2/3/10
ကျနော့်အဖေစစ်သားချစ်သလားတော့မမေးနဲ့ - အပိုင်း ၎
တပ်ထဲမှာ ကြီးပြင်းခဲ့ရတာဆိုတော့ တခါတလေ လူတွေနဲ့ဆက်ဆံရေးမှာလည်း စစ်သားသားသမီးပီပီ၊ တပ်စိတ်တော့ပေါက်တယ်။ အမိန့်နာခံတက်တဲ့အကျင့်က အဖေတင်မဟုတ်ဘူး ကျနော်တို့မှာတောင် စွဲနေတယ်။ ဥပမာ...မင်း..ဒီနေ့ လုပ်အားပေးလုပ်ရမယ်။ ဘယ်နေရာမှာ ခြုံခုတ်ရမယ်ဆိုတာကိုသာ အတိအကျပေး ဘာမှမစဉ်းစားပဲလုပ်တက်တဲ့အကျင့်ဖြစ်နေတယ်။
ဒါက စစ်သားတွေတင်မဟုတ်ဘူး၊ သူတို့ရဲ့ မိသားစုတွေပါ အမိန့်နာခံတက်တယ်။ တနေ့တနေ့တပ်ထဲမှာ ကစား၊ ကျောင်းတက်ဆိုတော့ အပြင်လောကလူတွေကိုတောင် အထင်ကြီးတဲစိတ်မရှိဘူး။ စစ်သားက ပိုမြင့်မြတ်တယ်ဆိုတဲ့စိတ်ကစွဲနေတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က အသက်တောင်အသေခံပြီးတိုင်းပြည်အတွက် ကာကွယ်ရတာမဟုတ်လား။
မြန်မာ့အသံက တပ်မတော်နေ့တွေဆိုရင် စစ်ကားလွှင့်ပေးတယ်။ စစ်ကားလောက် ကြည့်လို့ကောင်းတဲ့ရုပ်ရှင်မရှိဘူး။ ဒါမျိုးအထိ စစ်တပ်နဲ့ပက်သက်ပြီး အထင်ကြီးတယ်။ နောက်ပီး ဗိုလ်ကြီး၊ ဗိုလ်မှုးဖြစ်ရတာကို ဂုဏ်ယူတက်တယ်။ အထင်ကြီးတဲ့စိတ်ကလုံးဝပဲ။ သူတို့က ကိုယ့်ထက်မြင့်မြတ်တဲ့ဆိုတဲ့စိတ်က ကြီးစိုးနေတာလားမသိဘူး။ နောက်ပိုင်း နိုင်ငံရေးထဲရောက်မှ အထင်ကြီးတဲ့စိတ်လုံးဝ ပျောက်သွားတဲ့။ သူတို့ဘ၀နဲ့အပြင်အရပ်သားဘ၀ကို ချင့်ချိန်တက်လာလို့လားမသိဘူး။
ဘ၀ပေးကုသိုလ်ကံပေါ့လေ
စားဝတ်နေရေးအတွက်ကတော့တပ်ထဲစစ်သား၊ မိသားစုတွေအားလုံးကတော့ သိတဲ့အတိုင်း မငတ်ယုံတမယ်။ ထမင်းစားရရုံလေးပါ။ ဟင်းကောင်းကောင်းဆိုတာ တခါတရံ တပ်ထဲက ငါးကန်သိမ်းတော့မှ စားရတာများတယ်။ ကျက်သား၊ ၀က်သား၊ အမဲသား တပတ်တခါစားရရင်ကံကောင်း။ တခါလားလည်း ငပိရည်ကျဲကျဲ၊ ငရုတ်သီးမှုန့်နဲ့အချိုမှုန့်မပါတဲ့ရက်တောင် ရှိတယ်။
တပ်ထဲမှာ သရက်သီး၊ ပိန်းနဲသီးစတဲ့အပင်ပေါင်းစုံများတယ်။ ဒီအသီးတွေကတော့ ကျနော်တို့အတွက် အဓိကဟင်းလျှာပဲ။ သရက်ကင်းကိုငပိရည်နဲ့တို့တယ်။ သရက်ညွန့်ကိုအစိမ်းတို့စားတဲ့အရသာ ဒီနေ့အထိသတိရတုံး။ သရက်သီးကြီးလာရင် သုတ်စား၊ ငပိချက်လုပ်။ အချည်တည်တယ်။ အခြောက်လှမ်းတယ်။ ဒီလိုမျိုး တန်ဖိုးကြီးတဲ့အပင်က တပ်ထဲမှာအများကြီးဆိုတော့ မငတ်ဘူး။ ပိန်းနှဲသီးလား။ ပိန်းနှဲကင်းကိုပြုတ်တို့တယ်။ ကြီးရင် ချက်စားတယ်။ မှည့်ရင်စားတယ်။ အမျိုးမျိုးလုပ်စားလို့ရတော့တန်ဖိုးရှိတယ်။
ငါးကန်ဘေးနားမှာပေါက်တဲ့ကန်စွန်းရွက်ကတော့ အမြဲတန်းလိုလို။ တပ်ဘေးမှာ မိုးရာသီဆိုရင် မျှစ်တွေထွက်တယ်။ မျှစ်တူးတယ်။ ပိုတဲ့ဟာကိုရောင်းတယ်။ မိုးရာသီဆိုတော့ ငါးတွေထွက်တဲ့အချိန်လေ။ ငါးပတ်၊ ငါးမျှား၊ ငါးရှဉ့်ထောင်တာကတော့ နေ့တိုင်းလုပ်တယ်။ ဒီလိုမျိုးရှာဖွေစားသောက်ရတယ်။ ကျနော်ဆိုရင် ငါးပက်၊ ငါးမျှားတာကို သြစတျေးလျမှာနေတဲ့အထိ ၀ါသနာအရမ်းပါတယ်။ ဘ၀ကသင်ပေးလိုက်တာဆိုတော့ အလိုအလျှောက်ဝါသနာပါတယ်လို့ပြောလို့ရလား။ ၀ါသနာမပါလည်း ဒီလိုအလုပ်တွေကို မဖြစ်မနေလုပ်ရဖို့အတွက် ကျနော်တို့ဘ၀က ပြဌာန်းသားပြီးသားလေ။ ဒါကို ဘ၀ပေးကုသိုလ်ကံလို့ပဲ သတ်မှတ်တာပေါ့။
တပ်တွင်းအပန်းဖြေစရာ
TV ကြည့်ဖို့အတွက်ဆိုရင် သူများအိမ်ကိုပြေးရပြီ။ လက်မ နှစ်ဆယ်လောက်ရှိတဲ့ TV တစ်လုံးကို လူအယောက်ငါးဆယ်လောက်ဝိုင်းကြည့်တယ်။ အိမ်ရှင်ကကြိုက်လားမကြိုက်လားမသိ။ မရှိတော့လည်း စစ်သားသမီးတွေဆိုတော့ အောက်ကျနောက်ကျခံပြီးကြည့်ရတယ်လေ။ ပိုင်ရှင်ကတော့ မျက်နှာပွင့်သား။ TV တလုံးပိုင်တဲ့လူက သူဌေးတစ်ယောက်လို မျက်နှာပွင့်သားဗျ။
ဒီလိုစုပေါင်းပြီးကြည့်ရတဲ့အရသာက ကိုယ့်အိမ်မှာ ကိုယ်ပိုင်တဲ့ TV ကိုတစ်ယောက်ထဲထိုင်ကြည့်ရတဲ့အရသာထက်ပိုကောင်းတယ်။ ရီစရာရှိရင် အားလုံးဝိုင်းရီရတယ်။ ပြောင်စရာရှိရင် တစ်ယောက်နဲ့တယောက်ပြောမနာဆိုမနာ။အဖော်များတော့ ပိုပျော်စရာကောင်းတယ်။
မီးပျက်တဲ့အခါနဲ့ကြုံပီးဆိုရင်တော့ မီးပြင်တဲ့တစ်ကြပ်ကြပ်ကြီးဗိုက်ပူတော့ထိပြီ။ အားလုံးဝိုင်းဆဲကြပေါ့။ သူ့ခဗျာလည်း ညဖက် မီးပျက်လည်း ၀ါးလုံးရှည်နဲ့ ၀ါးလှေခါးအစုတ်ကြီးကိုထမ်း။ တပည့်ကျော် ငပိန်ကိုခေါ်ပီး မီးစက်ကိုပြေးရတာအမော။ အိုဗာတိုင်ကြေးရတယ်လို့တော့မထင်နဲ့။ သူပြန်လာလို့၊ မီးလာပြီဆိုရင် TV ကြည့်နေတဲ့ လူအုပ်ကြီးက ကောင်းချီးသြဘာပေးတော့ သူ့ခဗျာ မောရမှန်းမသိ ပိတိဖြစ်ရတာချည်းပဲ။
ဗွီဒီယိုရုံ
ဗွီဒီယိုကြည့်ဖို့အတွက် တပ်ရင်းမှာ တပ်ရင်းရံပုံငွေ ဗွီဒီယိုဆိုင်ရှိတယ်။ ဓမ္မာရုံအဟောင်းကြီးကို ဗွီဒီယိုရုံလုပ်ထားတာ။ ညဖက်ဆိုရင်ဗွီဒီယိုပြတယ်။ နေ့ဘက်ဆိုရင် အစည်းအဝေးလုပ်တယ်။ တရားစာသင်တယ်။ ညနေပိုင်းဆို ဒီဗွီဒီယိုရုံကြီးမှာ ဓမ္မာစကြာရွတ်။ တော်တော်တော့အလုပ်ဖြစ်သားဗျ။
ညနေပိုင်း ဗွီဒီယိုပြပီးဆိုရင် မပြခင်ကတည်းက ဓမ္မာရုံရှေ့ မှာ ကာလသားတွေ၊ အပျိုတွေ၊ ရဲဘော်လူပျိုတွေ၊ ခလေးတွေ၊ မုန့်ဟင်းခါးအသုတ်စုံ၊ ကွမ်းယာဆိုင် တော်တော်စုံလင်တယ်။ တနေ့တာပင်ပန်းထားသမျှဗွီဒီယိုရုံမှာ အမောဖြေရတယ်လေ။ ဗွီဒီယိုပြတဲ့ တပ်ကြပ်အဆင့်ရှိ ဆရာကြီးကတော့ တော်တော်မျက်နှာပွင့်သား။ သူ့မယား၊ သူ့သမီးကတော့ အဖေ့ရဲ့ ပြစားရာထူးကြီးနဲ့ပက်သက်ပြီးတော်တော်လေး ဂုဏ်ယူတဲ့မျက်နှာထားနဲ့။ နေ့ပိုင်းဆိုရင်သူ့မျက်နှာကတမျိုး။ ညပိုင်း ဗွီဒီယိုပြပီးဆိုရင် သူ့မျက်နှာက သူ့လုပ်စာကိုအားလုံးက ထိုင်စားနေတဲ့မျက်နှာနဲ့ပေါ့ဗျာ။တော်တော်တော့ရီစရာကောင်းတယ်။ ကြည့်တဲ့သူတွေကလည်းအလကားမကြည့်ရဘူး။ တစ်ယောက်ကို နှစ်ကျပ်ပေးရတယ်။ ခလေးတစ်ကျပ်။ အပြာကားတော့ တပ်တွင်းဗွီဒီယိုရုံမှာမကြည့်ရဘူး။ ဓမ္မာရုံဆိုတော့ ငရဲကြီးမှာလေ။ တပ်တွင်းရံပုံငွေတော့ ရလားမရလားတော့မသိဘူး။ ဗွီဒီယိုပြစားဖို့တာဝန်ကြတဲ့ တစ်ကြပ်ကတော့ TV အသစ်ဝယ်နိုင်တယ်။
ကာရာအိုကေ
နေ့ကြီးရက်ကြီးတွေဖြစ်တဲ့၊ တပ်မတော်နေ့၊ လွတ်လပ်ရေးနေ့၊ လပြည့်နေ့တွေမှာ တပ်တွင်းမိသားစုတွေအားလုံးအတွက် ကာရာအိုကေရှိတယ်။ ယိုင်းအကရှိတယ်။ ကာရာအိုကေစက်ကတော့ Sony ကတ်ဆက်အကောင်းစားပေါ့။ အဲတုံးက တစ်သောင်းခွဲလောက်တန်တယ်။ ကတ်ဆက်မှာ မိုက်တပ်ပြီးဆိုလို့ရတယ်။ အမ်ပရီဖိုင်ရာနဲ့ ဂျိုင်းပီး၊ ဘုန်းကြီးကျောင်းက စောင်းပေါက်အကြီးကြီးနှစ်လုံးနဲ့ချိတ်လိုက်ရင် အသံဗြဲလရမ်းနဲ့ ကာရာအိုကေဖြစ်တယ်။ စတိတ်စင်ကိုတော့ တပ်ထဲက အမြဲတမ်းသုံးနေကြ လက်သမားဆရာတပ်ကြပ်ကြီးနဲ့ ရဲဘော်သစ်တွေကဆောက်ပေးတယ်။ ဆောက်ဖို့သစ်သား၊ ၀ါးကိုတော့ အမြဲတမ်းသုံးနေကြအဟောင်းတွေကိုပြန်သုံးတာများတယ်။ တပ်ထောက်မှာ ထားကြတယ်။ အသုဘအတွက်စင်ထိုးလဲ ဒီသစ်သားနဲ့ဝါး။ ဒီရွက်ဖျင်ဘဲ။ မင်္ဂလာဆောင်လည်း ဒါကိုပြန်သုံးတယ်။ အလှူလည်းဒါပဲအားထားရတယ်။ ချွေတာတော့မဟုတ်ဘူး ရှိကိုမရှိလို့။
ကာရာအိုကေနေ့မတိုင်ခင်မှာ ကျနော်တို့ကာလသားပေါက်စတွေ စုပြီးသီးချင်တိုက်ရတာ အရမ်းပျော်စရာကောင်းတယ်။ ထမင်းမေ့ဟင်းမေ့။ ငါတို့လောက် တပ်ထဲမှာဘယ်သူမှ အသံမကောင်းဘူးဆိုတဲ့ ဘ၀င်လေဟတ်တဲ့အထာမျိုးနဲ့။ ကိုယ်ငန်းနေတဲ့ကောင်မလေးတွေနဲ့ လက်ပွန်းတတီး သီးချင်တိုက်ရတာဆိုတော့ ရင်ထဲမှာ တလတ်လတ်နဲ့ မိုးကြိုးပစ်ခံတဲ့အရသာမျိုး။
ကာရာအိုကေ ကတ်ဆက်ကို ကိုင်ခွင့်ရတဲ့ တစ်ကြပ်ကြီးလူပျိုကြီးကလည်း ဆိုကြမယ်ပျော်ကြမယ်မှာတောင် ၀င်ဟဲထားတာဆိုတော့ သူ့နေရာနဲ့ သူ့ဝါသနာကိုတော့လူတွေက အထင်တော့ကြီးသားဗျ။ သူကလည်းသူ့ဆရာအားကိုးနဲ့ဘယ်သူ့မှ လူမထင်ဘူး။ သူ့ဆရာက တပ်ရေးဗိုလ်ကြီးလေ။ ကာရာအိုကေစက်ကိုင်ရတာကို သူ့ခဗျာ စီးပွားရေးဦးပိုင်လီမီတက်ကို ကိုင်ရသလိုမျိုး မျက်နှာကြောကခပ်တင်းတင်း။
ကျနော်တို့ကတော့ သူ့ကို စောက်ရှုးလို့နာမည်ပေးတယ်။ ဖွန်ကြောင်ဆိုပီး နောက်ကွယ်မှာခေါ်တဲ့သူငယ်ချင်းလည်းရှိတယ်။ ရှေ့ မှာခေါ်ရင် သီချင်းမဆိုရမှာဆိုးလို့။ ကျနော်တို့အိမ်တိုင်းမှာလည်း ကာရာအိုကေဆိုဖို့ ကတ်ဆက်မပြောနဲ့ ရေဒီယိုကောင်းကောင်းမရှိတဲ့လူက ခပ်များများလေ။သီချင်းဆိုချင်လို့ ဒီစောက်ရှုးဖွန်ကြောင်ကို ဖားရတယ်။ ယောကျာ်းလေးဆိုရင် ဒီငနဲက မျက်နှာသာမပေးဘူး။ မိန်းခလေးဆိုရင် တဟဲဟဲနဲ့ပွဲတော်တွေ့နေသလို။ ဘာဘဲဖြစ်ဖြစ် သူဆူတာခံလိုက်၊ ဆဲခံလိုက်နဲ့ ကာရာအိုကေ ဆိုဖို့နေ့မရောက်ခင်အထိ သီးချင်တိုက်ရတာကို အရမ်းသဘောကြတယ်။
ကာရာအိုကေဆိုကြပီ
ကာရာအိုကေဆိုကြပီးဆိုရင် တပ်မှုးကြီးနဲ့အရာရှိများ၊ သူတို့ရဲ့ မိသားစုများ အားလုံးရှေ့ ဆုံးမှာနေရာယူကြ။ ထိုင်ခုံကောင်းကောင်းနဲ့ရှု့ စားတော်မှုကြတယ်။ တပ်မှုးကြီး၊ ဒု-တပ်မှုကြီးရဲ့ ခုံအောက်မှာတော့ နိုင်ငံခြားဖြစ်ဝီစကီနဲ့ဗျာ။ ရှေ့ မှာ ရေပုလင်း၊ မြေပဲလှော်နဲ့။ မသိရင် မြဲပဲလှော်ထိုင်စားနေတဲ့ပုံမျိုး။ ခုံအောက်မှာတော့ ၀ီစကီ။ အားပါး..တယ်လည်းဇိမ်ကျတယ်ဗျာ။ အရာရှိတွေရဲ့ နောက်မှာ ဆရာကြီးတွေထိုင်တဲ့ထိုင်ခုံ။ ပြီးရင်တော့ အောက်ခြေရဲဘော်တွေအတွက် ရေမလောင်းထားတဲ့ ဖုန်တထောင်းထောင်းတန်းစီကွင်းလေ။ ဒါလည်းအားလုံးကပျော်ရွှင်နေတာပဲ။
ကျနော်တို့တစ်အုပ်ကတော့ ဖျော်ဖြေရေးသမားလေ။ ဖိုးဆိုချင်ဆိုတော့ ဘာမှမသိဘူး။ မထိုင်ရလည်းဘာမှမဖြစ်ဘူး။ သူ့အလှည့်ကိုယ့်အလှည့်ဆိုချင်လွန်းလို့ ရန်ဖြစ်ရတာလည်းအမော။ ဘေးမှာ အမှုးသမားရဲဘော်တွေက ထုံးစံအတိုင်းကွေးနေအောင် ကနေတာကို ထိမ်းဖို့ အာဒပီ(MP)ကလည်း အဆင်သင့်။ တပ်မှုးရှေ့ ကောင်းကောင်းထိန်းပြရင် ရာထူးတိုးဖို့၊ နေရာကောင်းရနိုင်တယ်ဆိုတော့ သူကလည်း ခပ်မိုက်မိုက်။ ဘယ်သူမှ လူမထင်ဘူး။ ဒီလိုနဲ့ဆိုကြပျော်ကြ။ တနေ့တာ အမောတွေကိုဒီလိုနဲ့အပန်းဖြေကြတယ်။ ကျနော်တို့အုပ်စုကလည်း ငါတို့လောက်သီချင်းဆိုကောင်းတဲ့ကောင် တပ်ထဲမှာဘယ်သူမှမရှိဘူးဆိုတဲ့အထင်ကြီးစိတ်မျိုးနဲ့။ ကာရာအိုကေတစ်ပွဲပြီးရင် တပ်ရင်းအချုပ်မှာ ရဲဘော်လေးငါးယောက်တော့အိပ်ရတယ်။ ပရိသတ်ကလည်း တပ်ထဲမှာရှိတဲ့ မိသားစုတွေပေါင်းရင် လူပေါင်း ၁၀၀၀ လောက်ရှိတော့ သူ့ပရိတ်သတ်နဲ့သူဟုတ်နေတာပဲ။ အပြင်လူဝင်စရာမလိုဘူးလေ။
ဒီလိုမျိုးတော့ညီတဲ့တပ်ပါဗျာ။
ဆက်ရန်-
မတင်ဖြစ်ပါ
2/2/10
အသံဖိုင်
1/31/10
လူ့ဘောင်ချစ်ဆိုတာ
ကိုမိုးသီးကိုချစ်တယ်။
ကိုသက်ထွန်းကိုချစ်တယ်
ကိုမင်းဇေယျကိုချစ်တယ်။
ကိုဂျင်မီကိုချစ်တယ်။
ကိုမြင့်ဇော် ကိုချစ်တယ်။
ကိုအောင်မိုးဇော်ကိုချစ်တယ်။
ကိုဇော်နိုင်ဦးကိုချစ်တယ်။
ကိုခင်မောင်တင့်ကိုချစ်တယ်။
ချစ်စရာတွေအများကြီး။ ဘာ့ကြောင့်လဲဆိုတာ့။ သူတို့တွေဟာ ကယ်တင်ရှင်တွေဖြစ်တယ်။ ငတ်နေတဲ့တိုင်းပြည်ကိုကယ်တင်ချင်တဲ့လူတွေဖြစ်တယ်။ ဒါ့ကြောင့်သူတို့ကို ချစ်တယ်။
သူတို့ဟာ လူ့ဘောင်ချစ်တွေဖြစ်တယ်။ အတုခိုးကြပါ။
တခါတလေ မှားတဲ့အခါ ခွင့်လွတ်ကြပါ။
2010 CV
မွေးသက္ကရာဇ် ၁၀၊ ၁၂၊ ၁၉၉၀
နေရပ်လိပ်စာ က-ရပ်ကွက် (၁) ပုဇွန်တောင်မြို့ နယ်၊ ရန်ကုန်
ဆက်သွယ်ရန် တဆင့်၊ ဦးကျော်ဇက် ဖုန်း ၀၁၆၅၄၃၈၇
အီးမေး မရှိ
အိမ်ထောင် ရှိ၊ ခလေး လေးယောက်
လုပ်ငန်းအတွေ့အကြုံ
၂၀၀၉- ပုဇွန်တောင် လမ်းထိပ်တွင် ကူလီထမ်း၊ အားရင်အားသလို ကျပန်းလုပ်၊
၂၀၀၈- ဆိုက်ကားနင်း ၊ ပုဇွန်တောင်မြို့ နယ်
၂၀၀၇- ရက်ကွက် မီးကင်းလုံခြုံရေး
၂၀၀၆- လက္ဘရည်ဆိုင်စာပွဲထိုး (မြို့ မ လက်ဘရည်ဆိုင်)
၂၀၀၅- စားသောက်ဆိုင်ပန်ကန်ဆေး
၂၀၀၄- ခြောက်တန်းကျောင်းသား
ပညာအရည်အချင်း
၂၀၀၄- ခြောက်တန်းသုံးခါကျ
ဝါသနာ
မယ်မယ်ရရမရှိ
ရည်ညွှန်းချက်
ကိုကျော်ဒင် (ပိုင်ရှင်)
မြို့ မ လက်ဘရည်ဆိုင်
ပုဇွန်တောင်မြို့ နယ်
ဖုန်း ၀၁ ၆၇၅၃၄၂ ဒေါ်ပုမ (ချမ်းသာ ခေါက်ဆွဲဆိုင်)
ပုဇွန်တောင်မြို့ နယ်
ရန်ကုန်မြို့ 
ဖုန်း ၀၁ ၆၅၄၂၁၁
www.phonekyaw.blogspot.com
1/30/10
ဟီးရိုးမှ ဇီးရိုးသို့
ဟီးရိုးမှ ဇီးရိုးသို့
ကျုပ်တို့ ဗမာတောသားတွေအတွက်တော့ အပေါင်းဖော်တွေနဲ့ မိုးဦးကျမှာ ဖားရိုက် ထွက်ရတာ ဘဝအရသာတခုပဲ၊ အဆိုတော် ကိုထွန်းရွှေက “တအားရိုက်မလေ ဖားမိုက်တွေ အရီးတုတ်ရဲ့တဲနဘေးမှာ ချက်ပြုတ်စားကာ ဆိုကြကကြ ပျော်သလိုနေနိုင်ကြပေ” လို့ စပ်ဆိုခဲ့တာ အတော်အောင်မြင်ခဲ့တာပဲ၊ အခုထိလည်း မရိုးနိုင်သေးဘူး။
ဖားရိုက်တယ်ဆိုလို့ သိပ်တော့လွယ်တယ် မထင်နဲ့၊ သူ့မှာလည်း ပညာနဲ့သတိ ရှိဖို့လိုတယ်။ ပေါ့ပေါ့သွားလုပ်ရင် ကောက်ကွေးသွားမယ်။ ဖားတွေရဲ့သဘာဝနဲ့ အထာကို သိဖို့ လိုတယ်။ ပြီးတော့ ဖားတွေကိုကြိုက်တတ်တဲ့ မြွေတွေရဲ့ အန္တရာယ်ကိုလည်း သတိရှိဖို့ လိုတယ်။ ဒါကြောင့်လည်း မိုးဦးကျဆိုရင် မြွေကိုက်ခံရတဲ့ ဖားရိုက်သမားတွေ နည်းမှ မနည်းပဲ။
ဖားတွေရဲ့သဘာဝက တော်လှန်ရေးတံဆိပ်ကပ်ထားတဲ့ ဆူလွယ်နပ်လွယ် လုပ်စားတွေနဲ့တူတယ်ဆိုရင် မှားမယ် မထင်ဘူး။ သိတဲ့အတိုင်း ဖားဆိုတာက ရေနေကုန်းနေ သတ္တဝါ မှန်ပေမယ့် ရေမရှိရင် မနေနိုင်ဘူး၊ မရှင်သန်နိုင်ဘူး၊ ရေသိပ်ကြိုက်တယ်ပေါ့။ ဒီတော့ သဘာဝတရားက သူ့ကို မျက်နှာသာပေး ဗီဇသတ္တိတခု ပေးထားတယ်။ ရေရှိတဲ့နေရာကို သိတယ်၊ ရေခန်းတော့မှာကို သိတယ်၊ ဘယ်နေရာမှာ ဘယ်ချိန်မှာ မိုးရွာမယ်ဆိုတာကို ကြိုသိတယ်၊ ဒါကြောင့် ဗမာတောသား လယ်သမားတွေက ဖားအော်သံကို နားထောင်ပြီး မိုးလေကို တွက်ချက်ကြရတာပဲ။
ဖားဆိုတာကလည်း အမျိုးမျိုးရှိတယ်၊ ‘အွန် အွန်’ နဲ့ တချက်တချက် ပြတ်တောင်းပြတ်တောင်း အော်တတ်တဲ့ နှစ်ချို့ စားဖားကြီးတွေ ရှိတယ်၊ ‘အုံအိုင် အုံအိုင်’ နဲ့ ဆက်တိုက်အော်လိုက် ခဏနားလိုက် ပြန်အော်လိုက်နဲ့ ဖားအိုင်းတွေ ရှိတယ်၊ ‘ကက်ကက် ကက်ကက်’ နဲ့ အော်တတ်ပြီး ရေအဝသောက် မြေထဲယက်ပြီး ဇိမ်ရစ်နေတတ်တဲ့ သဲဖားဆိုတာ ရှိတယ်၊ တနေရာထဲမှာ အငြိမ်မနေ ဟိုခုန် ဒီလူးနဲ့ ဖားပေါင်စင်းအသေးစား ကျော်စံကေးဆိုတာ ရှိတယ်၊ အဲဒါအပြင် ဖားရိုက်သမားတွေကို ဒုက္ခအပေးဆုံးကတော့ ဖားလတက်ပဲ။ အရွယ်ကလေးက လက်မလောက်နဲ့ တကွင်းလုံး ဆူညံနေအောင် အော်နိုင်စွမ်းတယ်။ စားလည်း မစားလောက် တုတ်လည်း မရိုက်လောက်၊ ဒါပေမယ့် ဆူညံနေတဲ့ သူတို့ အသံကြောင့် ဖားရိုက်သမားတွေ တခြား စားလောက်သောက်လောက် ဖားကြီးတွေရဲ့အသံကို ဖမ်းရအတော်ခက်စေတယ်။
ဖားဆိုပေမယ့် လျော့တော့မတွက်နဲ့၊ သူလည်း အသားစားသတ္တဝါ၊ သူထက်ငယ်တဲ့ သူနိုင်တဲ့ အကောင်မှန်သမျှ အကုန် စားတယ်။ တချို့ နှစ်ချို့စားဖားကြီးတွေဆိုရင် ငါးပုစွန်တွေသာမက တော်တော့အရွယ် ပုတ်သင်တို့၊ ငှက်တို့ကိုတောင် ဖမ်းစားနိုင်တယ်။ ပြီးတော့ သိပ်အကင်းပါးတယ်၊ တနေရာ အခြေအနေမဟန် တနေရာ အပြောင်းမြန်တယ်။ အခြေဟန် မည့်နေရာတွေ့လို့ကတော့ သူများတွင်း (ပုစွန်လိုဟာမျိုး) လည်း အဓမ္မ လုယက်နေထိုင်တတ်တယ်။
ပြောပါပကော ဖားတွေရဲ့သဘာဝက ကျုပ်တို့ တော်လှန်ရေးတံဆိပ်ကပ် လုပ်စားတွေနဲ့ တူပါတယ်လို့။ ဒါကြောင့်လည်း ဗမာနိုင်ငံရေး ဝေါဟာရတွေထဲမှာ ဖားနဲ့ပတ်သက်တဲ့ စကားလုံးတွေ အတော်များများ ရှိနေတာပဲ။ “ တုံးအောက်ကဖား” “အထက်ဖား အောက်ဖိ” “ဖော်လံဖား” “ စားဖားနိုင်ငံရေး” “နိုင်ငံရေးစားဖား” “ကပ်ဖားရပ်ဖား” “ ဖားစည်းငါးစည်း” ဆိုပြီး များမှများ။ ကျုပ်တို့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတောင် “စားဖား ညီညွတ်ရေး အလိုမရှိဘူး” လို့ ကြောက်လန့်တကြား မိန့်ခွန်းထဲ ထည့်ပြောခဲ့ရသေးတာပဲ။
ဖားအကြောင်း ပြောရင်းနဲ့ ကာတွန်းချစ်ဆွေရဲ့ စကားတခုက ပေါ်လာပြန်တယ်။ သူပြောတာက “ စားဖားတွေ စားဖားတွေ၊ စားဖားတွေကို ဖားစားသူတွေ သိပ်ကြိုက်တယ်” တဲ့။ သူ့စကားအတိုင်းဆိုရင် နိုင်ငံရေးဆိုတာ အဖိနှိပ်ခံလူထုကို ဗန်းပြပြီး စားဖားတွေနဲ့ ဖားစားသူတွေ ပေါင်းပြီးလုပ်စားနေတဲ့ ရိုက်စားလုပ်ငန်းကြီးလို့ ပြောရမလိုပါပဲ။ အားလုံးတော့မဟုတ်ပါဘူး အဓိက ခေါင်းဆောင်ပိုင်းနဲ့ ပညာကို သိသာသိပြီး တတ်လည်း မတတ်၊ ဉာဏ်လေးကောင်းပါရဲ့နဲ့ ပညာရှိဖြစ်ဖို့လည်း အလားလာမရှိတဲ့ လူတတ်ဆိုသူတွေ၊ ကျွမ်းကျင်သူ ဆိုသူတွေပေါ့။ ထောင်သောင်းချီတဲ့ အောက်ခြေရဲဘော်ထုနဲ့ တကယ့် လူထုခေါင်းဆောင်တွေကတော့ ဘာအကျိုးကိုမှ မမျှော်ကိုးဘဲ ဘဝတွေ အသက်တွေ ပေးဆပ်ပြီး အကျဉ်းထောင်တွေထဲ၊ တောတောင်တွေထဲမှာ တိုက်ပွဲဝင်နေကြဆဲပါ။ ဒီရဲဘော်တွေ အကျအဆုံးများပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာလေ ခေါင်းဆောင်စားဖားတွေ ဂွင်ကြလေပဲ။ အတော့်ကို ရင်နာစရာလည်း ကောင်း၊ ရွံစရာလည်း ကောင်းပါတယ်။
၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ပေါက္ခရဝဿမိုးကြီး ရွာတော့မလိုလို မိုးခြိမ်းသံပေးကာရှိသေး ဖားမျိုးစုံတို့ အကုန်ညီ ပလုံစီအောင် အော်နေလိုက်ကြတာ တလောကလုံးကို ဆူညံပွက်လို့ပဲ။ ကိုယ်လာရာလမ်းကို မေ့ချင်ယောင်ဆောင်နေတဲ့ တချို့သော မကျက်တကျက် ( Half Baked) သတင်းသမားတွေ ဖွတာလည်း ပါသပေါ့။ သူတို့ကသာ အမေရိကန်ဘောပွဲက ဖင်လေး တွန့်လိမ်တွန့်လိမ်နဲ့ (Cheer Leader) တွေလို ရွေးကောက်ပွဲကြီးကို ခုန်ပေါက်ချီးပ ရွှေကြိုလုပ်နေကြပေမယ့် ပြိတ္တာကြီးသန်းရွှေက ခုထိ ရွေးကောက်ပွဲ ဥပဒေတို့ အချိန်တို့ကို မကြေငြာသေးဘူး။ ပုဆိုးထဲ မိုးကြိုသေးပေါက်တဲ့သူလို လူထုကြားမှာ စောက်ရှက်ကွဲကြမှာ မြင်ယောင်မိပါသေးတယ်။
တကယ်တော့ ဘယ်ချိန်ဘယ်ကာလမှာ ဘယ်လိုလုပ်မယ်မှန်းမသိတဲ့ ရွေးကောက်ပွဲကို မိုးဦးကျဖားများလို တုတ်မမြင် မြွေမမြင် ကွတ်ကွတ်ကက်ကက်၊ အုံအုံအိုင်အိုင်နဲ့ ချီးပ ရွှေကြိုလုပ်နေကြသူအားလုံးဟာ တချိန်ကတော့ သူရဲကောင်း ဟီးရိုးတွေပေါ့။ လွတ်လပ်ရေးတိုက်ပွဲခေတ်ကနေ ဒီနေ့ခေတ် ၈၈ ဒီမိုကရေစီ တိုက်ပွဲကာလအထိ ဖိနှိပ်ခံပြည်သူတွေ လွတ်မြောက်ရေးအတွက် လုပ်ခဲ့ကြတဲ့ တိုက်ခဲ့ကြတဲ့ တချိန်က ဟီးရိုးတွေပေါ့။ ကာလတွေကြာလာတော့ လူထုကိုဗန်းပြပြီး ကိုယ်ကျိုးရှာချင်တဲ့ ဉာဉ်တွေ၊ ပေါချောင်ကောင်းနဲ့ သူရဲကောင်းဖြစ်ချင်တဲ့ ဗီဇတွေ၊ အချောင်သမားဇာတိတွေ၊ ဖုံးမရ ဖိမရ ပေါ်လာကြပြီ။ ကိုယ်ကျိုးအတွက် စစ်အုပ်စုကို ဖားရင်းယားရင်းနဲ့ ဇီးရိုး ( ဖိုးသုည ) တွေ ဘဝကို ရောက်သွားကြရှာပြီ။ ဇီရိုးမှ အနုတ်လက္ခဏာ မည်းမည်းကြီး ထိပ်ပိတ်ထားတဲ့ ဇီးရိုး၊ ကျန်တဲ့ ဇီးရိုးတွေနဲ့မတူဘူး။ ရူပဗေဒ သင်ဖူးသူတိုင်း သိတယ်၊ ရိုးရိုးဇီးရိုးက တစ်နောက်မှာ ထားလိုက်ရင် တစ်ဆယ်လုံးရဲ့အဓိပ္ပာယ် တဆယ်ဖြစ်ပေမယ့် အနုတ်လက္ခဏာနဲ့ ဇီးရိုးကတော့ သူ့ရှေ့မှာ ကိန်းဂဏန်းတွေ ကြိုက်သလောက်ဖြည့် တစ် တောင်ဖြစ်မလာဘူး။ အဟောသိကံ အနန္တပဲ။
လူထုကို နှိပ်စက်ရုံမက ဘုရားရွှေခွာ ဌာပနတိုက် ဖောက်နေတဲ့ ပုဂံခေတ်က စကားနဲ့ပြောရရင် ငရဲမှာ သစ်ငုတ်ဖြစ်မယ့် စစ်အုပ်စုကို အတ္တအကျိုးအတွက် ဖားရင်းနဲ့ ဒီဘဝရောက်သွားကြတာပေါ့။ အဲဒီအထဲမှာ စစ်အုပ်စုရဲ့ သံခြေချင်းဝတ် ပရောဟိတ်လိုလို သုခမိန်လိုလို မောင်စူးစမ်း တို့၊ သခင်တင်မြတို့ ထိပ်ဆုံးကပေါ့။ လွတ်လပ်ရေးတိုက်ပွဲဝင် ဟီးရိုးဘဝကနေ ပျက်ရွေ့သွားတဲ့ ဇီးရိုးအကြီးစားကြီးတွေပေါ့။ ကြောက်တတ်ရင် အခါခါသေတယ်ဆိုတဲ့စကားလို ဘဝမှာ အကြိမ်ကြိမ် သေနေရတဲ့သူတွေ။ ဖဆပလ၊ မဆလ ခေတ်တွေကနေ ဒီနေ့ခေတ် နဝတ/ နအဖ စတဲ့ ဖောက်ပြန်တဲ့ အုပ်စိုးသူအဆက်ဆက်ကို မှောက်ချီ လှန်ချီ အသုံးတော်ခံနေကြရတဲ့ သူတွေပေါ့။
အနှီဇီးရိုးကြီးတွေက အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကြီးပြီးရင် ဖြစ်ထွန်းလာမယ့် နိုင်ငံရေး အခင်းအကျင်းသစ်မှာ သူတို့စကားအတိုင်းပြောရရင် Space (နေရာ) ရှိသတဲ့။ အရပ်သားပါတီ (လူထု) တွေအတွက် နှီးပြားတထောက်စာတောင် နေရာမရှိတဲ့ ဖွဲ့စည်းပုံတကျ စစ်အာဏာရှင်စနစ်ကို စစ်အုပ်စုအတွက် ဗြောင်လိမ်ပေးနေကြတယ်၊ ဖားတာပေါ့။ သူစကားသူနင်း တနေရာကျပြန်တော့ ဒီရွေးကောက်ပွဲဟာ တခြားပါလီမန် ဒီမိုကရေစီ ရွေးကောက်ပွဲတွေနဲ့မတူဘူး၊ နိုင်တဲ့ပါတီ အစိုးရဖွဲ့ဖို့ မဟုတ်ဘူး ဆိုပြန်တယ်။ အဲဒီအခင်းအကျင်းသစ်မှာ Institution သုံးခုပေါ်လာမယ်၊ အဲဒါတွေက တပ်မတော်၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီများဆိုပဲ။ တိုင်းပြည်ကို တကယ်စီမံအုပ်ချုပ်မဲ့ အစိုးရဖွဲ့စည်းရေးကျတော့ ဆက်မပြောတော့ဘူး။ ဘယ်ပြောတော့မလဲ အဲဒီထဲမှာ လူထု (ပါတီ) တွေရဲ့ အခန်းကဏ္ဍမှ မပါတော့ဘဲ။ သူတို့ အကြောင်းတော့ အထူးဝိတ္တာ ချဲ့စရာမလိုပါဘူး၊ ဒီဇီးရိုးကြီးတွေဟာ ပီသုံးလုံး (PPP= Professional Political Prostitute) တွေဆိုတာ အများက သိပြီးသားပါ။
နောက် ပီသုံးလုံးပိုင်ရှင် နှစ်ချို့စားဖားကြီးကတော့ ပြည်ပက ဟန်ညောင်ရွှေပါ။ စစ်အာဏာရှင်အလိုကျ အောင်ဆန်းစုကြည် နှမလေးကို စိတ်ဒုက္ခမျိုးစုံပေးနေတဲ့၊ ဂုဏ်သရေကြီးမြတ်တဲ့ အမိအဖတွေရဲ့ မျိုးဆက်မပီ သွေးဆိုး ပြည်ပုပ် သားယုတ် အောင်ဆန်းဦးနဲ့ ပိန်မသာ လိမ်မသာ၊ ဗမာပြည် ပထမဆုံး သမ္မတကြီး စဝ်ရွှေသိုက်ရဲ့သားဆိုတဲ့ ဂုဏ်ပုဒ်ကို ပဲလှော်နဲ့ လဲစားနေတဲ့သူပေါ့။ အပြင်ပန်း အတော်လယ်ဝယ် ရည်မွန်တယ်၊ စနစ်ကျတယ်၊ လုပ်စားတာလည်း ကြာခဲ့ပြီကိုး။ သူရဲ့ကမ္ဘာပတ်လည် ရိုက်စားလုပ်ငန်းကြီးကို စားဖားနဲ့ ဖားစားသူတွေရဲ့ သီးသန့်အင်ပါယာ (Exclusive Class) ဖြစ်အောင် ထူထောင်ထားတယ်။ ဘယ်တော်လှန်ရေးသမားမှ ကပ်လို့မရဘူး၊ လက်ရှိမှာတော့ များစွာသော သူရဲ့အင်ပါယာတွေထဲမှာ အဓိက အင်ပါယာက အီးဘီအို (EBO= Euro-Burma Office) ဆိုတာပေါ့။ အဲဒီထဲမှာ ဗမာဆိုလို့ သူတယောက်ပဲ ဟုတ်ဟုတ်ငြားငြား ရှိတယ်။ ကျန်တာ နိုင်ငံတကာ စားဖားတွေ ဖားစားသူတွေနဲ့ ဖွဲ့ထားတယ်။ ကျုပ်တို့ အိန္ဒိယဘက် ဒေလီမှာတောင် အဲဒီ အီးဘီအိုရုံးတခု လာဖွင့်ထားသေးတယ်၊ ဗမာတယောက်မှ မပါဘူး။ ဒေလီမှာ ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှ ရုံးခန်းတောင် တူတူတန်တန်မဖွင့်နိုင်တဲ့ အခြေအနေမှာ အီးဘီအို ရုံးခွဲကတော့ ဒေလီမြို့ရဲ့ ဈေးအကြီးဆုံးဆိုတဲ့ (South Extension) မှာ အကျအန ဖွင့်ထားတယ်။ ကုလားအရာရှိတွေတောင် မမှန်းနိုင်တဲ့ လခစား ဝန်ထမ်းတွေနဲ့ပေါ့။ ဒေလီက နိုင်ငံရေးစားဖားတချို့ကလွဲရင် ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မှ အဆက်အဆံ မလုပ်ဘူး။
ဟိုတလောကတောင် ဟန်ညောင်ရွှေနဲ့ အသင်းအပင်း စားဖားတသိုက် ဒေလီကို ခိုးကြောင်ခိုးဝှက် ရောက်လာပြီး ဒေလီက လက်သင့်ရာတသိုက်နဲ့ သူတို့ရဲ့ ရိုက်စား ရွေးကောက်ပွဲ ရွှေကြိုအလုပ်တွေ လုပ်သွားကြသေးတယ်။ သူတို့က လာမယ့်ရွေး ကောက်ပွဲဟာ ပကတိအခြေအနေ (Reality) မှန်ဖြစ်တယ်၊ ဗမာပြည်သူတွေအတွက် အခွင့်အလမ်းတခု (Opportunity) ဖြစ်လို့ ထောက်ခံကြောင်း ကုလားဧည့်သည်တွေကို မျက်စိထဲ သဲပက်သွားခဲ့ကြတယ်။ ဟိုတုန်းက သူတို့ပဲ ဗမာပြည်ရဲ့ ပြဿနာဟာ ဖွဲ့စည်းပုံပြဿနာလို့ ပြောခဲ့ကြပြီး အခုတော့ စစ်အုပ်စုရဲ့ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံက ပြဿနာ မဟုတ်တော့ဘူး တဲ့။ ပြဿနာက မဲဆန္ဒရှင်ပြည်သူတွေရဲ့ နိုင်ငံရေးအသိပညာ(Voter Education) ကသာ အဓိက ပြဿနာတဲ့။ Voter Education ကို အဓိက လုပ်ရမယ်တဲ့၊ ဒါကြောင့် ရွေးကောက်ပွဲဝင်ပြီး မဲဆန္ဒရှင်တွေကို နိုင်ငံရေး အသိပညာပေးရမယ်၊ သူတို့အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် အင်အားစုတွေကိုလည်း ငွေကြေးကအစ ကူညီထောက်ပံ့သွားမယ်လို့ ပြောသွားကြတယ်ဆိုပဲ။ အဲဒါတွေလုပ်နိုင်ဖို့ လူထုလူတန်းစား အဖွဲ့အစည်း (Civil Society) လုပ်ငန်းတွေကို လုပ်ဆောင် သွားမယ်ဆိုပါလား။
နွားပြာကြီးအကြောင်းသိထားတော့ ဒါဟာ လာမည့် ပေါက္ခရဝဿမိုးကြီးကို တွက်ပြီး စားခွက်သစ် ထွင်လိုက်ပြန်ပြီဆိုတာ လူတွေက သိကြပါတယ်။ ဖားစားသူတွေကတော့ စားရနိုးနဲ့ မပြောတာ၊ စားလက်စလေးတွေ ကျေးဇူးနဲ့ မပြောကြတာ။ တချို့ကျတော့ အင်ဂျီအိုနဲ့သူတို့ကြားက “ကိုယ့်ဖောက်သည်နဲ့ ကိုယ်ဆက်ဆံရေး” ကို သိပြီး ပြောလည်းမထူးမှန်းသိလို့ မပြောကြတာပါ။
နောက် နှစ်မချို့တချို့ စားဖားလား ဖားစားလား မကွဲပြားတဲ့ ကျော်ဝင်းတို့လို ပညာရှင်ဘွဲ့ခံ ဇီးရိုးတွေပေါ့။ သူတို့ကတော့ ရွေးကောက်ပွဲကို ကျောခိုင်းမယ်ဆိုရင် NLD ဟာ သမိုင်းတရားခံဖြစ်တော့မယောင် တောင်တလုံး မြောက်တလုံး အင်္ဂလိပ် စကားတွေ ညှပ်ညှပ်ပြီး တောခြောက်သံ ပေးကြတယ်၊ သူတို့ထဲက တယောက်ဆိုရင် ကိုယ့်အမြင်ကို ပြောမိတဲ့ အပြစ်နဲ့ လူနှစ်ထောင်ကျော်ကို ဖမ်းဆီးသတ်ဖြတ် နှိပ်စက်နေတဲ့ စစ်အုပ်စုကိုတော့ မျက်မွှေးထော် လော်လို့မှ မကြည့်ဝံ့ပဲ၊ ကြံ့ဖွံ့လိုစွမ်းအားရှင်လို လက်ကိုင်တုတ်တွေကတောင် မထင်မထင်သလို ရိုက်နှက်သတ်ဖြတ် ခြိမ်းခြောက်ခံနေရတဲ့ NLD ပါတီကိုပဲ ခေါင်းမာသလိုလို၊ လက်တွေ့မကျသလိုလို ဝေဖန် အပုတ်ချ သတ္တိပြနေကြတယ်။ ဒါပေမယ့် NLD နဲ့ ဒေါ်စု နောက်မှာရှိတဲ့ လူထုအားကိုတော့ သိပုံရတယ်၊ ကြောက်ပုံရတယ်။ သူက စစ်အုပ်စုကိုယ်စား အလံရှုး လုပ်တာက NLD ဟာ တကယ့်အမျိုးသားရင်ကြားစေ့ရေး လုပ်ချင်ရိုးမှန်ရင် လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် (၅၀) ရာခိုင်နှုန်းထက် မကျော်ဘဲ ရွေးကောက်ပွဲ ဝင်သင့်သတဲ့၊ ဒါဆို အာဏာမမက်ဘူးဆိုတာ ပေါ်လွင်ပြီးတော့ နိဂုံးသိပ်လှသွားမယ် ဆိုပါလား။ ဝမ်းရေစပ်ခံ မွေးထုပ်ခဲ့တဲ့ သူ့မွေးသမိခင်ရဲ့ ကျေးဇူးဂုဏ်ကိုမှ မထောက် အော့နှလုံးနာလောက်အောင် ဖောက်ပြန်တဲ့ ဦးနှောက်ပါပဲ၊ ဘယ်တရားနဲ့ သံဝေဂယူရမှန်းတောင် မသိတော့ဘူး။
နောက်တမျိုးကတော့ တကွင်းလုံးဆူအောင် အော်နေတဲ့ ၈၈ ထွက် ဟီးရိုးပျက် ဖားလတက်တွေပေါ့။ သူတို့ကတော့ စစ်အုပ်စုမျက်နှာရဖို့ဆိုရင် ဘုရားခန်းလည်း သေးပန်းမယ်ဆိုတဲ့ ဇီးရိုး ဖားလတက်တွေ။ စေ့စေ့ငုငုပြောရရင် အထဲမှာ တတိယအုပ်စုလိုလို၊ ၈၈ လိုလို ပုံမှားရိုက်နေတဲ့ အင်အားစုတွေနဲ့ အပြင်မှာ ဟိုကျောင်း ဒီကျောင်းတွေက ခွေးဝင်စား ဘွဲ့လေးတွေကိုင်ထားပြီး လူတတ်လုပ်နေကြတဲ့ လူတွေပေါ့။ ညှိပြီး တိုင်ပင်ကိုက်နေသလား၊ တိုင်ပင်ကိုက်လို့ ညီနေသလားတော့ မသိဘူး။ အတွင်းအပြင်ကွဲပေမယ့် အလုပ်တာ့ ညီကြတယ်။ သူတို့က ရွေးကောက်ပွဲ ဆန့်ကျင်တယ်လို့ယူဆရတဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ လူထုဦးစိန်ဝင်းတို့လို ဖက်ဆစ်စစ်အုပ်စုနဲ့ သူတို့ရဲ့ ငရဲခန်းတွေကို မကြောက်မရွံ့ဘဲ မူပေါ်မှာ ကြံ့ကြံ့ခံနေတဲ့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကျားကို ခွေးဟောင်သလို ဟောင်နေကြတယ်။
ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ ဟီးရိုးပျက် ဇီးရိုးဖားလတက်တွေနဲ့ အဖြစ်တူ ငါးရာငါးဆယ်ဇာတ်တော်ထဲက ဝက်တကောင်အကြောင်း ပြောရအုံးမယ်၊ ဇာတ်တော်ကိုတော့ အတိအကျ မမှတ်မိတော့ပါဘူး။
သဘောသွားကတော့ တခါက တောအုပ်တခုမှာ ဝက်တကောင် ရွှံ့လူးနေတယ်။ အပုပ်ကြိုက်တဲ့ သတ္တဝါဆိုတော့ ရွှံ့ပုပ်ပဲနေမှာပေါ့။ ဒီအချိန်မှာပဲ ခြင်္သေ့တကောင် သူရှိရာကို ဗြုန်းခနဲ ရောက်လာတယ်။ ဝက်လည်း အတော်လန့်သွားတယ်။ ဒါပေမယ့် ခြင်္သေ့က ဝက်ကိုဂရုမစိုက်ဘဲ ဒရောသောပါး ဝက်အပါးက ခွာသွားတယ်၊ ဒါကို ငရွှေဝက်က ခြင်္သေ့ကြီးက သူ့ကိုကြောက်လို့ ပြေးသွားတယ်လို့ ထင်သွားတယ်။ အသိခေါင်းပါး မိုက်မဲတဲ့ ဒီဝက်ဟာ အခြောက်တိုက် ဘဝင်မြင့်ပြီး၊ ခြင်္သေ့ကြီးကို ဘယ်လိုမှ နားဝင်ပီယံလည်း မဖြစ်၊ သြဇာလည်းကင်းတဲ့ သူ့အသံနဲ့ ဟိန်းဟောက်သတဲ့၊ စိန်ခေါ်လေသတဲ့။ အခု ဖားလတက်များလို နေမှာပေါ့။ ဒီတော့ ခြင်္သေ့ကြီးက အသင်ဝက်ရှိနေတာကို ငါသိလည်း မသိ၊ မြင်လည်း မမြင်၊ ဂရုလည်း မစိုက်။ အခုချိန်မှာ ငါဂရုစိုက်နေတာ တောအုပ်တဖက်က ဆင်ရိုင်းတအုပ်ပဲလို့ ပြောသတဲ့။ ဒါတောင် ဝက်အန္ဓက ခြင်္သေ့ကြီးကို တကောင်ချင်းတိုက်ဖို့ စိန်ခေါ်ပြန်သတဲ့။ ဒီတော့ခြင်္သေ့ကြီးက အိုကေပေါ့။ အခုတော့အချိန်မရှိလို့ ဘယ်နေ့ဘယ်နေရာမှာ တိုက်ကြမယ်လို့ပြောပြီး ထွက်သွားတယ်။
ဒီတင် ဘဝင်ရူးဝက်အန္ဓဟာ ခြင်္သေ့ကြီး သူ့ကိုကြောက်ပြီး ပြေးသွားကြောင်း၊ ဘယ်နေ့မှာ တကောင်ချင်းတိုက်ဖို့ ချိန်းထားကြောင်း ကြွားလုံးထုတ်တော့တာပေါ့။ မသိတဲ့ သတ္တ၀ါတွေကတော့ ဝက်အန္ဓကို အထင်ကြီးသွားကြတယ်၊ ခြင်္သေ့ကြီးကိုတောင် စိန်ခေါ်တယ်ပေါ့။ ဒါပေမယ့် ဘုရားလောင်းပညာရှိ ယုန်မင်းနဲ့ တွေ့တော့ ယုန်းမင်းက ခြင်္သေ့တွေရဲ့ အစွမ်းသတ္တိကို ပြောပြတယ်။ တချက်ချင်း ပြောပြောပြီး မင်းမှာကော ရှိသလားလို့ မေးတယ်။ မရှိဘူး မရှိဘူးနဲ့ နောက်ဆုံးတော့ ခြင်္သေ့အစွမ်းသတ္တိကိုသိပြီး အကြောက်ကြီး ကြောက်လာတယ်။ ယုန်မင်းကိုပဲ ကယ်ပါကူပါ ပူဆာတယ်။ ဒါနဲ့ ယုန်မင်းလည်း ဒီဝက်အန္ဓကို ငါကယ်မှ ဖြစ်မယ် ဆိုတဲ့ ဂရုဏာနဲ့ အကြံတခု ပေးလိုက်တယ်။ ဝက်အန္ဓလည်း ယုံမင်းပေးတဲ့ အကြံအတိုင်း ချိန်းတဲ့နေ့မှာ ခြင်္သေ့ကြီးနဲ့ သွားရင်ဆိုင်လေသတဲ့။ ဒါပေမယ့် ခြင်္သေ့ကြီးက အဲဒီ ဝက်အန္ဓကို အနားတောင် ကပ်မခံဘူး ဝက် သူ့အနား ချဉ်းကပ်လာရင်ပဲ ရှောင်ခွာသွားတော့သတဲ့။ အကြောင်းရင်းကတော့ ယုံမင်းပေးတဲ့အကြံက ကေသရာဇာခြင်္သေ့မင်းတို့ဟာ မစင်ဘင်ပုပ်ကို အလွန်စက်ဆုတ်ရွံရှာတယ်၊ ဒါကြောင့် ဝက်ကို မစင်ဘင်ပုပ်တွေ ကိုယ်လုံးပြည့်လူသွားဖို့ အကြံပေးတယ်။ ဒီလိုနဲ့ ဝက်အန္ဓလည်း သူတို့အကြိုက် မစင်ဘင်ပုပ် လူးသွားတာနဲ့ အသက်ချမ်းသာရာ ရသွားသတဲ့။ အခုလည်း ဖားလတက်ဇီးရိုးတွေ မစင်ဘင်ပုပ်ကျင်းတွေ ရှာထားဖို့ အကြံပေးလိုက်ပါတယ်။
ဇီးရိုးတွေ အထူးသဖြင့် အတွင်းအပြင်က လူတတ်လိုလို ပညာရှင်လိုလိုတွေသိဖို့က ဗမာလူထုဟာ ဇီးရိုးဖား အပေါင်းလောက် နိုင်ငံရေး မညံ့ပါဘူး၊ အကင်းပါးပါတယ်။ ဟိုကျောင်း ဒီကျောင်းတွေမှာ ဖုံတက် စာအုပ်ကြီးတွေဖတ်ပြီး ဖီလစ်ပိုင်က ဘယ်လို၊ တောင်အာဖရိကတုံးက ဘယ့်နှယ်၊ အင်ဒိုနီးရှားမှာ ဘယ်သို့နဲ့ ကိုယ်နားလည်သလောက် သဘောတရား အတိုအစလေးတွေနဲ့ မကိုက်တိုင်း လူထုက နိုင်ငံရေး စိတ်မဝင်စားဘူး၊ ကြောက်သလေးဘာလေး ပုတ်ခတ်မနေပါနဲ့။ သမိုင်းတဖြတ်တည်းကို ကြည့်ပြီး မနှိုင်းယှဉ်ပါနဲ့။ ဗမာလူထုဟာ အိမ်နီးချင်းတိုင်းပြည်တွေထဲက ကြိုက်တဲ့ပြည်သူတွေနဲ့ နိုင်ငံရေးရေချိန် နှိုင်းယှဉ်နိုင်ပါတယ်။ ဘယ်ခေတ်မှာကြည့်ကြည့် သူခေတ်နဲ့သူ တာဝန်သိခဲ့ကြတယ်၊ တာဝန်ကျေခဲ့ကြတယ်။ နယ်ချဲ့ဆန့်ကျင်ရေး ခေတ်၊ အမျိုးသားလွတ်မြောက်ရေး ခေတ်၊ လွတ်လပ်ရေး ခေတ်၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ နိုင်ငံတကာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ကြည့်မလား၊ ဒေသတွင်းမှာ ထိပ်ဆုံးက ရှိနေပါတယ်။
ပြဿနာရဲ့ အရင်းမူလဘူတက ဦးဆောင်အခန်းကဏ္ဍ ခြစားပျက်စီးမှုပဲ၊ ကိုလိုနီခေတ်ကစလို့ ဒီနေ့ခေတ်အထိ ဦးဆောင်မှု အခန်းကဏ္ဍကို စားဖားတွေနဲ့ ဖားစားသူတွေကပဲ ပုံစံအမျိုးမျိုးနဲ့ ကြီးစိုးချယ်လှယ်နေခဲ့ကြတယ်။ ပယောဂပူးကပ်တာလဲ ပါတာပေါ့။ ကျန်တာမကြည့်နဲ့၊ အနီးကပ်ဆုံး ကျုပ်တို့ ပြည်ပလှုပ်ရှားမှုကိုပဲကြည့်။ ခေတ်သစ် မစ်ရှင်နရီ (Missionary) လို့ ဆိုရမယ့် အင်ဂျီအို မြှောက်စားသူက သြဇာပေါက် ခေါင်းဆောင်ဖြစ်၊ တိုင်းပြည်ရဲ့ ပကတိအခြေအနေနဲ့ ကိုက်ကိုက် မကိုက်ကိုက် အထက်ဆရာကြီးတွေရဲ့ ဖော်နည်းကားမျိုးစုံနဲ့ တခုမဟန် တခုကြံ ရမ်းကုအပ်ပုန်းတွေလို ဗမာပြည်ပြဿနာကို အဖြေရှာကုစားရင်း အနှစ်၂၀ ကျော် ကုန်ခဲ့တယ်။ လက်တဆုပ်စာတော့ သူဌေးဖြစ်သွားကြပြီး လူထုကတော့ ပိုတောင် ဖွတ်သထက် ညစ်သွားခဲ့ရတယ်။
ဗမာလူထုဟာ အင်္ဂလိပ်လို အပျော့ဆွဲ ပါးပါးလှီးတဲ့ ကိုလိုနီအောက်မှာလည်း နေဖူးတယ်၊ အတုံးအတစ်လိုက် ခုတ်ထစ်တဲ့ ဂျပန်ဖက်ဆစ်အောက်မှာလည်း နေဖူးတယ်၊ နောက် ကယ်တင်ရှင်တဖြစ်လဲ အသွင်မတူ ရန်သူ ဆိုတဲ့ ဖဆပလ ဆိုရှယ်လစ်တွေအောက်မှာလည်း နေဖူးတယ်။ အခုနောက်ဆုံး အကြမ်းဆုံး အရမ်းဆုံး အယုတ်ကန်းဆုံး စစ်အုပ်စုအောက်မှာ နေနေရတယ်။ အတွေ့အကြုံတွေ များလှပေါ့။
ဘယ်ခေတ်မှာကြည့်ကြည့် လူထုဟာ သူ့ကဏ္ဍရောက်လာရင် တာဝန်ကျေခဲ့ကြတယ်၊ ဖောက်ပြန်တဲ့ အုပ်စိုးသူ အဆက်ဆက်ကို ရဲရဲရင့်ရင့် အကင်းပါးပါးနဲ့ ဆုံးမခဲ့ကြတယ်။ ဗမာလူထုရဲ့နိုင်ငံရေး အကင်းပါးမှုကို ၁၉၆၀ ပြည့် နဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွေကြည့်ရင် သိနိုင်တယ်။ စစ်ဝါဒကိုတိုက်ဖို့ ၁၉၆၀ မှာ ဦးနုကို မဲပေးခဲ့ကြပေမယ့် ၁၉၉၀ ကြတော့ စစ်အုပ်စုကို တကယ်တိုက်နိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြတယ်။ ၆၀ ခု သူရဲကောင်း ဦးနုကို မဲမပေးကြတော့ဘူး၊ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ၁၃၅၀ ပြည့် (ရှစ်လေးလုံး) အရေးတော်ပုံတွေက ဗမာလူထုရဲ့ သမိုင်းတာဝန်သိမှုနဲ့ ကျေပွန်မှုကို သက်သေထူနေတယ်။ လူထုဟာ တိုင်းပြည်နဲ့လူမျိုးကိုချစ်ပြီး စေတနာမှန်တဲ့ ခေါင်းဆောင်တွေနောက်ကို လိုက်ဖို့ဝင်မလေးပါဘူး။ ၂၀၀၂/၂၀၀၃ တုန်းက ဒေါ်စုရဲ့ ပြည်တွင်းစည်းရုံးရေးခရီးစဉ်တွေမှာ အထင်အရှားပြခဲ့တယ်။ ဒါတွေကို မမြင်နိုင်ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့အမြင်ဟာ အတ္တ လောဘတွေ၊ မောဟတွေ ပိတ်ဖုံးနေတာ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် အဲဒီ ပုဂ္ဂိုလ်ရဲ့ အရိုးအရေတွေထဲမှာ ငပိဓာတ် ကုန်ခန်းပြီးတော့ ထောပတ်လေချဉ်တက်တာပဲ ဖြစ်ပါလိမ့်မယ်။
ဟီးရိုးပျက် ဇီးရိုးအပေါင်းကို ဗမာလူထုရဲ့ သမိုင်းနဲ့ချီပြီး ဆုံးမတတ်တဲ့ နိုင်ငံရေးကို ပြောရအုံးမယ်။ ဗမာလူထုဟာ ပြည်သူကို အကျိုးပြုခဲ့တဲ့ စေတနာထားခဲ့တဲ့ ခေါင်းဆောင် သို့မဟုတ် အုပ်ချုပ်သူတွေ၊ ပြည်သူပေါ်မှာ ရက်စက်ကြမ်းကြုတ် အမြတ်ထုတ်ခဲ့သူတွေကို ကောင်းရင် ကောင်းတဲ့အလျောက် ဆိုးရင် ဆိုးတဲ့အတိုင်း နောက်နှောင်းလူတွေအထိ သိအောင် တံဆိပ်ကပ်ပြီး ချီမွန်းခြေကျောက် ဆုံးမတတ်တယ်။
ပြည်သူအပေါ်မှာ အကျိုးပြုခဲ့တဲ့ အနော်ရထာကို နော်ရထာစောလို့ ခေါ်သလို ကျန်းစစ်သားကို မင်းကျန်စစ် လို့ ချစ်ကြည်လေးမြတ် ခေါ်တယ်၊ ဦးအောင်ဇေယျကို အလောင်းမင်းတရားရယ် လို့ တံဆိပ်ကပ် ချီးမြှောက်ကြတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ နရသူကိုတော့ ကုလားကျ သို့မဟုတ် စလေငခွေးလို့ တံဆိပ်ကပ် ခြေကျောက်တယ်။ ညံ့ဖျင်းတဲ့ သီပေါကိုတော့ မဒရပ်ပါမင်းလို့ ကဲ့ရဲ့သမုတ်ကြတယ်။ ဒီလိုပဲ နိုင်ငံလုံး မကျော်ပေမယ့် လူထုအကြားမှာ စွဲထင်နေတဲ့ ဟီးရိုးနဲ့ ဇီးရိုးပုံရိပ်တွေဟာ ဗမာပြည်အနှံ့ ဒေသတိုင်းမှာ ရှိနေတယ်။ ကြုံကြိုက်တဲ့ အခါတိုင်းမှာလည်း ဟီးရိုးတွေကို ချီးမြှောက်လို့ ဇီးရိုးတွေအကြောင်း ကဲ့ရဲ့ခြေကျောက်နေကြတယ်။ မျိုးဆက်တွေ တခုပြီးတခု လက်ဆင့်ကမ်းသွားကြအုံးမှာလည်း ဖြစ်တယ်။
ကျုပ်တို့ခေတ်နဲ့ အနီးဆုံး နမူနာကတော့ ပမညတ ခေါင်းဆောင် သခင်ချစ်မောင် ဖြစ်တယ်။ သူ့အဖြစ်ကတော့ လူတယောက်ထဲရဲ့လုပ်ရပ်ကိုပဲ လူထုက အကောင်း အဆိုးအလိုက် ချီးမွမ်းခြေကျောက်ကြတာပါ၊ ၁၉၅၈ ဝင်ဒါမီယာ အာဏာသိမ်းမှုကြီးကို ဦးနုက ပါလီမန်မှာတင်တော့ သခင်ချစ်မောင်က ဝိဒူရဇာတ်တော်နဲ့ ပမာဆောင်ပြီး အာဏာသိမ်းမှုကို ကန့်ကွက်ပါတယ်။ ပါလီမန်မှာ သူရှုံးပါတယ်၊ လူထုနှလုံးသားကိုတော့ အောင်နိုင်ပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သူ့ရဲ့ကောင်းမှုကို လူထုက ဝိဒူရသခင်ချစ်မောင်ရယ်လို့ ဘွဲ့တပ် ချီးမြောက်ကြပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ် အာဏာသိမ်းတာကိုကြတော့ သခင်ချစ်မောင်က ဆိုရှယ်လစ်စနစ်ကိုသာ သွားမယ်ဆိုရင် ခွေးကတက်ကပဲ လိုက်ရလိုက်ရလို့ ထောက်ခံမိတဲ့အတွက် ဝိဒူရဘွဲ့ ပျောက်ပြီး ခွေးကတက် ချစ်မောင်လို့ ကဲ့ရဲ့တံဆိပ်ကပ်ပြီး လူထုက ခြေကျောက်ကဲ့ရဲ့ဆုံးမလိုက်ပါတယ်။
ဒါ သတိချပ်စရာ သိမှတ်ဖွယ်ရာ ဗမာပြည်သူတွေရဲ့ လူထုနိုင်ငံရေး အကြောင်း တစေ့တစောင်းပါပဲ။ အခုချိန်မှာ စားဖားလား ဖားစားသူလား မကွဲပြားတော့တဲ့ ဟီးရိုးပျက် ဇီးရိုးများသိဖို့က ဖားတွေရဲ့လားရာဟာ နှစ်လမ်းပဲ ရှိပါတယ်။
တလမ်းက တုတ်စာ။
တလမ်းက မြွေစာ။
ဒါပဲ။
ရဲဘော်ကျော်သန်း
၂၉.၁.၂၀၁၀။
Kyaw_than2004@yahoo.com
Kyaw_t@hotmail.com
ဂွေးတက်အောင်, အခမဲ့ က ချင်သူများ
တခါတလေ သခင်အားရကျွန်ပါးဝသလိုမျိုးပဲ။ ခေါင်းဆောင်ကြီးတွေ၊ ခေါင်းဆောင်ငယ်တွေက ဘာမှမဖြစ်ရဘူး။
သူတို့ရဲ့ ဘောကို မချင်တဲ့သူတွေ၊ အမှုမှတ်အမှတ်မဲ့ မဖို့ကြိုးစားသူတွေ၊ ကျောလေးသပ်ပေးလို့ က ချင်သူတွေ လောကမှာတစ်ပုံကြီး။ နအဖထဲမှာလည်းရှိတယ်။ အတိုက်အခံထဲမှာလည်းရှိတယ်။ မည်သည့်အဖွဲ့အစည်းမှမဆို ရှိတယ်။ လူပဲဆိုတော့ ဒါကို Human Nature လို့ခေါ်ရမယ်။
ဒါပေမဲ့ ဒီလိုလုပ်လို့ကိုယ့်အတွက်ဘာများရလဲပေါ့။ ငွေလား၊ ရွှေလား၊ နေရာလား၊ ဆိုတော့ တခုမှမရဘူး။
ရတာတခုက ငါ့ရဲ့ စိတ်ဓာတ်၊ အတွေးအခေါ်က လုံးဝနီရဲတယ်ပေါ့။ တချို့ က နီ တာကိုဂုဏ်ယူတယ်။ တချို့ က ပြာတာကိုဂုဏ်ယူတယ်။ တချို့ က သက်တန့်ရောင်ကို ဂုဏ်ယူတယ်။ နီတာကို ဂုဏ်ယူချင်ယူ ဒီလိုလုပ်ပါလား။ သင်္ဘောဆေး နီနီတွေဝယ်ပြီးစုထားလို့။ မနီတဲ့လူကိုနီအောင်လုပ်ဖို့ပါ။
အများစုက မျှောက်ပေးရင် ဂွေးတက်အောင်ကတယ်။
မကြိုက်တဲ့သူကို ပေါ်တင် တစ်ယောက်ချင်းစီ ကြိုင်းဝိုင်းထဲမှာ ထိုးဖို့စိန်ခေါ်ရဲတဲ့သတ္တိမရှိတဲ့သူများတယ်။ ချောင်းရိုက်တဲ့သတ္တိက လပေါ်သရေတွေမှာပဲရှိတယ်။ ဒီလူတွေကို နီသလိုလိုကြောင်သလိုလိုလုပ်တဲ့လူတွေမှာ အတွေ့ရအများဆုံး။
ဘာကောင်တွေလဲမသိဘူး။
ဒေါ်စုပြောသလို...ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းကြပါစေ။
သေရင်တောင်, တွင်း , တူးပေးဖို့လူမရှိတော့ဘူး
မပြန်တာကြာခဲ့ပြီလေ။ ရွာရဲ့ အငွေ့အသက်ကိုလွမ်းတယ်။ သူငယ်ချင်း၊ ဆွေမျိုး၊ မိဘတွေကို တွေ့ချင်တယ်။ ပြည်ပမှာနေရတာကြာပီဆိုတော့ ခွင့်ရတုန်း ရွာကိုအလည်တစ်ခေါက် ပျော်ပျော်ကြီးပြန်ခဲ့တာပေါ့။
ကျနော်တို့ရွာမှာ ရွာရဲ့ ဓလေ့ထုံးစံအတိုင်း စုပေါင်းပျော်ရွှင်၊ ကူညီရတဲ့လုပ်ငန်းတွေရှိတယ်။ အိမ်မိုးတဲ့အချိန်မှာ သက်ကယ်ပြစ်သူပစ်၊ ၀ါးထမ်းသူကထမ်း၊ နှီးဖျာသူက နှီးဖျာတဲ့ အလေ့အထလေးက အရမ်းချစ်စရာကောင်းတယ်။ အိမ်ရှင်ဖြစ်တဲ့သူက အခမဲ့လုပ်အားကူညီ သူကို ထမင်း၊ ဟင်း ချက်ကြွေးတယ်။ ညနေပိုင်းအလုပ်ပီးချိန်မှာ အရက်ကြိုက်တက်သူကိုတောအရက်ကောင်းကောင်း နဲ့  ကြက်သားကာလသားဟင်းချက်ကြွေးတယ်။
ရေချိန်ကိုက်ရင်တော့ ကြက်သားကာလသားဟင်းနဲ့ မြိုင်ရည်ရှက်ရှည် သုံးဆောင်ကြတာပေါ့။ နောက်ကြပြောင်ကြ။ Night Club သွားပြီးတော့ စော်ငန်းတဲ့အလေ့အထတော့ ကျနော်တို့ရွာမှာ မရှိဘူးလေ။ မှုးရင်တော့ စာဥသီချင်းလောက်တော့ အော်ဆိုတဲ့အထာရှိတယ်။ မိသားစုညီအစ်ကိုမောင်နှ၊ ဆွေမျိုးသားချင်းတွေ စည်းစည်းလုံးလုံးနဲ့ တစ်ယောက်အလုပ်ကိုတစ်ယောက်ကူညီပေးကြတယ်။ သက်ကြီးရွယ်အိုအဘိုးအဘွားတွေအတွက် အနောက်နိုင်ငံတွေမှာလို Aged Care Center (သို) Nursing Home (လူအိုရုံ) မှာ သွားပြီးအထီးကျန်စရာမလိုဘူးလေ။ မြေးမြစ်တီတွတ်တွေနဲ့ ဘ၀နေ၀င်ချိန်ကို ပျော်ပျော်ကြီးဝင်ဖို့စောင့်နေလို့ရတယ်။ ဒီအခြေအနေတွေကတော့ လွန်ခဲ့ နှစ်ပေါင်း ၂၅ နှစ်လောက်က အခြေအနေလေးတစ်ခုပါ။
၂၀၁၀ မှာ ကျနော်ရွာပြန်သွားတော့။ ရွာမှာ အရင်တုန်းအခြေကအခြေအနေမဟုတ်တော့ဘူးလေ။ လယ်ယာမြေတွေခြောက်သွေ့ပြီး၊ ပေါင်းပင်တွေဖုံးနေပြီ။ ရွာထိပ်က လမ်းမကြီးဖုံတလောင်းလောင်းမရှိတော့ဘူး။
မနက်လေးနာရီ လယ်တောကို လှည်းမောင်းသွားတဲ့ လူငယ်တွေမြင်ရမဲ့အစား၊ အသက် ၆၀ ကျော်ရှိတဲ့ ကျနော်အဖေ၊ ဦးလေးကြီးတွေရဲ့ နွားမောင်းသံပဲ ကြားနေရတယ်။
ရွာဦးဘုန်းကြီးကျောင်းက အာရုဏ်အတွက် တုံးမောင်းခေါက်ဖို့ဘုန်းကြီးကျောင်းသားလည်း ဘယ်ရောက်သွားလဲမသိဘူး။ သင်္ကြန်တွင်းဆိုတော့ ရွာကအပျိုချောတွေ၊ ကွမ်းတောင်ကိုင်တွေ ဘယ်များရောက်သွားလေလည်းမသိဘူး။ တနေရာတော့ရှိမှာပါလေ။ ဒါမှမဟုတ်...ယောက်ျားများရလေသလား။ အကုန်လုံးတော့ တခါတည်းမရနိုင်ပါဘူး။
အဘိုးနဲ့အဘွားအိမ် ယိုင်နဲ့နေပြီဆိုတော့ အိမ်ပြင်ရမယ်။ ရှိစုမဲ့စုငွေလေးနဲ့အဘိုးအဘွားအိမ်ကို မသေခင်ကန်တော့လိုက်မယ်ဆိုပီး အိမ်ပြင်ဖို့စလုပ်ခဲ့တယ်။ ရွာက သူငယ်ချင်း၊ အပေါင်းအသင်း၊ အမျိုးတွေကိုအကူအညီတောင်းဖို့ ရှာကြည့်မိတယ်။ အသက် ၇၀ ရှိနေပြီတဲ့ ဘကြီးထွေး၊ နဲ့ ဘွားလေးအိမ်မှာ မြေးအငယ်ဆုံး ၁၀ နှစ်သားလေးနဲ့အလုပ်ရှုပ်နေတော့ တခြားအိမ်ဖက်ထွက်ခဲ့တယ်။ ငယ်သူငယ်ချင်းဖြစ်တဲ့ ဘဒင် နဲ့ သာအေး တို့လည်းမတွေ့ဘူး။ သူတို့ရဲ့  ၅ နှစ်သား၊ သားငယ်လေးကို အဖေနဲ့အမေက ထိမ်းကျောင်းနေတာတွေ့တော့၊ ဦးလေးဆီက အကူအညီရလေမလားဆိုပီး ဦးလေးနေတဲ့ရွာတောင်ဘက်အခြမ်းကို ထွက်ခဲ့မိတယ်။ ဒီအချိန်ဆို ဦးလေးရဲ့ သားတွေကြီးနေလောက်ပီ။ သမီးကတော့ လုပ်အားပေးတွေထမင်းချက်၊ဟင်းချက် အဖော်တော့ရနိုင်ပါရဲ့ လေ။ ဟင်..သားနဲ့သမီးမရှိတော့ပါလား။ ဘယ်ရောက်သွားလဲ ဦးလေးရေလို့မေးကြည့်တော့။ သူတို့လည်းမင်းလိုပဲကွ...ဟကောင်ရ လို့သိရတယ်။ အော်...ဟုတ်ကဲ့လို့ပြောယုံမှတပါး မရှိဘူးလေ။
ဒီလိုနဲ့ပဲ အရင်တုန်းကဘ၀တွေကို ပြန်ပြီးတမ်းတမနေတော့ပါဘူး။ အဘိုးနဲ့အဘွားအတွက် မိုးမကျခင် အိမ်ပြီးအောင် လုပ်မှရမယ်။ အဘိုးနဲ့အဘွားရယ်၊ ကျနော်ရယ် စည်စည်ကားကားမရှိတဲ့ အိမ်မိုး၊ သက်ကယ်ပစ်၊ နှီးဖျာ၊ ၀ါးခုတ်တဲ့အလုပ်ကို အချိန်တော်တော်ကြာလုပ်ပြီးမှပီးတယ်။
ဒါနဲ့ခွင့်ရက်စေ့လို့၊ ကျနော်နေတဲ့ နိုင်ငံကြီးဆီသို့  ခြောက်ခြောက်သွေ့ သွေ့  နဲ့ ပို့ဆောင်သူမဲ့ ချီတက်ခဲ့ရပါတယ်။
"သြော်.... ငါ့အဖေ၊ ငါ့အမေ၊ အဘိုးအဘွားတွေ သေရင်တောင် တွင်းတူးပေးဖို့ တို့ရွာမှာ လူငယ်တွေ မရှိတော့ပါလား"
တနေရာတော့ရှိမှာပါလေ။ အဆင်ပြေတဲ့အချိန်မှာ အားလုံးပြန်ဆုံစည်းကြပါစေလို့ ဆုတောင်းယုံမှတပါး၊ ကျနော်မတက်နိုင်ပါ။
1/28/10
လုပ်ကြံသက်ဖြတ်ရေးသည်သာအောင်ပွဲဖြစ်သည်
၁။ ဗိုလ်ချုပ်နေ၀င်း
၂။ ဂဌုန်ဦးစော
၃။ ဗိုလ်ချုပ်သန်းရွှေ
၎။ ဗိုလ်ချုပ်စောမောင်
၅။ ဦးနု
၆။ ဦးကျော်ငြိမ်း
၇။ သခင်သန်းထွန်း
၈။ သခင်စိုး
၉။ ဦး....သဖြင့်။။။ သခင်...စသဖြင့်။ သူတို့ဟာ ဗမာတွေဖြစ်တယ်။ အခုလက်ရှိ NLD ကိုကြည့်။ ဗမာတွေဖြစ်တဲ့ ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်နေတယ်။ ဘာတွေဖြစ်လာအုံးမလဲမသိဘူး။
ဒါ့ကြောင့် ဗမာတွေဖျက်ဆီးခဲ့တာလို့ပြောတာ။ သူတို့အားလုံးဟာ အသက် ၃၅ နှစ်အောက်လူငယ်မရှိဘူး။ သူတို့အာဏာရတဲ့အချိန်မှာ။ ကောင်းစားနေချိန်မှာ။ ဗမာတွေဟာ လူများစုဖြစ်တယ်။ နိုင်ငံရေးကိုဦးဆောင်ပြီးလုပ်ခဲ့တဲ့သူတွေလည်းဖြစ်တယ်။ ဖျက်ဆီးတဲ့လူတွေလည်းဖြစ်တယ်။ ကြားထဲကခံရတဲ့ သူတွေက လူအေးတွေဖြစ်တဲ့ တိုင်းရင်းသားနဲ့ ပြည်သူတွေပဲ။
လက်ချိုးရေလို့ရတဲ့ လူတစ်စုဗမာကြောင့် သန်းပေါင်းများစွာအသက်အိုးအိမ်စည်းစိမ်ပျက်ဆီးရတယ်။ ဒုက္ခရောက်ရတယ်။ ဗိုလ်ချုပ်နေ၀င်းအာဏာရှင်လုပ်တာဟာ သူ့အပြစ်ပဲပုံချလို့မရဘူး။ သူ့ဘေးမှာ သူ့ကိုကပ်ဖားရပ်ဖားလုပ်နေတဲ့ လူတွေမှာလည်းအပြစ်ရှိတယ်။ သူနဲ့တည့်တုံးက အသံမကြားရဘူး။ သူက ကန်ထုတ်တော့မှ အသံကြားတယ်။ သိတ်ရက်စက်တဲ့ဗိုလ်ချုပ်ကြီးနေ၀င်းပေါ့။ ကိုယ့်စောက်သုံးမကျတာတော့ထည့်မပြောဘူး။ ဒီနေ့လည်း ဒု-ဗိုလ်မှုကြီးဟောင်း ကြည်ဆွေရေးတဲ့ ဦးနေ၀င်းအကြောင်းဖတ်တော့မှ ဒီလိုသုံးသပ်မိတယ်။ ကိုယ်အာဏာရှိတုံး၊ ၀ါးတီးမှန်တုံးကတော့ ဘာစောက်သံမှမကြားရဘူး။ ပီးမှ ရက်စက်တယ်ပြောတယ်။ အခုလက်ရှိ နအဖ ဗိုလ်ချုပ်တွေနဲ့ တည့်တဲ့လူတွေလည်း အရင်တုန်းကဖြစ်ရပ်တွေနဲ့သိတ်မကွာဘူး။ အာဏာနဲ့ စည်းစိမ်အတွက်ပဲ မက်တယ်။ သန်းရွှေ၊ မောင်အေး အာဏာရှင် လုပ်နေတာကို တခြားဗိုလ်ချုပ်တွေလည်းသိတယ်။ ပြည်သူလည်းသိတယ်။ ဒါလည်း ငါ့..ကိုမထိရင်ပီးရောဆိုပီး ငြိမ်ခံနေလို့ ဟိုသူတောင်စားကရောက်တက်လာတယ်။
အခုတပ်တွင်းပုန်ကန်မှုတွေဖြစ်နေတာဆက်တိုက်ပဲ။ အရာရှိတွေလည်း ဒိုးကုန်ပြီ။ ထောက်လှမ်းရေးတွေလည်း နိုင်ငံတကာမှ ပြန့်ကုန်ပြီ။ သူတို့ကောင်းစားတုံးကတော့ အရင်အတိုင်းပဲ ဘာစောက်သံမှမကြားဘူး။ သန်းရွှေက ကန်ထုတ်လိုက်တော့မှ သန်းရွှေမကောင်းကြောင်းထုတ်ပြောတော့တယ်။ အရင်တုန်းက သန်းရွှေမကောင်းကြောင်းမသိဘူးလား။
အခုနောက်ဆုံးတပ်တွင်းပုန်ကန်မှုဟာ သွေးရိုးသားရိုးမဟုတ်ဘူး။ အောက်ခြေမှာငတ်နေလို့ ဆန္ဒပြတာထက် တခြားပုန်ကန်မှုရှိတယ်။ စောက်သုံးမကျတဲ့ဗိုလ်ချုပ်တွေနဖူးထိပ်ဖူးမှန်ဖို့နီးပီ။ ဒီလိုမျိုး လုပ်ကြံသတ်ဖြတ်ရမဲ့တာဝန်က ပုန်ကန်မှုကို ဦးဆောင်တဲ့အရာရှိတွေလက်ထဲမှာရှိတယ်။ ဘယ်တော့သေမလဲဆိုတာစောင့်ကြည့်ရမဲ့အချိန်ပဲ။
အရပ်သားတွေလို စစ်သားတွေက လမ်းမပေါ်ထွက်ပြီး ကုန်ဈေးနှုံးကျဆင်းရေးအော်မဲ့လူတန်းစားမဟုတ်ဘူး။ အခွင့်အရေးရတာနဲ့ လက်ညိုးလေး တချက်ကွေးလိုက်ရုံပဲ။ သူတို့တွေ သန်းရွှေ၊ မောင်အေးကို သတ်ပြီး အာဏာသိမ်းလိမ့်မယ်ဆိုတာ ဘယ်သူသိလဲ။ သန်းရွှေဘေးနားမှာရပ်နေတဲ့ အူဇီကိုင်တဲ့ လူကပစ်သက်မယ်ဆိုတာကိုလည်း ဘယ်သူသိလည်း။
တပ်တွင်းပုန်ကန်မှုကို အောင်ပွဲခံမယ်နည်းနာကတော့ လုပ်ကြံရေးဖြစ်တယ်။ သတ်ပစ်ရေးဖြစ်တယ်။ ဘယ်သူကို သတ်ရမလဲ နအဖ ထိပ်ပိုင်းခေါင်းဆောင် သုံးလေးဦးလောက်ကို သက်ပစ်ရမယ်။ သူတို့ကိုသက်လို့ ဘယ်တော့မှ ငရဲမကြီးဘူး။ တရားဥပဒေနဲ့မညှိစွန်းဘူး။ ဒီလိုလုပ်ကြံလိုက်လို့ ပြည်သူနဲ့နိုင်ငံရေးသမားတွေက တိုင်းပြည်ရဲ့ ကယ်တင်ရှင်အဖြစ်အသိအမှတ်ပြုအုံးမယ်။
အခုနောက်ဆုံး တပ်တွင်းပုန်ကုန်မှုဆိုတာ ဗိုလ်ချုပ်ကြီးတစုကို သတ်ဖြတ်လုပ်ကြံရေးနဲ့ နိဂုံးချုပ်ရမယ်။ ဆူပူဆန္ဒပြတာဟာ ထိရောက်တဲ့လုပ်ငန်းစဉ်မဟုတ်ဘူး။ စစ်သားတစ်သောင်းဆူပူရင် စစ်သားတစ်သိန်းနဲ့ရင်းဖို့ အာဏာရှင်ကလုပ်လိုက်မယ်။
ဒီတစ်ခါ ဗမာတွေကို ဗမာတွေက သက်ပြီးပြောင်းမှရမယ်။ ဘယ်တိုင်းပြည်မှာမဆိုရင် လူပေါင်းသိန်းချီသေပြီမှ အကောင်းဘက်ကိုပြောင်းတယ်။ အနည်းဆုံးတော့ သွေးထွက်သံယိုမှုမဖြစ်ပဲနဲ့ မည်သည့်တိုင်းပြည်မှ အပြောင်းလဲကြီးမပြောင်းဘူး။ သွေးနဲ့ရင်းမှ အောင်ပွဲဆိုတာရတယ်။
ငါတို့တပ်မတော်သားတွေဟာ ပြည်သူပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ဖောက်တဲ့ကောင်တွေက ငါ့မိသားစုကောင်းစားရေး၊ ငါအာဏာရှိရေးကိုလုပ်နေတဲ့ လက်တစ်ဆုတ်စာလူတစ်စုဖြစ်တယ်။ သူတို့ကတော့ သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊ အောင်သောင်း၊ နဲ့ တင်အောင်မြင့်ဦးဆိုတာ လူတိုင်းသိတယ်။
တပ်တွင်းပုန်ကန်မှုရဲ့ အောင်မြင်မှုဟာ ဒီလူတစုကို သက်ပစ်တာနဲ့ဆိုင်တယ်။
1/27/10
ဘုန်းကျော်ဓာတ်ပုံ
အဟောင်းထဲမှာ သံသရာလည်နေသော ဦးဖိုးသံချောင်း နှင့် ဗကပ
အဟောင်းထဲမှာ သံသရာလည်နေမဲ့အစား၊ တခြားအသစ်ကလေးများပြောင်းရေးကြည့်စေချင်လို့ ဒီစာကိုရေးပါတယ်။ လူဟောင်းလို့ ၊ စာများဟောင်းသွားလေသလား။ လူကြီးတွေ သတိထားပါ။ လူကြီးတွေလုပ်လို့ တိုင်းပြည်ပျက်ခဲ့တာနော်။ ဗမာတွေလုပ်လို့။
သူတို့ရေးတဲ့စာတွေကြည့်ရအောင်-
“၁၉၄၈ (မတ်လ) ၁၂ ရက်နေ့မှာ သတင်းစားတိုက် သုံးတိုက်ရိုကချိုးတယ်။ မတ်လ ၂၈ ရက်နေ့မှာ ဗကပကိုချေမှုန်းရေးလုပ်တယ်”
ရွေးကောက်ပွဲလုပ်မယ့်ရက်ကိုမကြေငြာရဲတဲ့နအဖ ဆောင်းပါးမှ။
ဟောင်းကြီးပါလားဗျာ။
“တခုက ဘာလဲဆိုတော့ ၁၉၆၀ ခုနှစ်၊ ဧပြီလ ရွေးကောက်ပွဲဖြစ်တယ်။ အဲဒီရွေးကောက်ပွဲမှာ ပထစလို့ခေါ်တဲ့ ဦးနုရဲ့ပါတီက ၁၅၉ နေရာရတယ်။ ဖဆ ပလက ၄၁ နေရာရတယ်။ ဖဆပလရဲ့ ၄၁ နေရာဆိုတာ ၅၆ ခုနှစ်ရွေးကောက်ပွဲတုန်းက ပမညတ ရတာထက်တောင် နည်းသေးတယ်။ အဲတော့ ဒီရွေးကောက်ပွဲ မှာ ဦးနုကို (ပထစကို) လူထုက မဲတွေပုံအောပေးခဲ့တာဟာ တည်မြဲကို မကြိုက်တာသက်သက်မဟုတ်ဘူး။ တည်မြဲနောက်မှာ စစ်တပ်ပါနေတာကို လူထုကသိလို့ မကြိုက်တာဖြစ်တယ်။ ဦးဗဆွေက “ရွေးကောက်ပွဲ နိုင်ရင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်” လို့ ပြောနေတာ။
စစ်တပ်နဲ့ နိုင်ငံရေး (ရဲဘော် ဖိုးသံချောင်း) ဒုတိယပိုင်း စာအုပ်မှ
အလွန်ကောင်းတဲ့အဟောင်းကြီးတမျိုးပဲ။ ဒီပြသာနာတွေနဲ့ပဲ လည်နေပုံရတယ်။ စာအလွတ်ကျက်ထားတဲ့ပုံလိုမျိုးဖြစ်နေတယ်။
၁၉၄၈ ခုနှစ်တုန်းကလို ပြန်ဖြစ်နိုင်သလားဆောင်းပါးမှ
“ဒီအထဲမှာ ၁၉၄၈ ခုနှစ်တုန်းကလို တကြော့ပြန်ဖြစ်မလား ဆိုတဲ့အထိ ပြောနေကြတာဟာ စိတ်ဝင်စားစရာပဲ။ သူတို့ဒီလို ၁၉၄၈ ခုနှစ်ကို နောက်ကြောင်းပြန်ပြောတယ်ဆိုတော့ ဓမ္မတာပဲ။ အဲဒီတုန်းက အာဏာရ ဖဆပလ-ဆိုရှယ်လစ်နဲ့ ဗကပတို့ ပါလာတော့တယ်”
ဒါလည်းမဲပြာပုဆိုးအဟောင်းပါပဲ။
“လုပ်ငန်းစဉ်တခု၊ လမ်းစဉ်တရပ်ကို လူထုက လိုက်နာအကောင်အထည်ဖော်တာမလုပ်ရင် ဒါဟာ လူထုရဲ့တာဝန်ပဲလို့ သုံးသပ်တာမျိုးကို အရင် သခင်စိုးပါးစပ်ကပဲ ကြားဖူးပါတယ်။ အခု နှစ်ပေါင်း (၆ဝ) ကျော်ကြာပြီးတဲ့နောက်မှာ သခင်စိုးနဲ့ဘာမှမဆိုင်တဲ့ လူတဦး ပါးစပ်ဆီက ကြားရပြန်ပါတယ်”
ဒါလည်း အသစ်မဟုတ်ဘူး။အဟောင်းကြီးပဲ"
လူထုကို ခေါင်းဆောင်မယ့်သူတွေဟာ လူထုကိုနားလည်ရမယ်ဆောင်းပါးမှ
“၁၉၅၈-ခုနှစ်တုံးကတည်ရှိနေတဲ့အခြေခံဥပဒေကို မဖျက်သိမ်းဘူး”
၂၀၁၀ လွန်ကာလမှာပေါ်လာမဲ့စစ်အုပ်စုကိုခန့်မှန်းကြည့်ခင်း ဆောင်းပါးမှ
ဒါလည်း အလွန်ဟောင်းတဲ့ ဟာကြီးပဲ။
“ဗိုလ်စိုးမောင်ကျဆုံးတာနဲ့ပက်သက်ပြီးရေးတဲ့စာဖတ်ရလို့ခင်ဗျားသိစေဖို့ဒီစာကိုရေးလိုက်တယ်”
ဒါလည်းအဟောင်းတွေအချင်းချင်းပြောကြတဲ့ဟာပဲ။
သခင်တင်မြသို့စာမှ
အမျိုးပြောက်မှာစိုးကြေက်လှပါသည်စာမှ
“စိတ်ချလက်ချသုံးနိုင်တဲ့ကုလားအလတ်တန်းစားတွေ၊ ဓနရှင်တွေ၊ လယ်သမားတွေ”
ဒါလည်း အမှတ်တကယ်အဟောင်းကြီးပဲ။
အသစ်ကလေးများလုပ်ကြပါအုံးဗျာ။။။ နိုင်ငံရေးမလုပ်ဘဲ သမိုင်းပညာရှင် လုပ်ရင်ပိုအောင်မြင်နိုင်တယ်။ ဒီလိုမျိုးအဟောင်းတွေပြောနေရုံနဲ့ ဘယ်လိုလုပ်ပြီး ရှေ့ ရောက်တော့မလဲ။
1/26/10
Australia Day
ဒီနေ့က သြစီမှာ Australia Day လို့ခေါ်တဲ့ အမျိုးသားနေ့ဖြစ်ပါတယ်။ တနည်း ခေတ်သစ် Australia နိုင်ငံကိုစတင်တည်ထောင်တဲ့နေလို့လည်းပြောပါတယ်။ အင်္ဂလိပ်ရေတပ်က လှေ ၁၁ စီးဟာ ၁၇၈၈ ခုနှစ်မှာ ဆစ်ဒနီမြို့ က လှေဆိပ်တခုမှာ စတင်အခြေစိုက်ပါတယ်။ လူပိန်းနားလည်အောင်ပြောရရင်တော့ သြစတျေးလျကို အင်္ဂလိပ်တွေ စတင်သိမ်းပိုက်တဲ့နေ့လို့ဆိုလို့ရတယ်။
Australia Day နဲ့ပက်သက်ပြီး အမြင်မတူတာတွေ၊ သဘောကွဲလွဲတာတွေအများကြီးရှိတယ်။ အထူးသဖြင့် ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ မျောက်ကုလား(ဗမာခေါ်) တွေက သူတို့နိုင်ငံ၊ သူတို့ရဲ့ ယဉ်းကျေးမှုကို အင်္ဂလိပ်တွေဖျက်ဆီးတဲ့နေ့လို့ပြောတယ်။
သြစတျေးလျနိုင်ငံဟာ သူ့ရဲမျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နဲ့ပက်သက်ပြီး ဗမာတွေလို တခုထဲမရှိပါဘူး။ ဘာဘဲလုပ်လုပ် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ရင်ဆိုင်ရတယ်။ ဒီလိုရင်ဆိုင်ရလို့လည်း သူတို့ရဲ့ နိုင်ငံရေးစနစ် ကပွင်းလင်းမြင်သာမှုလုံးဝရှိလာတယ်။
တိုင်းပြည်ကို အုပ်ချုပ်တဲ့အစိုးရက ခံစားချက်ကို အရင်းမတည်ဘဲ၊ အုံးနှောက်နဲ့စဉ်းစားတယ်။ စနစ်ကိုပဲ ကောင်းသထက်ကောင်းအောင်လုပ်တယ်။သြစတျေးလျမှာ တမ္ဘာလုံးက လူမျိုးပေါင်း ၂၀၀ ကျော်လောက်ရှိတယ်။ ဘာသာစကားပေါင်း ၂၀၀ မကရှိတယ်။ ဒီလိုရှိနေတာတောင် တိုင်းပြည်က တည်ငြိမ်အေးချမ်းတယ်။ ဖွံ့ ဖြိုးတိုးတက်တယ်။ ဒါ..ဟာဘာ့ကြောင့်လဲဆိုတော့ စနစ်ကောင်းလို့ပါ။
မြန်မာပြည်က တိုင်းရင်းသားလူမျိုးတွေဟာ သြစတျေးလျလောက် မများပါဘူး။ သြစတျေးလျလောက် ပြသာနာမရှိပါဘူး။ ဒါပေမဲ့ မြန်မာပြည်ဟာ ငတ်နေတဲ့တိုင်းပြည်ဖြစ်သွားတယ်။ လွန်ခဲ့ နှစ်ပေါင်း ၂၀၀ လောက်ကတည်ခဲ့တဲ့သြစီဟာ အခုဆိုရင် လူကြားတိုးနိုင်တယ်။ လွန်ခဲ့နှစ်ပေါင်း ၁၀၀၀ လောက်တည်ခဲ့တဲ့မြန်မာပြည်ဟာ အခုထိလူကြားမတိုးဘူး။ ကိုလိုနီဖြစ်ခဲ့လို့၊ ဂျပန်က ၀င်တိုက်လို့၊ ကုလားက ၀င်နှောက်လို့လို့ဆင်ခြေမပေးနဲ့။
မြန်မာပြည်လူကြားမတိုးတာကိုပြောတာပါ။ အဓိက မြန်မာတွေ အတိတ်က သင်ခန်းစာ၊ တခြားနိုင်ငံတွေရဲ့  လုပ်နည်းလုပ်ဟန်ကို အတုမခိုးရင်၊ နောင်နှစ်ပေါင်း ၅၀၀ ကြလည်း ငတ်နေတဲ့တိုင်းပြည်ဖြစ်အုံးမှာပဲ။ လောလောဆယ် အခုလုပ်ရမဲ့အလုပ်က အချင်းချင်း သတ်နေဖြတ်နေတာတွေ၊ ချနေတာတွေ၊ နှိပ်စက်နေတာတွေကို ရှောင်သင့်ပီ။ အကျိုးမရှိတဲ့ဟာတွေဖြစ်ပါတယ်။
လူမျိုးတူတွေစုနေတဲ့ မြန်မာပြည်ဟာ သြစီထက်အောင် ပိုပြီးတိုးတက်ဖွံ့ ဖြိုးရအုံးမယ်။ အခုတော့ သြစီခြေဖျားတောင်မမှီတော့ဘူး။ ဒါဟာ ဘာကိုပြသလဲဆိုရင် သြစီနိုင်ငံရေးသမားတွေရဲ့ ချီးကို မြန်မာနိုင်ငံ ရေးသမားတွေစားသင့်တယ်ဆိုတာကိုပြတယ်။ မိုက်မိုက်ရိုင်းရိုင်းပြောချင်တယ်။ နိုင်ငံရေးသမားတွေဆိုပီး တခုထဲ ရမ်းတုတ်ရင် ကျနော်လုံးဝမတရာဘူး။ စစ်တပ်၊ ဘုန်းကြီး၊ အားလုံးပါတယ်။ အထူးသဖြင့် မြန်မာတွေ၊ လူကြီးတွေ၊ တိုင်းရင်းသားတွေမပါဘူး။
ဘာဘဲဖြစ်ဖြစ်ဗျာ...Australia Day ကို ဘာမှမဆိုင်တဲ့ ဗမာကြီး ကျနော် ဒီနေ့ညနေပိုင်းမှာ သွားရောက်ဂုဏ်ပြုအုံးမှာ ဖြစ်ပါတယ်။ သြစီဒေးကို ကြိုဆိုသူတိုင်း အရက်ဘီယာ လုံးဝမသောက်ရပါ။
မြန်မာပြည်တိုးတက်ပါစေ...အေးချမ်းပါစေ...။
ကိုးကား-
ဝီကီ
1/25/10
NLD ကိုမဲမထည့်ကြပါနဲ့
ဒီတစ်ခါ ရွေးကောက်ပွဲမှာ NLD ၀င်ပြိုင်တဲ့အခါ ပြည်သူတွေအနေနဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့လုံးဝ မဲမထည့်ပါနဲ့။
ဘာဖြစ်လို့လဲဆိုတော့ ၉၀-ရွေးကောက်ပွဲရလာဒ်တောင် အရည်အချင်းမရှိ အကောင်အထည်မဖော်နိုင်ဘူး။ ဒါ့ကြောင့် နောက်တခါ မဲထည့်လည်း အာဏာရအောင်လုပ်နိုင်မယ့်အနေအထားမတွေ့ရဘူး။ အထူးသဖြင့် မယုံရဲဘူး။
ဒါဆိုရင် မင်းက ဘယ်သူကိုကိုယုံမလဲ။ အဖြေကတော့ ဘယ်သူ့ကိုမှ မယုံဘူး။
လွတ်လပ်ပွင့်လင်းတဲ့ ပတ်ဝန်းကျင်မဖြစ်သ၍ ဘယ်သူကိုမှ ယုံဖို့မဖြစ်နိုင်ဘူး။ ၈၈-မျိုးဆက်တော့ နည်းနည်းယုံတယ်။ သို့သော် သူတို့ကို လွတ်လွတ်လပ်လပ်လုပ်ခွင့်မပေးတော့ သူတို့အရည်အချင်းလည်း ပြလို့မရဘူး။
သိတဲ့အတိုင်း စစ်အစိုးရက သူအာဏာကို ရအောင်ယူမှာပဲ။ သူ့ကိုဆိုရင် ပိုလို့တောင်မယုံရဲဘူး။
ဒီမှာအဓိကပြောချင်တာက NLD ကိုအာဏာရအောင် မဲပေးဖို့ရည်ရွယ်ချက် လုံးဝ ကျနော့်မှာမရှိတော့ဘူး။ ရှင်းရှင်းပြောရင် အစိုးတရပ်ဖြစ်နိုင်တဲ့အရည်အချင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာမရှိဘူး။
တခုပဲရှိတယ်။ နိုင်အောင်တိုက်။ နိုင်အောင်တိုက်နိုင်တဲ့တနေ လုံးဝ အသိအမှတ်ပြုမယ်။ ထိုင်ရှိခိုးအုံးမယ်။
မြန်မာ့ယဉ်ကျေးမှု
1/24/10
မေတ္တာဓာတ်နှင့် အနွေးဓာတ်ပေးပြီး အုပ်ချုပ်တဲ့ ခေါင်းဆောင်
ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်နေတဲ့အချိန်မှာ ဦးဆောင်တဲ့သူတွေထဲမှာ ရှိနေခဲ့တယ်။ အစိုးရက တရားမ၀င် ပါတီအဖြစ်ကြေငြာတော့ ဌာနချုပ်ကို တောထဲမှာ ရွှေ့ ဖို့လုပ်တဲ့ခေါင်းဆောင်တွေထဲမှာပါတဲ့ လူတစ်ယောက်ပဲ။ ရဲရဲဝင့်ဝင့် လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်ခဲ့တယ်။ ရှေ့ သို့ တလှမ်းချီတက်ခဲ့တယ်။
မုတ်ဆိတ်မွေး ဘလပစ်နဲ့ အာဏာရှင်က ရက်စက်လို ကိုယ့်လမ်းကိုယ်လျှောက်၊ သတ္တိရှိခဲ့ပါတယ်။
ဦးဆောင်မှုပေးတဲ့လူတွေထဲက လူတစ်ယောက်ဖြစ်ခဲ့တယ်။လူငယ်တွေပီပီ ဘ၀ မျှော်လင့်ချက်တွေနဲ့ ဘ၀ကို အေးချမ်းစွာဖြတ်သန်းဖို့ စိတ်ကူးယဉ်ခဲ့ရင်း၊ အာဏာရှင်က တောထဲကိုပို့ခဲ့လို့ တောထဲမှာ ဘ၀တွေနဲ့အတူ ဘ၀တွေကို မေတ္တာနဲ့ဦးဆောင်မှုပေးတယ်။
ဒီလိုပဲ ကျနော်တန်ဖိုးထားခဲ့တယ်။
ကံကြမ္မာရဲ့ အပြောင်းအလဲကြောင့်..တခါတလေ ချော်လဲခဲ့တဲ့နေ့ရက်တွေရှိတယ်။
သူ..ဂရုမစိုက်ပါဘူး။
ညာဏ်ပညာအမြော်အမြင်ကြီးမားစွာနဲ့ သူ့ ရဲ့ ဦးဆောင်မှု အောက်မှာ ရဲဘော်တွေ တစည်းတလုံးတည်း ညီညီညာညာ၊ ချစ်ချစ်ခင်ခင် ၊ လမ်းတွဲပြီးလျှောက်ခဲ့ဘူးတာ ပတ်ဝန်းကျင်ကတောင် အသိအမှတ်ပြုရတဲ့ အခြေအနေမျိုးပါ။
တခါတလေ လူတွေဟာ အောင်မြင်ရင် မနာလိုပါဘူး။ ကျရှုံးရင် ထူပေးဖို့မစဉ်စားပါဘူး။ ရင်ထဲက လာတဲ့ မေတ္တာကို သူတို့ကို ပြောရင် နွားကို အီကြာကွေးပေးတဲ့ ကုလားလို ဖြစ်လိမ့်မယ်။
တခါတလေ...ဂုန်းဆင်းမှာ အတွန်းချခံခဲ့ရဘူးတဲ့ သူတစ်ယောက်လည်း ဖြစ်ခဲ့ဘူးတယ်။ သူမမှုပါ။
သူ့ရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့စကားတခွန်းကို ဘယ်သောအခါမှ ချစ်တဲ့သူတွေမမေ့ပါဘူး။ သူပြောတာက-
"တခါတလေ..ချော်လဲတဲ့အခါ..ကိုယ်ကိုယ်တိုင်ထူရသလို...သူများထူပေးတာလည်းခံရတယ်..."
သူချော်လဲတဲ့အခါမှာ သူများထူပေးတာကို မခံခဲ့ရဘူး။ တွန်းချတာနဲ့ သူကြုံခဲ့ရတယ်။ သူများကို ထူပေးခဲ့တဲ့ အကြိမ်ပေါင်း သူ့မှာ ရေလို့တောင်မရခဲ့ပါဘူး။
ဒါ့ကြောင့်...တခါတလေ..ကျနော်စဉ်စားတယ်။ သူတောင်စား ထမင်းဝရင် -ီးတောင်တယ်လို့။
ကျနော်သတိမထားမိပါ။ စကားလုံးကိုတော့ သိတယ်။ ထူတယ်။ ထတယ်။ သို့သော် အတိမ်အနက်ကို မသိပါ။ ငယ်သေးတာကိုး။ အသက်အရွယ် ရလာ၊ အတွေ့အကြုံများလာမှ သိတယ်။ ကျနော် သူ့အပေါ်မှာ တာဝန်ရှိသလို ယနေ့ထိခံစားနေရတုံးပါ။
သူ့ရဲ့ ရင်ဘတ်ထဲမှာ အေးချမ်းတဲ့ မေတ္တာတရား ရှိတယ်။ ဒါကို အပူတွေနဲ့ နီးတဲ့သူတွေမသိဘူး။ အကိုကြီးတစ်ယောက်ရဲ့ ထုံးစံအတိုင်း ဒုက္ခရောက်သူကို ကူညီဖို့အဆင်သင့်ရှိတယ်။
ရဲဘော်တွေကို တိုးတက်စေချင်တဲ့အမြင်ရှိတယ်။ တိုင်းပြည်ကို ချစ်တဲ့စိတ်လုံးဝရှိတယ်။
ပါတီတခုလုံးဟာ သူ့ဘ၀ဆိုပီး သူချစ်ခဲ့တယ်။
တခါတလေ ချော်လဲတဲ့အခါမှာ သူ့ကို..ဂုန်းဆင်းမှာ တွန်းချပေးတဲ့လူများခဲ့ပါတယ်။
ကျနော်လည်း မှောင်နေတဲ့အချိန်ဆိုတော့ ရောင်ယမ်းပြီး ပါခဲ့ပါတယ်....။
ကျနော့်ကိုခွင့်လွှတ်ပါ။
မှတ်ချက်....လွန်ခဲ့တဲ့ ၇-နှစ်က အချစ်ဆုံး ခေါင်းဆောင်ကြီးတစ်ယောက်ကိုရည်ညွန်းသည်။
1/23/10
မှတ်တမ်းတင်ပါသည်။
၁။ ဘီဘီစီသတင်းထောက်ဦးသန့်(စံခလပူရီ)
၂။ Mizzima
၃။ ရိုးမ ၃ သတင်းဌာန
၎။ DAB
၅။ နစ်နေမန်း
၆။ We Fight We Win
၇။ State Technical University (မော်စကို) မှ ကျောင်းသားများ
အထက်ပါ ကျေးဇူးရှင်များအားအထူးကျေးဇူးတင်ရှိပါကြောင်းပြောလိုပါသည်။ ကျနော်မတွေ့ရသော တချို့  အချက်အလက်များကျန်ရှိကောင်းကျန်ရှိနိုင်ပါသည်။ ကျနော့်ရဲ့ အားနည်းချက်ဖြစ်ပါကြောင်း..။ ဆက်လက်၍လည်း ကျိုးစားပေးကြပါလို့ အထူးမေတ္တာရပ်ခံအပ်ပါသည်။
ဦးသန့်(စံခလပူရီ) အား သတင်းထောက်ဆိုင်ရာ ထူးချွှန်ဆု (၂၀၁၀) ကျနော့် ဘလောဂ်မှ ဂုဏ်ပြုပါသည်။ ဦးသန့်အိမ်သို့ ထိုဆုအားတိုက်ရိုက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း အသိပေးအပ်သည်။
ဘုန်းကျော်(လူ့ဘောင်ချစ်)
စုံစီနဖာ
ဖင်ပြောင်ပုံများကိုဖြုတ်လိုက်ပါတယ်။ နောင်လည်းတင်မည်မဟုတ်ပါ။
စော်ကားသလိုဖြစ်သွားရင် အထူးကြေကွဲစွာ တောင်းပန်ပါ၏
အနုပညာနားလည်ရင် နှာဘူးဆိုတဲ့ ကဲ့ရဲ့ စကားလွတ်တယ်
စနေ သားသမီးများ
စနေ သားသမီးများကတော့ ဒီလမှာ ထူးထူးခြားခြားအောင်မြင်တိုးတက်မှုတွေလည်း ရနိုင်တယ်။ ထူးထူးခြားခြား အညံ့ တွေလည်း ကြုံနိုင်တယ်။ အကောင်း/အဆိုးတွေ အားပြိုင်နေမယ့် လ, ဖြစ်တယ်။ သက္ခတ်ကောင်းရင်တော့ အကောင်း များလိမ့်မယ်။ သက္ခတ်ညံ့ရင်တော့ အဆိုးများလိမ့်မယ်။ ၀န်ထမ်းများ ရာထူး၊ လစာ တိုးတက်နိုင်တယ်။ ဂုဏ်ပြုချီးမွမ်း ခံရမှုများ ဖြစ်နိုင်တယ်။ နာမည်အလွန်ကျော်ကြားတတ်တယ်။ လူအများနှင့် ဆက်ဆံ လုပ်ကိုင်နေရသော လုပ်ငန်းများ၊ အနုပညာရှင်များ အထူးအောင်မြင်ကျော်ကြားမယ်။( ဒီလမှာ အကယ်ဒမီဆုများ ပေးခဲ့မယ်ဆိုရင် စနေသားသမီး(သို့) စနေနံနဲ့ မှည့်ထားတဲ့ သူများ အကယ်ဒမီဆုများ ရရှိနိုင်တယ်)။ ညံ့တာကတော့ ဒီလထဲမှာ ရန်အတိုက်အခိုက်များမယ်။ မလိုမုန်းထားသူတို့ လုပ်ကြံ နာမည်ဖျက်တာ ခံရမယ်။ အိမ်ထောင်ရေး ပဋိပက္ခတွေ ရှိနိုင်တယ်။ ဒီလမှာ စနေသားသမီးများ ဖြစ်တတ်တာကို ပထမဆုံး အကောင်းရှေ့ကလာပြီး နောက်က အဆိုးတွေ ကပ်ပါလာတတ်တယ်။ ကျန်းမာရေး ပြဿနာတော့ ထွေထွေထူးထူး မရှိပါ။ ဒါပေမယ့် စိတ်လှုပ်ရှားရမှု အလွန်များမယ့် လ, ဖြစ်ပါတယ်။ တစ်လလုံး စိတ်ဓာတ် တက်လိုက် , ကျလိုက် ဖြစ်နေတတ်ပါတယ်။
ယတြာပြုလုပ်လိုသူများအတွက် စနေနေ့နံနက် (၁၀)နာရီဝန်းကျင်မှာ မိမိအိမ်မှာဘဲ ရှိတဲ့ဘုရားကို ရေသပ္ပါယ်ပေးပါ။ သောက်တော်ရေချမ်း မပြတ်ကပ်လှူပေးပါ။ မိမိ မလုပ်နိုင်လျှင် ကိုယ်စား လုပ်ပေးနိုင်ပါသည်။ ဒီတစ်လလုံး (၂)ကြိမ်ခန့် ပြုလုပ်ပေးပါ။ ဗုဒ္ဓဘာသာမဟုတ်သူများ သောက်ရေသန့်ဗူး လှူဒါန်းခြင်းကို (မည်သူ့ကိုမဆို) ပြုလုပ်ပေးနိုင်ပါတယ်။
နယ်စပ်က ၀ရမ်းပြေးများ ဘာလဲ၊ ဘယ်လဲ Click Here
ရိက္ခာမလုံလောက်၍ ရဲတပ်ဖွဲ့ တွင်းမှာလည်း ပုန်ကန်နေပြီ Click Here
အန်ဒီအေ (ကချင်) အဖွဲ့ ဗဟိုကော်မတီဝင်များကိုလက်နက်နှင့် ကားပါမစ်လဲရန် စီစဉ်ပေး Click Here
အိမ်တွင်းဖြစ် Click Here XXX
1/22/10
ဗိုလ်ချုပ်သန်းရွှေမသေခင်မိသားစုကို မှာခဲ့သောစီမံကိန်း
၁၀ ရက်နေ့  ၁၀ လပိုင်း ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်။ မလုပ်ခင်မှာ နိုင်အောင်တော့ ငါတို့ ကြိုတင်ပြင်ဆင်ပီးဖြစ်တယ်။ ကံအကြောင်းမလှလို့မနိုင်ခဲ့ရင် အာဏာသိမ်းမယ်။ အခုလောလောဆယ်တော့ ငါတို့ပြင်ထားသင့်တာကို ကြိုင်တင်ပြင်ထားကြမယ်။
ငါတို့ ရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်ပမှာ တချို့ ခွဲထားရမယ်။ အထူးသဖြင့် အာရှ နိုင်ငံတွေကို ငါတို့ရဲ့ ငွေမဲတွေသိမ်းဖို့ အထူးအားထားကြပါ။ တိုင်းပြည်မှာရှိနေတဲ့ အစိုးရပိုင် တိုက်တာအဆောက်အဦး၊ မြေနေရာ၊ စီးပွားလုပ်ငန်း မှန်သမျှ တေဇပိုင်တဲ့ ထူးကုမ္ပဏီကို ၁၀ လပိုင်း ၁၀ ရက်နေ့ မတိုင်ခင်၊ တရားဝင် လွှဲထားကြ။
ကျနော့်အဖေစစ်သား ချစ်သလားတော့မမေးနဲ့ - ၃
တပ်ထဲကလူပျိုရဲဘော်တွေနဲ့ စစ်သားသမီးတွေ ယူကြတယ်။ စစ်သားသမီးချင်းကြတော့ မိသားစုလိုဖြစ်နေတော့ မယူကြဘူး။ အခြားတပ်ကသူတွေကို ငမ်းကြတယ်။
Read more >>>>>
.jpg)