမ်းရေးရရင်တော့ ကောင်းတာပေါ့။

ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေက ၂၀၀၀-ကျော်ပဲ ရှိတယ်ဆိုပါစို့ ။ ဒီလူဦးရေက တတိုင်းပြည်လုံး အရေးနဲ့ ယှဉ်ရင်သေးသေးလေးပဲ။ ဒါတွေကို စစ်ပွဲတစ်ပွဲမှာ နိုင်ဖို့ အတွက် ရင်းရတဲ့ စစ်သားတွေအနေနဲ့ ရင်းလိုက်ပါ။ ဥပမာ-အစိုးရက သူတို့ ကိုလွှတ်ပေးမယ်။ ဒေါ်စုက သူတို့ နဲ့ပက်သက်ပြီး အာမခံပေးလိုက်ပါလို့ ပြောတယ်။ အာမခံပေးလိုက်ပါ။ အဓိက သူတို့ လွှတ်ဖို့ အရေးကြီးတယ်။ လွတ်ရင် အနဲဆုံးခိုးကြောင်ခိုးဝှက်နဲ့ နိုင်ငံရေးလုပ်လို့ ရတယ်။ လူတွေနဲ့ ပြန်တွေ့ နိုင်တယ်။ အပြင်လောက ဗဟုသုတကိုဆည်းပူးနိုင်မယ်။ နိုင်ငံရေးနဲ့ အဆက်မပြတ်တော့တဲ့အတွက်ကြောင့်မှန်မှန်ကန်ကန် သုံးသပ်နိုင်မယ်။ ဒီအတိုင်းအာမ မခံပဲထားရင် သူတို့ ဘယ်တော့မှ အပြင်ကိုရောက်မှာမဟုတ်တော့ဘူး။ မရောက်လဲနေကွာဆိုတဲ့ ကြောင်တောင်တောင်စကားမျိုးမပြောနဲ့ ။

နောက်တစ်ခုပြောချင်တာက အေအေပီပီပြောတိုင်းမယုံနဲ့ ။ ထောင်ထဲက ကိုမင်းကိုနိုင်တို့ အုပ်စုက သူတို့ ကိုလွှတ်ပေးရေး ၀ိုင်းပြီးတောင်းဆိုကြလို့  ဘယ်တုန်းကမှ မပြောခဲ့ဘူး။ သူတို့ ဘာ့ကြောင့်ထောင်ထဲ ၀င်ရလဲဆိုတာကို သူတို့ သိတယ်။ ထောင်က သူတို့ အိမ်ဖြစ်နေပြီ။

ဒါ့ကြောင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကိစ္စကို အရမ်းဦးစားပေးအဆင့်မှာ မထားကြပါနဲ့ ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ထောင်ထဲက ကိုမင်းကိုနိုင်တို့ အုပ်စုကို ထောင်ဝင်စာတွေ့ သင့်တယ်။ စကားပြောသင့်တယ်။ ဒီလိုမျိုးတခါမှ ဒေါ်စုမလုပ်သေးဘူး။ နောက်ပြီး ပြည်ပမှာရှိနေတဲ့ ၈၈-အဖွဲ့ တွေနဲ့ လည်း တိုင်းပင်ညှိနှိုင်းသင့်တယ်။ ဒါမှ အသံတူပြီး ကိုယ်ဖြစ်ချင်တာကို ဖြစ်လိမ့်မယ်။ ညှိနှိုင်းမှုမရှိပဲ သွားနေရင် အသံတွေ တစ်ယောက်တစ်မျိုးနဲ့  အခုသွားနေတဲ့လမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်နိုင်တယ်။ ဒါတွေကို အခုလည်းမြင်နေရပြီ။

နိုင်ငံရေးမှာဆန့် ကျင်ရတာက လွယ်တယ်။ ခက်တာက ဖြစ်နိုင်ခြေရှိတဲ့အဖြေကို ရှာရခြင်းပဲ။

ယနေ့ အထိ ပြည်ပက နိုင်ငံရေးအဖွဲ့ အစည်းတွေနဲ့ ပြည်တွင်းက လူတစ်ချို့ 

ဆန့် ကျင်ဖို့ ၊ ဖြုတ်ချဖို့ လောက်ပဲစဉ်းစားနေရင် နိုင်ငံရေးက ဒိထက်ပိုပြီးရှည်သွားနိုင်တယ်။

ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ ကိုယ်လည်း နိုင်အောင်မတိုက်နိုင်ဘူး၊ အရည်အချင်းရှိရှိ၊

သတ္တိရှိရှိနဲ့ လည်း ပြည်တွင်းကိုပြန်ပြီး မလုပ်နိုင်ဘူးဆိုရင် ပြည်ပကနေ ပြည်သူ့ အတွက် အကျိုးရှိမဲ့

ဗဟုသုတကိုသာ ရှယ်ပေးကြပါ။ အစိုးရရဲ့  ပ်ါလစီအမှားတွေကို ထောက်ပြကြပါ။

ကိုယ့်မှာရှိတဲ့ အသိပညာကို ပြည်တွင်းမှာသုံးနိုင်အောင်ရှယ်ပေးပါ။

အမြဲတမ်း လူထုအုံကြွမှုကိုဖော်ဆောင်ကြ၊ နအဖကို ဆန့် ကျင်ကြ၊ အရေးတော်ပုံအောင်ရမည်၊ ဒီမိုကရေစီမုချ

ရရမည် ဆိုတဲ့ ခေတ်မရှိတော့ကြောင်း လူကြီးမင်းတို့ ကို အသိပေးအပ်ပါသည်။

10/7/11

တရုတ်ကို ချဖို့ အသင့်ပြင်ပါ

မြစ်ဆုံဆည်စီမံကိန်းကြတော့ ဗမာတွေအားလုံးဝိုင်းပြီး ကန့် ကွက်ကြတယ်။ အစိုးရကလည်း လက်ခံတယ်။ တိုင်းရင်းသားဒေသတွေမှာရှိနေတဲ့ မြစ်တွေပေါ်မှာ ဆည်ဆောက်တာကိုကြတော့ ဗမာတွေပါးစပ်ပိတ်နေကြတယ်။ ဗမာတွေဟာ သူတို့ ထိမှ သိတယ်။ တိုင်းရင်းသားအရေးကို သိတ်ပြီးစိတ်မ၀င်စားဘူး ဘာညာဆိုတဲ့ အသံတွေကြားနေရတယ်။ သူတို့ ဒေသက ဆည်စီမံကိန်းတွေကြတော့ ဘာလို့ ဝိုင်းပြီး မဆန့် ကျင်တာလဲ။ ဒီလိုမျိုးတိုင်းရင်းသားတွေ မေးနေပြီ။

ဒါ့ကြောင့် မြစ်တိုင်းမှာ ဆည်ဆောက်တာကို နေရာဒေသမရွေး ဆန့် ကျင်ရမှာလား။ အားပေးရမှာလားဆိုတဲ့ မေးခွန်းကို စဉ်းစားကြပါ။ တိုင်းရင်းသားတွေအသံတွေကိုလည်း နားထောင်ပါ။

ကျနော့်သဘောကတော့ တရုတ်နဲ့ လုပ်ထားတဲ့စီမံကိန်းမှန်သမျှ ရပ်ပြစ်ဖို့ လိုပြီ။ တရုတ်နိုင်ငံအစိုးရက ကျနော်တို့ တိုင်းပြည်ကို စော်ကားတယ်။ ရသမျှသယံဇာတကို ယူတယ်။သူတို့ က မြန်မာပြည်မှာနေတာမဟုတ်တော့ ဖြစ်လာမဲ့ဆိုးကျိုးတွေကို ကျနော်တို့ တတွေပဲ ခါးသီးပြီးခံစားကြရလိမ့်မယ်။

လူမျိုးရေးမုန်းတီးမှုမပါတဲ့စကား
ကိုပြောနေခြင်းပါတယ်။ တရုတ်အစိုးရက မြန်မာအစိုးရကို ပေါ်တင်စိန်ခေါ်နေပါပြီ။ အရင်တုန်းက အမြတ်ရတုန်းက ဘာသံမှ မကြားရဘူး။ အခုတရုတ်တွေ မခံမရပ်နိုင်ဖြစ်နေပြီ။ ဒါလား မြန်မာပြည်နဲ့ လူထုအပေါ်စေတနာရှိတဲ့တရုတ်ပြည်အစိုးရ။ တကယ်ဆိုရင် သူတို့ ကတောင် ချီးကျူးသင့်တယ်။ အခုတော့ သူတို့ အကျိုးစီးပွား ထိတော့ ကျန်တာဘာမှ မစဉ်းစားနိုင်ဘူး။

တရုတ်က လုပ်တဲ့စီမံကိန်းမှန်သမျှ ဒေါ်လာ ဘီလီယံနှစ်ဆယ်ကျော် ဘာညာဆိုပြီး မီဒီယာတွေမှာ ဖော်ပြနေတယ်။ ဒီလောက်များတဲ့ ကုန်ကျစရိတ်ကို ဘယ်သူက တွက်ချက်တာလဲ။ ကိုယ့်ဟာကိုယ့်တွက်ချက်၊ ကိုယ့်ဟာကိုယ်ဈေးနှုံးသတ်မှတ်။ ပြီးရင် မြန်မာပြည်ပြည်သူတွေက ဆပ်ပေါ့။ ဒီကုန်ကျစရိတ်ကို တရုတ်ကုမဏီတွေကပဲ တွက်ပါတယ်။ တကယ့်အမှန်အကန် ကုန်ကြတဲ့စရိတ်လုံးဝမဟုတ်ဘူး။ ဒါ့ကြောင့် မြန်မာအစိုးရအနေနဲ့ တရုတ်အစိုးရကို လုံးဝ စောက်ဂရုမစိုက်ဖို့ အရေးကြီးတယ်။

တကယ်တမ်း ဒီကောင်တွေကျူးကျော်လာရင် မြန်မာတွေအားလုံးညီညီညွတ်ညွတ်နဲ့ ဝိုင်းပြီး ချ ကြမှာဖြစ်တယ်။ တိုင်းပြည်အတွက် စည်းလုံးမှုတောင် ရသေးတယ်။

ကျနော့်အမြင်ကတော့ တရုတ်ကျူးကျော်လာပါစေဆုတောင်းတယ်။

10/2/11

စော်ကားရက်လေကြတယ

ဦးဟန်ညောင်ရွှေဟာ တော်လှန်ရေးစားဖားကြီးတစ်ကောင်ဆိုတာ အစောကတည်းက အားလုံးသိတယ်။ တချိန်လုံး ဂွင် ပဲ ချောင်းနေတာလို့ မြင်တယ်။ ငွေပဲမဲတဲ့လူပါ။ ဘယ်ရောက်သွားလဲ National Reconcilation Program-NRP ၊ ဘယ်လောက်အောင်မြင်ခဲ့လဲ။ သူ့ ကြောင့်အမျိုးသားသင့်မြတ်ရေးရပြီလား။ ဘယ်မှာလဲ ရှင်းတမ်း။ EBO ဆိုက ရလိုက်တဲ့ငွေ နဲ တာမဟုတ်ပါ။ မယုံရင် ဝက်ဆိုက်မှာတက်ကြည့်ပါ။ အခု ဒီဗွီဘီ က CEO ဖြစ်ပြန်ပြီ။ လစာဘယ်လောက်ရလဲဆိုတာ ဘယ်သူသိလဲ။ ဒီလိုမျိုး အသက်ကြီးပြီး နိုင်ငံရေးကို စိတ်ဝင်စားတာက ထူးဆန်းတယ်။ ဘာ့ကြောင့်လဲဆိုတော့ ငွေသာမရကြည့်ပါလား။ ဒီလူတွေ ဘယ်တော့မှ မလုပ်ဘူး။ အခုလို ကျနော်ဝင်ပါတာက မခံချင်လို့ ပါ။ ဒီကောင်နေရာတကာ ပါတယ်လို့ ပြောချင်ရင်ပြောပါ။

ရှင်းရှင်းပြောရရင် နိုင်ငံတကာမှ ရှိတဲ့လူတွေက ဒီလိုမျိုး ရှေ့ ဆက်တိုးလို့ မရအောင် လုပ်သင့်တယ်။

ငွေကြောင့်ပဲ အားလုံးပျက်စီးရတယ်။ အခု ဒီဗွီဘီက ကိုမျိုမင်းအောင်ဆိုတာက မဲ့ဆောက်ကို စရောက်ကတည်းက ကွန်ပြူတာနဲ့  ဆိုင်ကယ်အသစ်နဲ့ ။ အဲဒါ အေအေပီပီအဖွဲ့ ဝင်ပဲ။ လက်တော့ကို ဘယ်သူမှ မကိုင်နိုင်တဲ့အချိန်မှာ သူကလက်တော့နဲ့ ဘန်ကောက်က Dentention Center အခု သူတို့ လင်မယားပါလာသေးတယ်။ ကျနော်နဲ့ တခန်းထဲပဲ။ နိုင်ငံရေးအကျဉ်းသားဆိုပြီး လိမ်စားနေတဲ့ ကောင်တွေလို့ သတ်မှတ်တယ်။
ဒါ့ကြောင့် ဘယ်တော့မှ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို အထင်ကို မကြီးဘူး။ ထောင်ထဲမှာ ငတ်နေတုန်း စောက်ခွက်က တမျိုး။ သူတောင်းစား ထမင်းဝတော့ စောက်ကြီးစောက်ကျယ်နဲ့ နိုင်ငံရေးကို ဘန်းပြပြီး အသားကုန်ခိုးတာ ကောင်းသလား။ သူတို့ ဒီဗွီဘီက ၂ဝ၁ဝ-ခုနှစ် စာရင်းရှင်းတမ်းမှာတောင် မြန်မာငွေသိန်းသုံးထောင်ဆိုရင် ဒီဗွီဘီစထောင်ကတည်းက ဘတ်လိုက်တဲ့ငွေ ဘယ်လောက်ရှိမလဲဆိုတာ သိလောက်ပြီ။

နိုင်ငံရေးအကျဉ်းသားတွေ ရိုးသားတဲ့လူတွေရှိပါတယ်။

တခါတလေ စဉ်းစားမိတယ်။ ဒီလူတွေ နအဖက ထောင်ထဲမှာ နှိပ်စက်တာ နဲတောင်နဲသေးတယ်လို့ ။ စောက်ကျင့်မှ မကောင်းတာ။ ဘယ်သူတွေ ဘာဖြစ်လဲဆိုတာ ထပ်ပြီးပြောရင် ဒီကောင်ဘုန်းကျော် နအဖလူလို့ တံဆိပ်ကပ်အုံးမယ်။ ပြည်ပက ခေါင်းဆောင်တွေထဲမှာ နာမည်မပျက်ပဲ နေတဲ့ ကိုထွန်းအောင်ကျော် ကိုမိုးသီး ကိုကိုဦးနဲ့ အခြားလူတွေကို လေစားမိတယ်။ ဒီလူတွေကို ကြည့်ပြီး ကျနော်လည်း ကိုယ့်နာမည်နဲ့ ပေါ်တင်ရေးတာပါ။ ရှင်းရှင်းပြောရင် သူတို့ က မှန်နေတယ်။

ထပ်ပြီးပြောမယ်။ အခုထိုင်းမှာ ပြည်တွင်းလုပ်ငန်းဆိုပြီး လိမ်စားနေတဲ့လူတွေ သတိထားကြပါ။ တနေ့ ကြရင် ခင်ဗျားတို့ ပါးစပ်ကနေ သွေးအံလိမ့်မယ်။ နောက်ပြီး ဒီဂရုထဲမှာ ခိုးကြောင်းခိုးဝှက်နဲ့ နာမည်မဖော်ပဲ ရေးနေတဲ့ လူတွေလည်း သတိထားပါ။ ငါ့ချီးစောက်ရေးမပါတဲ့ အတွေးအခေါ်တွေ။ လီးတောင် ဒီမိုကရေစီက မင်းတို့ နဲ့ မတန်ဘူး။

မဲ့ဆောက်က မြန်မာအလုပ်သမားတစ်ယာက်က သူများအိမ်က ထမိန်ရုပ်တာတောင် သူတို့ ထက်ဂုဏ်ရှိသေးတယ်။ ငတ်လို့ ရိုးရိုးသားခိုးတာ ဘာဖြစ်လဲ။ ဘယ်သူကိုမှ ခုတုန်းလုပ်ပြီး မခိုးဘူး။ အခု ပြည်တွင်းလုပ်ငန်း ယူဂျီလုပ်ငန်းမှာ ပါတဲ့လူတွေ ဘယ်လောက်သနားစရာကောင်းလဲ။ ထောက်ကျတာနဲ့ ဘာနဲ့ ။ ဒါကိုမှ စော်ကားရက်လေကြတယ်။

10/1/11

DVB က သူခိုးဖမ်းပွဲစပြီ

http://www.dvb.no/news/press-statement-possible-embezzlement-of-funds-in-dvb/17912#comment-39209


DVB လိုသတင်းဌာနတစ်ခုကတောင် ငွေကြေးအလွဲသုံးစားမှုရှိတယ်ဆိုရင် ကျန်တဲ့ အဖွဲ့ တွေ ဘယ်လောက်တောင်ဆိုးလိုက်မလဲ။ ဥပမာ နိုင်ငံရေးကို အကြောင်းပြပြီး ငွေတောင်းတဲ့အဖွဲ့ တွေ...NCUB/NCGUB/FDB/ AAPP/ FTUB စတဲ့ ထိုင်းအခြေစိုက်အဖွဲ့ တွေဟာ လွန်ခဲ့တဲ့ ၁ဝ-နှစ်ကျော်ကတည်းက နာမည်အမျိုးမျိုး ခေါင်းစဉ်အမျိုးအမျိုးနဲ့  ပြည်ပအန်ဂျီအိုတွေကနေ တောင်းစားလာတာ ကြာပြီ။ အဲဒိမှာ အဆိုးဆုံးက ပြည်တွင်းယူဂျီလုပ်ငန်းအတွက် သုံးတဲ့ငွေပဲ။ စာရင်းဇယားကို ဘယ်လို ရှင်းရမှန်းတောင်မသိဘူး။ နအဖက ခိုးတယ်။ ပြည်ပ အတိုက်အခံလည်း ခိုးတယ်။ ပြည်တွင်းက အတိုက်အခံတွေကလည်း လိမ်စားတယ်။ အားလုံးတော့မဟုတ်ဘူး။ ဒါတွေကို ပေါ်တင်ရှင်းရှင်းလင်းလင်း မြင်ရမဲ့နေ့ က လွတ်ငြိမ်းချမ်းသာခွင့်ပေးမှ ရလိမ့်မယ်။ ဒါမှ ဘယ်သူဘာလဲဆိုတာ ရှင်းပြီ။ အခုတော့ တချို့ သော ခေါင်းဆောင်ကြီးတွေကို ရှစ်ခိုးကြအုံးပေါ့။

9/30/11

Thank you U Thein Sein

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် တကွသော လက်ရှိကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအစိုးမှ မြစ်စုံဆည်စီမံကိန်းအား ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြားသိရပါသည်။ ထို့ ကြောင့် ဖော်မပြနိုင်သော ဝမ်းသာပီတိဖြစ်ရပါသည်။ ပြည်သူ့ လူထုရဲ့ အသံကိုနားထောင်သည့် အစိုးရဖြစ်ကြောင်း လက်တွေ့ ပြသလိုက်သည့်အတွက်ကြောင့် လေးစားမိပါသည်။ ကျနော်တို့ ပြည်သူတစ်ရပ်လုံးမှလည်း ယခုကိစ္စနှင့်ပက်သက်၍ အစိုးရအားဝိုင်းပြီးချီးကျူးကြပေးစေချင်ပါသည်။

9/28/11

ဝေလေလေ နိုင်ငံရေးလား?

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တွေအားလုံးပေါင်းရင် ဘယ်လောက်တောင်ရှိမလဲမသိဘူး။ ကရင်မှာလည်း တဖွဲ့ နဲ့ တစ်ဖွဲ့ က မတူ။ ကချင်းမှာလည်းကွဲလို့ ကွဲ။ ပြောရရင် သူတို့ အချင်းချင်းတောင်မတည့်ဘူး။ ဒီလိုအဖွဲ့ တွေပေါင်းစုံ လိုချင်နေတာကတော့ နိုင်ငံရေးအရတန်းတူဆွေးနွေးရေး နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ တကယ်တမ်း မညာစတမ်းပြောရရင် သူတို့ ဘာလိုချင်တာလဲဆိုတာကို ယနေ့ အထိ ရှင်းရှင်းလင်းလင်း မသိရဘူး။ ဥပမာ နိုင်ငံရေးအရတန်းတူဆွေးနွေးချင်တယ်ဆိုတဲ့ ကိစ္စကို စဉ်းစာကြည့်ပါ။ ဘယ်လိုတန်းတူလဲ။ ဘယ်လို အခြေအနေရောက်မှ တန်းတူဖြစ်မှာလဲ။ အစိုးရအနေနဲ့ ဘာပေးရမှာလဲ။ နောက်ပြီး သူတို့ လက်နက်ကိုင်တပ်ဖွဲ့ တွေကကော အစိုးရနဲ့ ပြည်သူကို ဘာပြန်ပေးမှာလဲ။ နောက်တခုက အစိုးရကနေ တိုင်းရင်းသားအဖွဲ့ တွေအားလုံးကိုခေါ်ပြီးဒီလိုလုပ်စေချင်တာလား။ နိုင်ငံတော် သမ္မတကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ ကနေ သူတို့ နဲ့ ဆွေးနွေးတဲ့အချိန်ရောက်မှ တန်းတူတယ်လို့ ခေါ်မှာလား။

ကိုယ်ပိုင်ပြဌာန်းခွင့်ပဲခေါ်ခေါ် ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ပဲပြောပြော အဓိက အနှစ်ချုပ်က ငါ့လူမျိုးနဲ့ ငါပြည်နယ်ကို ငါတို့ ပဲအုပ်ချုပ်မယ်။ ဥပမာ ကရင်က ကရင်ပြည်နယ်ကို အုပ်ချုပ်မယ်။ ရှမ်းကလည်း ရှမ်းပြည်နယ်ကို အုပ်ချုပ်မယ်။ ဗမာက ရှမ်းပြည်ကိုလာပြီး မအုပ်ချုပ်နဲ့ ။ ကိုယ့်ဒေသကို ကိုယ်အုပ်ချုပ်ပိုင်ခွင့်၊ ဥပဒေပြုပိုင်ခွင့်၊ တရားစီရင်ပိုင်ခွင့် ပေးမှ တိုင်းရင်းသားတွေ အပစ်ရပ်မှာလား။

ဒါ့ကြောင်လက်ရှိတိုင်းရင်းလက်နက်ကိုင်အဖွဲ့ တွေတောင်းဆိုနေတဲ့ နိုင်ငံရေးတောင်းဆိုသံတွေဟာ မပီပြင် မရေရာဘူး။ မတိကျဘူး။ ပေတံတစ်ခုတော့ သတ်မှတ်ထားဖို့ လိုအပ်နေပြီ။ ပေတံက အထက်ကပြောနေတဲ့ နိုင်ငံရေးအရတန်းတူဆွေးနွေးပါဆိုတဲ့ ပေတံမျိုးကိုပြောတာ မဟုတ်ဘူး။

အခုလက်ရှိကာလမှာ လုပ်သင့်တဲ့အလုပ်က တဖွဲ့ တည်းဖြစ်ဖို့ လိုတယ်။ ဥပမာ ကရင်ပြည်မှာဆိုရင် လက်နက်ကိုင်တပ်တွေက အများကြီး။ ဒီကေဘီအေ၊ ကေအန်ယူ နဲ့  ဗိုလ်ချုပ်ထိန်မောင်တို့ လို အဖွဲ့ တွေလည်းရှိနေသေးတယ်။ ဒီအဖွဲ့ တွေကို တစ်ဖွဲ့ တည်းတစ်သံတည်း ဖြစ်အောင် မလုပ်နိုင်သမျှကာလပတ်လိုး ဘယ်တော့မှ နအဖအစိုးရကို သွားပြီးမဆွေးနွေးနဲ့ ။ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေလည်း အတူတူပဲ။ အရင်ဦးဆုံးလုပ်သင့်တာက တဖွဲ့ တည်း တစ်သံတည်းကို အတိအကျဖြစ်ဖို့ လိုနေပြီ။ အခုလက်ရှိ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖဒရယ်ကောင်စီဆိုတာတော့ရှိတယ်။ ဒါပေမဲ့ ဒီအဖွဲ့ ထဲမှာ ဒီကေဘီအေလို ခွဲထွက်အဖွဲ့ မပါဘူးလို့ သိရတယ်။ နောက်ပြီးအခြားအဖွဲ့ တွေလည်း ရှိသေးတယ်။ ဒီလို လက်နက်ကိုင်အဖွဲ့ တွေအားလုံးကို တစ်စုတစ်စည်းတည်းရှိနေဖို့ လိုအပ်တယ်။ လိုချင်တာ အတိအကျဖြစ်နေဖို့ လိုတယ်။ လိုချင်တာကို အစိုးရက ပေးစရာမလိုဘူး။ ဒါသူ့ အလုပ်မဟုတ်ဘူး။ အခုဟာက ဘာကိုမှ အတိအကျ မဖြစ်ဘူး။

ဒ့ါအပြင် ပြည်ပက ပြည်ပြေး ၈၈-မျိုးဆက်လို့ ပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် အတိုက်အခံတွေလည်း ကိုယ်လိုချင်တာကို အတိအကျရှိဖို့ ကောင်းနေပြီ။ အဖွဲ့ အစည်းတစ်ခု ခေါင်းဆောင်တစ်ခုအောက်မှာ ရှိသ့င်နေပြီ။ ပြန့် ကျဲနေတဲ့ အသံပလံတွေကတော့ ထုံးစံအတိုင်းရှိနေမှာပဲ။ ဒါပေမဲ့ ကျနော်တို့ က ဘာကို အသေအချာရတော့မှ အစိုးရကို အတိုက်အခံလုပ် ဆန့် ကျင်နေတာကို ရပ်မှာလဲ။ အခုတော့ တောင်းဆိုချက်တွေက အရမ်းကြီးပြီးနေလားလို့ ပါ။ ဥပမာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကပြောတဲ့ စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက်သိမ်းရေးဆိုတဲ့ ရည်ရွယ်ချက်မျိုး ဦးတည်ချက်မျိုးက ယေဘုယျဆန်တယ်။ ဘယ်အချိန်ကြမှ အကုန်အစင်ဖြစ်မှာလဲ။ ဘုန်းကျော်တက်ပြီး အုပ်ချုပ်တဲ့အချိန်ကြမှ အကုန်အစင်ဖြစ်မှာလား။ နောက်ထပ်နှစ်ပေါင်း ငါးရာကြမှ စစ်အာဏာရှင် အကုန်အစင်ဖြစ်မှာလား။ စစ်အာဏာရှင်ကုန်မှ အိမ်ပြန်မှာလား။ ဒါဆိုရင် ကျနော်တို့ တွေ သင်္ချုင်းမှာ အရမ်းဆွေးနေလောက်ပြီ။

တိုင်းရင်းသားတွေကော ပြည်ပက ၈၈-ပြည်ပြေးတွေကော ဟိုပုန်းဒီကြပ်လုပ်နေတဲ့ ဗကပတွေကော အာလုံးသော နိုင်ငံရေးစိတ်ဝင်စားသူတွေ စဉ်းစားသင့်တာက ပန်းတိုင် အတိအကျ ရှိသင့်နေပြီ။ အခုရှိတဲ့ပန်းတိုင်တွေက ဆင်ရဲ့ ဟိုဟာ ခွေးမျှော်နေရတဲ့ ပန်းတိုင်လိုမျိုးဖြစ်နေမလားပဲ။ ရည်ရွယ်ချက်တွေက အရမ်းကြီးတယ်။

နောက်တစ်ချက်က အခုလက်ရှိ ပြည်ပလူတွေက ဘယ်သူ့ ကို ခေါင်းဆောင်တင်ရမှာလဲ။ ဘယ်အဖွဲ့ အစည်းကို အားကိုးရမှာလဲ။ ပြည်တွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီတော့ရှိတာပေါ့။ အခုတော့ ကျနော်တို့ ပြည်ပရောက်အတိုက်အခံတွေမှာ ခေါင်းဆောင်မရှိဘူး။ အခုရှိတဲ့ ခေါင်းဆောင်လို့ ခေါ်တဲ့ လူတွေကလည်း ချီးပေတွေချည်းပဲ။

လက်ရှိအစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို ဆက်ဆံတဲ့ပုံစံက သူဖြစ်ချင်တာတွေ မြန်မြန်ကောင်အထည်ဖော်အောင် မြန်မြန်ပြီးအောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းပြီး ကူခိုင်းတဲ့အဆင့်ဖြစ်နေပြီ။ ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ကိုပဲ အစိုးရက လူထင်တယ်။ ကျန်တဲ့ အန်အယ်ဒီကလူတွေကို အူကြောင်ကြား ချီးထုတ်တွေ သုံးစားလို့ မရသူတွေဆိုပြီး သတ်မှတ်သလိုပဲ။ မယုံမရှိနဲ့ ...ဒေါ်အောင်ဆန်းစုကြည်မှာ ခိုင်မှာတိကျတဲ့ ပန်းတိုင်မရှိရင် အစိုးရစားတာကို ခံရလိမ့်မယ်။ အစိုးရအတွက် ဒေါ်အောင်ဆန်းစုကြည်က အရမ်းကိုလှပတဲ့ မျောက်မလေးတစ်ကောင်ပဲ။

အခုပုံစံက နိုင်ငံရေး ဦးတည်ချက်တွေကို အတိအကျ ရှိဖို့ လိုနေပြီ။ တိုင်းလို့ ရတဲ့ပေတံကိုလည်း ရှိသင့်တယ်။ အချိန်ကာလရှိသင့်တယ်။ အခုတွေ့ ရသလောက် တောင်းဆိုနေတဲ့ အရာတွေက ဘာမှ မတိကြဘူးလို့ ထင်တယ်။ ဥပမာ နိုင်ငံရေးအဖွဲ့ အစည်းတွေတောင်းဆိုနေတာကို ကြည့်ကြည့်ပါ။

၁) စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး။

၂) တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး။

၃) ဒီမိုကရေစီးရေး

၎) ပြည်တွင်းငြိမ်းရေး။

ဒါတွေက ဘာတွေလဲ။ ဒါတွေကို ကျနော်နားလည်တာက တမျိုးဖြစ်နေတယ်။ ဒီလိုရည်မှန်းချက်တွေဟာ အရမ်းကို ကြီးနေလားမသိဘူး။ တိုင်းပြည်မှာ ရှိသင့်တဲ့အရာတွေတော့မှန်တယ်။ ဒါပေမဲ့ အခုတော့ ဝေလေလေပဲ။

ကျနော် သူပုန်လုပ်တုန်းက ခံစားချက်တမျိုးပဲရှိတယ်။ ဒါကတော့ ငါတို့ အခုလို ဆင်းရဲတာဟာ အစိုးရမကောင်းလို့ ဆိုတဲ့ခံစားချက်တစ်ချက်ပဲရှိတယ်။ ဒါ့ကြောင့် အစိုးရကို ဖြုတ်ချချင်တယ်။ ဖြုတ်ချချင်လို့  သူပုန်လုပ်တယ်။ အခုထက်ထိ အစိုးရလည်း မပြုတ်ဘူး။ ကိုယ်ပဲ ပြုတ်တယ်။ နောက်ပြီး ဘာနိုင်ငံရေးရည်ရွယ်ချက်တွေ ဦးတည်ချည်တွေလည်း မသိဘူး။ တစ်ပုံကြီးဖြစ်လာတယ်။ အခုတော့ ငယ်ငယ်တုန်းကအတိုင်းပဲ စဉ်စားတော့မယ်။ ခံစားချက်ထားတော့မယ်။ ဒါကတော့ အစိုးရမကောင်းလို့  ငါတို့ ဆင်းရဲတာပါ။ ဒါ့ကြောင့် မကောင်းတဲ့အစိုးရကို ဖြုတ်ချချင်တယ်။ ဒါက ပိုပြီးခေါင်းထဲမှာရှင်းတယ်။



9/26/11

ဆန္ဒပြသူတွေ မှန်တယ်

ဆန္ဒပြတာက တိုင်းပြည်ကို ဆူပူမှုဖြစ်အောင် တမင်လုပ်တာမဟုတ်ဘူး။ ကိုယ့်ရင်ထဲမှာ ဘာရှိလဲဆိုတာကို မသိတဲ့သူတွေ သိအောင်ပြောပြတာဖြစ်တယ်။ ဒီလို ဆန္ဒပြတာကို မလုပ်နဲ့ လို့  ပြောလို့ မရဘူး။ အဓိကပြောသင့်တာက ဆန္ဒပြတဲ့လူတွေကို အကြမ်းဖတ်ပြီး မနှိမ်နှင်းပါနဲ့ ။ သူတို့ ရင်ထဲက စကားကို နားထောင်ပါ။ အခုလို ဆန္ဒပြလို့ လည်း လက်ရှိသွားနေတဲ့ အမျိုးသားသင့်မြတ်ရေးလမ်းကြောင်းကို မထိခိုက်နိုင်ဘူး။ ပိုလိုတောင်မြန်နိုင်သေးတယ်။ ဒါ့ကြောင့် ဆန္ဒပြသူတွေဟာ အရမ်းမှန်တယ်။

9/22/11

ဦးသိန်းစိန်ဘောကို "မ" ကြပါ

္ဏ္ဒ္ဒကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေး အစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တာဆူနေပြီဆိုတာကို လူတိုင်းသိတယ်။ အခုထိတော့ စကားပဲပြောပါသေးတယ်။ လက်တွေ့ တွေတော့ ဘာတစ်ခုမှ မပါသေးဘူး။ လက်တွေ့ ဆိုတာက ကျနော်တို့ လိုချင်တဲ့..

၁။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးကို တတိုင်းပြည်လုံးလုပ်ပါ။

၂။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တွေနဲ့ နိုင်ငံရေးအရ တန်းတူဆွေးနွေးပြီး ရာသက်ပန် အပစ်ရပ်ကြပါ။

၃။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပြီး လူတိုင်းနိုင်ငံရေးကို လွတ်လပ်စွာလုပ်ပိုင်ခွင့်၊ ဆန္ဒပြခွင့် ပေးပါ။

၎။ သတင်းလွတ်လပ်ခွင့်ပေးပါ။

၅။ ဘာပြဿနာပဲဖြစ်ဖြစ် ပါးစပ်နဲ့ ဖြေရှင်းပါ၊ လက်မပါကြပါနဲ့ ။

ဒါတွေက ကျနော်လိုချင်တဲ့အရာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လက်ရှိစာရေးနေတဲ့အချိန်ထိ ရပြီလားဆိုတော့ လုံးဝမရသေးဘူးလို့ ပြောနိုင်တယ်။ နဲနဲလေးရတာကလွဲရင်ပေါ့။

အခုအချိန်မှာ သူတို့ အစိုးရကော အတိုက်အခံခေါင်းဆောင်လို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ကော နှစ်ဘက်စလုံးက အပြောင်းအလဲတွေ စတင်အကောင်အထည်ဖော်နေပြီလို့ ပြောနေတာကို လူတိုင်းသိပါတယ်။ ဒီနေရာမှာ ပြည်ပက လူတွေပြန်လာခဲ့ပါဆိုတဲ့ အပြောင်းအလဲက သေးသေးလေးပါ။ စကားထဲတောင်ထည့်ပြောစရာမလိုပါဘူး။

သူတို့ ဒီလိုမျိုးလုပ်နေတာကို ကျနော်က အရင်အတိုင်း မယုံဘူး။ လိမ်နေတာဖြစ်တယ်။ ဟိုဟာ အရင်လုပ်ပါ။ ဒါတွေအရင်လုပ်ပါဆိုပြီး ခွကျကျ စကားကို အချိန်မရွေးပြောလို့ ရ တယ်။ အခုထိလည်း စစ်အစိုးရက ယုံချင်စရာမှ မကောင်းတာ။ ကျနော်တို့ ဗမာအချင်းချင်းတောင် မဟုတ်ဘူး နိုင်ငံခြားသားတွေတောင် သိတယ်။ ဒါပေမဲ့ သူတို့ ကောင်းတဲ့ ခြေလှမ်းနဲ့ လှုပ်ရှားမှုတွေလုပ်နေတာကို ကောင်းတယ်လို့ ပြောသင့်တယ်။ ကြိုဆိုသင့်တယ်။ ဒီလိုမျိုးလှုပ်ရှားမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။ ဒီလူကတော့ လိမ်နေတာကွာဆိုပြီး ဘေးထိုင်ဘိုင်ကြ ဘုစကားပြောနေမဲ့အစား လက်တွေ့သူတို့ နဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။ အချိန်ကာလတစ်ခုအထိ ဒီလူတွေ လိမ်တယ်ဆိုတာ မှန်နေရင်တော့ ဆက်ပြီးမပေါင်းနဲ့ ပေါ့။ ကိုယ့်လမ်းကိုယ်ဆက်ပြီးလျှောက်ပေါ့ဗျာ။ ဒါကို လက်တွေ့ ကြတယ်လို့ ခေါ်တယ်။ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ လွှတ်တော်ထဲ ဝင်မှ မဟုတ်ဘူး။ လေနဲ့ ပူးပေါင်းဆောင်ရွက်လည်းရတယ်။

အခုကာလမှာ လူတစ်ချို့  အဖွဲ့ အစည်းတစ်ချို့ ပူးပေါင်းဆောင်ရွက်နေတာဟာ တကယ်မှန်တယ်လို့ ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုမှ မသွားရင် အရင်တုန်းကလမ်းစဉ်ကကော အလုပ်ဖြစ်လို့ လား။ ကျနော်က ဒီလိုမျိုး အစိုးရလုပ်နေတာတွေကို ချီးကျူးအားပေးပြီး အကောင်းစကားပြောနေတာက ရည်ရွယ်ချက်ရှိတယ်။ ဒါကတော့ အစိုးရကို အိမ်ပြန်ချင်လို့ ဖားနေတာမဟုတ်ဘူး။ သူ့ ကိုဖားမှ အိမ်ပြန်လို့ ရတာမဟုတ်ဘူး။ ရွယ်ရွယ်ချက်ကတော့ အခုလုပ်နေတဲ့အရာတွေကို မြန်မြန်ဖြစ်စေချင်တယ်။ ဒိထက်ပိုကောင်းလာစေချင်တယ်။ မျှော်လင့်ချက်ဆိုတဲ့ အလင်းရောင်လေး မြင်နေရတာကြောင့် အခုလို အကောင်းစကားပြောခြင်းဖြစ်တယ်။ အရင်တုန်းကအတိုင်း ငါးလိုးမသား သိန်းစိန်နှင့် ဝန်ကြီးများ ဗိုလ်ချုပ်ကြီးများ နှင့် ကပ်ဖားရပ်ဖားကောင်တွေကြောင့် တိုင်းပြည်ပျက်ရတာ ဘာညာဆိုပြီး အာလို့ ရတယ်။ ရွှီးလို့ ရတယ်။ ဒါပေမဲ့ ယနေ့ မှာ ဒါတွေမလုပ်ချင်ဘူး။

ဒါ့ကြောင့် အပျက်စကားပြောတာက လွယ်တယ်။ ဒါတွေကို ပြည်ပအတိုက်အခံတွေအားလုံးနီးပါး ပြောလာခဲ့တာကြာပီ။ အစိုးရက ကြက်ဆူပင်စိုက်လည်း စိုက်ပြန်ပြီ။ အစိုးရက တိုက်လေယာဉ်တွေ ဝယ်ပြန်ရင်လည်း ငွေကိုဖြုန်းတယ်လို့ ပြောတယ်။ ဆိုတော့ အစိုးရဘာပဲလုပ်လုပ် အစိုးရကို အတိုက်အခံလုပ်ပြီး ကန့် လန့် လုပ်လာခဲ့တာ ဘယ်လောက်ကြာပြီလဲ။ တခါတလေ သူတို့ လုပ်ရပ်တွေဟာ အကုန်လုံးမှားတယ်လို့  ဘယ်ဘိုးအေက ပြောလဲ။ ကောင်းတာလည်း ရှိပါတယ်။ အခုလက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်နေတာကို မလုပ်နဲ့ လို့ ပြောလို့ မရဘူး။ ပြည်သူတစ်ဦးအနေနဲ့ ကောင်းတယ်ဗျာ...လန်းတယ်ဗျာ...ဆိုပြီးအားပေးဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။

ဒါ့ကြောင့်အားလုံး ဝိုင်းပြီး အားပေးကြ။ ကူညီကြ။ ဖြစ်နိုင်ရင် ဦးသိန်းစိန်ရဲ့ တစ်ခုတည်းသော လဥတစ်လုံးတည်းကို ဝိုင်းပြီးမကြ။

ဘုန်းကျော်


View My Stats