ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/1/10

လုပ်ကြပါဗျာ...နီးနေပြီ

ဘောလုံးပွဲရာသီဆိုရင် လူတွေအပြိုင်အဆိုင်ကြည့်ကြပြီ။ နေ့မအိပ်ညမအိပ်အားပေးကြသည်။ ဒိုင်ကိုင်သူက ကိုင်ကြသည်။ လောင်းသူက လောင်းကြသည်။ ရှုံးသူက ငိုသည်။ နိုင်သူက ပျော်သည်။ ဘေးကကြည့်သူက အရသာနှစ်မျိုး မဆီမဆိုင်ခံစားရပြန်သည်။

ရွေးကောက်ပွဲကြီး ကျင်းပရန်အရမ်းနီးနေပါသည်။ ဘယ်သူနိုင်မလဲဆိုတာကို လောင်းတဲ့သူရှိမယ်လို့မထင်ပါ။ ရွေးကောက်ပွဲဆိုတဲ့ ဖလားကြီးကို ကြံ့ဖွတ်ပါတီကြီးမှ တဦးတည်းဆွတ်ခူးမယ်ဆိုတာကို လူတိုင်းသိနေကြပါတယ်။ ဒီအတိုင်းသာလွှတ်ထားရင် ကြံ့ဖွတ်ကြီးပဲ နိုင်ပြီး ကျနော်တို့တွေ နောက်ထပ် ၁၀-နှစ်ဒီဘ၀နဲ့ပဲ နေရအုံးမယ်။ အသက် ၅၀-ရှိတဲ့လူက ၆၀ ဖြစ်။ ၆၀ ရှိတဲ့သူက ၇၀ ဖြစ်။ အသက်တွေကြီးလာပြီး အားလုံးသေခါနီးကုန်ပြီ။

တိုင်းပြည်ရဲ့ ရန်သူဖြစ်တဲ့ နအဖကို ယခုလ ၇-ရက်နေ့မတိုင်ချင်ဖြုတ်ချကြပါဗျာ...။ ရတဲ့နည်းနဲ့သာ လုပ်ကြပါ။ နအဖအဖွဲ့ဝင်တွေကို ဘယ်လိုနည်းနဲလုပ်လုပ်ကြိုက်သလိုလုပ်ကြပါဗျာ..။ အဓိက အစိုးရပြုတ်ကျရင်ပြီးရောပဲ။

No comments:


View My Stats