ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/8/10

မြ၀တီမြို့ တွင်းတိုက်ပွဲ ပြင်းထန်.....

ထိုင်းဘက်ခြမ်း ၊ မဲဆောက် တံတားထိပ် ဘယ်ဘက်ခြမ်း ရဲစခန်း ရှေ့တွင် မြန်မာဘက်ခြမ်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်မှုကြောင့် ပျက်စီးနေသော ပုံ။
(ဓာတ်ပုံ - မဲဆောက်မှ သူငယ်ချင်းတစ်ယောက်)


ယနေ့  နံနက် ၈ နာရီဝန်းကျင်တွင် မြ၀တီမြို့ တွင်း ဒီကေဘီအေ နှင့် နအဖ စစ်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ၈ ချက်ခန့် ပစ်ခတ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ တစ်ချက်မှာ မြ၀တီအထက်တန်းကျောင်းရှေ့ တွင်ပေါက်ကွဲခဲ့သောကြောင့် အထက်တန်းကျောင်းအား အရေးပေါ်ပိတ်လိုက်ပါသည်။

ထို့ အပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း မြ၀တီမြို့ ခံတစ်ဦးမှ ပြောပြသွားပါသည်၊ (ဖုန်းဖြင့်အဆက်အသွယ်သိပ်မလုပ်ရဲသောကြောင့် ခဏလေးသာစကားပြောခွင့်ရခဲ့ပါသည်၊)

တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူ ၃ ဦးသေဆုံး ကာ ၆ ဦးဒန်ရာရရှိသွားပါသည်။

ထိုတိုက်ပွဲဖြစ်ပွားမှုကြောင့် နအဖ စစ်တပ်ဖက်မှ ပစ်ခတ်သော RPG 3-လုံးခန့် ထိုင်းနိုင်ငံ ဖက်ကမ်းသို့ လာရောက်ထိမှန်သောကြောင့် သောင်ရင်းမြစ်ကမ်းနားရှိ ထိုင်းအစိုးရ ကျောင်းများအားအရေးပေါ်ပိတ်လိုက်ကြောင်းပါထက်မံသိရှိရပါသည်။

တိုက်ပွဲဖြစ်ပွားမှုမျာ ၉ နာရီကျော်ခန့် တွင်ရပ်တန့် သွားခဲပါသည်။

နောက်ဆက်တွဲ သတင်းအရ မြ၀တီမြို့ တွင်းတွင် ပေါ်တာဆွဲနေကြောင်း မည်သည့်အဖွဲ့ မှ ပေါ်တာဆွဲနေကြောင်းကိုမူအတိအကျမသိရှိရပါ။

ဒီအပြင် မြ၀တီမြို့ တွင်း ရောင်းဝယ်ဖောက်ကားမှုအားလုံး (အထူးသဖြင့် မြို့ မဈေးကြီးတွင်) ရပ်တန့် သွားကြောင်းသိရှိရပါသည်။

ယခုလက်ရှိအခြေအနေအရ မြ၀တီမြို့ နေ လူထုအများ သောင်ရင်းမြစ်အားဖြတ်ကျော်ကာ ထိုင်းနိုင်ငံ မဲဆောက်ဖက်ကမ်းသို့  ထောင်နှင့်ချီဝင်ရောက်လာကြောင်းပင်ဖြစ်ပါသည်။

မယ်တော်ဆေးခန်းတွင်လည်း မြ၀တီဖက်မှ လူဦးရေ ရာနှင့်ချီရောက်ရှိနေသည်။

မယ့်ဆောက် ဆေးရုံကြီးကိုလည်း ဒဏ်ရာရတဲ့လူတွေ ဝါယာလက်ကားတွေနဲ့ ဆက်တိုက်ပို့နေတယ်။

ဗမာတွေရော ထိုင်းတွေရော ဒဏ်ရာရကြတယ်။

မယ်ဆောက်မှ သူငယ်ချင်းတစ်ဦး



No comments:


View My Stats