ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

3/7/12

ဂိတ်အများဆုံးလမ်း နှင့် ဈေးအကြီးဆုံး



Credit to http://burmese.monnews.org/?p=4172

ဘာရယ်လို့ မဟုတ်ပါ။ ဒီလမ်းမှာ ကျနော်တို့ လှုပ်ရှားခဲ့ဘူးတယ်။ ခြောက်လလောက်ကြာတယ်။ အဲဒိတုန်းကတော့ ကျောင်းသားသူပုန်တွေပါ။ ကျနော်တို့ တာဝန်က စစ်တပ်လာရင် ချောင်းပစ်ဖို့ ပါ။ ဂိတ်ဖွင့်ပြီး ငွေကောက်လို့ မရပါ။ သူတို့ က ငွေသာတောင်းတာ လမ်းပြင်ဖို့ တော့ မသိဘူးဗျ။ အဲဒိလမ်းက ကတ္တရာမရှိပါဘူး။ လမ်းကလည်း တောတောင်တွေကို ကျော်ဖြတ်ရတယ်။ မြစ်ချောင်းတွေကို ကျော်တက်ရတယ်။ နာမည်ကြီး ဘုရားသုံးဆူတောင်ကြားလမ်းတစ်ခုပါ။ အစိုးရအနေနဲ့ ဒါတွေကိုလည်း ပြင်ပေးဖို့ လိုပါပြီ။



---------------



သံဖြူဇရပ်၊ ဘုရားသုံးဆူကားလမ်း ဂိတ်များအကောက်ကြမ်း

မိလယီထော- သံဖြူဇရပ်-ဘုရားသုံးဆူ မော်တော်ကားလမ်းတလျှောက်တွင် လက်နက်ကိုင်အဖွဲ့များမှ ဝါးတားဂိတ်များချထားပြီး ဂိတ်ကြေးအကောက်ကြမ်းလာသဖြင့် မော်တော်ကားသမားများ တွက်ခြေမကိုက် ဖြစ်နေကြကြောင်း ဆယ်ဘီးကားသမား ကိုအောင်နိုင်က ပြောသည်။

သံဖြူဇရပ်မှ ဘုရားသုံးဆူအထိ မိုင် ၆၀ ကျော်ရှိ မော်တော်ကားလမ်းတလျှောက်တွင် ဝါးတားဂိတ် ၂၅ ဝန်းကျင်ခန့်ရှိသည်ဟု မော်တော်ကားသမားများက ပြောဆိုနေကြသည်။







ဘုရားသုံးဆူဒေသမှပြည်တွင်းသို့ ခရီးသည်များတင်ဆောင်လာပုံ(Photo-IMNA)

“ကျနော့်လို ၁၀ ဘီးကားတစ်စီး သံဖြူဇရပ်မြို့အထွက် အဖွဲ့စုံဂိတ်ကိုကျပ်သုံးသောင်း၊ ရေး-ဘုရားသုံးဆူလမ်းခွဲစစ်တပ်ဂိတ်ကို ကျပ်ခုနှစ်ထောင်၊ အပလုံ-မြိုင်သာယာကေအဲန်ယူဂိတ် ကျပ်ရှစ်သောင်း၊ တားဒိန်မွန်ဂိတ်ကျပ်နှစ်သောင်း၊ ချောင်းဆုံအဖွဲ့စုံဂိတ် ကျပ်ခြောက်သောင်း၊ ဒီကေဘီအေ သုံးသောင်း၊ သရက်ပင်ငြိမ်းချမ်းရေးကောင်စီ ကျပ်နှစ်သောင်း၊ မြို့အဝင်မော်တော်ယာဉ်ဂိတ် ကျပ်သုံးသောင်း ကျန်တဲ့အခြားဂိတ်တွေအပါအဝင် အားလုံးစုစုပေါင်း ဂိတ်ကြေးသက်သက် ငွေ ၆ သိန်းကျော်ပေးလိုက်ရတယ်” ဟု ကိုအောင်နိုင်က ဆက်ပြောသည်။



ထို့အတူ လူစီးမော်တော်ယာဉ်များတွင်လည်း ခရီးသည်တစ်ဦးအတွက် ကျပ်တစ်ထောင်ကောက်ခံနေသည့် ဝါးတားဂိတ်များလည်းရှိနေသည်ဟု ကားသမားနိုင်မင်းက ပြောသည်။



“ကျနော်တို့ခရီးသည်တင် မော်တော်ယာဉ်တွေလည်း တွက်ခြေမကိုက်တော့ပါဘူး၊ ဂိတ်တွေကအကောက်ကြမ်းလာတယ်၊ စျေးဆစ်ရင်လည်း ပစ္စည်းတွေဆွဲချတာတွေလုပ်သေးတယ်” ဟု နိုင်မင်းက ဆက်ပြောသည်။



သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းတွင် လက်ရှိကာလ၌ သာမန်ခရီးသည်တစ်ဦးအတွက် ကားခ မြန်မာကျပ်ငွေသုံးသောင်းခွဲဝန်းကျင်ဖြစ်နေသည်။



ဂိတ်များပြားလာသဖြင့် သံဖြူဇရပ်နှင့် ဘုရားသုံးဆူမြို့အဝင်အနီးတဝိုက်တွင် ဂိတ်များကိုပတ်ရှောင်ပြီး သွားလာနေသည့်မော်တော်ယာဉ်များလည်း ရှိနေသည်ဟု သိရသည်။



“ဆယ်ဘီးကားတစ်စီးမှာ ကုန်ပစ္စည်းတင်ခ ၁၂ သိန်းလောက်ရတယ်၊ ဂိတ်ကြေး၊ စက်သုံးဆီဖိုးတွေနှုတ်လိုက်ရင် မော်တော်ကား ဒရိုင်ဘာ၊ စပယ်ယာ၊ အုံနာကြေးအတွက် ငွေသုံးသိန်းလောက်ပဲကျန်တော့တယ်၊ ကားပြင်ဆင်စရိတ်တွေမပါဘူးနော်” ဟု ကိုအောင်နိုင်က ပြောသည်။



ကုန်တင်ကားများအပြင် ခရီးသည်တင်ယာဉ်ဟိုင်းလတ်ထရပ်ကား ရ၀ စီးခန့် သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းတွင် လက်ရှိပြေးဆွဲနေကြောင်း ဘုရားသုံးဆူမထသမှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရသိရသည်။



သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းပေါ်ရှိ လက်နက်ကိုင်ဂိတ်များမှာ အစိုးရစစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်နှင့် အစိုးရနှင့်အပစ်ရပ်စဲထားသော ဒီကေဘီအေ၊ ကေအဲန်ယူ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။



ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်အကြား ဝါးတားဂိတ်များ

၁။ဌာနဆိုင်ရာအဖွဲ့စုံစစ်ဆေးရေးဂိတ်(သုံးဆူအဝေးပြေးကားဝင်း)

၂။ ဒီကေဘီအေ (ရွာသစ်)

၃။ နယ်ခြားစောင့် (၁၀၂၃)

၄။ နဂါးမောက်တောင်ခြေအမြှောက်တပ်၊

၅။ နယ်မြေခံတပ်ရင်း၊

၆။ ပြည်သူ့စစ်အဖွဲ့

၇။ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC ဗျူဟာအဖွဲ့(မြို့အထွက်)

၈။ နယ်ခြားစောင့် (၁၀၂၁)

၉။ ငြိမ်းချမ်းရေးကောင်စီ (ဗိုလ်လက်ကိုင်အဖွဲ့)သရက်ပင်ဂိတ်။

၁၀။အစိုးရစစ်တပ်လှုပ်ရှားစစ်ကြောင်းတပ်ဖွဲ့(၁)

၁၁။အစိုးရစစ်တပ်လှုပ်ရှားစစ်ကြောင်းတပ်ဖွဲ့(၂)

၁၂။ နယ်ခြားစောင့် (၁၀၂၃)ချောင်းဆုံ

၁၃။ နယ်ခြားစောင့် (၁၀၂၁) ချောင်းဆုံ

(ဘုရားသုံးဆူမြို့အဝင်ရှောင်လမ်း-ကရင်စုကွက်သစ်တွင် တပ်၊ ပြည်သူ့စစ်၊ ငြိမ်းချမ်းရေးကောင်စီ၊ နယ်ခြားစောင့် ၂ ဖွဲ့ ပါရှိသည်)

၁၄။ တားဒိန်(မွန်ပြည်သစ်)

၁၅။ မြိုင်သာယာ(ကေအင်ယူ)

၁၆။ တောင်စွန်း (အစိုးရတပ်)

၁၇။ အနန်းကွင်း(အစိုးရတပ်)

၁၈။ ရာဖော(ကေအင်ယူ)

၁၉။ ရွတ်ရှမ်း(ဒီကေဘီအေ)

၂၀။ ဇီးနှစ်ပင်(မွန်အဖွဲ့)

၂၁။ ရဲတံခွန်(နယ်ခြားစောင့် ၂ ဖွဲ့)

၂၂။ ရေးလမ်းခွဲသံဖြူဇရပ်အဝင်(အစိုးရစစ်တပ်တပ်)

၂၃။ အမြောက်တပ်

၂၄။ ၀ဲကလိ(တပ်)၊

၂၅။ သံဖြူဇရပ်မြို့အဝင်ဌာနပေါင်းစုံ စုပေါင်းဂိတ်။

မှတ်ချက်။ ။ အချို့ဝါးတားဂိတ်တစ်ခုတွင် လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့အတူကောက်ခံနေသည်လည်းရှိသည်။ ။ (အယ်ဒီတာ)



3/5/12

ကျေးတမာနဲ့ ပေဖူးလွှာအစီအစဉ်သို့  (BBC)

လက်ရှိအစိုးရပြောတဲ့အပြောင်းအလဲဆိုတဲ့စကားလုံးကို ကျနော်ခဏခဏ စဉ်းစားနေမိပါတယ်။ ကျနော်က သြစတျေးလျနိုင်ငံမှာ နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ သြစတျေးလျနိုင်ငံသားအဖြစ် လွန်ခဲ့တဲ့ ၇-နှစ်က ခံယူထားတဲ့သူ။ လက်တလော ကျနော့်ဘဝကို ရှင်သန်ဖြတ်သန်းရမဲ့နေရာက လက်တွေ့ ကျကျပြောရရင် သြစီမှာဖြစ်တယ်။ ကိုယ်က မြန်မာ့အရေးကို အရမ်းစိတ်ဝင်စားတဲ့သူဆိုတော့ အစဉ်တစိုက် ကိုယ့်တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို လေ့လာမိတယ်။ အခုတော့ ကိုယ်မြင်တဲ့အရာကို အနည်းအကျင်းလောက်ပြောချင်ပါတယ်။


ပြည်ပမှာနေတဲ့ မြန်မာတိုင်း အလုပ်လုပ်ပါတယ်။ ရတဲ့ငွေကို ပြည်တွင်းက မိသားစုတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ သူငယ်ချင်းတွေကိုလည်း ပြန်ပေးရပါတယ်။ ကံကောင်းတာက ကျနော်ဆိုရင် သြစတျေးလျက မြန်မာသံရုံးကို အခွန်ဆောင်စရာမလိုပါဘူး။ ကိုယ်က နယ်စပ်ကနေ ဒုက္ခသည်အဖြစ်နဲ့ လာတာဆိုတော့ မြန်မာပတ်စ်ပို့  မရှိဘူး။ တခြားသူတွေတော့ဆောင်ရမယ်ထင်တယ်။ တိုင်းပြည်ထဲကို ငွေလွှဲရတဲ့ ကိစ္စကိုလည်း အပြောင်းအလဲလုပ်ပေးပါအုံး။ ဟွန်ဒီနဲ့ မလွှဲချင်တော့လို့ ပါ။ တိုင်းပြည်အတွက်လည်းအခွန်မရတဲ့အပြင် လူဆိုးတွေကို ကူညီပေးနေသလို ခံစားရလို့ ပါ။

နောက်တစ်ခုက တယ်လီဖုန်းဆက်ရတဲ့ ဒုက္ခဖြစ်ပါတယ်။ မြန်မာပြည်ကို ဖုန်းခေါ်ခက ကမ္ဘာပေါ်မှာဈေးအကြီးဆုံးလို ဖြစ်နေပါတယ်။ သုံးမိနစ်ကို တစ်ဒေါ်လာကုန်ပါတယ်။ တခြားနိုင်ငံကို ဆက်ရင်အလကားတောင်ဆက်လို့ ရပါတယ်။ အခုဟာက ကျနော်တို့ ပြည်ပရောက်နေတဲ့ မြန်မာတွေအတွက် အင်မတန်ကို အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ငွေလွှဲတာကို လွယ်လွယ်ကူကူဖြစ်ဖို့ နဲ့ တယ်လီဖုန်းဈေးကိုလည်း လျှော့ပေးစေချင်ပါတယ်။

နော်က်တစ်ခုက အခု သမ္မတကြီးပြောတဲ့ အပြောင်းအလဲက ကျနော်တို့ ပြည်ပက မြန်မာတွေနဲ့ ကော သက်ဆိုင်ရဲ့ လားလို့  ကျနော်တွေးနေမိတယ်။ ကျနော်တို့ ဘဝကို အပြောင်းအလဲ လုံးဝမဖြစ်သေးပါဘူး။ ကျနော်လိုချင်တဲ့အပြောင်းအလဲကို ကျနော့်ဘဝနဲ့ ယှဉ်ပြီး ရိုးရိုးလေးပဲ လိုချင်ပါတယ်။ သူများတွေကတော့ ဝေဖန်ရင်ဝေဖန်လိမ့်မယ်။ ဒင်းရဲ့ ရည်ရွယ်ချက်နဲ့ ခံယူချက်က အတော်လေးကို အောက်တန်းကျပါလားလို့ ။ ပြောချင်တာပြောပါစေ။ ကျနော်နားထောင်ဖို့ အသင့်ပါ။

ကျနော်သြတျေးလျနိုင်ငံက ထုတ်ပေးတဲ့ ပတ်စ်ပို့ နဲ့  ထိုင်းနိုင်ငံကို ခရီးသွားပါတယ်။ မတွေ့ တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေကို သတိရလို့ ပါ။ သြစတျေးလျနိုင်ငံသားတစ်ယောက်အနေနဲ့  ထိုင်းနိုင်ငံကို သွားလည်ရင် ဗီဇာလျှောက်စရာမလိုပါဘူး။ တခါတည်း ပတ်စ်ပို့ ကို ကိုင်ပြီး တန်းဝင်သွားယုံပါပဲ။ လေဆိပ်မှာ တစ်လနေထိုင်ခွင့်တုံးကို ထုပေးပါတယ်။ ထိုင်းနိုင်ငံလိုပဲ မလေးရှားကို သွားလည်လည်း ဗီဇာလျှောက်စရာမလိုပါဘူး။ သုံးလနေခွင့်ရှိပါတယ်။ မလေးရှားနဲ့ စနစ်ချင်းတူတဲ့ နိုင်ငံကတော့ စင်္ကာပူပဲဖြစ်ပါတယ်။ သူလည်း သြစတျေးလျနိုင်ငံသားတွေကို သုံးလ နေထိုင်ခွင့် ပေးပါတယ်။ သံရုံးမှာ ဗီဇာလျှောက်စရာမလိုပါဘူး။ ဒီသုံးနိုင်ငံကို သွားလည်တုန်းက ကျနော့်ခေါင်းထဲမှာ အတွေးတစ်ခုရပါတယ်။

ဒါကတော့ ...ငါ့တို့ နိုင်ငံကွာ...လုပ်လိုက်ရင်တလွဲချည်းပဲ။ မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာကြီးပျင်းလာတဲ့ သြစတျေးလျက မြန်မာနိုင်ငံသားတစ်ယောက် ကိုယ့်နိုင်ငံပြန်လာတာကိုမျိုး ဗီဇာလျှောက်ရတာနဲ့ ဘာနဲ့ ။ ပြီးရင် နိုင်ငံရေးနဲ့ မပက်သတ်ရဘူးဆိုပြီး ခံဝန်ကတိလည်းထိုးရသေးတယ်။ ဒါ့အပြင် ပိုက်ဆံလည်းကုန်သေးတယ်။ ဆိုတော့ မြန်မာနိုင်ငံသားတစ်ယောက် ကိုယ့်နိုင်ငံကို ပြန်တာ ဘာများ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်စေမှာလဲ။ ဝင်ငွေတောင် ပိုရအုံးမယ်။ ကိုယ့်လူမျိုးအချင်းချင်း လှူတန်း ပေးကမ်းတာလည်း ရှိအုံးမယ်။ နိုင်ငံခြားက ပါလာတဲ့ဒေါ်လာတွေကို သုံးတော့ တိုင်းပြည်အတွက် ဝင်ငွေတိုးမယ်။ သြစတျေးလျကနေ ပြန်လာပြီး ဘယ်သူမှ ခါးမှာ ဗုံး ပတ်ပြီး အသေခံပြီး ဗုံးတော့မခွဲကြပါဘူး။

ထိုင်းနိုင်ငံသား၊ မလေးရှားနိုင်ငံသား၊ စင်္ကာပူ နိုင်ငံသားတွေ သြစတျေးလျကနေ ပြန်သွားရင် သူ့ နိုင်ငံသားဖြစ်တဲ့အတွက် တံခါးမရှိ၊ ဓားမရှိ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်ပဲ။ ဒါ့အပြင် ချမ်းသာတဲ့နိုင်ငံတွေကလာရင်လည်း ဗီဇာလျှောက်စရာမလိုဘူး။ တခါတည်းသာ တန်းဝင်လို့ ရတယ်။ သူတို့ ရဲ့ စဉ်းစားပုံက ကျနော်တို့ တိုင်းပြည်က ခေါင်းဆောင်တွေနဲ့ ယှဉ်ရင် အတော်လေးကို ကွာခြားနေတယ်။ ကျနော်တို့ လူကြီးတွေက ဘာကိုများတွေးပြီးကြောက်နေလဲမသိဘူး။ တိုင်းပြည်ဝင်ငွေရမှာကို မလိုလားသလိုပဲ။

လက်ရှိနိုင်ငံတော်အစိုးရအနေနဲ့  ဒီကိစ္စကို လေးလေးနက်နက်စဉ်းစားပြီး မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်စေချင်ပါတယ်။ ဒါမှ ပြည်ပက မြန်မာတွေအတွက် အပြောင်းအလဲတစ်ခုကို ဖန်တီးပေးတယ်လို့ ခေါ်ပါတယ်။

3/4/12

ဆင်ဖြူတော်မှီပြီး ကြံစုပ်မဲ့ လွှတ်တော်အမတ်တွေပေါ်လာတော့မယ်။

အမေစုရဲ့ စည်းရုံးရေးခရီးစဉ်က သမိုင်းတွင်လောက်အောင်ကို လူစည်ကားတယ်။ ငိုတဲ့သူက ငို၊ ရယ်တဲ့သူက ရယ်နဲ့ ။ စလစ်ဘရစ်တီတစ်ယောက်ထက်တောင် ပိုပြီးလူစည်ကားနေတယ်။ အထူးသဖြင့် မန္တလေးမြို့ ။


ရွေးကောက်ပွဲအတွက်စည်းရုံးတယ်။ အန်တီစုကို သူသိကော၊ မသိသူကော တရုန်းရုန်းနဲ့  ဖြစ်နေတော့ အတော်ပျော်စရာကောင်းသားပဲ။ ဒါကိုတနည်းပြောရရင် အကြမ်းမဖတ်တဲ့ လူထုလှုပ်ရှားမှု့ လို့ ခေါ်ပါတယ်။ ၈-လေးလုံးမှာတစ်ခါ၊ ၂ဝဝ၇-ခုနှစ်တစ်ခါ ဒီလိုမျိုးလူတွေလမ်းမပေါ်ကိုထွက်ကြပါတယ်။ အန်တီစုမပါတော့ လူထုတွေ သေနတ်မှန်လို့ သေကုန်ကြတယ်။ တချို့ ဆိုရင် မုဒိမ်းတောင်အကျင့်ခံရသေးတဲ့အထိ ရင်နာစရာကောင်းတယ်။ နောက်ဆုံး တက်ကြွလှုပ်ရှားသူတွေထောင်ထဲကို ဝင်ရတာပဲ အဖတ်တင်တယ်။

ဒါပေမဲ့ ဒီလိုအခြေအနေကို ယနေ့ ဒေါ်စုစည်းရုံးရေးခရီးစဉ်မှာမတွေ့ ရဘူး။ အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ဖို့ နေနေသာ ကူညီနေတာကိုတွေ့ ရတယ်။ နဲနဲတော့ ကသိကအောက်ဖြစ်တာကလွဲရင်ပေါ့။ ဘောလုံးကွင်းကို ခွင့်မပြုတာတို့ ဘာတို့ ။ အန်တီစုသည် အန်တီစုဖြစ်သောကြောင့် ဘောလုံးကွင်းမရလည်း ကိစ္စမရှိဘူး။ အမှိုက်ပုံဘေးမှာ တရာဟောလည်းဖြစ်တာပဲ။ လူထုက သူရှိလျှင် အိမ်သာစော်နံတဲ့နေရာလည်းဖြစ်ပါစေ လိုက်ပြီးနားထောင်မှာပဲ။

ဆိုတော့ ယနေ့ ရွေးကောက်ပွဲအကြိုကာလ စည်းရုံးရေးသည် လူထုအုံကြွမှုပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် လူထုတွေ လမ်းမပေါ်ကို အကြောက်တရားကင်းမဲ့စွာ တက်လာနေတာကိုတွေ့ ရပြီ။ ဘာ့ကြောင့်တက်လဲဆိုတော့ ခေါင်းဆောင်ဖြစ်သူက သူတို့ ကို သေတွင်းမပို့ ဘူးဆိုတာကို သိနေလို့ ပါ။

ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဖြစ်သူတွေ ဒေါ်စုလို နယ်လှည့်စည်းရုံးရေးဆင်းတာတွေ့ ဘူးလား။ လုံးဝမရှိပါဘူး။ ရှိလည်း အဖွားကြီးလို အောင်မြင်မှာမဟုတ်ဘူး။ မယုံရင် ဦးဌေးဦး စမ်းကြည့်ပါ။

ဒါ့ကြောင့် နအဖအစိုးဟာ အန်တီစုကို ၄၈-နဲ့ တန်လို့  ရွေးကောက်ပွဲအပြီး ၊ သူတို့ ပိုင်မှ လွှတ်ပေးလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း နယ်လှည့်ဟောလီဒေးထွက်ကြပါကွာဆိုပြီတောင် ဘိုးနပ်စ်ပါထည့်ပေးလိုက်သေးတယ်။

အခုတော့ စစ်အစိုးရဖြစ်စေချင်တဲ့အတိုင်းဖြစ်လာပြီ။ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ကြမယ်။ ပြင်သင့်တယ်ဆိုတဲ့ အခြေခံမှုကိုတောင် ဦးသိန်းစိန်နဲ့ လူတစ်စုက သိတယ်။ သိသိကြီး ဘာ့ကြောင့်များ အစောကြီးကတည်းက မလုပ်တာလဲမသိဘူး။ ဒီအခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ကြမယ်ဆိုတာကလုံးဝကို မရိုးသားဘူးလို့ ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ ကိုယ်တိုင် ပြင်ရမယ်ဆိုတာကို သိနေလို့ ပဲ။ အခြေခံဥပဒေပုဒ်မတစ်ခုကို ပြင်ရင် ဘယ်လောက်ကြာတယ်၊ ဘယ်လောက်အလုပ်ရှုပ်တယ်ဆိုတာကိုလည်း သူတို့ သိကြတယ်။ ဘယ်တော့မှ ပြီးပြည့်စုံတဲ့ အခြေခံဥပဒေဖြစ်မှာလဲ။ ပြင်နေရင်းနဲ့ ဒေါ်စုအသက်ထွက်သွားရင်ဖြင့် ပွဲကတော့ ကြည့်ကောင်းနေပြီ။ ဒီလိုအခြေအနေဖြစ်လာရင်တော့ အန်အယ်ဒီအနေနဲ့ ယနေ့ စည်းရုံးရေးခရီးစဉ်လို လူစည်ကားမှာမဟုတ်တော့ဘူး။ အခုတော့ အန်အယ်ဒီရဲ့ လွှတ်တော်အမတ်တွေဆိုတာက ဆင်ဖြူတော်မှီပြီး ကြံစုပ်တဲ့လူတွေလို ဖြစ်နေပြီ။ ဘယ်မှာလဲ အထင်ကနာမည်ကြီးပြီး လူကြိုက်များတဲ့ အန်အယ်ဒီလွှတ်တော်အမတ်။

၄၈-နေရာမှာ အန်အယ်ဒီက ထက်ဝက်ကျော်တော့ နိုင်မှာသေချာပါတယ်။ နိုင်ပြီးတော့ လွှတ်တော်ထဲရောက်မယ်။ ပြီးရင် ကြံ့ ခိုင်ရေးက လွှတ်တော်အမတ်တွေလို၊ စစ်တပ်က ကိုယ်စားလှယ်တွေလို အိပ်မနေ ဖို့ တော့အရေးကြီးတယ်။ ပါတီက ချပေးတဲ့မှုဝါဒတွေကို တက်တက်ကြွကြွ ဆွေးနွေးဖို့ လိုတယ်။ ကြေကြေလည်လည် နားလည်တက်ကျွမ်းထားဖို့ အရေးကြီးတယ်။ ဒါမှ လွှတ်တော်အမတ်ပီသလိမ်မယ်။ လွှတ်တော်ထဲမှာ ခေါင်းပေါင်းနဲ့ ချိတ်ပုဆိုးဝတ်ပြီး အဲယားကွန်းလေးနဲ့ အိပ်နေရင်တော့ ဘယ်တော့မှ အခြေခံဥပဒေက ပြင်ပြီးမှာ မဟုတ်ဘူး။ လက်ရှိအနေအထားအရ လွှတ်တော်ထဲမှာ အတိုက်အခံအင်အားနည်းတာအပြင် အချင်းချင်းလည်းမတည့်တော့ နောက်ထပ်နှစ်ပေါင်းလေးငါးနှစ်အထိအခြေခံဥပဒေပြင်နိုင်ဖို့ ဆိုတာ အိမ်မက်တစ်ခုလိုဖြစ်နေပြီ။ သေချာသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးရာထူးတောင်ပေးဖို့ နေရာမရှိသလောက်ဖြစ်နေပြီ။ သူက လွှတ်တော်ထဲဝင်ပြီး အရမ်းကိုလှပချောမောတဲ့ မျှောက်မလေးတစ်ကောင်လို လုပ်ရပါလိမ့်မယ်။ ဒါမှ အစိုးရက သူလိုချင်တာ ဒိထက်ပိုပြီးရမယ်။

ယနေ့ လွှတ်တော်နဲ့ အခြေခံဥပဒေဆိုတာ အမျိုးသားညီလာခံကနေ ဆင်းသတ်လာပါတယ်။ အမျိုးသားညီလာခံလုပ်တုန်းကလည်း အမတ်တွေအိပ်နေခဲ့တယ်။ အခုလည်း အမတ်တွေ အိပ်နေပြန်ပြီ။ သူများ နိုင်ငံက လွှတ်တော်တွေဆိုတာ အိပ်ဖို့ နေနေသာသာ အရေးကြီးရင် ညလုံးပေါက် ငြင်းခုန်ဆွေးနွေးကြတယ်။ အတိုက်အခံနဲ့ အစိုးရက အင်အားချင်းမျှတော့ ဥပဒေတစ်ခုကျဖို့ ဆိုတာ အင်မတန်ကို ခဲယဉ်းတဲ့အလုပ်တစ်ခုပါ။ ဒီလိုဥပဒေကောင်းတစ်ခုဖြစ်လာဖို့ အတွက် ဆွေးနွေးငြင်းခုန်နေတဲ့အချိန်မှာ မြန်မာလွှတ်တော်လို ဘယ်သူမှ အိမ်မနေကြဘူး။ အိပ်ဖို့ တောင် စိတ်ဝင်စားပုံမပေါ်ဘူး။ ဒီလောက်ထိ စိတ်ဝင်စားစရာကောင်းတဲ့ ဥပေဒပြုနည်းတစ်ခု။ အခုတော့ ကျနော်တို့ တိုင်းပြည်ရဲ့ လွှတ်ကို နာမည်ပေးချင်တာက စစ်တပ်ရဲ့ ရုပ်ရှင်ရုံကြီးလို့ ။ ဘာ့ကြောင့်လဲဆိုတော့ ကြည့်တဲ့သူပဲရှိနေတယ်။ အနည်းအကျင်းလောက်ကပဲ နိုင်ငံရေးကို စိတ်ဝင်စားတယ်။ တခြားသူတွေက အာဏာလိုချင်သာ လွှတ်တော်အမတ်ဝင်လုပ်ကြတယ်။

သာယာဝတီက ကျနော့်အမျိုးတစ်ယောက် အခုလွှတ်တော်အမတ်ဖြစ်နေတယ်။ သူ့ ကိုဥပမာပေးချင်တယ်။ သူက စီးပွားရေးသမား။ စီးပွားရေးအခွင့်အလမ်းကောင်းဖို့ အတွက် ကြံ့ ခိုင်ရေးထဲ ဝင်တယ်။ သူ့ မှာငွေလည်းရှိတော့ ဘယ်လိုမျိုးမဲနိုင်သွားလဲမသိဘူး။ အခုတော့ သူ့ နယ်ရဲ့ ပြည်သူ့ ကိုယ်စားလှယ်ပေါ့ဗျာ။ နိုင်ငံရေးကို စိတ်ဝင်စားလားဆိုတော့ မဝင်စားဘူး။ သူ့ ရဲ့ နယ်မြေဖွံ့ ဖြိုးတိုးတက်ဖို့ တောင် ဘာလုပ်သင့်လဲဆိုတဲ့ အိုင်ဒီယာသူ့ မှာမရှိဘူး။ ရှိတာက အထက်လူကြီးကို ဖားဖို့ လောက်ပဲသိတယ်။ ဆိုတော့ သူ့ လိုလူမျိုး လက်ရှိလွှတ်တော်ထဲမှာ ဘယ်နှစ်ယောက်ရှိလဲဆိုတာ တွေးကြည့်ကြပေါ့။ ဒါ့ကြောင့် လွှတ်တော်ထဲမှာ စိတ်ဝင်စားလို့ စစ်တပ်ကော အရပ်ဖက်ကကော ကိုယ်စားလှယ်ကြီးတွေ အပြိုင်အဆိုင်အိပ်နေကြတာဖြစ်မယ်။ ဦးရွှေမန်းတောင် ရှေ့ ဆုံးတန်းမှာ တစ်ယောက်တည်းထိုင်နေလို့  မအိပ်တာဖြစ်မယ်။ နောက်မှာထိုင်လို့ ကတော့ ခုန်ကွယ်ပြီး အိပ်ချင်အိပ်နေမှာ။

အခုလည်း ဆင်ဖြူတော်မှီပြီး ကြံစုပ်မဲ့ လွှတ်တော်အမတ်တွေပေါ်လာတော့မယ်။ သတိထားကြဖို့ အတွက် ဒီစာကို ရေးတာပါ။ ၉ဝ-ခုနှစ်က အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအများကြီး ကျန်သေးပါတယ်။ ပြည်ပက ကိုယ်စားလှယ်တော်ကြီးတွေကတော့ အခွင့်အရေးရတုန်းသာ ကိုယ်စားလှယ်လိုက်ကြတာ၊ တကယ်တန်းတော့ ဘာစောက်အရည်အချင်းမှ မရှိဘူး။





3/3/12

ကိုကြီးကျော်ကို ကိုးကွယ်ပါ

ဦးလေး ဦးဘသာက မြန်မာစစ်စစ်တစ်ယောက်ဖြစ်တယ်။ သူက မျိုးချစ်စိတ်ဓာတ်လည်း ရှိတယ်။ မြန်မာလူမျိုးကသာလျှင် သာကီနွယ်ဝင်ဖြစ်တဲ့အတွက် တခြားလူမျိုးတွေထက် ပိုပြီး မြင့်မြတ်တယ်လို့ ဆိုတယ်။ ဝတ်လိုက်တဲ့အင်္ကျီက အမြဲတန်းပင်နီတိုက်ပုံနဲ့ ။ စားရင်လည်း ငပိပါမှ တင်းတိမ်တဲ့မျိုးရိုး။ သူကို မွေးတဲ့နေရာက ပခုက္ကူမြို့ ဆိုတော့ စကားပြောရင်လည်း အညာသံပေါက်နေတယ်။ တနေ့ ဦးလေး ဦးဘသာ ရန်ကုန်သွားရင်းနဲ့  သြစတျေးလျကနေ ရန်ကုန်ကိုအလည်လာတဲ့ မြန်မာလူမျိုး ဘုန်းကျော်နဲ့ တွေ့ ပြီး အရမ်းခင်မင်သွားတယ်။
ဦးဘသာ။ ။ ငါတို့ မြန်မာတွေက အတော်လေးကို ညာဏ်ရည်ထက်မြတ်ပါပေ့ကွာ။ ဘယ်လောက်တောင်ညာဏ်ရည်ထက်လဲဆိုရင် အသက်ငယ်ငယ်နဲ့ နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချူပ်အောင်ဆန်းကို ကြည့်ကွာ။ ဘယ်နိုင်ငံမှာ သူ့ အသက်အရွယ်နဲ့ နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ သူရှိလား။ မင်းတို့ သြစီမှာကောရှိလို့ လား။

ဘုန်းကျော်။ ။ မရှိဘူး ဦးလေး။

ဦးဘသာ။ ။ ငါဆိုရင် မြန်မာပြည်မှာပဲ သေမယ်။ ဘယ်တော့မှ နိုင်ငံခြားကို အထင်မကြီးဘူးကွ။ ငပိနဲ့ စားပြီး ရွှေတိဂုံဖူးရင်းနဲ့ ပဲ ကိုယ့်တိုင်းပြည်မှာသေချင်တယ်။

ဘုန်းကျော်။ ။ ကောင်းတာပေါ့ ဦးလေးရာ။ ပျော်ရာမှာနေတာက စိတ်ချမ်းသာပါတယ်။

ဦးဘသာ။ ။ နေအုံး..ငါ့ကောင်...မင်တို့ နိုင်ငံခြားက နိုင်ငံရေးအယူအဆတွေ၊ ဓလေ့တွေကို ငါတော့ ငါ့သားသမီးတွေကို မကူးစက်ရအောင် အမြဲတန်းသွန်သင်ပေးတယ်။ မင်းခလေးတွေကော မြန်မာစကား နဲ့  မြန်မာဓလေ့ကို ချစ်မြတ်နိုးအောင် သင်ပေးပေါ့ကွာ။

ဘုန်းကျော်။ ။ ဟုတ်ကဲ့ ဦးလေး။ သင်ပေးနေပါတယ်။

ဒီလိုနဲ့ စကားဝိုင်းက အရှိန်တက်လာလိုက်တာ နေတောင်အတော်စောင်းနေသွားပြီ။ ဦးဘသာကလည်း ကျနော့်ကို မြန်မာ၊ မြန်မာ ဆိုတဲ့စကားလုံးကို သုံးပြီးပြောလာလိုက်တာ နားတောင်ညီးလာပြီ။ သူက နိုင်ငံခြားကို အထင်မကြီးတဲ့သူ၊ မြန်မာ့မြေကို ချစ်တဲ့သူ၊ မြန်မာ့အစားအစာကို ချစ်တဲ့သူတစ်ယောက်ဆိုတော့ အင်မတန်မှ ကျနော်ဂုဏ်ယူမိပါတယ်။ ကျနော်လည်း မြန်မာလူမျိုးနဲ့ ဓလေ့ကို အင်မတန်ချစ်တာပေါ့။ ဒါပေမဲ့ ဦးဘသာလို အရမ်းကို ပိုလွန်းလာတော့ အမြင်က ကတ်လာပြီ။

ဦးဘသာ။ ။ မြန်မာတွေဟာ တနေ့ မှာ ကမ္ဘာကျော်မဲ့ လူစားတွေဖြစ်လာမှာပါကွ။ ဦးသိန်းစိန်က မြန်မာခေါင်းဆောင်တွေထဲမှာ အတော်တော်တဲ့လူကွ။ သူက တိုင်းပြည်တိုးတက်အောင်လုပ်မှာ။ မင်းမယုံရင် ကြည့်နေ။

ဘုန်းကျော်။ ။ ယုံပါတယ် ဦးလေး။ ဖြစ်လာပါစေလို့ ဆုတောင်းပါတယ်။

ကျနော့်ဒေါသက အထွပ်အထိပ်ကို ရောက်လာပြီ။ နေကလည်းစောင်းနေပြီ။ သူ့ လေကမပြတ်သေး။ လေချဉ်ကတက်လာပြီ။

ဒါနဲ့ -

"ဦးလေး ဦးဘသာ....ဒီလောက်တောင် မြန်မာကို အရမ်းအထင်ကြီးနေရင် ချစ်နေရင် ဦးလေးဘုရားရှစ်ခိုးရင် ဂေါတမဘုရားကို ရှစ်မခိုးနဲ့။ ကိုကြီးကျော်တို့ ၊ မနှဲလေးတို့ ပဲ ကိုးကွယ်ပါလား။ ဂေါတမဘုရားက မြန်မာမှမဟုတ်တာ။ ကုလားကြီးဟာကိုး..."

" မင်းကွာကြံကြံဖန်ဖန်....ငါ့မြန်မာနိုင်ငံက အခုချက်ချင်းထွက်သွား" ဆိုပြီး ရေနွေးအိုးနဲ့  ထ ပြီးပေါက်ပါလေရောဗျာ။

မှတ်ချက်။ ။ မြန်မာကို ချစ်သော ဦးဘသာအနေနဲ့ ယေရှု့ ကို ကိုးကွယ်လို့ မရပါ။ ဘုရားသခင်က အဖြူလူမျိုးဖြစ်ပါတယ်။ အလာ..ကိုလည်းကိုးကွယ်လို့ မရပါ။ အရှေ့ အလယ်ပိုင်းက ကုလားဖြစ်နေလို့ ပါ။ နောက်ဆုံး ဂေါတမဘုရားလည်း ကိုးကွယ်လို့ မရပါ။

3/1/12

Very Cool Speech

သမ္မတကြီးမိန့် ခွန်းကို ဘိုလိုပြောရင် Very cool, Man လို့ ပြောချင်တယ်။ အရမ်းကို ပျော်ရွှင်ကြည်နူးရပါသည်။

2/27/12

လဥတစ်လုံးပဲရှိသော သမ္မတကြီးသို့  အိပ်ဖွင့်ပေးစာ

ယခုတစ်လော အရွေ့ ဟုခေါ်သော လိပ်လိုသွားနည်း နှင့် မပြောင်းလဲနိုင်တဲ့အပြောင်းအလဲ
ဟုခေါ်သော နိုင်ငံရေးဖြစ်စဉ်တစ်ခုပေါ်ပေါက်နေသည်။

ကျနော်သည် အစိုးရကိုယ်သော်လည်းကောင်း၊ အတိုက်အခံမဟုတ်သော အတိုက်အခံကိုသော်လည်းကောင်း မျက်စိ ဆံပင်မွှေးဆူးနေသော လူတစ်ယောက်ဖြစ်နေပါပြီ။ ဘာ့ကြောင့်လဲဟု လူကြီးမင်းတို့ မေးမြန်းကောင်း မေးမြန်းနိုင်ပါသည်။ ကျနော်ရှင်းပါအုံးမည်။

အစိုးရဟုခေါ်သော အစိုးရသည် အစိုးရဖြစ်အောင်ကျိုးစားနေ၏။ သို့ သော် အစိုးရလုပ်တက်သည့်အရည်အချင်း သူတို့ မှာမရှိကြောင်းကျနော်တွေ့ နေပါပြီ။ အစိုးရတိုင်းသည် တိုင်းပြည်နှင့်လူမျိုး ဒုက္ခရောက်အောင် လုပ်လျှင် အစိုးရမဟုတ်ပါ။

အတိုက်အခံသည် အာဏာဟုခေါ်သော နေရာရအောင်ကျိုးစားနိုင်မှ ပွင့်လင်းနိုင်မှ အတိုက်အခံဖြစ်သည်။ ဘုန်းကြီးစကားတွေနှင့်အတိုက်အခံသည် လုံးလုံးမှ လူမြင်မကောင်းပါ။

အစိုးရသည် တိုင်းပြည်ငြိမ်းချမ်းရေးရအောင် ကျိုးစားနေသော်ငြားလည်း မအောင်မြင်သေးပါ။ဆင်းရဲမှု့ ကို တိုက်ဖျက်နေပါသည်ဟုပြောနေသော်ငြာလည်း ငါးထောင်တန်ဖုန်းတောင် အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပါ။ ထို့ ကြောင့် အစိုးရသည် အရည်အချင်းရှိသော အစိုးရမဖြစ်သေးပါဟု ကျနော်တထစ်ချပြောဆိုချင်ပါသည်။

အစိုးရနှင့်အတိုက်အခံက ကျနော်ဘုန်းကျော်အား နည်းလမ်းပေးပါဟုပြောလျှင် ဗဟုအဖွဲ့ လို စကားလုံးတွေကြီးပြီး အလုပ်မဖြစ်သော နည်းလမ်းမျိုးကျနော်မပေးချင်ပါ။ ဗကပလိုလည်း ဓားမ မရှိပဲ ထင်းမခုတ်ချင်ပါ။

ဦးသုဝေနှင့်အပေါင်းအပါတွေပြောသလို ဖြည်းဖြည်းလည်း ကျနော်မညှစ်ချင်တော့ပါ။ တနေ့ တော့ ထွက်လာမှာပါကွာ ဆိုပြီးညှစ်နေပေါင်းလည်း များသောကြောင့် နောက်ဆုံးဗိုက်ခွဲပြီး မွေးရတဲ့ သာဓကတွေ ကမ္ဘာ့နိုင်ငံရေးလောကမှာ အထင်အရှားရှိနေပါသည်။

လက်နက်ကိုင်ပြီးမျှစ်ချိုးစားသော အဆင့်လည်း ကျနော်သဘောမတွေ့ ပါ။ အဘယ့်ကြောင့်ဆိုသော ကျနော်သည် အာပီဂျေ ၅-ကိုထမ်းပြီး ဖင်မှ ချီးထွက်သည့်အထိ မွန်ပြည်နယ်ထဲတွင် ပတ်ပြေးခဲ့ဘူးသောကြောင့်ဖြစ်သည်

နိုင်ငံရေးသည် သူ့ အမေလင်နှင့် စပယ်လင်ရောထားသော ဟင်းပေါင်းမဟုတ်။ ဘုန်းကြီးများ စား၍မကုန်သောကြောင့် စုပေါင်းပြီးချက်ထားသောဟင်းပေါင်းသည် စားကောင်းသော်လည်း အခန့် မသင့်လျှင် ချီးပမ်းတက်ပါသည်။

ယနေ့ ကာလသည် မနေ့ ကလို မဟုတ်။ ဒါကိုခလေးတောင်သိသည်။ ခလေးသည် ခလေးအတွေးနှင့်တွေးသောကြောင့်ရှင်းသည်။ မရှင်းတာက လူကြီးတွေဟု ကျနော်ခေါင်းထဲတွင် ပီကေနှင့် ကပ်ထားသလို အင်မတန်စွဲမြဲနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အိမ်မှာထိုင်းပြီး ဟိုလူနှင့်တွေ့ ဒီလူနှင့်တွေ့ ပြီး ပျင်းပျင်းရှိလာသည့်အချိန်တွင် ဟိုသွားဒီသွားလုပ်၊ တော်ကီတွေများပြီး မဲဆွယ်ကြောင်း လူကြီးပြီး ဟိုဟာမကြီးသော ခင်ဗျားတို့ သိကြပါလိ့မ်မည်။ ထို့ အတူ ကျန်းမာရေးမကောင်းသော်လည်း အုပ်ပျော်လုပ်တက်သော ကိုမင်းကိုနိုင်နှင့် ရုပ်ရည်အရမ်းချောသော ကိုကိုကြီးတို့ တစ်စုသည်လည်း အန်တီစုလို ပွား၏။ လွှတ်၏။ တနည်းဆိုသော် စည်းရုံး၏။ ၄၈-နေရာသည် ပါလီမန်ဟုခေါ်သော အာဏာရှင်အိမ်ရှေ့ နေရာအား ယခုလောက် အီးအရမ်းပါချင်သည့်အချိန် အိမ်သာကို အသဲအသန်ပြေးသော လူလို လုပ်စရာမလိုဟု အောင်ဆန်းသူရိယလှသောင်းကျောင်းတွင် ဆယ်တန်းနှစ်ခါကျခဲ့ဘူးသော နိုင်ငံရေးလေ့လာသူ ဘုန်းကျော်မှ ပြောချင်သည်။

ဦးသန်းရွှေနှင့်အဘွားကြိုင်သည် ကျနော့်အမျိုးဖြစ်သည်။ အဘွားကြိုင်သည် သိပ်ပြီး ကျပ်မပြည့်ဟု မထင်ပါလေနှင့်။ ကျပ်မပြည့်သည့်အဘိုးကြီးမှာ ဦးသိန်းရွှေဟုခေါ်သော လဥတစ်လုံးပဲရှိသည့် စစ်ဗိုလ်ချုပ်ကြီးဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးသည် အရမ်းကြောက်တက်၏။ ဘယ်လောက်တောင် ကြောက်သည်ထင်လဲဟု ပြောရလျှင် ညဖက်တစ်ယောက်တည်း အိမ်သာသို့ မသွားရဲလောက်အောင် ကြောက်တက်ကြောင်း ဦးသန်းရွှေ၏ ပီအေဖြစ်သူ ဦးသိန်းစိန်မှ ပြောဘူးသည်။ ထို့ ကြောင့် အကြောက်ပြေစေရန် လွှတ်တော်ထဲတွင် ထင်သလို ဒီမိုကရေစီပေးနေပါသည်။ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီဟုခေါ်သည်။ ယူကေ ဒီမိုကရေစီသည် ဟန်းဂရီးဂျက်စားပြီး အ-၀လွန်သည့်ရောဂါရနိုင်သည်ဟု ဦးသိန်းရွှေနှင့် အပေါင်းအပါတို့ မှ ပြည်သူ ကို စေတနာထားပုံရပါသည်။

ဦးအောင်လင်းထွတ်သည် သူ့ ပထွေးဦးခင်ညွန့် အားကာကွယ်နိုင်ရန် အမေရိကန်တွင် ဆူရှီးစားပြီး အီးအီးပေါက်ပြနေသည်။ မယုံပါလေနှင့်။ သူသည် လူတော့ ဖမ်းသည်။ သူ့ ကိုဖမ်းမှာတော့ အသေကြောက်သည်။ ထို့ ကြောင့်ဦးသိန်းရွှေသည် တနိုင်ငံလုံး မုဒိမ်းကျင့်ဖို့ အမိန့် ပေးသည်ဟု ရွှီးနေကြောင်း ဆယ်တန်းနှစ်ခါကျဘူးသည့် ဘုန်းကျော်မြင်သည်။ ကျနော်မယုံပါ။ စစ်ဗိုလ်ချုပ်တွေသည် ယောက်ျားဖြစ်သောကြောင့် ပေါက်လျှင်တည့်တည့်ပေါက်သည်၊ မိုးပေါ်ကို ဘယ်တော့မှ ထောင်ပြီးမပေါက်ပါ။

ယနေ့ ကာလတွင် အချိန်ကုန်ပြီး အလုပ်ဖြစ်နိုင်တော့မည်မဟုတ်ဟု ထင်မိနေသည်။ ထို့ ကြောင့် ယခုစာအား နိဂုံးချုပ်ရမည်ဆိုလျှင် ဆင်းရဲမှုကို တိုက်ဖျက်ချင်သလား။ ငြိမ်းချမ်းရေးရချင်သလား။ ဒီနှစ်ခုကို အဓိကလိုချင်ရင် ဆီမီနာတွေလုပ်ပြီး လေထဲမှာတိုက်ဆောက်မနေနဲ့ သင့်တော့ပါ။ ပြည်ပကမီဒီယာတွေကို ခေါ်ပြီး အောကားရိုက်မနေသင့်တော့ပါ။ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပြီး ဖေ့ဘွစ်မှာ တင်ဖို့ မကျိုးသင့်တော့ပါ။

တစ်ခုပဲ အကြံပေးချင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှိလာအောင်သာ လုပ်ပေးပါဟု အရက်မှုးပြီးဘလော့ဂ်ရေးတက်သော အဆဲသန်သော ကျနော် ဘုန်းကျော်မှ ပြောချင်ပါကြောင်း၊ လဥမပါသော သမ္မတကြီး သိပါစေ။

2/21/12

သြစီဆင်

Freshness ကို လတ်ဆက်မှုလို့ ဘာသာပြန်မယ်။ အသီးအရွက် သားငါးစတဲ့ စားစရာတွေနဲ့ ပက်သက်ရင် လတ်ဆတ်မှ လူတိုင်းစားချင်တယ်။ မလတ်ရင် အသီးအရွက်မပြောနဲ့  မလတ်တဲ့သူကို ဘဲ တောင်မကြည်ဘူးလို့ ကျနော်ပြောချင်ပါတယ်။ လတ်လတ်ဆတ်ဆတ်ပဲ လူတွေသဘောကြတယ်။

ညက တီဗွီ ကြည့်ရင်း ကိုဇာဂနာ ဘန်ကောက်ရောက်တဲ့လေသံအတိုင်းပြောရရင် ရှော့ဖြစ်သွားတယ်လို့ ပြောချင်တယ်။ ဘာ့ကြောင့်လဲ။ ကျနော်စားနေတဲ့ ပန်းသီးက အပင်ကခူးပြီးကတည်းရေတွက်ရင် ကိုးလလောက်ရှိပြီလို့ သုတေသနပြုသူတွေက ပြောတယ်။ လိမ္မော်သီးက သုံးလ။ စပြစ်သီးက သုံးပတ်။ ကျနော်စားနေတဲ့ ငါးခူက ခြောက်လ။ အားပါးပါး။ သူတို့ တွေ ရေခဲ့သတ္တောထဲမှာ နေတဲ့သက်တမ်းက ကြောက်စရာကောင်းလောက်အောင် ကြာလှပါတယ်။

တီဗွီသတင်းထောက်က စတိုးဆိုင်ကြီးတွေကို မေးခွန်းထုတ်တယ်။

“ခင်ဗျားတို့ ဆိုင်က ဖရက်တာ ဟုတ်လို့ လား”

“ကျနော်တို့ ဆိုင်က အသီးအရွက်တွေမှန်သမျှ စိုက်ခင်းကနေ တိုက်ရိုက်လာပါတယ်။ အခုမြင်တွေ့ နေရတာတွေက စိုက်ခင်းက ခူးပြီးမှ တင်ထားတဲ့ဟာတွေပါ”

ဒါနဲ့ တီဗွီသတင်းထောက်က သူတို့ဆိုင်က အသီးအရွက် သားငါးတွေကိုဝယ်ပြီး ဓာတ်ခွဲခန်းကို ပို့ ပါလေတော့တယ်။ နုတ်ခမ်းမွေးနဲ့ အသက်ငါးဆယ်လောက်ရှိတဲ့ ပညာရှင် အခြောက်ကြီးက စစ်ဆေးတယ်။ အခြောက်နဲ့ တူလို့ အခြောက်လို့ ပြောတာပါ။ ဟုတ်လား မဟုတ်လားတော့ ကျနော်လည်းဘယ်သိမလဲ။ ထားတော့…လိုရင်းဆက်မယ်။

စစ်ဆေးပြီးတော့ ဖရက်ခ်ျ လား မဖရက်ခ်ျလား ပေါ်ပါလေတော့တယ်။ ဒီမှာတင် ဆိုင်ရှင်တွေ နာမည်အကြီးအကျယ်ပျက်ပြီ။ ဆိုင်နာမည်က Coles and Woolworth လို့ ခေါ်တယ်။ ဒီဆိုင်တွေက နိုင်ငံတကာမှာ ရှိတယ်။ သူတို့ ဆိုင်က ပစ္စည်းတွေက နိုင်ငံပေါင်းစုံကလာတယ်။ ဆိုတော့ လမ်းခရီးမှာဘယ်လောက်ကြာမလဲမသိဘူး။ ဒါ့ကြောင့် ကျနော်စားတဲ့ပန်းသီး ကိုးလလေက်ကြာမှ ကျနော်စားရတာ ဖြစ်မယ်။ အရသာကတော့ မပြောပါနဲ့ တော့။ မကောင်းဘူးလို့ ပဲ ပြောချင်တယ်။

အသားငါးတွေလည်း ဒီအတိုင်းပဲ။ နှစ်ပေါင်းရာနဲ့ ချီမလားမသိဘူး။ ရွဲ့ ပြီးပြောတာပါ။ ဒီလောက်တော့ မရှိလောက်ပါဘူး။ သြစီမှာနေရတော့ ဗမာပြည်မှာတုန်းက ဘဝကို တမ်းတမိတယ်။ မိုးတွင်းဆိုရင် အိမ်နားက ဂဏန်းတွေဖမ်းတယ်။ ငါးတွေထောင်တယ်။ ငါးရှဥ့်တွေကို ဖမ်းတယ်။ လတ်လတ်ဆက်ဆက်ဆိုတော့ စားလို့ ကောင်းမှကောင်း။ ငါးဇင်းရိုင်းဆိုရင် ကျနော်တို့ အိမ်ပေါ်က ခလေးတွေ ချီးပါချတာနဲ့ ပလုံပလုံနဲ့ နေနေတာပဲ။ ငါးမျှားတံနဲ့ မျှား။ သရက်သီးလေးနဲ့ ချက်စားတာများဗျာ သရည်တောင်လည်တယ်။ ကိုးလ တနှစ်လောက် သက်တမ်းရှိတဲ့ ပန်းသီးမစားရဘူး။ ခြောက်လလောက်ရေခဲ့သေတ္တာထဲမှာ ထည့်ပြီး စားဖို့ နေနေသာသာ အိမ်မှာ သေတ္တာဆိုလို့  ကျနော့်အဖေစစ်တပ်ကပေးတဲ့ သံသေတ္တာပဲရှိတယ်။

စားစရာမှန်သမျှဒေါ်လာနဲ့ မပေးရမဲ့အကုန်လုံးလတ်လတ်ဆတ်ဆတ်စားရတယ်။ ဒါ့ကြောင့် ဗမာတွေ ဉာဏ်ရည်ကောင်းတာဖြစ်မယ်။ ဘယ်လောက်ကောင်းလဲဆိုရင် ဦးသိန်းစိန်ရဲ့ ပြောင်နေတဲ့ခေါင်းကိုပဲကြည့်တော့။ အခုတော့ဗျာ…သြစီမှာနေပြီး လတ်လတ်ဆတ်ဆတ်က ရွှေထက်တောင်ရှားတယ်လို့ ဆိုပြီး တင်စားရတော့မယ်ထင်ပဗျာ။
ဒါ့ကြောင့် သြော်စီက အဖြူတွေ လူကောင်းတွေကြီးပြီး ဝ တုတ်နေတာဖြစ်မယ်။ ဘာ့ကြောင့်လဲဆိုတော့ လတ်လတ်ဆတ်ဆတ်မှ မစားရတာ။

ကျနော်က သူတို့ ကို သြစီဆင်လို့ နာမည်ပေးတယ်။ သြစီမှာ ဗမာပြည်လို ဆင်မှ မရှိတာ။ အရမ်းဝတော့ ခင်ဗျားတို့ က သြစီဆင်လို့ ပြောရင် အတော်စိတ်ဆိုးသားဗျ။ ပိန်တယ်လို့ ပြောရင် သဘောကျသလားမမေးနဲ့ ။ မကြလည်းနေပါစေ။ နောက်ထပ်ပြီး စိတ်ဆိုးအောင် ဒီလိုပြောတယ်။ အုံးနှောက်ကလည်းက ကျက်အုံးနှောက်လို့ ။ အလုပ်လုပ်တော့ လိပ်လိုလို့ ပြောတော့ သူတို့ ကျနော့်ကို ဘာပြောတယ်ထင်လဲ။

Fuck Off တဲ့ဗျာ။

2/20/12

မြန်မာနိုင်ငံက အင်တာနေရှင်နယ်ဟိုက်စကူးဆိုတာက ကြပ်မပြည့်တဲ့မိဘတွေရဲ့ ခလေးတွေကို ထားတာပါ။

ခလေးတွေ သုံးယောက်လုံးကို နိုင်ငံခြားမှာမွေးခဲ့ရတယ်။ နှစ်ယောက်က သြစတျေးလျမှာ မွေးတယ်။ အကြီးဆုံးတစ်ယောက်ကို ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ က ဆေးရုံကြီးမှာမွေးတယ်။ ကျောင်းထားရမဲ့အရွယ်ရောက်တော့ ကျောင်းအပ်တယ်ဆိုပါစို့ ။


ပထမဆုံး ခလေးကို မှုကြိုထားပါတယ်။ ဗမာလိုဆိုရင် သူငယ်တန်းလေးလို့ ခေါ်မလား။ နိုင်ငံတကာအဆင့်မှီ မှုကြိုကျောင်း။ ဘိုလိုပြောတဲ့ကျောင်း။ ဒီကျောင်းမှာ လူမျိုးပေါင်းစုံ ရှိတယ်။ မြန်မာနိုင်ငံမှာဆိုရင် နိုင်ငံတကာအဆင့်မီကျောင်းလို့ ခေါ်တဲ့ အင်တာနေရှင်နယ် စကူးပေါ့။ ကဲ...သြစတျေးလျက အင်တာနေရှင်နယ် မှုကြိုကျောင်းမှာ သင်တဲ့သင်ခန်းစာတွေကလည်း မြန်မာပြည်က ကျောင်းတွေလို သင်တာမဟုတ်တာတော့ သေချာပြီ။ အကအခုန်၊ ပုံဆွဲ စတာတွေအပြင် ခလေးရဲ့ ဉာဏ်ရည်မြင့်လာအောင်သင်ပေးတဲ့သင်ခန်းစာတွေလည်းပါတယ်။ ပထမတစ်ရက်နှစ်ရက်တော့ ခလေးကကျောင်းသွားရတာကို မကြိုက်ဘူး။ နောက်ပိုင်း ခလေးက ပျော်ယုံတင်မကဘူး ၊ ခဲ ပါခဲစေတယ်လို့ တောင် ပြောရမလိုပဲ။ ဒီကျောင်းက အစိုးရစရိတ်နဲ့ လည်ပတ်နေတဲ့ကျောင်းဖြစ်ပါတယ်။

မှုကြိုအောင်တော့ သူငယ်တန်းတက်ရပြီ။ ကျောင်းချင်းချိတ်ပြီး လုပ်လိုက်တာ ကိုယ်တောင် မသိလုပ်ရဘူး။ ကျောင်းဖွင့်ချိန်မှာ ခလေးက သူငယ်တန်းတက်ဖို့ အဆင်သင့်ဖြစ်နေတယ်။ ကျနော်ငယ်ငယ်တန်းကလို အမေက ကျောင်းကိုလိုက်ပို့ ပြီး ကျောင်းအပ်ခ၊ စာအုပ်ကြေး၊ မိဘဆရာအသင်းကြေး၊ ကျောင်းအုပ်ဆရာကြီးဘောဆေးဖို့ အတွက် အရက်ဖိုးတွေကိုပေးပြီးမှ ကျောင်းတက်လို့ ရတယ်။ အခု ကျနော့်သား မှုကြိုကော သူငယ်တန်းကော တက်တာ ဒေါ်လာ ငါးဆယ်ပဲ ကုန်တယ်။ တစ်နှစ်ကို ၂၅-ဒေါ်လာပဲ ကုန်တယ်။ ကဲ....ဘယ်လောက်ရှင်းလိုက်တဲ့ ကျောင်းတွေလဲ။

Private School လို့ ခေါ်တဲ့ ပုဂ္ဂလိက ကျောင်းလည်းရှိတယ်။ သုံးလတစ်ခါကို ဒေါ်လာ နှစ်ရာလောက်တော့ပေးရတယ်။ ကျနော်တော့ မထားချင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ အစိုးရကျောင်းရှိရဲ့ သားနဲ့  ငွေကုန်ခံပြီး ဒီကျောင်းကို ထားစရာလိုလို့ လား။ တချို့ တွေကတော့ ပြောတယ်။ အစိုးရကျောင်းက အသင်အပြညံ့တယ်။ စည်းကမ်းမရှိဘူးလို့  ဆိုတယ်။ ဒါဆိုရင် လက်ရှိသြစတျေးလျအစိုးရဝန်ကြီးချုပ် ဂျူလီယာဆိုရင် ဘယ်လိုလုပ်မလဲ။ သူလည်း အစိုးရကျောင်းထွက်ပဲ။ ဒါ့အပြင် လက်ရှိ နာမည်ကြီးနေတဲ့ ပညာရှင်တွေလည်းတစ်ပုံကြီး။ သူတို့ လည်းအစိုးရကျောင်းဆင်းတွေပဲ။

မြန်မာပြည်က ပိုက်ဆံရှိတဲ့ လူတွေ သူတို့ ခလေးတွေကို အင်တာနေရှင်နယ်စကူးထားတယ်။ ဈေးကလည်း သြစတျေးလျထက်တောင် အဆမတန်ကြီးသေးတယ်။ ဒီကျောင်းတွေဆီမှာ ခလေးတွေကို ထားမှ ခလေးရဲ့ ပညာရေးတိုးတက်တာမှမဟုတ်တာ။ ကျနော့်သူငယ်ချင်းတစ်ယောက်က မြန်မာပြည်က အင်တာနေရှင်နယ်ဟိုက်စကူးကနေ ဆယ်တန်းအောင်ပြီး သြစီမှာ ကျောင်းလာတက်တယ်။ ကျနော်တက်တဲ့တက္ကသိုလ်မှာ သူလာတက်တယ်။ သူက ငွေအများကြီးကုန်တဲ့ အင်တာနေရှင်နယ် စကူးကနေ ဆယ်တန်းအောင်တယ်။ ကျနော်က ငွေအနည်းအကျင်းလောက်ကုန်တဲ့ ပေါချောင်ကောင်းလို့ ခေါ်လို့ ရတဲ့ မင်္ဂလာဒုံက အောင်ဆန်းသူရိယလှသောင်းကျောင်းကနေ ဆယ်တန်းကို နှစ်ခါကျတယ်။ ကျနော်လည်းသြစီမှာ သူနဲ့ တန်းတူကျောင်းတက်နိုင်တဲ့အရည်အချင်းတော့ ရှိပါတယ်။ ဆိုတော့ ငွေအများကြီးကုန်မှ ပညာတက်တာမဟုတ်ပါဘူး။ အင်္ဂလိပ်စာတက်တာမဟုတ်ပါဘူး။

သြစီက မြန်မာတွေမှာ အယူအဆတစ်ခုရှိတယ်။ ဒါကတော့ သူတို့ ခလေးတွေကို ပိုက်ဆံပေးရတဲ့ ပရိုက်ဗိတ်ကျောင်းမှာ ထားမှ ခလေးက ပိုလို့ အဆင့်မြင့်တယ်လို့ ပြောတယ်။ နေပါအုံး...ခင်ဗျားတို့ အလုပ်က ဝင်ငွေကောင်းတဲ့အလုပ်မို့ လို့ လားဆိုတော့လည်း မဟုတ်ဘူး။ စက်ရုံမှာလုပ်ကြတဲ့လူတွေ။ ဒါနဲ့ များငွေမပေးရတဲ့အစိုးကျောင်းမှာ မထားကြတာ အရမ်းအံ့သြတယ်။ အစိုးရကျောင်းနဲ့ ပရိုက်ဗိတ်စကူးတွေမှာသင်တဲ့ သင်ရိုးညွန်းတမ်းက အတူတူပဲ။ သင်တဲ့ပုံစံတွေလည်းမကွာဘူး။ ဒါနဲ့ များ ရှုးကြလေတယ်။ မယောင်ရဆီလူ ကိုယ့် -ီး ကိုယ်မြွေမှတ်လို့ ထခုန်သလိုပဲ။

ကျနော်တော့ ငွေကုန်တဲ့ ပရိုက်ဗိတ်စကူးကို အထင်ကိုမကြီးဘူး။ သူတို့ ကျောင်းထားမှ ကျနော့်ခလေးပညာတက်တာမှမဟုတ်တာ။ အဓိက အရေးကြီးတာက မိဘပဲ။ လမ်းညွန်မှုကောင်းဖို့ အရေးကြီးဆုံးပဲ။

မြန်မာပညာရှင်တွေအများကြီးရှိတယ်။ သူတို့ အားလုံးက ဈေးကြီးကြီးပေးရတဲ့ ပရိုတ်ဗိတ်ကျောင်းက ဆင်းလာတာမဟုတ်ပါဘူး။ တောကြိုအုံကြားက ဗွက်တွေအပေခံပြီး သင်ရတဲ့ ကျောင်းက ဆင်းလာတဲ့သူတွေများပါတယ်။ ဥပမာ ကုလသမဂ္ဂအထွေအထွေ အတွင်းရေးမှုးချူပ်လုပ်ဘူးတဲ့ ပန်တနော်သားဖြစ်တဲ့ တောသားကြီးဦးသန့် ကိုပဲ လေ့လာလေ့ကြည့်ပါ။ အခုခေတ်လို တစ်လကို ဒေါ်လာ သုံးရာပေးရတဲ့ အင်တာနေရှင်နယ်စကူးက လေးတန်းမအောင်ခဲ့ပေမဲ့ သူဘယ်လောက်တော်ကြောင်း သိပါလိမ့်မယ်။

ဆိုတော့ဗျာ....မြန်မာနိုင်ငံက အင်တာနေရှင်နယ်ဟိုက်စကူးဆိုတာက ကြပ်မပြည့်တဲ့မိဘတွေရဲ့ ခလေးတွေကို ထားတာပါ။

2/19/12

ခင်ဗျားတို့ အုပ်စုကို ခင်ဗျားတို့ ပဲ ကိုယ်စားပြုပါ။ ကျန်တဲ့လူတွေကို ဆွဲမထည့်ပါနဲ့ ။

ဝန်ကြီးဦးအောင်မင်းက ပြည်ပအခြေစိုက်အဖွဲ့ အစည်းတွေကို နိုင်ငံရေးဆွေးနွေးတာနဲ့ ပက်သက်ပြီး လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း နိုင်ငံတကာမှာရောက်နေတဲ့ သူ့ ပါတီဝင်တွေကို အကြံညာဏ်တွေပေးပါဆိုပြီး စာပို့ ပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ရင်းနှီးတဲ့ လူတွေကပြောတယ်။


" ဘုန်းကျော် မင်းလည်းအကြံပေးပေါ့ကွာ"

" ကျနော်က ပါတီဝင်မှ မဟုတ်တာ ဘာလို့ ပေးရမှာလဲ။ ကျနော်ရဲ့ တန်ဖိုးရှိတဲ့အကြံညာဏ်တွေပေးတော့ကော သူတို့ က ဘယ်နှစ်ခါအသိအမှတ်ပြုပြီး သုံးလို့ လဲ။

အကြံလည်းမပေးဘူး၊ မကြံတာလည်း မပေးချင်ဘူးဗျာ။ ဖြစ်နိုင်ရင် ကိုအောင်မိုးဇော်ဘောကို မနေတဲ့လူတွေနဲ့ ကင်းကင်းပဲ နေချင်တယ်"

ကျနော့်ဘာ့ကြောင့် ဒီစကားကိုပြောတာလဲဆိုတော့ သူတို့ ခေါင်းဆောင်မှု့ ကို လုံးဝအယုံအကြည်မရှိလို့ ပဲ။ ဒါ့ကြောင့်လွန်ခဲ့တဲ့ ၂ဝဝ၇-ခုနှစ်ကတည်းက လူ့ ဘောင်သစ်ဒီမိုကရက်တက်တစ်ပါတီကနေ တရားဝင်ထွက်ခဲ့ပြီးပြီ။ ဘာ့ကြောင့်လဲဆိုတော မရောင်ဆီလူးပြီး နေရာတကာ လိုက်ပြီးချုပ်ချယ်ချင်၊ မရှိမဲ့ ရှိမဲ့ အာဏာတွေကို ပြချင်နေတဲ့ လူ့ ဘောင်သစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီကို လုံးဝသဘောမကြလို့ ပဲ။

သူတို့ ခင်ဗျာ- အန်ဒီဒီက ဒေါက်တာနိုင်အောင်နဲ့ မခင်ဥမ္မာကို ထိ ရင် ဆက်ဆက်ထိမခံနိုင်ဘူး။ သူ့ အမေ့လင်နဲ့ မိထွေးများ ထင်နေလားမသိဘူး။

အခုကြည့် ကိုနိုင်အောင်ရဲ့ သမိုင်းကြောင်းကို လှန်ကြည့်။ ပြီးတော့ မခင်ဥမ္မာရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်။ ကောင်းလို့ လား။ ဒီလိုမကောင်းတဲ့လူတွေကို ဆရာတင်ထားတဲ့ ကိုအောင်မိုးဇော်ဦးဆောင်တဲ့ အဖွဲ့ ။ လူသုံးလေးဦးပဲ ရှိပါတယ်။ မများပါဘူး။ ယနေ့ အထိ ဘာညီလာခံမှ မလုပ်ပဲ တစ်သက်လုံး ပါတီဥက္ကဌလုပ်ပြီး ချင်းမိုင်မှာ အင်္ဂလိပ်မ အဘွားကြီး ဂျက်ကီရဲ့ ဗိုက်ကိုပွတ်ပြီး ချူစားနေတယ်လို့ ပဲပြောချင်တော့တယ်။

ဒါတော့ ထားတော့။ ကျနော်နဲ့ မဆိုင်ဘူး။

ယနေ့ အချိန်အထိ လူ့ ဘောင်သစ်ပါတီမှာ အနစ်နာခံ စွန့် လွှတ်ခဲ့တဲ့လူတွေရှိတယ်။ အားလုံးနိုင်ငံခြားကိုရောက်ကုန်ပြီ။ ဒီလူတွေကို ဘယ်နှစ်ခါများ အသိအမှတ်ပြု၊ ကျေးဇူးတင်ကြောင်းပြောခဲ့လဲ။ ကိုသံခဲကမှ ဟုတ်အုံးမယ်။ နိုင်ငံခြားရောက်သွားပြီး ဒီကောင်တွေ ငါတို့ ကိုဆော်တော့မယ် ၊ ငါတို့ ကို ဘာမှပြန်မပေးဘူး စတဲ့ ခလေးကလားဆန်တဲ့အယူအဆတွေကို လက်ကိုင်ထားတုန်းပဲ။

အခုကြည့် ဝန်ကြီးဦးအောင်မင်းနဲ့ လှေကြုံစီးတဲ့ အဆင့်ပဲရှိတဲ့ လူ့ ဘောင်သစ်။ တစ်ခါမှ ကိုယ်ကိုယ်တိုင် ထိုးဖောက် ဦးဆောင်ခဲ့တာမရှိပဲ ၊ အရေးတော်ပုံကြီးထဲမှာ မိုးရွာတုန်းရေခံတဲ့အဆင့် ၊ လှေကြုံလိုက်တဲ့အဆင့်ပဲ ဖြစ်နေပြီ။

အမြဲတန်းလိုလို ကျနော်တို့ နိုင်ငံခြားမှာ ရောက်နေတဲ့ ပါတီဝင်တွေကို ဘယ်နှစ်ခါများ သူတို့ ဘာလုပ်နေလဲဆိုတာ အဆက်အသွယ်လုပ်ခဲ့လဲ။ လိုအပ်မှ သတိရတဲ့ ပုံစံတွေချည်းပဲ။ အမေရိကန်ပြည်ထောင်စုနဲ့ နော်ဝေမှာတင် လူ့ ဘောင်သစ်တွေနဲတာမဟုတ်ဘူး။ ဒီလူတွေအားလုံးက နယ်စပ်က ဗဟိုဦးဆောင်ကော်မတီကို အယုံအကြည်ရှိလားဆိုတာကိုလည်း စမ်းစစ်ကြည့်ပါအုံး။ ပြီးမှ သူတို့ ဆီက အကြံညာဏ်တောင်းပါ။

တစ်ခုတော့ အဓိကပြောချင်တယ်။ ဒါကတော့ အကြံတွေတောင်းခဲ့ပါတယ်၊ သူတို့ လည်းသဘောတူပါတယ်၊ ဒါ့ကြောင့် ကျနော်တို့ ဒီလို ဆုံးဖြတ်တာပါ။ ကျနော်တို့ အနောက်မှာ ပါတီဝင်ပေါင်းသိန်းကျော်ရှိနေပါတယ်စတဲ့စကားလို၊ ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်ပါတယ်ဆိုတဲ့ စကားလို၊ အီစီကလီပြောဖို့ တော့ မကျိုးစားပါနဲ့ ။

သိတယ်မှတ်လား။ အခြေအနေတွေပြောင်းကုန်ပြီ။ ဒေါ်စုတောင် ပါတီသစ်နဲ့ ရွေးကောက်ပွဲ ဝင်နေပြီ။ ဦးဆောင်မှုအသစ်လည်းပြောင်းနေပြီ။ ဒါတွေသဘောပေါက်ဖို့ လိုပြီ။ ဒါ့ကြောင့် ကိုအောင်မိုးဇော်၊ ကိုငွေလင်း၊ ကိုတိုးတိုးထွန်းနဲ့ အားလုံးသော နယ်စပ်က လူ့ ဘောင်သစ် ဗဟိုဦးဆောင်ကော်မတီကို ပြောချင်တာက မလိမ်ပါနဲ့ ။ အရှိကိုအရှိတိုင်းပြောပါ။ ခင်ဗျားတို့ အုပ်စုကို ခင်ဗျားတို့ ပဲ ကိုယ်စားပြုပါ။ ကျန်တဲ့လူတွေကို ဆွဲမထည့်ပါနဲ့ ။



2/18/12

ဘုန်းကျော် ငမှုး

ဘုန်းကျော် ငမှုး
သူများထက်လည်း မထူး
အရှုးတစ်ကောင် မှုးကြောင်ကြောင်နဲ့ 
ဆဲဆို စာရေး
ဟာသတွေလည်းတွေး
နိုင်ငံရေးလည်းဘေးပြော
အမေးအငေါလည်းထူ
အူတူတူနဲ့  လူတစ်ယောက်ပေါ့။
ကိုယ့်လမ်းကိုယ်လျှောက်
ဘယ်ပဲရောက်ရောက်
ယုံကြည်တာကို လုပ်
ယုံကြည်တာကိုပြော
သူများယောင်တိုင်လည်း မယောင်
ကြောင်တောင်တောင်လည်း မဟုတ်
အမှိုက်ရှုပ်တွေနဲ့ လည်း မတွဲ
ရဲရဲကြီးပေါ့ဗျာ။
ကိုယ်ဖြစ်ကိုယ်ခံ
ကိုယ်မှန်တယ်ထင်တာကိုလုပ်တယ်
ကိုယ်စံစရာရှိရင် ကိုယ်စံမယ်။
ဒါနဲ့ များဗျာ-
ကိုယ့်ထမင်းကိုယ်ရှာစား
ဘယ်ဟာမှ အလကားမရတဲ့ခေတ်မှာ
ဘယ်သူ့ " ဘော "ကိုများ
အမောဆို့ ခံ ပြီး
အခမဲ့ "မ" ပေးရအုံးမှာလဲ။


 

2/15/12

်ဒေါ်အောင်ဆန်းစုကြည်၏အိမ် သင်္ဘောဆေးသုတ်သင့်နေပြီ




ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား-

အ၀တ်အစားအသစ်တွေကို မော်ဒယ်တွေရှုံးလောက်အောင် ၀တ်ပြီး ဟိုလူနဲ့ တွေ့ ဒီလူနဲ့ တွေ့ ၊ ပြီးရင် ခရီးထွက်တာ ကောင်းပါတယ်။ တက်ကြွလှပ သစ်လွင် ဆန်းသစ်ပါတယ်။ ဒါ့ကြောင့် အကြီး (ခ) အဒေါ်က အတော်လေးကို ငယ်ရွယ် နုပျိုလှပါတယ်။

ကျနော်အကြံပေးချင်တာက ဖြစ်နိုင်ရင် အကြီး အိမ်ကိုလည်း ဆေးလေးဘာလေးသုတ်ပြီး လှပဆန်းသစ်အောင် ပြုပြင်စေချင်ပါတယ်။ မီဒီယာမှာတွေ့ တိုင်း အိမ်ကြီးက အိုဟောင်းနေပြီး စိတ်ထဲမှာ မလန်းပါဘူး။

ဒီလိုအခြေအနေကို မြန်မာလို ခေါ်ရင် မျက်နှာမှာ သနခါးနဲ့  ပေါင်မှာတော့ သေးစီးကြောင်းနဲ့ ဆိုသလိုဖြစ်နေလို့ ပါ အဒေါ်။

နိုင်ငံတကာက လူတွေက ကဲ့ရဲ့ နေကြလို ပါ အန်တီရယ်။

ဖြစ်နိုင်ရင် ဒါလေးကိုလည်း ပြင်ပေးပါလို့ အကြံပြုပါတယ်။

မှတ်ချယ်။ ။ http://www.dulux.in/index.jsp
အန်တီ့ အိမ်အတွက် ဒီဆေးကို သုံးကြည့်ပါ အန်တီ။

2/14/12

ချစ်သူများနေ့ အမှတ်တရ

လွန်ခဲ့တဲ့ ၁၀-နှစ်လောက်က ကျနော်နဲ့ ကျနော့်ဇနီး ဒီလိုအချိန်မှာ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ကိုယ်ချစ်တဲ့ ချစ်သူဆီက အဖြေတောင်းလာခဲ့တာ ကြာပြီ။ သူကလည်း ဒီလိုနေ့ ကြမှ အဖြေပေးမယ်လို့ ပြောထားတော့ ရင်ခုန်စွာနဲ့ ချစ်သူများနေ့ ကို တန်ဖိုထားမိပါတယ်။

သမီးရည်စားမဖြစ်ခင် ချစ်သူအတွက် ချစ်သူများနေ့ အမှတ်တရအဖြစ် နှင်းဆီပန်းလေး တစ်ပွင့်ပေးရင်ကောင်းမလား။ ဘာများလက်ဆောင်ပေးရင်ကောင်းမလား။ စဉ်းစားရင်းနဲ့ ရင်တွေခုန်၊ ကြည်နူးရတာကိုက အရသာတစ်ခုပဲ။

ချိန်ထားတဲ့နေ့ ရောက်တော့ ၀ယ်စရာ ပိုက်ဆံမရှိလို့ အိမ်ဘေးက နှင်းဆီပန်းလေးကို ချိုးပြီး အမှတ်တရလက်ဆောင်ပေးလိုက်တယ်။ ချစ်သူလည်းပျော်၊ ကိုယ်လည်း ကြည်နှုးပေါ့ဗျာ။ ပန်းတပွင့်ကို အရင်းတည်ပြီး ချစ်လားဆိုတဲ့ အဖြေကို တောင်းပါလေတော့တယ်။

"ချစ်လားဟင်"

အင်းလဲမလုပ် အဲလည်းမလုပ်နဲ့ ။ ခေါင်းတော့ငြိမ်ြ့ပတယ်။ ဒါဆိုရင် သူမ ငါ့ကိုယ်ချစ်ပြီဆိုတာ တပ်အပ်သိပြီ။ ဒီလိုသိဖို့ အတွက် တက္ကသိုလ်တွေမှာသွားပြီး ဘက်ချလာဘွဲယူစရာလည်းမလိုဘူး။ သူများတွေကို Capacity Building လုပ်ပြီး အရည်အချင်းမြှင့်တင်တဲ့သင်တန်းတွေ တက်စရာလည်း မလိုပါဘူး။ လူကဲခတ်တက်ရင် ရတာပဲ။

ဒါနဲ့ ချစ်သူများနေ့ မှာ ကျနော်တို့ လင်မယားတွေ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။

အလကားရတဲ့ ပန်းလေးကို ချစ်သူကနမ်းပြီး၊ ချစ်စကားတွေပြောရတာကိုယ်က အတော်လေးကို ပျော်ရွှင်စရာကောင်းတယ်။ ယနေ့ ကာလလို ၀န်ကြီး ဦးအောင်မင်းနဲ့ ချစ်စကားတွေပြောတာထက်ပိုပြီး ပျော်ရွှင်စရာကောင်းတယ်လို့ ပြောချင်ပါတယ်။

ပန်းလေးတပွင့်ဟာ အတော်လေးကို တန်ဖိုးရှိပါလား။

ဒါ့ကြောင့် ကျနော်တို့ လင်မယားတွေ ချစ်သူများနေ့ ကို အင်မတန်တန်ဖိုးထားပါတယ်။ နှစ်တိုင်းနီးပါး ချစ်သူများနေ့ မှာ တစ်ယောက်အတွက် တစ်ယောက် အမှတ်တရပစ္စည်းတခုခုဝယ်ပေးနေကြပါ။

သားကြီးကိုမွေးတုန်းက မိန်းမကို နောက်ဆုံးပေါ်တီဗွီတစ်လုံးနဲ့ ဈေးအပေါစား စိန်လက်စွပ်တစ်ကွင်းဝယ်ပေးပါတယ်။ ကျနော့်ချစ်သူခင်ဗျာ အရမ်းကိုပျော်ရွှင်နေရှာတယ်။ ဒါကို ကြည့်ပြီး ကျနော်ပီတိတွေဖြစ်လိုက်ရတာ။ အရမ်းပျော်လိုက်ရတာ မမေးပါနဲ့ ။ ဘယ်လောက်ပျော်လည်းဆိုရင် သမ္မတကြီး ဦးသိန်းစိန် မြစ်ဆုံဆည်ကို ဆက်ပြီးမလုပ်တော့ပါဘူးလို့ ပြောတဲ့နေ့ ထက်ပိုပြီး ပျော်ပါတယ်။

ဒီလိုနဲ့ သုံးလေးနှစ်ကြာတော့ သမီးလေး နောက်တစ်ယောက် ရလာပါတယ်။ ချစ်သူများနေ့ ရောက်တိုင်း သမီးလေးကော ချစ်ဇနီးအတွက်ကော အမှတ်တရ ပစ္စည်းလေးဝယ်ပေးဖြစ်တယ်။ ဒီနှစ်တော့ နောက်ဆုံးပေါ်တယ်လီဖုန်းလေးတစ်လုံးပေါ့။ အိုင်ဖုန်းလို့ ခေါ်ပါတယ်။

"မောင့်ကို...မ..ချစ်လိုက်တာ အရမ်းပဲ"

"မောင်တို့ ချစ်သူများနေ့ မှာ အချစ်တွေရခဲ့ကြတာပဲဆိုတော့ ဒီနေ့ ကို ဘယ်လို မေ့နိုင်မှာလဲ...မ...ရယ်"

နောက်ဆုံးသမီးလေးတစ်ယောက်မွေးပြီး ယနေ့ လို ၂၀၁၂-လည်းရောက်ရော ကျနော်တို့ လင်မယားဖြစ်တဲ့သက်တမ်း ၁၀-နှစ်နီးပါးရှိနေပါပြီ။

ဒီနှစ်ချစ်သူများနေ့ မှာတော့ မိန်းမက မိုးမလင်းခင်ကတည်းက ကျနော့်ကိုမေးပါတယ်။

"ဒီနေ့ ....နင်...ငါ့ကို ဘာပေးမှာလဲ"

ကျနော်က-

"နင့်လင်က သူဌေးမို့ လို နင် ဒီလိုစကားပြောနေတာလား"


ကိုမိုးသီးဇွန်နဲ့ ကိုနိုင်အောင်တို့  ဟာ တိုင်းပြည်အတွက် အရေးကြီးတယ်

သူတို့ နှစ်ဦး

ကိုမိုးသီးဇွန်နဲ့ ကိုနိုင်အောင်တို့ ရဲ့ သမိုင်းဟာ အတော်လေးကို ကြီးမြတ်လှတယ်။ ကျောင်းသားခေါင်းဆောင်တွေလည်း ဖြစ်ကြတယ်။ တော်လှန်ရေးခေါင်းတွေလည်းဖြစ်ြ
ကတယ်။ ပညာအရည်အချင်း၊ သတ္တိ၊ အနစ်အနာခံ၊ စွန့် လွှတ်စွန့် စားတဲ့ စိတ်လည်းရှိတယ်။ ယနေ့ မှာဆိုရင် အသက်အရွယ်အားဖြင့်လည်း ငယ်ရွယ်သေးတော့ တိုင်းပြည်အတွက်အရေးကြီးတယ်။ ပြည်သူလူထုက သူတို့ တွေတိုင်းပြည်ထဲကို ပြန်လာဖို့ မျှော်လင့်နေကြတယ်။ ပြည်သူတွေတင်မကဘူး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကလည်း အားကိုးတကြီးနဲ့ ပြန်လာဖို့ ဆော်အောနေကြတာကို မြင်တွေ့ နေရတယ်။

ယနေ့ လိုကာလမှာ သူတို့ နှစ်ယောက်လုံးတိုင်းပြည်ထဲမှာ ရှိဖို့ လိုအပ်တယ်ဆိုပြီး ကျောင်းသားတွေက တောင်းဆိုနေကြပြီ။

သူတို့ ပြန်လာမှ ပြသနာတွေပြေလည်မယ်လို့ ဆိုပြီး အပြင်ကလူတွေကလည်း ပြောကြတယ်။ တနေ့ မှာ ကိုမိုးသီးနဲ့ ကိုနိုင်အောင်အကြောင်းကို ပြည်တွင်းက ၈၈-ကျောင်းသားခေါင်းဆောင်တစ်ယောက်နဲ့ ဂျီတော့မှ စကားပြောဖြစ်တယ်။

"သူတို့ နှစ်ယောက်ပြန်လာသင့်ပြီဗျာ"

"နေပါအုံး ဘာဖြစ်လို့ ပြန်လာစေချင်တာလဲ"

"အော်..ခင်ဗျားကလည်း ညံ့ပါ့ဗျာ။ သူတို့ ကတိုင်းပြည်အတွက် အရမ်းကို အရေးကြီးတဲ့လူတွေလေ"

"ဘာအတွက်အရေးကြီးတာလဲ"

"သူတို့ ပြန်လာမှ မြောက်ပိုင်းလူသတ်မှု့ နဲ့ ကိုဌေးနိုင်ကို သတ်တဲ့အမှုတွေကို တရားစွဲလို့ ရမှာဗျ။ သူတို့ နှစ်ယောက်က အဓိကတရားခံတွေဆိုတော့ တိုင်းပြည်အတွက်အရမ်းအရေး မကြီးဘူးလား"

"ဟာ...ကျနော် ထင်နေတာက တိုင်းပြည်ထူထောင်ရေးအတွက် သူတို့ လည်းတဖက်တလမ်းက ပါဝင်စေချင်မှတ်နေတာ။ ခင်ဗျား အရေးကြီးတာကြီးကလည်း တလွဲဗျာ...ဟားးးးး..ဟားးးး"

တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါ


ဗဟုအဖွဲ့ နှင့်ဒေါက်တာမျိုးညွန့် တို့ အား စီးပွားရေးဆိုင်ရာဟောပြောပွဲတွင်တွေ့ ရ

ဗဟုအဖွဲ့ မြန်မာပြည်တွင်းမှာ လုပ်မဲ့ရည်ရွယ်ချက်ကို ကိုအောင်သူငြိမ်းက အောက်ပါအတိုင်းပြောခဲ့တယ်။ သူပြောတာနဲ့  အီးယူကပေးမဲ့ အလှူငွေဒေါ်လာသန်းနှစ်ရာပေးရခြင်းရည်ရွယ်ချက်တွေနဲ့ က အတော်တူနေတာတွေ့ ရတယ်။ ဒါ့ကြောင့်အခုလို စုစည်းပေးတာပါ။

“မူဝါဒနဲ့ ပါတ်သက်တဲ့ သုတေသန၊ မူဝါဒတွေနဲ့ ပတ်သက်လို့ တိုက်တွန်း၊ စည်းရုံး ပြောဆိုတာပေါ့။ အရည်အသွေး
မြှင့်တင်ရေး သင်တန်းတွေပေါ့။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မြန်မာပြည်ထဲမှာ ကျနော်တို့ ဒီကိစ္စတွေ တိုးပြီးတော့ လုပ်လို့ရမယ်လို့ ထင်ပါတယ်”

“ဒေသန္တရ အုပ်ချုပ်ရေးပေါ့။ အထူးသဖြင့် အပေါ်မှာ ပြောင်းတာ တပိုင်းပေါ့၊ အောက်ခြေမှာ ကိုယ်တိုင်ကိုယ်က အားကောင်းလာဖို့ လိုတာပေါ့။ အောက်ခြေစနစ် အုပ်ချုပ်ရေးတွေကစလို့ ပိုပြီးတော့ လုပ်နိုင်ကိုင်နိုင်အောင်လို့ အဲဒီလို သင်တန်းတွေ ပေးဖို့ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

------------------

ဘီဘီစီ ၁၃-၂-၁-၂၀၁၂ နေ့ ညပိုင်း အစီအစဉ်မှ ကောက်နုတ်ချက်

ဥရောပသမဂ္ဂရဲ့ ဖွံ့ ဖြိုးရေးဆိုင်ရာဝန်ကြီးက ဒီလိုပြောတယ်။

၁) ဒေါ်လာသန်းနှစ်ရာကို ပညာရေး၊ ကျန်းမာရေး နဲ့ လူမှုဖွံ့ ဖြိုးရေးလုပ်တဲ့နေရာတွေမှာ ကူညီမယ်။

ရန်ကုန်မှာရောက်နေတဲ့ ဘီဘီစီသတင်းထောက်ကပြောတာကိုလည်း သတိထားကြည့်ပါ။

အီးယူက အုပ်ချုပ်မှုဆိုင်ရာ ၀န်ထမ်းတွေကို Capacity Building သင်တန်းတွေပေးချင်ပါတယ်။ ဒေါ်လာသန်းနှစ်ရာကို ပေးတဲ့အခါမှာ နှစ်ပေါင်းများစွာလက်တွဲလုပ်လာတဲ့ ယုံကြည်ရတဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေကနေတဆင့်ပေးသွားမှာပါ။

သုံးသပ်ချက်-

ဗဟု နဲ့  ဦးဟန်ညောင်ရွှေတို့ အပါအ၀င် အခြားအဖွဲ့ အစည်းတွေဘာ့ကြောင့် ပြည်ပကနေ ပြည်တွင်းကို ၀င်ကြလဲဆိုတာကို ရှင်းရှင်းလင်းလင်းတွေ့ ရပါလိမ့်မယ်။ ငွေမရရင် ဘယ်အဖွဲ့ အစည်းမှ ပြည်တွင်းမှာ ၀င်ပြီးလုပ်မှာမဟုတ်ပါဘူး။

ဝင်သင့်ပါတယ်

ဒီနေရာမှာ မကောင်းမြင်တဲ့ အမြင်ကိုကိုင်ပြီး တင်ပြနေတာမဟုတ်ပါ။ ဖြစ်နေတာကို ပြောနေခြင်းဖြစ်ပါတယ်။ ပြည်တွင်းမှာ လုပ်တာက ပိုပြီးထိရောက်နိုင်တယ်။

အစိုးရ၀န်ထမ်းတွေကို သင်တန်းပေးတာကောင်းပါတယ်။ သင်တန်းပဲပေးပြီး ကျန်တဲ့ ရုပ်ဝတ္တုပစ္စည်းနဲ့  စားဝတ်နေရေး ပြေလည်စေနိုင်မဲ့ မတ်လုံးတွေကို မပေးနိုင်ဘူးဆိုရင် သင်တန်းပေးလည်း ခဏပဲ ခံပါမယ်။ နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ အကျင့်စရိုက်တွေကို တစ်ရက်နှစ်ရက်သင်တန်း (သို့ ) ရက်တိုသင်တန်းနဲ့ အလုပ်မဖြစ်ပါဘူး။ ဒါကို ဆေးမီးတိုနဲ့ ကုစားတယ်လို့ ခေါ်နိုင်တယ်။

အစိုးရရဲ့ ယန္တယားတစ်ခုလုံးကို မှုဝါဒအသစ်တွေ လူသစ်တွေနဲ့ အစားထိုးနိုင်ရင်တော့ အလုပ်ဖြစ်မယ်လို့ ထင်တာပဲ။ အတွေးအခေါ်ဟောင်း အကျင့်ဟောင်းတွေရှိနေသမျှကာလပတ်လုံး ကျနော်တော့ မထင်ရေးချ မထင်ပါ။

ဘာပဲဖြစ်ဖြစ် ဗဟုကပေးတဲ့သင်တန်းတွေကတော့ ရေနစ်တုန်း ကောက်ရိုးလေးတမျှင်ကိုတွေ့ သလိုပါ။ ဆက်လုပ်ပါ။ ကောင်းပါတယ်။ တကယ်လို့ အီးယူကကော အခြားဒိုနာတွေကပါ ရံပုံငွေတွေကို မပေးတော့ဘူးဆိုရင် ပြည်ပကိုတော့ ပြန်မထွက်လာဖို့ အရေးကြီးပါတယ်။

2/13/12

ကျနော့်ဆရာကြီး ရှေ့ တန်းမှာ နေရာမရပါလား


စီးပွားရေးပညာရှင်ဒေါက်တာမျိုးညွန့် အား စီးပွားရေးဆိုင်ရာဆွေးနွေးပွဲတွင် ယခုလို ရှေ့ တန်းတွင် တွေ့ ရှိရသည်။
The Voice

ABSDF ခေါင်းဆောင်ဟောင်း ကိုမောင်အေးအကြောင်း

"ကျုပ်တို့ တိုင်းပြည် ခြင် ကိုက်တယ်ဗျာ။ လမ်းဘေးတွေမှာလည်း ညစ်ပတ်ပေရည်နေတယ်။ အရမ်းနံတယ်"

ကိုမောင်အေးက သြစတျေးလျနိုင်ငံမှာ ၁၆-နှစ်လောက် နေပြီးတော့ မြန်မာပြည်ကို အလည်သွားခဲ့တယ်။ သမ္မတကြီးက ပြန်လာပါဆိုလို့ သူလည်း ပြန်သွားပါတယ်။ မြန်မာပြည်ပြန်တဲ့အတွေ့ အကြုံကို သူက ကျနော့်ကို ပြောပြနေတာပါ။ သူက ဆက်ပြီး...နေရာတကာ ငွေပေးမှ အလုပ်ဖြစ်တယ်ဗျာ...ဆိုပြီးစိတ်ပျက်တဲ့လေသံနဲ့ လည်းပြောရှာတယ်။

သြစတျေးလျကို ကိုမောင်အေးလာဖို့ အတွက် နယ်စပ်က ဒုက္ခသည်စခန်းထဲမှာ သုံးနှစ်လောက် နေခဲ့ရတယ်။ ရန်ကုန်က ပါလာတဲ့ ငွေလေးတွေနဲ့ မိသားစု ခြိုးခြံချွေတာပြီး စားတယ်။ စခန်းကပေးတဲ့ ရိက္ခာလေးတွေနဲ့ ဆိုတော့ လုံလောက်တယ်။

သြစတျေးလျနိုင်ငံရောက်တော့ အင်္ဂလိပ်စာမတက်တဲ့ ကိုယ်မောင်အေးကို သူငယ်ချင်းတစ်ယောက်က သန့် ရှင်းရေးအလုပ်တစ်ခုရအောင် ဖန်တီးပေးတယ်။ ရန်ကုန်မှာ စက်ရုံအလုပ်သမားအဖြစ်လုပ်ဖူးတဲ့ ကိုမောင်အေးဟာ သန့် ရှင်းရေးလည်း လုပ်နိုင်တယ်။ ဒုက္ခသည်စခန်းမှာ ညစ်ပတ်ပေရည်နေတဲ့ ဘ၀မှာလည်း သူနေဘူးတော့ သန့် ရှင်းရေးအလုပ်ကို သူလုပ်ရတော့ ပျော်ရွှင်နေတယ်။

သူက နိုင်ငံရေးလည်း စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ နိုင်ငံရေးတော့ မလုပ်ပါဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ နိုင်ငံရေးလုပ်ရင် ထောင်ကျမှာဆိုးလို့ ဆိုပြီး သူရဲ့ ယုံကြည်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရှာတယ်။

"လက်ရှိနိုင်ငံရေးက မဆိုးပါဘူး။ အစိုးရ ကောင်းလာပြီ"

"နေပါအုံး ဘာကောင်းတာလဲ"

"အစိုးရ ကောင်းနေပြီလေ။ ခင်ဗျား မသိဘူးလား"

ကျနော်ပဲ ညံ့လို့ လားမသိဘူး။ ကိုမောင်အေးက ပြန်ပြီးတောင်မေးခွန်းထုတ်သေးတော့ သူကပဲ နိုင်ငံရေးသမားကြီးအထာနဲ့ ။ မျက်နှာပေးကလည်း သြစတျေးလျကို ရောက်ခါစ မျက်နှာပေးမဟုတ်တော့ဘူး။ ခပ်တင်းတင်း ခပ်မာမာ၊ ဘယ်သူမှ လူမထင်တော့ထဲ မျက်နှာပေးဖြစ်သွားတဲ့ ကိုမောင်အေး။ ဒုက္ခသည် စခန်းထဲမှာ နေတုန်းက လူတိုင်းကို မျက်နှာငယ်ငယ်နဲ့ ဖားယားပြီး တောင်းစားခဲ့တဲ့ ကိုမောင်အေးတစ်ယောက် အခုကြတော့ ဒီလိုစကားတွေ ပြောထွက်တာ အံ့သြနေမိတယ်။

သူရန်ကုန်ရောက်တော့ ဈေးအကြီးဆုံးဟော်တယ်မှာ တည်းတဲ့အတွေ့ အကြုံကို ပြောပြသေးတယ်။

"ဟိုတယ်ဆားဗစ်တွေကလည်း ညံ့တယ်ဗျာ။ ဆက်ဆံရေးလည်း မကောင်းဘူး။ အခန်းထဲက အဲယားကွန်းကလည်း နားကိုညီးနေတာပဲ။ ကျနော့်အိမ်လောက်တောင် မကောင်းဘူးဗျာ"

ရန်ကုန်မှာနေတုန်းက သူ့ ရဲ့ အိမ်အကြောင်းကို မိတ်ဆွေတစ်ချို့ ပြောပြတယ်။ ဓနိမိုး၊ ထရံကာနဲ့ သစ်သားပြားတွေခင်းထားတဲ့ အိမ်မှာ ကိုမောင်အေးတို့ မိသားစုနေတယ်။ တစ်လကို ၀င်ငွေလေးငါးသောင်းလောက်တော့ သူ့ ဝင်ငွေရှိတယ်။ မိန်းမက အိမ်ရှေ့ မှာ ကွမ်းယာရောင်းတယ်။ သူနေတဲ့ ရပ်ကွက်ကလည်း အခြေခံလူတန်းစားတွေနေတဲ့ ရပ်ကွက်ဆိုတော့ အမြဲလိုလို ဆူညံပွက်လောရိုက်နေတဲ့ ရပ်ကွက်။ ရေမြောင်းတွေမှာ ခြင်တွေကလည်း ပလူကိုပျံလို့ ။ ဒုက္ခသည်စခန်းထဲက အိမ်နဲ့ သိတ်ပြီးမကွာ။ အဲယားကွန်းနဲ့ တစ်ခါမှမနေဘူးတဲ့ ကိုမောင်အေး။ သြစတျေးလျရောက်မှ အဲယားကွန်း၊ ရေခဲသေတ္တာ၊ တီဗွီကို တွေ့ ဘူး၊ သုံးဘူးတဲ့ ကိုမောင်အေး။ အခုတော့ ရန်ကုန်ကဟိုတယ်ကြီးမှာ တည်းပြီး အဲယားကွန်းမကောင်းဘူး၊ ဆားဗစ်ညံ့တယ်ဆိုတဲ့ စကားကိုတောင် ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ အညီ၊ လက်ရှိနိုင်ငံရေးအပြောင်းအလဲနဲ့ အညီ ခေတ်မှီစွာ သူပြောနေတာကတော့ အံ့သြစရာမကောင်းဘူးလား။

နယ်စပ်က ဒုက္ခသည်စခန်းထဲမှာ နေတုန်းက တော်လှန်ရေးသမား၊ သူပုန်တွေက အရမ်းကောင်းတယ်။ ကူညီတယ်။ သစ္စာရှိတယ်ဆိုပြီး ပါးစပ်က တဖွဖွပြောဘူးတဲ့ ကိုမောင်အေးတစ်ယောက် အခုဆိုရင် ကျောင်းသားသူပုန်တွေဟာ အလကားပါကွာ။ လေပဲရှိတယ်ဆိုပြီး ပြောပြန်ပြီ။ တယ်လည်းတက်နိုင်တဲ့လူ။

အခုဆိုရင် ဂျီတော့လည်း ကိုမောင်အေးသုံးနေပြီ။ ဖေ့ဘွတ်စ်ပေါ်မှာလည်း သူ့ ကိုတွေ့ နေရတယ်။ တစ်ခါတလေ ကွန်ပြူတာပျက်နေရင် ကျနော့်ဆီကို လှမ်းပြီးဖုန်းဆက်တယ်။ သနားစရာကောင်းတဲ့မျက်နှာနဲ့ ဖားယားပြီး သူ့ ကွန်ပြူတာ ပျက်နေတာကို ပြင်စေချင်အောင်ပြောရှာတယ်။ သူ့ မိန်းမက ကော်ဖီဖျော်တိုက်တယ်။ သူတို့ လိုချင်ရင် သူတို့ ပေးတဲ့ ဆားဗစ်ကတော့ မဆိုးပါဘူး။ ကျနော်လည်း ပြင်ပေးတယ်။ သူ့ အင်တာနက်ရအောင်ကျနော်ပဲ ဖုန်းဆက်ပြီး လုပ်ပေးတယ်။ ဒီလိုလုပ်ပေးလို့ ကိုမောင်အေးဆီက ပိုက်ဆံမရပါဘူး။ ကျနော်လည်း မလိုချင်ဘူး။ မြန်မာအချင်းချင်း ကူညီရတာပဲ။

ပညာအရည်အချင်းက သုံးလေးတန်းလောက်ပဲ နေဘူးတဲ့ ကိုမောင်တို့ ဇနီးမောင်နှံဟာ အခုဆိုရင် နောက်ဆုံးပေါ်ကားအသစ်ကြီးကို စီးပြီး တောက်ပသစ်လွင်နေတဲ့ အ၀တ်အစားတွေနဲ့ ပျော်ရွှင်နေပါပြီ။ ရန်ကုန်က သူ့ သူငယ်ချင်းတွေ၊ မိဘတွေကို ဂျီတော့နဲ့ ပြောဆိုဆက်သွယ်နိုင်တဲ့အထိတောင် ကိုမောင်အေးတို့ ဇနီးမောင်နှံခေတ်မှီနေပါပြီ။

Samsung Galaxy SII လို့ ခေါ်တဲ့ နောက်ဆုံးပေါ် တယ်လီဖုန်းကို ကိုင်ပြီး၊ သိန်းရာကျော်လွှဲပေးလိုက်ပြီဆိုတဲ့ စကားကိုတောင် သူတို့ ပြောနိုင်ပြီ။

"နိုင်ငံရေးက အလကားပါဗျာ။ ဒီကောင်တွေ အုတ်ပျော်လုပ်တဲ့ဟာကိုများ ခင်ဗျားမို့ လို့ ဝါသနာပါတယ်"

"ဒါကတော့ဗျာ ကိုယ့်တိုင်းပြည်အရေးဆိုတော့ လုပ်ရမှာပေါ့"

"မြောက်ပိုင်းက လူသတ်ပွဲကို ခင်ဗျား ဖတ်မိလား"

ဘီယာသောက်နေရင်းနဲ့ သူ့ အမြင်ကို သိချင်လို့ မေးမိတယ်။ သူက-

"ဖတ်ရတယ်။ မိုးသီးနဲ့ နိုင်အောင်ဆိုတဲ့ကောင်တွေ အာဏာရှုးတွေပါဗျာ။ သူတို့ ကြောင့် သေရတာ"

" အဲလိုလည်း မဟုတ်လောက်ပါဘူး"

"ခင်ဗျားတို့ နိုင်ငံရေးက ရှုပ်ပါတယ်" ကိုမောင်အေးက စိတ်ပျက်တဲ့လေသံနဲ့ ပြောတယ်။

သြစတျေးလျနိုင်ငံမှာ မြန်မာတွေစုပေါင်းပြီး ကထိန်၊ စတိတ်ရှိုး စတဲ့ပွဲလေးတွေကို တစ်ခါတလေ လုပ်ကြတယ်။ သူက ဒီလိုပွဲတော်တွေမှာတော့ သူ့ အရည်အချင်းကို ထုတ်ပြလေ့ရှိတယ်။ အဓိက ဦးဆောင်တဲ့လူလို့ လည်းပြောလို့ ရတယ်။ ကိုမောင်အေးရဲ့ ရောဂါက မိုက်ကိုင်ချင်တဲ့ရောဂါ။ ဘာပဲလုပ်လုပ် သူက နည်းနည်းလောက်တော့ ဆရာကြီးလုပ်ရမှာ ကျေနပ်တယ်။ ဗမာစာတောင် ဖြောင့်အောင်မရေးတက်ပေမဲ့ ဘုန်းကြီးကျောင်းကွန်းစတီကျူးရှင်းကိုလည်း သူဆွဲတယ်။ သူရေးတယ်။ တခါတလေကြရင် နိုင်ငံရေးစတိတ်မန့် တွေတောင် သူရေးတယ်။ အသက်ကလည်းကြီးတော့ လူငယ်တွေက သူ့ ကို လေးလေးစားစားဆက်ဆံတယ်။သူက သူ့ ရွယ်တူ လူကြီးတွေနဲ့ မပေါင်းဘူး။ ပညာတက်တဲ့လူတွေနဲ့ လည်း သူမပေါင်းဘူး။ အဓိပေါင်းတာက လူငယ်တွေနဲ့ ဆိုတော့ သူ့ ရွှီးသမျှ ဖြစ်တာပေါ့။

မြန်မာပြည်မှာရှိတဲ့ အမျိုးတွေ အဆွေတွေကို ဘယ်လိုမျိုးများခေါ်လိုက်မသိဘူး။ အခုဆိုရင် သူ့ အမျိုးတွေက သြစတျေးလျနိုင်ငံမှာ နည်းတာမဟုတ်ဘူး။ ရွာတစ်ရွာတောင် တည်လို့ ရနေပြီ။

အခုဆိုရင် မြန်မာပြည်နိုင်ငံရေးတိုက်ပွဲမှာ သေတဲ့သူ၊ ဒုက္ခတဖြစ်တဲ့သူ၊ ထောင်ကျတဲ့သူ၊ ဘ၀ပျက်တဲ့သူတွေရှိလည်း ကိုမောင်အေးကတော့ အေးဆေးဆေးပါပဲ။ ခေါင်းဆောင်တွေလည်း လက်မှတ်တွေထိုးကြနဲ့ ။ ပြန်ပြီးတည့်ကြနဲ့ ။ ဘယ်သူဘာပဲဖြစ်ဖြစ် ဒီကြားထဲကနေ အမြတ်ထွက်တဲ့ကိုမောင်အေးလို့ ပြောလို့ ရနေပြီ။ နိုင်ငံရေးကြောင့် ကိုမောင်အေး စင်ပေါ်မှာရောက်နေပါပြီ။

ကိုမောင်အေးအမြဲပြောနေကြစကားတစ်ခုရှိတယ်။ ဒါက "ငါ ABSDF ခေါင်းဆောင်အဖြစ် တာဝန်ယူတဲ့အချိန်တုန်းကပေါ့ကွာ..." ဆိုပြီး လူစိမ်းတွေရှေ့ မှာ ဟန်ပါပါနဲ့ ပြောလေ့ရှိတယ်။

တစ်ခါတလေ ကျနော် မှုးလာရင် ကျနော့် မိန်းမကိုဒီလိုပြောတယ်။

"ငါ့အိမ်ကို ဒီလိုကောင်မျိုးတွေ မလာစေနဲ့ "

2/10/12

ကိုအောင်နိုင်ဦးနှင့် ကိုအောင်သူငြိမ်း (ပြည်တော်ပြန်ဓာတ်ပုံများ)


ကိုအောင်နိုင်ဦး


ဘန်ကောက်လေဆိပ်က အထွက်
၂၄-နှစ်အတွင်းမှာ ပထမဆုံးမိသားစုတွေနဲ့ ဆုံဆည်းတဲ့ ကိုအောင်သူငြိမ်း
ကိုအောင်နိုင်ဦးဖခင် ဦးခင်မောင်
ကိုဇော်ဦးလည်း မျက်ရည်ဝဲတဲ့အထိဖြစ်ခဲ့ပါတယ်
မိသားစုနှင့်အတူ ကိုဂျီးရဲ့ ဝမ်းသာမှု
အင်တာဗျူးတွေကလည်း ပတ်ပတ်လည်။ ကျနော်တို့ ပြန်လာကြည့်တာပါလို့ ပြောတဲ့ ကိုအောင်နိုင်ဦး။
ကိုအောင်နိုင်ဦး အဖေ ဦးခင်မောင် နဲ့ တွေ့ တော့...မျက်ရည်တွေစို့ လို့ ....
ဝမ်းသာလို့ မျက်ရည်တောင်လည်တဲ့သူ နဲ့ အင်တာဗျူး
ကိုအောင်နိုင်ဦးအမေနဲ့ ညီမ

မိဘရင်ခွင်က အေးမြလှတယ်။

ရင်ထဲကလှိုက်ကနဲ နေရလောက်အောင် ပျော်ရွှင်စရာကောင်းတယ်လို့ ပြောလို့ ရတယ်။

ကျနော်တို့ တတွေ နှစ်ပေါင်းများစွာ မိဘရင်ခွင်ထဲကို ပြန်မရောက်နိုင်ပေမဲ့လည်း အမြဲလိုလို မိဘ၊ ညီအစ်ကိုမောင်နှမ သူငယ်ချင်းတွေကို သတိရမိတယ်။ လွမ်းဆွတ်မိတယ်။ မျက်ရည်ကျမိတယ်။

တစ်ခါတလေကြရင် ပြောမပြတက်လောင်အောင် ၀မ်းနည်းခဲ့ရတဲ့ရက်တွေကို ပြည်ပမှာ ခါးခါးသီးသီးကြုံခဲ့ရတယ်။

ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးရှိရဲ့ သားနဲ့  တိုင်းပြည်မဲ့တဲ့လူတွေဖြစ်ခဲ့ရတယ်။

ဒါတွေရဲ့ တရားခံကတော့ နိုင်ငံရေးပဲလို့  နိဂုံးချုပ်မိတယ်။ နိုင်ငံရေးကောင်းတယ်ဆိုရင် ကျနော်တို့  မိဘရင်ခွင်ထဲမှာ နွေးနွေးထွေးထွေးလုံခြုံစိတ်ချစွာ နေနိုင်တယ်။ မကောင်းဘူးဆိုရင် ကျနော်တို့ တွေရဲ့ ဘ၀ဟာ အဓိပါယ်မဲ့ခဲ့ရတယ်။

ဒါတွေကို ယနေ့ မှာ မမြင်ချင်မတွေ့ ချင်တော့ပါဘူး။

အခုလို ပြောင်းလဲပေးခဲ့တဲ့လူတိုင်းကို အထူးပဲ ကျေးဇူးတင်မိပါကြောင်း ကျနော် မောင်ဘုန်းကျော်က ကိုယ်တိုင်ပြည်တော်မပြန်နိုင်ပေမဲ့ သူများတွေပျော်ရွှင်နေတာကိုကြည့်ပြီး ၀မ်းသာလို့ မျက်ရည်စို့ ခဲ့ရပါပြီ။

အားလုံးသော မြန်မာပြည်သားတိုင်းပျော်ရွှင်ကြပါစေ။

ပုံအချို့ အား The Voice မှ ကူးယူသည်။ ပုံအနည်းစုအား ကိုအောင်နိုင်ဦး၏ ညီလေး ကိုလှဘုန်းနိုင်မှ ပေးသည်။

2/8/12

မယောင်ရာ ဆီမလူးကြနဲ့ 

ရုပ်ရှင်အကယ်ဒမီပေးပွဲကို တီဗွီကနေတိုက်ရိုက်ထုတ်လွှင့်တာကိုကြည့်ရတာ ပျော်စရာကောင်းတယ်။ အရောင်အသွေးစုံလင်လှတဲ့ အီစီကလီမလေးတွေရော၊ ပညာရှင်တွေရော၊ ရုပ်ရှင်မင်းသားမဟုတ်တဲ့ ဝန်ကြီးတွေကော အားလုံးကို စုံလင်စွာ တွေ့ ရတယ်။ ကြည်ပြီးတော့ ကျနော် နိဂုံးချုပ်ကြည့်တယ်။


ငါ့အတွက် ဘာများ ရလဲ။ ဒီလိုမျိုးအကယ်ဒမီပေးပွဲကို ကြည့်တဲ့ အတွက် ဗဟုသုတရလား၊ ပညာရလား၊ ပျော်ရွှင်မှုရလား၊ စိတ်ချမ်းသာမှုရလား စသဖြင့်...ဘာများရလဲလို့ တွေးမိနေတယ်။

စိတ်ထဲမှာတော့ မင်းသမီးချောချောလေးတွေကို ကြည့်ရတာတော့ မဆိုးဘူးလို့ ပြောချင်တယ်။ ဒါတော့ ရတယ်။ ပြီးတော့ ခဏပဲ ခံတယ်။ ရတဲ့ဟာက ပျောက်သွားတယ်။

ဒီလိုမျိုး အရည်မရ အဖတ်မရ အကယ်ဒမီးပေးပွဲကိုတောင် တီဗွီမှာတိုက်ရိုက်လွှင်တယ်ဆိုရင် ဘာ့ကြောင့်များ လွှတ်တော်တွင်းမှာ ဆွေးနွေးနေတာကို တိုက်ရိုက်မလွှင့်တာလဲ။ ဒီမိုကရေစီနိုင်ငံတွေမှာတော့ တိုက်ရိုက်လွှင်တာတင်မကဘူး စိတ်ဝင်စားတဲ့ပြည်သူကတောင် စိတ်ပါရင် လွှတ်တော်ထဲမှာ သွားပြီး နားထောင်လို့ ရတယ်။ ဥပမာ အမေရိကန်၊ သြစီ နဲ့  ယူကေကို ကြည့်ပါ။

တခြားတိုက်ရိုက်လွှင်သင့်တဲ့ အရာတွေလည်း အများကြီးရှိတယ်။ ဥပမာဗျာ မီးလောင်တာ၊ ရေးကြီးတာ၊ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာ...စသဖြင့် ဒီလိုမျိုး နိုင်ငံနဲ့ လူမျိုးအတွက် အရေးကြီးတဲ့ သတင်းတွေကို မလွှင့်သင့်ဘူးလား။ အကယ်ဒမီပွဲကပဲ အရေးကြီးဆုံးလား။ ဝန်ကြီးတွေ ဖွန်ကြောင်ဖို့  အကယ်ဒမီပေးပွဲတက်တာလား။

လက်ရှိအစိုးက တကယ်တမ်း မှု တွေပြောင်းနေပါတယ်ဆိုရင် ကျနော်ပြောတဲ့အရာတွေလည်း ပြောင်းသင့်နေပြီ။ ဒု-သမ္မတက မင်းသားလား။ သူ့ မိန်းမ မင်းသမီးလား။ နောက်ပြီး ဦးကျော်ဆန်းက ဟာသမင်းသားလား။ မဆီမဆိုင် ကိုယ့်နေရာနဲ့ ကိုယ်မနေပဲ မယောင်ရာဆီလူးပြီး ဝင်ပါနေတာကို မျက်စိနောက်လို့ ပါဗျာ။ တခြားနိုင်ငံက အကယ်ဒမီပေးပွဲတွေမှာ ဝန်ကြီးလည်းမတွေ့ ဘူး။ သမ္မတလည်းမတွေ့ ဘူး။ ဝန်လေးလည်း မတွေ့ ဘူး။ သူတို့ ကိုတွေ့တဲ့နေရာက တကယ်ဒုက္ခတွေ့ နေရတဲ့ နေရာတွေမှာ ကူညီပေးနေတာကိုပဲ တွေ့ တယ်။ ဒါ့ပေမဲ့ မြန်မာပြည်ကတော့ သူများထက်ထူးပြီး နဖူးမှာ ဟိုဟာတက်ပေါက်နေသလိုပဲ။ ဒါ့ကြောင့် ဒါတွေလည်းပြောင်းတော့။

အကယ်ဒမီပေးပွဲကိုတောင် တီဗွီကနေ တိုက်ရိုက်ငွေကုန်ခံပြီး လွှင့်တယ်ဆိုရင် တိုင်းပြည်အတွက် အရေကြီးတဲ့သတင်း၊ ပြည်သူတွေဗဟုသုတနဲ့  အကျိုးရှိစေမဲ့ သတင်းတွေကိုလည်း တိုက်ရိုက်လွှင့်ပါ။ နေရာတကာ ဝန်ကြီးတွေ မင်းသားမလုပ်ချင်ပါနဲ့ ။ မျက်စိနောက်လို့ ပါ။

View My Stats