ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

2/19/10

ကျနော်နှင့် မိုင်း (၂)

သြော်စီက မိုင်းကိုသွားဖို့အတွက် ဘယ်လိုသွားရင်ကောင်းမလဲ..ဆိုတာ ကျနော်စုံစမ်းတယ်။ စစ်သားသားသမီးဘ၀တုံးကလည်း အခက်အခဲတွေနဲ့ကြုံရတယ်။ သူပုန်လုပ်တော့လည်းတွေ့ရတယ်။ ဒီဘ၀တွေက ကျနော့်ကို ၀ါသနာပါအောင် ဖန်တီးပေးလိုက်သလိုပဲ။ ကျနော် တောထဲမှာ အပင်တွေ၊ အကောင်တွေနဲ့နေရတာပျော်တယ်။ ဖြစ်သလိုစားသောက်နေထိုင်ရတာကို အရမ်းဖီလင်လာတယ်။ အရင်ဘ၀နှစ်ခုမှာ ကျနော်ဖြစ်သလိုနေတယ်။ ဖြစ်သလိုစားတယ်။ ပေါက်ကရလုပ်တယ်။ ကျနော်မမှု့ဘူး သိလား။ ကျနော် ဘ၀ ဆိုတဲ့ အဓိပ္ပာယ်ကိုရှာတယ်။ ချမ်းသာတယ်....ဆင်းရဲတယ်...ဂုဏ်ရှိတာကိုရှာတယ်...။ ဘာလဲပေါ့။

ဒီလိုမျိုး အကွေ့အကောက်မရှိ၊ အလိမ်အညာမရှိတဲ့ ဘ၀ကို ကျနော်တွေ့ချင်တယ်။ ပွင့်လင်းပါတယ်ဆိုတဲ့စကားကို ကျနော့်မိန်းမကိုတောင်ဒီနေ့အထိ ကျနော်ပြောတုံးပါ။ ပွင့်လင်းတာ ရှက်စရာမဟုတ်ဘူးလေ။

မိုင်းကို မသွားခင်ကျနော် ရင်ခုန်တယ်။ မိုင်းက ရတဲ့လစာက နည်းတာမဟုတ်ဘူး။ စရိတ်ငြိမ်း လစာကိုအသားတင်ရတယ်။ ကျနော်ပင်ပန်းရမှန်းမသိ အားတက်သရောသွားခဲ့တယ်။ လွန်ခဲ့တဲ့ ၂၀၀၇ က။  ကျနော်သဘာဝတရားကိုချစ်တယ်။ အပင်တွေကို အရမ်းခုံမင်တယ်။ မြေကြီး၊ သဲ၊ စတဲ့ သဘာဝတွေဟာ လုံးဝ ဟန်မဆောင်ဘူးလေ။

ဒီလိုမျိုး ကျနော့်ရဲ့ စိတ်ထဲမှာ ရှိတယ်။ ကျနော် ဒီက မိုင်းအကြောင်းအသေးစိတ်ရေးပါ့မယ်။

ဆက်ရန်-

ကျက်သရေမရှိတဲ့မျက်နှာနဲ့... ကျော်ဆန်း

 
ကျက်သရေမရှိတဲ့မျက်နှာနဲ့... ကျော်ဆန်း
ဂျပန်ခေတ်က ကင်ပေတိုင်တွေလို ပုကွကွ၊ မျက်နှာက နွားချီးပုံလိုပဲ....
ဒီဘဲမျက်နှာကိုမြင်လိုက်ရင် ဒေါသတွေ အလိပ်လိုက်ထွက်တယ်။ 

တောက်.....မင်းတို့ကောင်တွေ....မိုးကောင်းတုံးရွာထားကြပေါ့ကွာ။ 

2/18/10

မိုင်းနှင့်ကျနော်....


စက်တင်ဘာသံဃာ့အရေးအခင်းမှာ ကျနော်ဒီနေရာမှာရှိနေပါတယ်...နာမည်က Great Victoria Desert လို့ခေါ်ပါတယ်။ နှာခေါင်းသွေးလျှံလောက်အောင်ပူပါတယ်။ ကျနော့်အနောက်က ခြုံထဲမှာ သဲကန္တာရဖွတ်ကြီးတစ်ကောင်ရှိတယ်။ သတိထားပြီးကြည့်ကြည့်ပါ..။


ကျနော်အရင် အလုပ်ကို ခဏပြန်သွားရတော့မယ်။ အရင်အလုပ်က ဘာလဲလို့မေးလိမ့်မယ်။

ကျနော် Western Australia မှာ သူများတွေလိုကြီးကြီးကျယ်ကျယ် အင်ဂျင်နီယာ၊ ဘူမိဗေဒ ပညာရှင်တွေလို မဟုတ်ဘူး။ သြစီမှာ ဘွဲ့ မရသေးဘူး။ ဒါပေမဲ့ကျနော် မြန်မာနိုင်ငံသားတွေထဲက ပထမဆုံး Mining Exploration နဲ့ ခြောက်လသင်တန်း ကို Perth မှာပြီးခဲ့တယ်။ ပြီးတော့ အလုပ်ရတယ်။ ဒီသင်တန်းက ကမ္ဘာပေါ်မှာတခုတည်းသောသင်တန်းဖြစ်တယ်။ ကမ္ဘာပေါ်မှာ ကြိုက်တဲ့ နိုင်ငံမေးကြည့် သြစီက မိုင်းကအရမ်းအဆင့်မြင့်တယ်။ သူက မြင့်တော့ ဒီမှာသင်တဲ့သင်တန်းလည်းမြင့်ပြီးသားပဲ။ မယုံမရှိနဲ့။ သင်တန်းဆင်းဆင်းခြင်း တနှစ်ကိုဒေါ်လာ တစ်သိန်းနီးပါးကျနော်ရတယ်။ အိမ်လခ၊ ခရီးစရိတ် Company ကပေးတယ်။ အလုပ်ကို လေယာဉ်နဲ့သွားရတယ်။ ကျနော်အခုမှုးနေတယ်...သတိရတုံး .....တို့ထားခဲ့တယ်...။ ကျနော် ဒီအလုပ်ကို...အခု တစ်နှစ်ပြန်လုပ်မယ်။

ဆက်ရန်...။

2/16/10

ကန်တော့ပါ၏


ကြည်ညိုစရာကောင်းသော ဘဘဦးတင်ဦးအား အစဉ်ဦးညွှတ်အလေးပြုပါသည်။ ဘဘ ကျန်းမာပါစေ။

တောင်းတဲ့ဆုတောင်း...ပြည့်စေကြောင်းဗျို့ .....။

စာရေးဆရာ အုပ်စိုးနိုင်ရဲ့  ၉၉၉၉ သံချပ်ထဲက အပိုင်းအစတချို့ လေးပါ....

ငါနှင့်ငါသာ နှိုင်းစရာ
ငါသာ ငါထက်
မာန်မတက်နဲ့
ငါမှ တပါး အခြားသူငှာ
ကြည်သာစေကြောင်း
တောင်းတဲ့ဆုတောင်း ပြည့်စေကြောင်းဗျို့ ....။
တောင်းတဲ့ဆုတောင်း ပြည့်စေကြောင်းဗျို့ .....။

သင်္ကြန်နီးပါပြီ...။ လူ့ဘောင်သစ်ရဲ့ သံချပ်လေးထွက်ရင် သိပ်ကောင်းမှာ...။

2/15/10

မယားငယ်ထားတဲ့ပြသနာ.....

တချို့ မြန်မာတွေတစ်လင်တစ်မယားစနစ်ကို ကြိုက်တယ်။ တချို့ တွေက Multi ကိုလက်ခံတယ်။ လက်ခံတဲ့သူတွေကတော့ ယောကျာ်းတွေဖြစ်တယ်။ မိန်းမတွေက ယောက်ျားငုတ်တုတ်နဲ့ လင်အများကြီးမယူကြဘူး။ ယောကျာ်းတွေကသာ မိန်းမအများကြီးယူကြတယ်။ မယားကြီး၊ မယားငယ်၊ မယားထွေး။

ဒီလိုယူတဲ့လင်တွေဟာ ဆင်းရဲတဲ့ယောက်ျားတွေမဟုတ်ကြဘူး။ ငွေကြေးအနည်းအကျင်းရှိသူ (သို့) များများရှိသူ တွေဖြစ်တယ်။ ဆင်းရတဲ့လူတွေ...ဒါမျိုးမလုပ်နိုင်ဘူး...ဘာ့ကြောင့်လဲဆိုတော့ သူတို့ကဗိုက်ပြည့်ဖို့ကို ဦးစားပေးရုန်းနေရလို့ပဲ။ မယားအများကြီးယူလို့...သူ့ကိုပြောတဲ့.. ဝေါဟာရက သူတောင်းစားထမင်းဝရင် -ီးတောင်တယ်လို့ပြောတာဘဲ။ ဟဲ..အဆီအနှစ်များများစားတော့ အားတွေပိုနေတဲ့သဘောပါ။

မယားအများကြီးယူတာ (သို့) အငယ်အနှောင်းထားတာ...ဖာချတာ...ဒါတွေကို ယောက်ျားတွေ မိန်းမရှိရက်သားနဲ့ လုပ်ကြတယ်။ ဒီလိုအခြေအနေကို ပတ်ဝန်းကျင်နဲ့...ကျနော်တို့ယဉ်ကျေးမှုက ဖောက်ပြန်တယ်၊ သစ္စာမရှိဘူး၊ နှာဘူး၊ စောက်ရှုး စသဖြင့် တံဆိပ်အမျိုးမျိုးကပ်တယ်။

ဒီနေရာမှာ ဆွေးနွေးစရာရှိတာက သဘာဝ Natural ဆိုတဲ့စကားလုံးပါပဲ။ သဘာဝအတိုင်းဖြစ်ပျက်လာတဲ့ အခြေအနေကို လူတွေက သဘာဝအတိုင်းတုန့်ပြန်မှုပြုတယ်။ ဥပမာ နေ့တိုင်းအမဲသားစားတော့ ကြာရင် ငြီးငွေ့တာပါပဲ။ ဘယ်သူမှ နေ့တိုင်းဒါကြီးပဲ မစားချင်ကြဘူး။ အတင်းအဓမ္မနေ့တိုင်းစားပါလို့ ပတ်ဝန်းကျင်၊ စည်းကမ်း၊ လူ့ထုံးစံအစဉ်အလာတွေက ပြောလာတော့ နေ့တိုင်းစားမိပါတယ်။ ဒီလိုမျိုးဖြစ်လာတော့ ယောက်ျားတစ်ယောက်ဟာ ထွက်ပေါက် (သို့) ဘ၀ကိုငြီးငွေ့လာတာပေါ့။ သူ့ဦးနှောက်လည်း Fresh မဖြစ်ဘူး။ Freeze ဖြစ်တာများတော့ အိုင်ဒီယာအသစ်၊ အတွေးအခေါ်သစ်တွေမထွက်နိုင်ပဲ....စီးပွားရေး၊ လူမှုရေး၊ ပညာရေးစတဲ့နေရာတွေမှာ လုံးဝချို့ ယွင်းသွားတက်ပါတယ်။

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုကြည့်ပါ ...အနည်းဆုံး မိန်းမ သုံးလေးယောက်ကို တပြိုင် တည်းယူပါတယ်။ ဆိုလိုချက်က မိန်းမများများယူမှ၊ တပြိုင်တည်းသုံးလေးယောက်ထားနိုင်မှ အောင်မြင်တယ်လို့ပြောနေတာမဟုတ်ပါဘူး။ သဘာဝတရားကို နားလည်တက်ဖို့ပါ။ ဒါတွေဟာ အပြစ်မဟုတ်ပါဘူး။ အဓိကအပြစ်က ရောဂါတွေရမှာ၊ ကိုယ့်အိမ်ထောင်ကို ထမင်းဝအောင်မကျွေးနိုင်တာ၊ ကိုယ့်မိန်းမကို ပျော်အောင်မထားနိုင်တွေက အပြစ်တွေပဲဖြစ်တယ်။ ကိုယ့်သားသမီးတွေကို ငတ်အောင် မလုပ်ဖို့၊ စိတ်မညစ်စေဖို့ပါ။

မြန်မာ့သမိုင်းက ရှင်ဘုရင်တွေကိုကြည့်ပါ။ မိဘုရားအနည်းဆုံးနှစ်ယောက်တော့ရှိတယ်။ ဒါ့အပြင် ကိုယ်လုပ် တော်ဆိုတာတွေလည်း တပုံကြီးပါ။ ဘုရင်ကို တိုင်းသူပြည်သား၊ မှုးမတ်တွေက စောက်ရှုး၊ နှာဘူး၊ မိန်းမအများကြီးယူတဲ့ကောင်လို့ပြောလို့လား။ ကဲ့ရဲ့ တာလည်းမတွေ့ဘူး။ဒီအကြောင်းကို စာတွေထဲမှာလည်းမဖတ်ဘူးပါဘူး။ မိဖုရားကြီးကလည်း သူ့ရာထူးကို သူကျေနပ်တယ်။ သူ့အလှည်ကျရင် သူခံတာပဲ။ မခံရလည်း သ၀န်မတိုဘူး။ ဒီလိုမျိုးနားလည်မှုရှိတော့ ဘုရင်လည်းပျော်တယ်၊ မိဘုရားလည်းပျော်ပါတယ်။ ကိုယ်လုပ်တော်လည်းပျော် ပါတယ်။ အားလုံးပျော်ကြတယ်။

ထို့ကြောင့် မိန်းမရှိရက်နဲ့တခြားမိန်းမနဲ့ အိပ်တာ၊ ယူတာတွေကို ဖောက်ပြန်တယ်၊ သစ္စာမရှိဘူးဆိုတာတွေဟာ စဉ်စားစရာပါ။ မြန်မာတွေ နားလည်နိုင်ပါစေ။ အထူးသဖြင့် မြန်မာမိန်းခလေးတွေ မိမိယောက်ျားတွေကို ပိုမိုနားလည်နိုင်ပါစေ။

ကျနော်ပြောနေတာက မိန်းမရှိရက်နဲ့ နောက်မိန်းမယူဖို့...မယားငယ်ထားဖို့ကို ထောက်ခံပြီးပြောနေတာမဟုတ်ပါဘူး။ အဓိက ဆိုလိုချက်က...တခါတလေ ယောကျာ်းတွေတခြားမိန်းမနဲ့ဖောက်ပြန်တယ်။ မှားကြတယ်။ ပေါက်ကရလုပ်ကြတယ်။ သူတို့စိတ်ထင်တာကို လုပ်ကြတယ်။ မှုးရင်ပိုဆိုးတယ်။ ဒီလိုတခါတလေမှားတာကို မိန်းမတွေက တခါတလေ နားလည်မှုမရှိတဲ့အခါမှာ အိမ်ထောင်ရေးပြိုကွဲရော..။ ခလေးတွေ ဘယ်သူ့ကိုအဖေခေါ်ရမှန်းမသိတော့ဘူး။ သြစီမှာတွေ့နေရလို့ပြောတာ။ အမေရိကမှာတွေ့နေရလို့ပြောတ။ နော်ဝေ၊ ထိုင်း၊ မြန်မာပြည် အားလုံးမှာ အဲလိုမျိုးအခြေအနေဖြစ်နေတယ်။ တခါတလေမှားတက်တယ်။ ဒါကို နားလည်မှုယူပေးချင်တာပါ။ မယူရင် လူကြီးက ဘာမှမဖြစ်ဘူး။ ခလေးတွေ ဒုက္ခအရမ်းရောက်ရတယ်။ နားလည်မှုယူတာ ဘာများပင်ပန်းလဲဗျာ..။ အားလုံးလန်းနိုင်ကြပါစေ.....။

မှတ်ချက်။     ။ ကိုမောင်မောင်ဦးပြောလို့ နောက်ဆုံးအပိုဒ်ကို ရေးပါသည်။

မှတ်ချက်။ သတ်ပုံပြင်ပေးတဲ့ ကိုသိချင်သူကို အထူးကျေးဇူးတင်ကြောင်း...။

2/13/10

သူပုန် ဘ၀ (အပိုင်း-၆)

ရှေ့ တန်းမှာ စစ်ကြောင်းလျှောက်ရင် ပြောစရာတွေတပုံကြီးရှိတယ်။ စစ်ကြောင်းလျှောက်တာဘာလုပ်ဖို့လဲ။ စစ်ကြောင်းလျှောက်ရင်း ဘယ်သူထမင်းကြွေးလဲဆိုတဲ့မေးခွန်းတွေဖြစ်တယ်။

စစ်ကြောင်းက တရွာဝင်တရွာထွက်သွားရတယ်။ ရန်သူသတင်းကြားရင် ချောင်းပစ်တယ်။ ပြီးရင်တော့ အသားကုန်ပြေးတယ်။ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲ။ စစ်ကြောင်းကလည်း အဖွဲ့ပေါင်းစုံဆိုတော့ နအဖ စစ်ကြောင်းတွေလို အမိန့်နာခံမှုအားနည်းတယ်။ စည်းကမ်းက ဗြဲလရမ်းပဲ။ ကိုယ့်အဖွဲ့နဲ့ ကိုယ်ထိန်း ပဲလေ။

ရွာရောက်ရင် ရွာသားတွေကိုတရားဟောတယ်။ ခေါင်းဆောင်တွေကနေဟောတာ။ စစ်အာဏာရှင် စနစ်ကမကောင်းဘူးပေါ့...ဘာညာ..စသဖြင့် အသားကုန်လိမ့်ပွားတယ်။ နားထောင်တဲ့ရွာသားတွေက ကရင်၊ မွန်၊ ဗမာ ကျောင်းတောင်ကောင်းကောင်းမနေဘူးတဲ့လူတွေများတော့ စိတ်ဝင်စားလား၊ မ၀င်စားလားတော့မသိဘူး။

ရွာရဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ရွာသားတွေကို စုဝေးစေတယ်။ ပြီးရင် တဖွဲ့တစ်ယောက်က ခေါင်းဆောင်တွေ အသားကုန်ပွားပြီ။ ကျနော်ကတော့ ရဲဘော်လေ။ ဆိုတော့ ထုံးစံအတိုင်း ကင်းစောင့်ပေးတယ်၊ ထမင်းအိုးထမ်းတယ်၊ ထမင်းချက်တယ်။ အရက်ဘယ်နားမှာ ရနိုင်လဲ၊ ခွေးသား ဘယ်နားမှာရနိုင်လဲဆိုတာ ကိုစုံစမ်းတယ်။ အသားငါးပြတ်တော့ ခွေးသားကို အသားကုန်ဝါးတယ်။

ရွာရောက်ရင် ရွာက ရွာသားတွေဆီကနေ ခွေး လိုက်တောင်းတယ်။ ရရင် AK 47 နဲ့ အားရပါးရ ပစ်တယ်။ သေရင် ၀ါသနာတူတဲ့လူတွေစုပြီး ပေါ်တယ်။ စားတယ်။ အရက်နဲ့မြည်းတယ်။ တခါတလေ တချို့  ရွာတွေကခွေးတွေဆိုရင် ကျနော်တို့အဖွဲ့လာရင် အသားကုန်ဟောင်ပြီ....။ သူတို့လည်းသိတယ်ထင်တယ်။ ဒီကောင်လာရင် ငါတော့....အသက်နဲ့ဖတ် ထုတ်ထားရပြီဆိုတာ။

စားစရာ..ဆန်ကုန်ပြီဆိုရင်... ရွာကနေကေအန်ယူက တောင်းပေးတယ်။ ကေအန်ယူကလည်း တချက် ခုတ်နှစ်ချက်ပြတ်... အလုပ်ရှိတယ်။ စစ်ကြောင်းသွားရင်းနဲ့ ....အခွန်ကောက်တယ်။ ကွမ်းသီးခြံ၊ ရာဘာခြံ တွေကနေ တနှစ်ကို ဘယ်လောက်.... ကေအန်ယူကို အခွန်ပေးရတယ်။ ဒါမှ သူတို့ဝင်ငွေရတာမဟုတ်လား။ ကျနော်တို့ ကျောင်းသားသူပုန်ကတော့ အခွန်ဆိုလို့ နို့ဆီဗူးအခွန်တောင်မရှိတဲ့ ဘ၀လေ။

ရတဲ့ဆန်ကိုတခါတလေ တချို့ ရွာသားတွေက အရမ်းဆင်းရဲတော့ သူတို့ကိုပြန်လှူခဲ့ရတယ်။ ကျနော်က လှူတာကိုအရမ်းဝါသနာပါတယ်။ ဆန်ကြိုးကို ထမ်းရတာအရမ်းလေးတယ်။ ဆန်တပြည်လောက်တခါတလေ အကြာကြီးထမ်းရတာဆိုတော့ ကြာရင် လုံးဝမခံနိုင်ဘူး။ ပုခုံးတွေနာတယ်။ ရွာမှာအရမ်းငတ်တဲ့ လူတွေ တွေ့ရင် ကိုယ်လည်းသက်သာအောင် အကုန်လုံးလှူလိုက်လို့ ကျနော့်ရဲ့ တပ်မှုးကြီး ကိုမောင်မောင်ဦး ဆဲတာခဏခဏ ခံရတယ်။ သူက...ငါတို့ ငတ်လိမ့်မယ်ပေါ့။ ဒါလည်းမမှတ်ဘူး။ လှူလိုက်ရင် အထမ်းပေါ့တယ်ဆိုတော့။

တခါက ရန်သူစစ်ကြောင်းနဲ့ ကျနော်တို့စစ်ကြောင်း ထိပ်တိုက်တွေ့တယ်။ သူတို့အ၀င် ကျနော်တို့ကအထွက်။ ကျနော်တို့စစ်ကြောင်းရဲ့ ရှေ့ ဆုံးက ပွိုင့်က ရန်သူကို အရင်တွေ့တယ်။ သူက ပစ်တယ်။ စောက်တလွဲ။ ထိလည်းမထိဘူး။ ဟိုကလည်း ပြန်ပစ်ပေါ့။

ဒီလိုတိုက်ပွဲတွေဆူညံနေတဲ့အချိန်မှာ ကျနော်တို့ လူ့ဘောင်သစ်က အဖွဲ့ထမင်းစားဖို့ လက်ဘက်သုတ် သုတ်နေတဲ့အချိန်။ ကျနော်က ကျနော့်ရဲ့ ဓားကြီးကို ထုတ်ပြီးအားရပါးရ ကြတ်သွန်လှီးနေတယ်။ တိုက်ပွဲဖြစ်သံလည်း ကြားရော...လုံးဝ ရင်ထဲမှာ တထိတ်ထိတ်၊ ကြောက်ချီးပန်းပြီလေ။ ဒီမှာတင်လက်မှာ ကိုင်ထားတဲ့ဓားကို ဓားအိမ်ထဲထည့်တာ ငါးခါလောက် ထည့်ယူရတယ်။ လက်တုန်နေလို့။ တခါမှ တိုက်ပွဲဖြစ်တာ မတွေ့ဘူး၊ မကြားဘူး။ 

သူပုန်လုပ်တော့လည်း စစ်သင်တန်းလည်းမတက်ဘူး။ သေနတ်လည်းမပစ်တက်ဘူး။ AK 47 ပစ်နည်းကို တပ်မှုးကြီးက ငါးမိနစ်အတွင်း သင်ပေးထားတာပဲရှိတယ်။ ကျည်ဆံကလည်း ၂၅ တောင့်ရှိတယ်။ သေနတ်ကလည်း တချက်ပစ်ရင် တတောင့်ပဲထွက်တယ်။ အဲလောက်ကောင်းတဲ့သေနတ်။ ဒီလိုသေနတ်ကြီးကိုလွယ်...စစ်တိုက်တဲ့အခါတော့ ချီးပန်းပြီ။ ဟိုပုန်းဒီပုန်း၊ ဘယ်မှာလဲ ရန်သူ...တပ်မှုးကြီး နှစ်ယောက်ကိုမေးယူရတယ်။ ရန်သူလည်မတွေ့ဘူး။ ရွာထဲမှာတင် ပြေးဖို့စလုပ်နေပြီ။ တိုက်ပွဲတောင် မဖြစ်ရသေးဘူး။ ၉-လေးလုံးမှာ ချဖို့သွားတဲ့ကျနော်...၉-လေးလုံးမှာ တိုက်ပွဲဖြစ်တော့ အသားကုန်တုန်နေပြီ။ ဒီလိုမျိုးသတ္တိရှိတာ။

မိုးရွာထဲမှာ ကျနော်တို့အဖွဲ့ ဗြဲလရမ်းပြေးကြတယ်။ တစ်ယောက်တကွဲနဲ့။ တော်တော် စစ်ရေးမှာတော်တဲ့ သူပုန်တွေပါဗျာ....။ လူပြန်စုံရင်တော့ တစ်ယောက်တစ်ပေါက်ပြောကြရင်း အသားကုန်ရီကြတယ်။ တိုက်ပွဲဖြစ်တုံးကတော့ အရမ်းလန့်တယ်။ ဖြစ်ပြီးရင်တော့ ပြောပြောပီးရီရတာအမော။ တခါတလေ ရန်သူရဲ့  လက်နက်ကြီးအစအနက သူငယ်ချင်းဖင်ကိုမှန်တယ်။ သူ့ခဗျာ သေတော့မဲ့အတိုင်း အသံဗြဲလရန်းနဲ့ အော်တယ်...ငိုတယ်...။ ငါ...သေတော့မယ်ပေါ့။ ဒီလိုမျိုးလဲရှိတယ်။

ဆက်ရန်....။



2/10/10

ရဲတပ်ဖွဲ့က ဝိုင်းရိုက်၍ ဒေသခံရွာသားတဦး သေဆုံး

ရဲတပ်ဖွဲ့က ဝိုင်းရိုက်၍ ဒေသခံရွာသားတဦး သေဆုံး
ဝီရ/ ၁၀ ဖေဖော်ဝါရီ ၂ဝ၁ဝ
line


ကျေးရွာဆယ်အိမ်ခေါင်းတဦးနှင့် အချင်းများရာမှ ရဲတပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်သည့် ဒဏ်ရာဖြင့် ဒေသခံလူငယ်တဦး မော်လမြိုင်ဆေးရုံကြီးတွင် သေဆုံးသွားကြောင်း သေဆုံးသူ၏ မိခင်ဖြစ်သူက ပြောကြားသည်။

မိခင်ဖြစ်သူ ဒေါ်ကြည်ရှိန်က “(၃၁) ရက်နေ့ညက ရိုးဂိုး ရဲစခန်းမှူး အုန်းမြင့်နဲ့အဖွဲ့ (၃) ယောက်က လာဖမ်းသွားတယ်။ အဲဒီညက သူ့မှာ ဘာအပြစ်ရှိလို့ ဖမ်းတာလဲ မေးတော့ လမ်းမှာကတည်းက ရိုက်သွားတာ။ နောက်နေ့ ဆေးရုံရောက်တော့ မျက်နှာနဲ့ ခန္ဓာကိုယ်တခုလုံး မဲတူးနေတာပဲ။ အဲဒီနေ့မှာ ကျမကို သားပြောပြတာက ညက ရဲ အယောက် (၂၀) တောင် သူ့ကို ဝိုင်းရိုက်တာတဲ့။ ဒါနဲ့ပဲ သားက ဆုံးသွားရှာတယ်” ဟု ပြောဆိုသည်။

သေဆုံးသူသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာသား အသက် (၂၈)နှစ်၊ ကိုပြည့်စုံဖြစ်ပြီး ဇန်နဝါရီ (၃၁) ရက် ညနေပိုင်းက ကျေးရွာ ဆယ်အိမ်ခေါင်း ဦးလှိုင်နှင့် စကားများကြရာမှ ဦးလှိုင်က ရိုးဂိုး ရဲစခန်းကို ဆက်သွယ်ကာ ဖမ်းဆီးစေခဲ့ပြီးနောက် ယင်းကဲ့သို့ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ဖေဖော်ဝါရီ (၉) ရက် ယမန်နေ့က သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မိခင်ဖြစ်သူက ရှင်းပြသည်။

သို့သော် မှုခင်းဆရာဝန်ကမူ ကိုပြည့်စုံ၏ သေဆုံးမှုသည် ရဲရိုက်နှက်ခြင်းကြောင့် မဟုတ်ဘဲ ရောဂါဖြင့် သေဆုံးသွားသည်ဟု ဆေးလက်မှတ်တွင် ရေးသားထားကြောင်း သိရသည်။

ဒေါ်ကြည်ရှိန်က “ရိုးရိုးရောဂါနဲ့ သားက သေတာမှ မဟုတ်ဘဲ။ ရိုက်ထားတဲ့ဒဏ်ရာနဲ့ ဝမ်း၊ ဆီး မသွားဘဲ အသက်ရှူကြပ်နေလို့ အော်နေရတာ။ ဆေးရုံတင်ပြီး (၈) ရက်မြောက်နေ့ မနက် (၅) နာရီခွဲမှာ ဆုံးသွားတာ။ ကျမသားက အဲဒီရိုက်ထားတဲ့ဒဏ်ရာနဲ့ ဆုံးသွားတာဖြစ်တယ်” ဟု ပြောကြားသည်။

ယင်းကဲ့သို့ ဒဏ်ရာများရရှိနေသည့် ကိုပြည့်စုံကို ဆေးရုံတင်ရမည်ဖြစ်ကြောင်း ဇန်နဝါရီ (၃၁) ရက်နေ့ ညသန်းခေါင် (၃) နာရီခန့် တွင် ရိုးဂိုးရဲစခန်းမှ မြင့်နိုင်ဆိုသူက နေအိမ်သို့ လာရောက်အကြောင်းကြားခဲ့သည်ဟု သိရသည်။

သေဆုံးသူ ကိုပြည့်စုံ၏ ဈာပနကို ယမန်နေ့ ညနေပိုင်းတွင် ရိုးဂိုးကျေးရွာ သုသာန်တွင် ပြုလုပ်ခဲ့သည်။ ကိုပြည့်စုံ၏ ဇနီးသည် မမိုးနှင့်အတူ (၆) လအရွယ် သားကလေးတဦး ကျန်ရစ်သည်။

အရမ်းငတ်ရင် သတ်တော့မှာ....


ငတ်နေပြီ...ငတ်နေပြီ...အားလုံးငတ်နေပြီ...။
ဘယ်သူမှတော့ အငတ်ခံပြီး အသေမခံဘူး။ စစ်သားတွေလည်းငတ်ကုန်ပြီ။ 
အရပ်သားတွေလည်းငတ်ကုန်ပြီ။
လှိုင်သာယာက ဆန္ဒပြအလုပ်သမားတွေကို ထောက်ခံကြစို့။
အရမ်းငတ်နေတဲ့အခါမှာ ပြန်ချဖို့လုပ်တော့မယ်။
စစ်အာဏာရှင်တွေအတွက် ပြေးစရာမြေ မရှိစေရဘူး။

2/9/10

အခြေခံဥပဒေကိုဆန့်ကျင်စို့....

Credit to Ko Aung Myat Soe

2010 Pamphlet 02

သြော်...မိန်းမ

ဘ၀မှာ တခါမှ အဆင်ပြေတာမရှိခဲ့ဘူး။ အမြဲတမ်းအဖုအထစ်၊ အခက်အခဲတွေနဲ့ကြုံတွေ့ပြီးမှ ပန်းတိုင်ကိုရောက်တယ်။ မိန်းမရတော့လဲ မိန်းမတစ်ယောက်ရဖို့အတွက် ဓားတောင်ကိုကျော်ပြီး၊ မီးပင်လယ်ကြီးတော့ မဖြတ်ခဲ့ရပါဘူး။ ဒါပေမဲ့မွန်ပြည်နယ်က တောင်ကြီးတခုတော့ ကျော်တက်ခဲ့ရတယ်။ ဒီအကြောင်းကိုရေးဖို့ နော်ဝေက မွန်အမျိုးကြီး ကိုအောင်ထူးက ဓာတ်သိခြင်းမို့အကြံပေးလာတယ်။ ကျနော်ကလည်းလိုလိုချင်ချင် သူပြောတာကိုလက်ခံခဲ့ရင်း ဒီနေ့မှရေးဖြစ်တယ်။ ရေးနေတဲ့အချိန်မှာ မိန်းမမရှိဘူး။ သူမရှိဘူးတုံးခိုးရေးပါတယ်။

ဓားတောင်ကိုကျော်၊ မီးပင်လယ်ကြီးကိုမဖြတ်ခဲ့ပါဘူး။

မိန်းမက မွန်လူမျိုး။ တွေ့တဲ့နေရာက ဘုရားသုံးဆူနယ်စပ်က စံခလပူရီမြို့ လေးတခုမှာ။ တောင်ပေါ်မြို့ လေးတခုပါ။ မွန်တွေအများစု နေကြတယ်။ ကျနော်တို့အဖွဲ့က အဲဒိမှာအခြေစိုက်တယ်။ အသက်က ၂၂-နှစ်အရွယ်။ ရည်းစားက အသက်က ၂၅-နှစ်။ တခါမှ ရည်စားဆိုတာမှုးလို့ ရှုစရာတောင်မရှိတဲ့ဘ၀မှာ ကံကောင်းစွာနဲ့ ရည်စားတစ်ယောက်ရတယ်။ ABSDF တပ်ရင်း (၁) ရဲ့ ရင်းမှုးကြီး ကိုတင်စိုးနောင်ရဲ့ ချစ်ဇနီးမှာညီမနှစ်ယောက်ရှိတယ်။ အငယ်ဆုံးက ကျနော့်ရဲ့ ချစ်သူရည်စားပါ။ ABSDF ရုံးခဏခဏလာလည်တဲ့ ကျနော့်ရည်စား။ ဒီလောက် ABSDF ရုံးမှာ လူပျိုတွေတပုံကြီးရှိပါရဲ့ နဲ့ လူ့ဘောင်သစ်ရုံးက ကျနော်နဲ့ နောက်ကြောင်းပါတယ်။

ရည်စားဘ၀မှာ သမီးရှင်တွေရဲ့ ထုံးစံအတိုင်း ငွေရှိလား၊ အိမ်ရှိလား၊ အလုပ်ကောင်းလား၊ အရင်မိန်းမရှိလား၊ ပညာတက်လား၊ နောက်ကြောင်းရှင်းရဲ့ လားဆိုတဲ့မေးခွန်းတွေကို သမီးရှင်တွေရင်ထဲမှာရှိတယ်။ ဒါတွေအားလုံးကျနော့်မှာရှိလား ဆိုတော့ တခုမှမရှိဘူး။ ရှိတာက အ၀တ်အစားအစုတ် သုံးလေးထည်ကို ကျွတ်ကျွတ်အိပ်ထဲမှာထည့်ထားတော့ရှိတယ်။

ရည်စားဖြစ်ဖို့အတွက် အောင်သွယ်တော်တွေတော့ရှိတယ်။ အဓိက ရဲဘော်ကြီးကိုသိန်းလွင်ရဲ့ ဇနီး မအေးက ပင်တိုင်ပါပဲ။ ခိုးပြေးဖို့လည်းသူတို့ပဲအဓိက။ ကျနော့်အထက်လူကြီးဖြစ်တဲ့ ကိုအောင်ကျော်စိုးကတော့ လုံးဝသဘောမတူဘူး။ ငယ်သေးတယ်။ မလုပ်နဲ့အုံးပေါ့။ မွှန်နေတဲ့အချိန်ဆိုတော့လုံးဝနားမထောင်ပါဘူး။ ခိုးပြေးတယ်။ မြို့ က နှာခေါင်းပေါက်လောက်ရှိတဲ့မြို့ မှာ ဘယ်ကိုခိုးပြေးလဲထင်တယ်။

ခိုးပြေးရန်ဗျူဟာ

ဒီအချိန်မှာ ဆလိုင်ကိုကိုဦးက အမေရိကကနေလာပြီး ရှာပုံတော်မင်းသားကြီးလုပ်နေတဲ့အချိန်လေ။ သူခရီးထွက်တဲ့အချိန်မှာ ကိုသိန်းလွင်ကို အခန်းသော့ပေးထားခဲ့တယ်။ သူ့အခန်းကို ခိုးလာခဲ့ပေါ့။ ရုံးနဲ့ သူ့အခန်းက ၁၀ မိနစ်လောက်လမ်းလျှောက်ရတယ်။

အချိန်းအချက်လုပ်ပြီးတဲ့အချိန်မှာ ခိုးပြေးဖို့အတွက် ဘယ်လိုခိုးပြေးရင်ကောင်းမလဲပေါ့။ လျှို့ ဝှက်စည်းဝေးတယ်။ ကိုအောင်ကျော်စိုးမသိအောင်။ ကိုဝဏ (အမေရိက)၊ ကိုငယ်ထွေး (အမေရိက) နဲ့ ကိုသိန်းလွင် (Australia) တို့က ကျနော့်ဘက်က Supporter တွေ။ သူတို့ နဲ့ ကိုအောင်ကျော်စိုးက တဇောင်းစေးနဲ့မျက်ချေးလေ။ ကျနော်နဲ့ကိုအောင်ကျော်စိုးက ဆရာနဲ့တပည့်လို၊ ပြောမနာဆိုမနာနေတယ်။ ခင်ထွေးရီ (အမေရိက)၊ မဌေးမွန် (နော်ဝေ) တို့ကလည်း Silence Supporters တွေ။ ဘာမှ ၀င်ပြီးမစွတ်ဘက်ဘူး။ ကျနော်ရဲ့  Role Model ဖြစ်တဲ့ ဦးမင်းကြည်ကတော့ ကျနော်တို့သတင်းကိုနားထောင်ရုံကလွဲလို့ ဘာမှဝင်မစွတ်ဘူး။ စာအုပ်ပုံတွေကြားထဲမှာ ကြမ်းပိုးရှာတဲ့အလုပ်ပဲလုပ်တယ်။

ရဲဘော်ကြီးကိုဝဏက စစ်တိုက်လာတာ အံတိုနေပြီဆိုတော့ အရှောင်အကွင်းကိုလုံးဝသိတယ်။ တပ်မှုးကြီး ရဲဘော်သိန်းလွင်က ဗျူဟာမှုးလုပ်တယ်။ ရဲဘော်ငယ်ထွေးဆက်သားလုပ်တယ်။ ထမင်းပို့ဖို့။ ဗျူဟာမှုးအမိန့်ပေးတော့ ရဲဘော်ကြီးကိုဝဏနဲ့ကျနော် မိုးလေတဖွဲဖွဲရွာနေတဲ့အချိန်မှာ ရုပ်ဖျက်လှုပ်ရှားမှုနဲ့ ရန်သူ့အိမ်တော့မဟုတ်ဘူး၊ ကိုတင်စိုးနောင်အိမ်နားကို ကပ်သွားတယ်။ လှုပ်ရှားမှုကို သုံးသပ်တယ်။ ၀င်ထွက်အပေါက်ကို အသေးစိတ်မှတ်တမ်းတင်တယ်။

အချက်အလက်ရပြီဆိုတော့.. ကိုဝဏက မင်းသွားလို့ရပြီဆိုပြီး... ကျနော်ကို ဆလိုင်ကိုကိုဦးရဲ့ အခန်းထဲကို တိတဆိတ်ဝင်ပုန်းခိုင်းတယ်။ ဘေးကအခန်းရှင်တွေအားလုံးကလည်း တစ်ယောက်နဲ့တစ်ယောက်သိတော့ သူတို့နဲ့လည်း မတွေ့ရဲဘူး။ ကျနော့်ကိစ္စပြီးတော့ ကိုဝဏက ကျနော့်ရည်းစားရှိတဲ့နေရာကို တိတ်တဆိတ်ဝင်ရောက်တယ်။ ရည်စားက အိမ်နောက်ဘေးအပေါက်ကနေ ကိုဝဏရှိတဲ့ ငပျောပင်တွေကြားထဲကနေတဆင့်ဆိုင်ကယ်ပေါ်တက်တယ်။ တက်တက်ခြင်း ကိုဝဏက သူ့မှာပါတဲ့ မိုးကာအင်္ကျီနဲ့ကျနော့်ရည်စားကိုခြုံလိုက်တော့ တခါတည်းရုပ်ဖျက်ပြီးသား။ မျက်နှာတောင်မမြင်ရဘူး။ သုံးမိနစ်လောက်ဆိုင်ကယ် မောင်းလိုက်တာနဲ့ကျနော့်အခန်းထဲကိုရောက်လေသတည်း။

ဒီမှာတင် ရည်စားရဲ့ အမေတွေ၊ အမတွေ ယန်းပုံမီးကျဖြစ်ပီ။ ဒီကောင် ဘုန်းကျော်ခိုးပြီဆိုတာကို လုံးဝသိတယ်။ ရုံးကိုလာတယ်။ ရုံးပေါ်တက်ပြီးတခန်းဝင်တခန်းထွက်ရှာကြဖွေကြ။ ဘာရမလဲ ကျနော်တို့ဆီကလူတွေကလည်း လုံးဝမပြောဘူး။ မသိဘူးဆိုတာချည်းပဲ။ ဒီလိုမျိုးကျေးဇူးရှိတယ်။

ဆလိုင်းကိုကိုဦးအခန်းထဲမှာ နှစ်ရက်လောက်နေတယ်။ နေတဲ့အချိန်မှာထမင်းပို့ဟင်းပို့ကို ကိုငယ်ထွေး၊ ကိုသိန်းလွင်၊ ကိုဝဏ ခိုးခိုးပြီးပို့ပေးတယ်။ နောက်ကြောင်းအခြေအနေသတင်းပို့တယ်။ အပြင်မထွက်ရဲဘူး။

အားလုံးအေးချမ်းပြီဆိုတော့ အပြင်ထွက်တယ်။ ရုံးပြန်တယ်။ သူတို့သမီးကို အမေအဖေတို့ဆီပြန်အပ်ပေါ့။ ကျနော်ကလည်း ခလေးစိတ်ကမကုန်သေးတော့ မျက်နှာဘယ်လိုထားရမှန်းမသိ။ ခင်ထွေးရီက ပြုံးစိစိနဲ့လှောင်တယ်။ မနီ(နော်ဝေ) ကဆုံးမတယ်။ မိန်းမရပြီဆိုတော့ အရင်တုံးကအတိုင်းမနေနဲ့ပေါ့။ ညနက်သန်းကောင် သူများအိမ်မှာ မှုးပြီးအိပ်မနေနဲ့..ဘာညာ။

ရုံးကိုပြန်ရောက်တဲ့အချိန်မှာ လူတွေကလည်းနည်းတာမဟုတ်ဘူး။ စပ်စုတဲ့လူတွေ၊ အားပေးတဲ့လူတွေ၊ နောက်တဲ့လူတွေ တအားများတယ်။

လက်မှတ်ထိုးတဲ့နေ့ရောက်တော့ ပါတီရဲ့ လက်တာဟတ်နဲ့ကျနော့် ဆရာကိုအောင်ကျော်စိုး အလှုပ်ရှုပ်ပီ။ သဘောမတူဘူးလို့လည်း သူပြောမရတော့ဘူး။ သူကလည်းမာနနဲ့။ တဘက်က ရုံးပေါ်တက်ပြီးစော်ကားတယ်ပေါ့။ မရှိဆင်းရဲသားဆိုပြီ နှိမ်တယ်ပေါ့။ ဒါမျိုးကို ငါတို့ကိုလုပ်လို့မရဘူးကွ၊ တော်လှန်ရေးသမားတွေ၊ ဘာညာနဲ့ လက်မှတ်ထိုးမဲ့ပွဲကိုဖြစ်အောင်လုပ်တယ်။ လက်မှတ်ထိုးပြီးရင် မင်္ဂလာဆောင်ကို ကြီးကြီးကျယ်ကျယ်လုပ်မယ်ဆိုပီး ကျုံးဝါးထားတယ်။ လက်မှတ်ထိုးပြီးရင် ကျနော်တို့ပိုင်ပြီပေါ့ဗျာ။ ဘာရမလဲ တစ်ဘက်က ဒေသခံလေ။ လမ်းကြောင်းအမျိုးအမျိုးရှိတာကို ကျနော်တို့လုံးဝမသိဘူး။ ကိုအောင်ကျော်စိုးရဲ့ ကြီးကြီးကျယ်ကျယ်မင်္ဂလာပွဲဖြစ်လား၊ မဖြစ်လားဆိုတာ အောက်မှာဖတ်ကြည့်ပါ။

ငါပိုင်ပြီ

ကိုအောင်ကျော်စိုး၊ ကိုရွှေသွေး၊ ဦးကျော်ထက်၊ ဆလိုင်းကိုကိုဦး၊ ကိုထူးချစ်၊ ကျနော်၊ မိန်းမမိဘတွေ လက်မှတ်ထိုးကြပီ။ အိပ်ယာပေါ်မှာလဲနေတဲ့ ကိုနောင် ဘာအသံမှ မထွက်နိုင်ဘူး။ သူလည်းထိုးရှာပါတယ်။ လက်ဘရည် နဲ့ မုန့်စားပီးတော့ ကျနော့်ရဲ့ တရားဝင်မိန်းမဖြစ်သွားပီ။ ထိုးပြီး ရုံးပြန်လာ နေစရာအခန်းပေးတယ်။ ကိုအောင်ကျော်စိုး၊ မဌေးမွန်( နော်ဝေ) တို့က သူတို့နေတဲ့အခန်းကနေရွှေ့ ပေးပြီး၊ ကျနော်တို့အတွက် အနစ်နာခံပေးရှာတယ်။ ကျနော်ကတော့ စိတ်ချမ်းသာပါတယ်။ ရည်မှန်းချက်ပြည့်ပီလေ။ အိမ်ထောင်တခုဖြစ်ပီဆိုတော့ ဘယ်လိုဆက်လက်နေထိုင်ရမယ်ဆိုကို ကြိုင်တင်စီမံကိန်းချပီးသား၊ တောင်တွေမျှောက်တွေးနဲ့ပေါ့။

ငါရှုံးပြန်ပီ

ကံကြမ္မာက တမျိုးပြောင်းသွားတယ်။ တစ်ဘက် လျှို့ ဝှက်စီမံကိန်းရှိလာတာကို သူပုန်တွေလုံးဝခံလိုက်ရတယ်။ သူတို့ ကျနော့်မိန်းမကို မလိမ့်တပတ်နဲ့ခိုးပြေးတယ်။ သူတို့သမီးကို အိမ်အလည်ခဏခေါ်လည်ရင်း လမ်းမှာ ကားနဲ့တင်ပြေးကြပြန်တယ်။ ဘုန်းကျော်ဆိုတဲ့ကောင်နဲ့ လုံးဝသဘောမတူဘူး။ မိန်းမကို ဘုရားသုံးဆူကနေ၊ မော်လမြိုင်ထိအရောက် ကြိုတင်စီစဉ်ထားကြတယ်။ တနေ့တည်းအရောက် မြန်မာပြည်ထဲကို အရောက်ပို့ကြတယ်။ မိန်းမကလည်း ငိုယိုပြီးလိုက်သွားရတယ်။ သူ့ဘေးမှာ လူတွေညပ်ပိတ်ပြီး ပြေးလို့မရအောင် ခေါ်သွားတယ်။ ဒီအချိန်က မိုးရာသီဆိုတော့ လှေနဲ့ခေါ်သွားတယ်။

ကျနော်လည်း ရင်ထဲမှာဘယ်လိုမှပြောလို့မရတဲ့ ခံစားမှုမျိုးနဲ့။ တော်တော်လုပ်ရက်လေတယ်ပေါ့။ ရုံးကရဲဘော်တွေ၊ မဟာမိတ်တွေအားလုံးကတော့ ကျနော်ဘက်က၀ိုင်းပြီးအားပေးတယ်။ တော်တော်မလွယ်ဘူး။ တစ်ရက်နှစ်ရက်နေပြီး ယောက်ဖအကူအညီနဲ့ မိန်းမနဲ့တော့ ဖုန်းစကားပြောဖြစ်တယ်။ ပိုက်ဆံမရှိတော့ ဖုန်းလည်းမဆက်နိုင်ဘူး။ ဖုန်းက ရုံးမှာတစ်လုံးပဲရှိတယ်။ အရမ်းဆက်လို့မရဘူး။ မိန်းမကတော့ပြောပါတယ်။ ပြန်လာခဲ့မယ်လို့။ ကျနော်လည်းခဏနေပြန်လာမယ်ထင်ခဲ့တာ။

တစ်လလည်းပြန်မလာ၊ နှစ်လလည်းပြန်မလာဆိုတော့ မလာတော့ဘူးပေါ့။ သြော်...မိန်းမရတာ အိမ်မက်မက်သလိုပဲ။

ဖူးစာဆိုတာက ဦးရာလူလည်းဟုတ်သလို၊ ရှုးတာလည်းဟုတ်တယ်။ အချစ်ရှုး၊ မတွေ့ဘူး၊ မမြင်ဘူးတော့ရှုးတယ်။ သူများထက်ဦးအောင်ဆိုပြီး ခိုးပြေးတယ်။ မပြေးရင် ရည်းစားကို နိုင်ငံခြားကောင်နဲ့ အိမ်ကပေးစားတော့မယ်လေ။ ကျနော်က ငမွဲဆိုတော့ လုံးဝသဘောမတူဘူး။

ဖူးစာဆိုတာ ဂျိုနဲ့လား...


ခြောက်လလောက်ကြာတဲ့အချိန်မှာ ထိုင်းတပ်က ကျနော်တို့ရုံးတွေကို ၀င်ဖမ်းတယ်။ လူတွေဟိုပြေးဒီပြေး၊ ဟိုပုန်းဒီပုန်းနဲ့ ဗျာများတယ်။ ဒုက္ခအရမ်းရောက်ရတယ်။ တစ်နေ့ တောထဲက တဲတခုမှာ ပုန်းနေရင်း ကိုအောင်ဆန်းညွန့်၊ မနီ (နော်ဝေ) တို့လိုက်လာကြတယ်။ ဟေ့..ဘုန်းကျော်...ဆိုတော့ ဘာများဖြစ်လဲပေါ့။ ဘယ်ဟုတ်မလဲ သူတို့အနောက်မှာ ကျနော့်မိန်းမကိုတွေ့တော့ တော်တော်အံ့သြသွားခဲ့ရတယ်။ ပျော်တာလည်းမဟုတ်ဘူး။ ၀မ်းနည်းတာလမ်းမဟုတ်ဘူး။ ဘာဖြစ်လို့ဒီအချိန်ကြမှပြန်လာတာလဲပေါ့။ မတက်နိုင်ဘူးလေ။

သူ့အိမ်ရဲ့ အခြေအနေ၊ လမ်းခရီးအခြေအနေကြောင့် သူဒီလောက်အထိစောင့်ခဲ့ရတာပေါ့လို့သိရတယ်။

ကျနော်တို့တွေ စံခလပူရီကနေ၊ မဲ့ဆောက်ကိုရောက်တယ်။ ခလေးတစ်ယောက်နဲ့ မဲ့ဆောက်ကနေ ဘန်ကောက်၊ ဘန်ကောက်ကနေ Perth ကို နှစ်နှစ်ခွဲကြာပီးမှရောက်တယ်။ အခုမှ အခြေအနေတည်ငြိမ်စပြုလာပါတယ်။ မဲ့ဆောက်ကနေခလေးရှစ်လသားကိုပိုက်၊ ဘန်ကောက်က အချုပ်ထဲမှာ နှစ်ပတ်လောက်နေရတယ်။ ပြီးမှအခုနေတဲ့နေရာကိုရောက်လာတာပါ။ အခုတော့ ခလေးသုံးယောက်ထွက်နေပါပြီ။

ခလေးသုံးယောက်ရတဲ့အထိ မင်္ဂလာလုံးဝမဆောင်ဘူးပါဘူး။ ခလေးတွေကြီးမှ နှစ်ပတ်လည်လုပ်ဖို့စိတ်ကူးထားပါတယ်။ ပါတီကမင်္ဂလာဆောင်ဖို့ပေးတဲ့သုံးထောင်လည်းအရည်ဖြစ်သွားပါတယ်။

ပြီးခဲ့တဲ့နှစ်က စံခလပူရီပြန်သွားတော့ ယောက်ခမက တွေ့တွေ့ခြင်း ဘုန်းကျော်...ငါ့သမတ်ဖြစ်ပီတဲ့။

သြော်...မိန်းမ...မိန်းမ...။

2/7/10

အဖေ့မေတ္တာ

အဖေက အသက်ကြီးပီ။ မကြာခင်သေရတော့မယ်။ မသေခင်မှာအဖေ့ကို ကန်တော့ချင်တယ်။ ကျနော်မှားရင်ခွင့်လွတ်ပါ။

အဖေက တပ်ထဲမှာ နှစ်ပေါင်းသုံးဆယ်နီးပါး လုပ်ခဲ့တယ်။ သတ္တိရှိတယ်။ ဘယ်တော့မှအထက်လူကြီးကို သစ္စာမဖောက်ခဲ့ဘူး။ မကြိုက်ရင်ပေါ်တင်ပြောတယ်။ ဗိုလ်ချုပ်မကလို့ ဘာကောင်ကြီးဖြစ်စေ သူမှန်တယ်ထင်ရင် သူစွတ်ပီးလုပ်တယ်။ ဒါ့ကြောင့်လဲ အဖေ့ကို အိမ်ပေါ်ထိဓားနဲ့တက်ခုတ်တယ်။ ကျနော်တို့မိသားစု ၀ိုင်းရိုက်လို့ အသက်မသေတယ်။

အဖေက အရက်ကြိုက်တယ်။ အလုပ်ကြမ်းလုပ်တယ်။ ဘယ်တော့မှ ငါ ပင်ပန်းတယ်ဆိုတာမညဉ်းခဲ့ဘူး။ အဖေက စစ်သားဖြစ်တယ်။ အမိန့်နာခံတယ်။ ဘယ်တော့မှ စစ်တပ်မကောင်းကြောင်းမပြောခဲ့ဘူး။ သူ့ကြောင့် ကျနော် ဒီနေ့အထိလူဖြစ်ရတာ။

အဖေက သာယာဝတီသုံးဆယ်နယ်သား။ ဗိုလ်မှုးချုပ်ကျော်ဇောကိုသိတယ်။ သူ့သမီးကို သိတယ်။ သူ့ဆရာဗိုလ်ချုပ်တွေက သူ့ကို ချစ်တယ်။ အသားမဲတယ်။ အသက်ကြီးတော့ဝတယ်။ ပျော်ပျော်နေတယ်။ မှုးရင်ကွေးနေအောင်ကတယ်။ ဒါကို အမေက လုံးဝကြည့်မရဘူး။

အဖေနဲ့ကျနော်လုံးဝမတည့်ဘူး။ ကျနော်က အဖေဆိုတော့ တည်တည်တန့်တန့်၊ လူလေးစားအောင်နေစေချင်တယ်။ အဖေက အဲလိုမဟုတ်ဘူး။ မှုးရင်လုံးဝ လမ်းမယူဘူး။ မကြိုက်ရင်ပေါ်တင်ပြောတယ်။ ကျနော့်ကို မင်းက ကိုယ့်ကိုယ်အထင်ကြီးတဲ့ကောင်လို့သမုတ်တယ်။

တနေ့တပ်ထဲမှာ အဖေနဲ့ကျနော်ကွိုင်တက်တယ်။ အဖေက မှုးနေတယ်။ ကျနော်က အိမ်အလုပ်တွေကို ပီးအောင်လုပ်တယ်။ မနက်ဖက်ရေမလာဘူးဆိုတော့ အိမ်အတွက် ရေရအောင်ခပ်တယ်။ ညဘက်ကြီး ရေထမ်းပြီးအိမ်ရဲ့  ရေကိုပြည့်အောင်ထည့်တယ်။

ရေပြည့်လို့ ခဏနားတုံး အိမ်ရှေ့ မှာတယောက်တည်း အန်ဇာတုံးလိမ့်နေတယ်။ ဒီအချိန်မှာအဖေတွေ့တော့ ပြသနာရှာတယ်။ ကျနော်လုံးဝစိတ်မထိမ်းနိုင်ဘူး။ သူက သူ့သားကို လောင်းကစားလုပ်တာမကြိုက်ဘူး။ နောက်ပီး လိမ်တာလည်းမကြိုက်ဘူး။ ဒီမှာတင်အဖေက ကျနော့်ကို ထိုးဖို့လုပ်တယ်။ ကျနော်ကလက်ဦးမှုရအောင်ယူတယ်။

ကျနော်အဖေရဲ့ ပါးကို ကျနော် ရိုက်ပစ်လိုက်တယ်။

အဖေကပြောတယ်။ မင်းထပ်ရိုက်လေလို့။ သူ့ပါးမှာမျက်ရည်တွေနဲ့ကျနော်တွေ့တော့ ထပ်မရိုက်ဖြစ်ဘူး။ ဒါနဲ့ကျနော် အိမ်ရှေ့ ကိုထွက်ပြီး အဖေ့ကို မိုက်မိုက်ရိုင်းရိုင်းဒီလိုပြောတယ်။

"ခင်ဗျား၊ ကျနော်ကြီးလာရင်တွေ့မယ်လို့" နောက်ဆုံးပြောဖြစ်တယ်။

ကျနော်ထွက်ပြေးတော့ အိမ်က လူတွေလုံးဝစိတ်မကောင်းကြဘူး။

သိတ်မကြာပါဘူး၊ကျနော်သူပုန်ုဖြစ်သွားတယ်။ အဖေထောင်ကျတယ်။ မိသားစုတွေ ငတ်တဲ့အခြေအနေလုံးဝဖြစ်သွားခဲ့တယ်။ ကျနော့်ကြောင့်အားလုံး ဘ၀ပျက်သွားတယ်။

ကျနော် ဒီတာဝန်တွေကို သေတဲ့အထိထမ်းနေတုံးမှာပါ။ အဖေခွင့်လွတ်ပါစေ။ ဒါ့ကြောင့် ကျနော်ဘယ်သူကိုမှ ဂရုမစိုက်တက်တော့ဘူး။ ကိုယ်မှန်တယ်လို့ရင်ထဲမှာထိလာရင် ကျနော်တွယ်ပြီသာမှတ်။

အဖေနဲ့ပြန်တွေ့တယ်။ ၁၁-နှစ်ကြာပီးတဲ့အချိန်မှာ။ အဖေဆံပင်ဖြူပီ။ အရင်အတိုင်းပဲ။ စစ်သားမဟုတ်ပေမဲ့ သူ့ထက် ဂျီနီယာကျတဲ့ စစ်သားတွေကို ဒီနေ့အထိ ပါးရိုက်နေတုံး။ မှုးရင် ကွေးနေအောင်ကတုံး။ ကျနော်ဘယ်လိုမှ ပြင်လို့မရတော့ ဘာမှလုပ်မရဘူး။

ကျနော်လည်းအဖေ့သားပီပီ လုံးဝလမ်းမယူတော့ပါဘူး။ ကိုယ့်ဘ၀ကိုယ် ပြဌာန်းပါတယ်။

သူပုန်ဘ၀ အပိုင်း (၅)

ခရီးစဉ်တစ်လျှောက်ဘယ်လိုမျိုး ရှာဖွေစားသောက်ရလဲဆိုတာကို အသေးစိတ်ရေးချင်တယ်။ အဓိကရည်ရွယ်ချက်က သူပုန်မလုပ်ဘူးတဲ့လူတွေသိအောင်လို့ရည်ရွယ်တယ်။ သိတဲ့သူတွေကတော့ ကျော်ဖတ်ပေါ့။

တခါတလေ တနေကုန်လမ်းလျှောက်ရတယ်။ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ အသက်အန္တရာယ်လောက် ကျန်တာအရေးမကြီးဘူး။ ချက်ထုတ် ဆိုတဲ့ပေါ်လစီကို လူတိုင်းသိတယ်။ ကတော်ဆိုတာကို လူတိုင်းသိရတယ်။ ညာဟူထိ၊ အိသာ၊ အော်သေ စတဲ့ကရင်စကားလုံးတွေကိုအလွတ်ကျက်ထားရတယ်။

ချက်ထုတ်ဆိုတာက ထမင်းချက်တယ်။ ပြီးရင်စားတယ်။ စားပြီးရင် ထမင်းထုတ်ရတယ်။ ညနေစာအတွက်။ တခါတလေ မချက်စားနိုင်ဘူး။ လမ်းလျှောက်ရတာဆိုတော့။ ညဟူထိ ဆိုတာက ကရင်လိုပါ။ အဓိပါယ်က တော့ ငပိ။ အိသ ဆိုတာက ဆား။ အိုရာဆိုတာကိုလည်းတက်ရတယ်။ ရှိလားဆိုတဲ့အဓိပါယ်။ မတက်ရင် ရွာရောက်ရင် ငတ်ပေါ့။ ရွာသားတွေဆီက တောင်းစားရတယ်။ ဆားနည်းနည်း၊ ငပိနည်းနည်းပေးပါဗျာလို့ပြောတက်ရတယ်။ မတက်ရင် ငတ်မယ်။

စစ်ကြောင်းသွားရင် ဒေသခံကေအန်ယူက ရွာသူကြီးဆီကနေ စစ်ကြောင်းအတွက် ဆန်တောင်းပေးတယ်။ ရွာတိုင်းမှာ သူပုန်အတွက်ကော၊ နအဖစစ်ကြောင်းအတွက်ကော ခွဲတမ်းရှိတယ်။ သူပုန်ကိုလည်းပေးရတယ်။ နအဖကိုလည်းပေးရတယ်။ အခွန်သဘောမျိုးပါ။ ရွာကချမ်းသာရင်တော့ပြသာနာမရှိဘူး။ ဆင်းရဲရင်တော့ ဒုက္ခအရမ်းရောက်တယ်။ သူတို့မပေးနိုင်ဘူး။ မပေးနိုင်လည်း သူပုန်က အတင်းမတောင်းပါဘူး။

ရွာက ဆန်ရရင်၊ စစ်ကြောင်းမှုးက အဖွဲ့အလိုက်ပြန်ဝေပေးတယ်။ စစ်ကြောင်းမှာ အဖွဲ့ပေါင်းစုံရှိတယ်။ KNU DPNS NLD-LA PDF ABSDF အဖွဲ့တွေပါတယ်။ အင်အားက နှစ်ရာနီးပါးပဲ။ ဒီလောက်ရှိတဲ့စစ်ကြောင်းကို စားဖို့သောက်ဖို့ဖန်တီးပေးရတာမလွယ်ဘူး။

ထွက်တာနဲ့ထုတ်တာ

ဒီစကားလုံးနှစ်ခုကို ရှင်းမှဖြစ်မယ်ဆိုပီး ဒီလိုရေးတယ်။

ပါတီက ထွက်တယ်။
ပါတီက ထုတ်တယ်။

အဓိပ္ပါယ်က တူ သလိုပဲ။ ဘုန်းကျော်ကို မကြိုက်တဲ့လူတစ်စုက ပါတီက ထုတ်ထားတဲ့ကောင် လို့ပြောတယ်။ ကျနော်ကပဲ စောက်သုံးမကျသလိုမျိုး။

ကျနော်က ပါတီထွက်ထားတယ်လို့ပြောတယ်။

သဘောကျတဲ့အခါ၊ ခိုင်းကောင်းတဲ့အခါမှာဆိုရင် ပါတီကိုသစ္စာရှိတယ်။ ဒီကောင်အရမ်းကောင်းတယ်။ ဒီကောင်တော်တယ်။

နည်းနည်းလေးဝေဖန်ကြည့်တဲ့အခါမှာတော့ ဒီကောင် စော်ကားတယ်။ အလကားကောင်။

ကျနော်ပါတီက စောက်မြင်ကတ်တဲ့လူတစ်ချို့ ကြောင့်ပေါ်တင်ထွက်တာေ..။ စကားလုံးက ထွက်တာ။ ပါတီက အထုတ်ခံရတာမဟုတ်ဘူး။ သတိထားပြီပြောပါ။

စောက်မြင်ကတ်တဲ့လူတစ်ချို့ ကိုပေါ်တင်စိန်ခေါ်မယ်။ ကြောင်တောင်တောင်တော့မလုပ်နဲ့။

2/6/10

သူပုန်ဘ၀ အပိုင်း-၎

ရန်သူလမ်းကြောင်းရှင်းပြီဖြစ်ကြောင်း ဒေသခံ ကေအန်ယူတွေက စက်နဲ့လှမ်းပေါက်တော့။ ကတော်(ထွက်ပြီ) ကြပီ။ တောင်ယာပိုင်ရှင်ကို ကျေးဇူးတင်ကြောင်းပြောပြီး တောင်တက်ခရီးစတင်ခဲ့တယ်။ ကမ်းပါးယံတွေ၊ ချောင်းတွေကို ကုတ်ကတ်တက်ပြီးလိုရာခရီးကို ချီတက်ကြတယ်။ မိုးကရွာနေတော့ ထင်သလောက်ခရီးမရောက်ဘူး။ ရည်မှန်းချက်နေရာက ကြာအင်းဆိပ်ကြီးနားက နှစ်အိမ်ရွာလို့ခေါ်တဲ့နေရာ။

အခုမှခရီးစဉ်ကအစပဲရှိသေးတယ်။ ကျနော်တို့အုပ်စုအားလုံး လုံးဝစိတ်ဓာတ်က မာတယ်။ တစ်ယောက်မှ ညည်းတာမရှိဘူး။ တစ်ယောက်လက်ကို တစ်ယောက်ဆွဲပီး ပျော်ပျော်ပါးပါးခရီးဆက်ကြတယ်။ ပျင်းရင် ရေဒီယိုဖွင့်တယ်။ ရှေ့ ဆုံးက လမ်းပြကင်းသမား ကိုအကြွင်းမဲ့ယုံပီးသားလေ။ သူကဒေသခံရွာသား။သူ့ဦးဆောင်မှုကို လုံးဝနားခံတယ်။ တရွာဝင်တရွာထွက်။ သတင်းနားစွင့်။

ရွာတခုအရောက်မှာ သုံးယောက်ပါ ကေအန်ယူပျောက်ကြားအဖွဲ့က ချောင်းပစ်လို့ နအဖ စစ်ကြောင်းတခုက ရဲဘော် နှစ်ယောက်ကားသွားတယ်။ ကျနော်တို့အဖွဲ့မရောက်ခင် ၁၅ မိနစ်အလိုမှာ ဒီအဖွဲ့ကပြန်ထွက်သွားကြတယ်။သူတို့အထွက် ကျနော်တို့အ၀င်။ သေလို့မြုပ်ထားတဲ့ ရဲဘော်တွေကိုဒီအတိုင်း လမ်းဘေးမှာ ကြွင်းတိမ်တိမ်လေးတွေတူးပြီးပစ်ထားခဲ့ကြတယ်။ အတွေ့အကြုံမရှိတဲ့ ကျနော်က တွင်းနားကို ကပ်သွားတော့ ကိုပိန်(ABSDF)က သတိပေးတယ်။ အနားမတိုးနဲ့။ မိုင်းထောင်ထားရင်သေလိမ့်မယ်ဆိုမှ လန့်သွားတယ်။ ကျနော်လည်း တော်တော်လန့်သွားတယ်။ ခဏတဖြုတ်ကြည့်ပြီး ကျနော်တို့အဖွဲ့ဆက်လက်ထွက်ခွာတယ်။

နအဖ စစ်ကြောင်းက အဲဒိရွာထဲမှာလည်နေတုံး၊ ရွာထဲကိုဝင်လာတဲ့ကျနော်တို့ကို ဘယ်သူလဲမသိဘူး၊ အော်လိုက်လို့ ကျနော်တတွေ အသားကုန်ပြေးလိုက်ရတာ။ ရွာထဲမှာ ကျနော်တို့အဖွဲ့နဲ့ နအဖစစ်ကြောင်းထိပ်တိုက်တွေ့ရင် ဘယ်လိုဖြစ်မလဲဆိုတာ စဉ်စားသာကြည့်။ သေနတ်မရှိတဲ့ကျနော်တို့အဖွဲ့ မသာဘယ်ဈေးလဲဆိုတာမေးမနေနဲ့။ လုံးဝ မလန်းနိုင်ပဲ ကားသွားနိုင်တယ်။ တော်သေးတာပေါ့ ကယ်တဲ့သူပေါ်လာလို့။

ပျောက်ကြားပစ်သွားတဲ့အဖွဲ့ကလည်း ဒီရွာနားတစ်ဝိုက်မှာ ပတ်ပြီး ရန်သူ့သတင်းကိုပြန်ထောက်နေသေးတယ်။ ကျနော်တို့ကလည်း အ၀င်၊ နအဖစစ်ကြောင်းကလည်းအထွက် ဒီမှာတင် ပျောက်ကြားအဖွဲ့လူမှားပြီး ကျနော်တို့ကိုဆော်တော့မလို့။

ဖြစ်ပုံက ဒီလိုမျိုး။ ကိုပိန်(ABSDF) ကသိတဲ့အတိုင်းပဲ။ လေလေးတချွန်ချွန်နဲ့ ရန်သူစစ်ကြောင်းထွက်ပီဆိုတော့ အေးအေးဆေးဆေး ရှေ့ ဆုံးကနေသွားတယ်။ လယ်ကွင်းကိုအဖြတ်မှာ တဘက်ခြမ်းကနေ သုံးယောက်ကေအန်ယူအဖွဲ့က ပစ်ဖို့အဆင်သင့်လုပ်နေတုံး။ ရှေ့ ဆုံးက ကင်းသမားရွာသားကအော်တော့မှ ရပ်လိုက်တယ်။

မဟာမိတ်အချင်းချင်းတွယ်တော့မလို့။ ထိလို့ကတော့ အခုလောက်ဆို ကိုပိန်တစ်ယောက် ဆူရှီတောင်အားရပါးရ လိပ်နိုင်အုံးမှာမဟုတ်ဘူး။ ပျောက်ကြားအဖွဲ့ကလည်း သူတို့တွေ့ဘူးတဲ့ နအဖစစ်ကြောင်းက ပျောက်ကြားတွေမ၀တ်ဘူး၊ တခုခုတော့တခုခုပဲဆိုတာစဉ်စားနေလို့ မပစ်မိတာလို့ပြောတယ်။ ဒီညမှာတော့ ကျနော်တို့အဖွဲ့ရယ်၊ ပျောက်ကြားအဖွဲ့ရယ်ပေါင်းပြီး တောအရက်ဂလုကြလေသတည်း။ အခုမှပဲအားလုံး လန်းနိုင်ကြတယ်။

ဒီနေရာမှာမှတ်မှတ်ရရ ကိုပိန် (ဗဟိုကော်မတီဝင်) ABSDF ပြောတဲ့ဗဟုသုပါ။

"ချီးပါရင်တောင် နည်းနာရှိတယ်။ သစ်တုံးပေါ်တက်ပါတာနဲ့ မြေပေါ်မှာပါတဲ့အရသာ၊ အီးထွက်တဲ့အနေအထားမတူဘူး။ သစ်တုံးပေါ်က ပိုပြီဇိမ်ကြတယ်။ အထွက်ပိုများတယ်။ ပုရွက်ဆိတ်၊ ကင်းစတဲ့အန္တရာယ်ကင်းတယ်၊ မြေပေါ်မှာ ဒီလိုမျိုးအရသာမရဘူး" သြော်..သူ့နည်းနာနဲ့သူပါလား။

သူ့ရဲ့ ဗဟုသုတကိုဝေမျှလိုက်ပါတယ်။ ကိုပိန်ကတော့ လုံးဝအထာကျတယ်လို့ ကျနော်တို့လူငယ်တွေက ထင်ကြေးပေးတယ်။ သူ့ရဲ့ နည်းနာကြောင့် ကျနော်တို့တွေ သစ်တုံးပဲရှာကြတော့တယ်။


ဆက်ရန်-

သူပုန် ဘ၀- ၃

ကင်းစောင့်ရဲဘော်များ

တောင်ယာတဲမှာခဏတဖြုတ်နား။ တောင်ယာတဲကနေ ရွာအခြေအနေကို စုံစမ်းတယ်။ ရန်သူရွာထဲမှာဝပ်နေလား။ စုံစမ်းတယ်ဆိုတာ လူကိုယ်တိုင်သွားစရာမလိုဘူး။ တောင်ယာတဲပိုင်ရှင်ကိုလွတ်၊ စကားပြောစက်နဲ့သတင်းထောက်။ လှုပ်ရှားမှုဘယ်လိုလဲ။ ကျနော်တို့က သူတို့ကိုထွက်တိုက်လို့မရဘူး။ ဘာ့ကြောင့်လဲဆိုတော့ သေနတ်မရှိတဲ့လူတွေလေ။ M16 တစ်လက်တောင် ကျည်ဆံက တစ်ဘောက်ပဲပါတယ်။

KNU က နယ်မြေခံတွေကို စက်နဲ့ လမ်ကြောင်းရှင်းမရှင်းမေးရတယ်။ သူတို့အချင်းချင်းပဲမေးတာပါ။ ကျနော်တို့အားလုံးက သူတို့ဦးဆောင်တာကိုလိုက်ရတာ။ တောင်ယာတဲကသေးသေး တည်းတဲ့ လူကများများ။ တချို့ တ၀က်တဲပေါ်မှာအိပ်။ တချို့ တ၀က်တဲအောက်မှာ ပုခတ်ဆွဲပြီးအိပ်။ မိုးတွင်းဆိုတော့ ချင်တွေဖြုတ်တွေကလည်း အသားကုန်ကိုက်တယ်။ စခန်းကနေ၀ယ်လာတဲ့ ချင်လူဆေးလည်း မလောက်နိုင်ဘူး။ ခြင်သက်ဖို့မီးလည်းမမွေးရဲဘူး။ မီးခိုးတွေ့ရင် ရန်သူက လာတော့မှာလေ။ ဒီလိုမျိုးကြိတ်မှိတ်ခံပြီး ညတွေကိုကျော်ဖြတ်ရတယ်။

ရေချိုးရေခပ်၊ အ၀တ်လျှော် စမ်းချောင်းထဲမှာ။ ရေခဲသ္တော၊ အ၀တ်လျှောက်စက်၊ မိုက်ကရိုဝေ့ဖ်မရှိတဲ့ ဘ၀လေ။ ခေါင်းလျှော်ရည်အခေါင်းစားလည်းမသုံးနိုင်ဘူး။ ရွှေဝါဆပ်ပြာနဲ့ ခေါင်းကိုအားပါးတရ လျှော်ဖွပ်တယ်။ လျှော်ပီးရင်တော့ ခေါင်းကဆံပင်က ဂုန်နီကြိုးလိုမာကျွပ်နေပြီ။ မနက်ပိုင်းတခါတလေ သွားမတိုက်ဘူး။ မျက်နှာမသစ်ဘူး။ ပျင်းလို့မဟုတ်ဘူး။ ရေမရှိလို့ပါ။

ညဘက်ကင်းစောင့်မယ်ဆိုတော့ သေနတ်တလက်နဲ့ ဘယ်လိုစောင့်လဲသိလား။ ဘယ်သူစောင့်မလဲ ဆုံးဖြတ်ပေါ့။ ဒီမှာတင်တပ်မှုးကြီးတွေဆုံးဖြတ်ချက်က လူဟောင်းတွေစောင့်ဆိုတော့ ကျနော်တို့ အရမ်းပျော်တယ်။ အသားကုန်အိပ်လို့ရပြီလေ။ တပ်ကိုဦးဆောင်တဲ့တပ်မှုးကြီးတွေ ကင်းစောင့်ရတယ်။ ဒါက သူပုန်ကျောင်းသားတွေရဲ့ စိတ်ဓာတ်လေ။ ဘယ်လောက်ချစ်စရာကောင်းလဲ။

ထမင်းစားချိန်

မနက်ပိုင်းအိပ်ယာနိုးရင် ဗိုက်ဆာပီ။ Breakfast အတွက် ကော်ဖီဆိုင်၊ မုန့်းဟင်းခါး၊ လက်ဘရည်ဆိုင်၊ အသုတ်ဆိုင်မရှိတဲ့တောင်ယာတဲလေ။ ရှေ့ တန်းစစ်မြေပြင်မှာ ဘယ်လိုလုပ်ဆိုင်တွေရှိမလဲ။ အထူးသဖြင့် တောင်ယာတည်းမှာဆိုတော့ စိတ်ကူးယဉ်မှုတမျိုးပါ။

မုန့်ဟင်းခါးနဲ့အီကြာကွေးများစားလိုက်ရရင် ဘယ်လောက် ကောင်းမလဲပေါ့။ ဒါမျိုးကို မနက်မိုးလင်းတာနဲ့ အချင်းချင်းပြောဖြစ်ကြတယ်။ မနက်ရှစ်နာရီ လောက်ဆိုရင် ထမင်းချက်အလှည့်ကျတဲ့လူတွေ ထမင်းချက်ဖို့ပြင်တယ်။

ထမင်းအိုးကိုကျောပိုးအိပ်ထဲကထုပ်၊ သစ်ကိုင်းအစိုကြီးကြီးသုံးချောင်းကို ဓားနဲ့ခုတ်။ ပြီးရင်မြေမှာစိုက်။ ထမင်းအိုးအရွယ်အစားအတိုင်းခန့်မှန်းခြေ မြေမှာထိုးစိုက်။ ပြီးရင် ထမင်းအိုးထဲကို ဆန်ထည့်ရေဆေး။ ထိုးစိုက်ထားတဲ့ တြိဂံပုံသစ်ကိုင်းသုံးချောင်းပေါ်မှာတင်။ မီးထည့်။ ထမင်းရေငည့်စရာမလိုတဲ့ တခါချက်ပဲချက်တယ် ။ ထင်းကတော့ ဘေးက ၀ါးခြောက်တွေနဲ့ချက်တယ်။

ဟင်းက ပါလာတဲ့ မားမားခြောက်တွေကိုပြုတ်။ ချောင်းဘေးက အရွက်ပေါင်းစုံခူးထည့်။ ပါလာတဲ့ ငါးသေတ္တာဘူးကို တောင်ယာတဲက သင်္ဘောသီးနဲ့အားရပါးရရေပေါလောချက်။ ငရုပ်သီးစိမ်း လက်လက် ဆက်ဆက်ကို ငပိနဲ့ထောင်းလိုက်ရင် ဟင်းသုံးခွက်ရပီ။ တို့စရာက တောင်ယာတဲက ကျောက်ဖရုံသီးကို အစိမ်းတို့စားတယ်။ နေ့လည်စာကော၊ မနက်စာကော တခါတည်းပေါင်းစားတာပါ။

ထမင်းကမကျက်သေးဘူး။ ဘေးကနေ ငတ်ကြီးကျတဲ့ရဲဘော်တွေက မျှော်နေပြီ။ ဘာမှစားစရာမရှိတဲ့အချိန်ဆိုတော့ သူတို့ကိုကြည့်ပီး ဒေါသထွက်ရတာအမော။ ထမင်းကချက်ရတာတမျိုး ငတ်ကြီးကျတာကတမျိုး။

စားခါနီးရင် ချောင်းဘေ ငပျောပင်ကအရွက်နုနုကို ဓားနဲ့ခုတ်။ ပြီးရင် အပူနည်းနည်းပေး၊ သုံးရွက်လောက် မြေပေါ်မှာခင်းချလိုက်တယ်။ ပီးရင်းထမင်းအိုးထဲက  ထမင်းကို ငပျောရွက်ပေါ်လောင်းထည့်တယ်။  ထမင်းဟင်းချက်တဲ့ယောင်းမက လက်တလောခုတ်ထားတဲ့ဝါးပြားလေး။ လောင်းထည့်ပြီးရင် ပူနေတဲ့ ထမင်းကို နည်းနည်းဖြန့်လိုက်တာနဲ့အေးသွားပီ။ ဟင်းကိုတော့ အိုးလိုက် ဘေးနားမှာခင်းထားတယ်။ ငပိထောင်းကို ဇွန်းနဲ့တစ်ယောက်တစ်ပုံစီ ဆယ်ပုံလောက် ထမင်းပေါ်မှာပုံလိုက်တယ်။ တို့စရာကို ထမင်းဘေးမှာခင်းထားတယ်။

ပြီးရင် လူဆယ်ငါးယောက်လောက် ငပျောရွက်ဘေးမှာ ၀ိုင်းစားတာ။ စားလို့ကောင်းတဲ့အရ သာဗျာ....အခုထိ...ဟော်တယ်မှာစားတဲ့အရသာ၊ စားသောက်ဆိုင်ကောင်းကောင်းတွေမှာ စားတဲ့အရသာ ထက် ဆယ်ခါပြန်မကကောင်းတယ်။ ငပျောရွက်ပေါ်မှာစားရတာဆိုတော့ လုစားရတယ်။ ပြိုင်စားရတယ်။ အစားကြီးတဲ့ကောင်ကိုသတိထားရတယ်။ ဒီလိုမျိုးလေ။ (ကျနော်စင်္ကာပူက Orchard လမ်းမှာ ငပျောရွက်နဲ့ ရောင်းတဲ့ဆိုင်မှာ တောထဲက လက်ရာသတိရလို့သွားစာတာ ကျနော်တို့ချက်တဲ့ခြေဖျားတောင်မမှီဘူး။ ဒါက စကားချပ်)

ထမင်းစားပီးရင်စိတ်ကူးယဉ်တဲ့အလှည့်။ တာဝန်ကျတဲ့ ရဲဘော်က အိုးဆေး။ ပြီးရင် ကျောပိုးအိပ်ထဲပြန်ထည့်။ တာဝန်မကျတဲ့ရဲဘော်တွေက ကိုယ့်ရဲပုခတ်ထဲပြန်သွား၊ ပုခတ်ပေါ်မှာ လှဲအိပ်ပြီးစိတ်ကူးယဉ်ဖို့ အလုပ်ရှုပ်ပီ။ တဲမှာ ချည်ထားတဲ့နှီးပြားလေးကိုချိုးပြီး သင်္ဘောသီးနဲ့ ငါးသေတ္တာကို သွားကြားညပ်လို့သွားကြားထိုးတယ်။ ဘန်ဘွေးရွက်နဲ့လိပ်ထားတဲ့ ဆေးလိပ်ကိုဖွားပြီး စခန်းမှာကျန်ခဲ့တဲ့မိန်းမနဲ့ခလေးကို ပုခတ်ပေါ်ကနေ လွမ်းငွေ့တဝေေ၀ပေါ့ဗျာ။

ဆင်းရဲတယ်ဆိုတာဘာလဲ...

ဒီနေရာမှာကြုံတုံး ဆင်းရဲလိုက်တာလို့ လူတွေညည်းကြတဲ့စကားလုံးတခါကို ခွဲခြမ်းစိတ်ဖြာချင်လို့။ တပ်ထဲမှာ စစ်သားသားသမီးဘ၀တုံးက သရက်သီး၊ ပိန်းနှဲသီး၊ ကန်ဇွန်းရွက်၊ ငပိ၊ ပဲဟင်းနဲ့ အကြောင်းပါတယ်။ အ၀တ်အစားချို့ တဲ့ရတယ်။ ကျောင်းတက်ဖို့ငွေမရှိဘူး။ အပန်းဖြေဖို့ TV video မရှိဘူး။ ကိုယ်ပိုင်ကားဆိုတာ ဂျိုနဲ့လားလို့မေးရမယ်။ ဒီလိုမျိုးအခြေအနေကို ကျနော်က တော်တော်စုတ်ပြတ်တဲ့ဘ၀လို့နာမည်ပေးမယ်။

အခုတောင်ယာတဲမှာ တောင်ယာတဲရဲ့ ပိုင်ရှင်တွေ၊ အားလုံး ဆင်းရဲတယ်။ အထက်ကပြောသလိုအခြေအနေလုံးဝမရှိဘူး။ သူတို့ကို သူတို့ဆင်းရဲတယ်လို့မပြောဘူး။ မသတ်မှတ်ဘူး။ စိတ်ဓာတ်ကျတာ၊ ရှက်တာမရှိဘူး။ သူတို့ဝါးဖက်နဲ့ထမင်းစားတဲ့ အခြေအနေကို သူတို့မရှက်ဘူး။

ကျနော်တို့ သူပုန်တွေ လူဆယ်ငါးယောက်လောက် တောင်ယာတဲပိုင်ရှင်ဆီကတောင်းစားတယ်။ တောင်ယာတဲရဲ့ ထွက်သမျှကိုနည်းနည်းပါးပါးတောင်းစားတယ်။ ၀ယ်စားတယ်။ ကျနော်တို့ဒီအချိန်မှာ တအားဆင်းရဲတယ်။ ဒါပေမဲ့ အားလုံးက ကိုယ့်မျှော်လင့်ချက်နဲ့ဆိုတော့ဆင်းရဲတာကို လုံးဝအပြုအမှတ်မပြုဘူး။

ဒီအခြေအနေသုံးခုမှာ ဆင်းရဲတာကိုသတ်မှတ်တာ ပတ်ဝန်းကျင်နဲ့ဆိုင်တယ်ထင်တယ်။ တောင်ယာတဲဆင်းရဲတာကို ကျနော်တို့က အထင်မသေးဘူး။ ကျနော်တို့ဆင်းရဲတာကို တောင်ယာတဲပိုင်ရှင်က အထင်မသေးဘူး။ အားလုံးက စိတ်ချမ်းသာနေကြတာက ထူးခြားမှုတခုပဲ။

အသက်ရှင်သန်ရပ်တည်ဖို့

လူ့တွေဟာ အချင်းအချင်းမတည့်တာ၊ မနာလိုတာ၊ ပြိုင်ကြဆိုင်ကြတာ၊ ဒါတွေအားလုံးက ဘာနဲ့ဆိုင်လဲတော့ ပိုင်ဆိုင်မှုနဲ့ဆိုင်တယ်။ သူ့မှာ ငွေရှိတာ၊ ကားရှိတာ၊ ရွှေရှိတာ၊ ပညာတက်တာ၊ စသဖြင့်၊ ဒါတွေကို ကျနော်တို့အထက်ကပြောတဲ့ တောင်ယာတဲပိုင်ရှင်၊ သူပုန် ဒီဘ၀နှစ်ခုမှာ မနာလိုတာ၊ ပြိုင်တာဆိုင်တာ၊ လုံးဝမရှိတော့.. အချင်းချင်းချစ်ကြတယ်။ ဆေးလိပ်တစ်ဝက်ရှိရင် တစ်ယောက်တစ်ပိုင်းမျှသောက်တယ်။ ပေးကမ်းတယ်။

ဒါ့ကြောင့်ဘ၀မှာတကယ်လိုအပ်ချက်က အသက်ရှင်သန်နိုင်ဖို့အတွက် အစားအသောက်နဲ့ စိတ်ချမ်းသာမှုပဲ။ ဒိထက်လောဘကြီးလာရင်တော့ တစ်ယောက်နဲ့တစ်ယောက်သတ်ကြတဲ့အထိဖြစ်လာရောပဲ။

ဆက်ရန်-

ABC7

 
ယခုလထုတ် Australian Burmese Community Journal ရဲ့ ရှေ့ မျက်နှာဖုံးဖြစ်ပါတယ်။ အင်္ဂါနေ့ (၉-ရက်နေ့)မှာ ကွာလာလမ်ပူက မြန်မာဆိုင်တွေမှာဝယ်ယူဖတ်ရှု့ နိုင်ပါပြီ။   ယခုလထုတ်ဂျာနယ်အား ကွာလတီကိုအထူးပြုပြင်ပြောင်းလဲထားသောကြောင့်ကြန့်ကြာခဲ့ခြင်းဖြစ်ပါသည်။ 

အကြောင်းအမျိုးမျိုးမကြောင့် မထုတ်ဖြစ်ခဲ့တဲ့ ဇန်န၀ါရီလထုတ်ဂျာနယ်ရဲ့ မျက်နှာဖုံးဖြစ်ပါတယ်။ 

2/5/10

ABC 6-5-3-1

ABC 6

ABC-5

ABC 5

ABC-3
ABC 3

ABC-1
ABC Journal Vol1 Final Real(2)

သူပုန်ဘ၀ (အပိုင်း-၂)

ရှေ့ တန်းထွက်ခြင်း

မနက်မိုးလင်းတော့ ဟိုလူစောင့်ဒီလူစောင့်နဲ့။ တော်တော်နဲ့မထွက်ဖြစ်ဘူး။ မဟာမိတ်တွေကိုစောင့်ရတယ်။ သူတို့က ဦးဆောင်မှာဆိုတော့။ မနက် ၆ နာရီလောက်မှာထွက်တယ်။ မိုးလေးက ဖွဲဖွဲလေးရွာနေပြီ။ ကျောပိုးအိပ်ထဲမှာ အ၀တ်အစား နှစ်စုံ၊ ပျောက်ကြားယူနီဖောင်တစ်စုံ၊ ရေဘူး၊ အီကွေးမင့်၊ ဓား၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ပုခတ်၊ ဆန်ထည့်ဖို့ ဆန်ကြိုးပါတယ်။ ထမင်းချက်ဖို့ ထမင်းအိုးကတော့ နှစ်လုံးပါတယ်။ ဆန်အနည်းငယ်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အချိုမှုန့် ငါးခြောက်နည်းနည်းပါတယ်။ သုံးရက်စာလောက်ကို အဆင်သင့်ကိုယ်နဲ့ယူသွားရတယ်။ ထမင်းအိုးကို တစ်ယောက်တစ်လှည့်ထမ်းရတယ်။ အထက်လူကြီးဆိုရင် မထမ်းရဘူး။ ထမ်းတဲ့သူလည်းရှိပါတယ်။ ကိုမောင်ငြိမ်းကတော့ ထမ်းတာဝါသနာပါတယ်။

မိုးရွာနေတုံးလစ်ကြတာဆိုတော့ ကလေးတွေမိုးရွာရင် မိုးရေကစားသလိုမျိုးပျော်စရာကောင်းတယ်။ နှစ်နာရီလောက်လမ်းလျှောက်၊ ပြီးရင်နား။ တစ်ယောက်နဲ့တစ်ယောက် နောက်ကြပြောင်ကြ။ ပြီးရင် နှစ်နာရီလောက်တောင်တက်။ တောင်ပေါ်မှာနား။ Bush Walking လုပ်ရသလိုမျိုး။ တော်တော်မိုက်တယ်။

ထိုင်းဘက်ခြမ်းနဲ့မြန်မာဘက်ခြမ်းကူးတဲ့အခါ ချောင်းရှိတယ်။ ချောင်းမရောက်ခင်မှာ ကရင်ရွာတွေရှိတယ်။ ကရင်ရွာတွေမှာ ခဏနားပီး ကေအန်ယူကရဲဘော်ကြီးတွေက စကားပြောစက်နဲ့ ရန်သူအခြေအနေစုံစမ်းတယ်။ ရှင်းမှထွက်မယ်ပေါ့။ ရန်သူကလည်းတောယုံနဲ့မရှင်းဘူး။ မရှင်းတော့ ထွက်လို့မရဘူး။ အဲဒိကရင်ရွာမှာပဲ ငါးရက်လောက်သောင်တင်သွားတယ်။

ဒီတော့ ငါးရက်အတွင်းပါလာသမျှရိက္ခာလေးတွေစားပေါ့။ ညဖက် ရွာဘေးက စမ်းချောင်းလေးတွေမှာ ငါးဖမ်းထွက်တယ်။ ငါးကလည်းတော်တော်များများရတယ်။ NLD က ကိုအောင်စိုးလွင်(နော်ဝေ) နဲ့ ကျနော်က ၀ါသနာတူတယ်။ ဓားတစ်ယောက်တစ်လက်ယူပီး ငါးဖမ်းထွက်တယ်။ ငါးတင်မကဘူး၊ လိပ်တွေပါရတယ်။ လိပ်ကို ပုဆိုးဂုပုံကြားထဲထည့်တာ လိပ်က ခေါင်းထွက်လာတော့ ကျနော့်ပုဆိုးပြဲပါလေရော။ လိပ်ကြောင့် မရှိမဲ့ရှိမဲ့ပုဆိုးတစ်ထည် လွင့်ပြစ်လိုက်ရတယ်။ လိပ်သားလည်းမစားရဲဘူး။ အမေက ပြောတယ်...လိပ်သားစားတဲ့လူတွေသွေးမတည့်ရင် နှုမယ်ဆိုလို့။ တခြားသူတွေကတော့ ကရင်ရွာက တောအရက်ကောင်းကောင်းနဲ့ ကြိတ်လိုက်တာလောက်တောင်မလောက်ဘူး။

ချောင်းကိုဖြတ်ပီ

သတင်းထူးတော့ ညဖက်မှာ ချောင်းကိုဖြတ်ကြတယ်။ ချောင်းရဲ့ တစ်ဘက်ခြမ်းမှာ ဗမာပြည်။ ကရင်ရွာရှိတယ်။ ချောင်းကိုကြိုးတံတားကခြားထားတယ်။ ညဖက်မှာ မီးမထွန်းရဘူး။ ဒီပုံစံနဲ့တံတားကို ဖြတ်ရတာ။ တစ်ယောက်လက်ကိုတစ်ယောက်ကဆွဲ။ စကားသံမကြားရဘူး။ တံတားကလှုပ်စိလှုပ်စိ။ တခါမှ မရတဲ့စိတ်ခံစားမှုမျိုးရတယ်။ ရင်ကလည်းခုန်တယ်။ ကြောက်လို့။ နောက်ပီးသူပုန်တွေအချင်းအချင်း တစ်ယောက်ယောက်နဲ့တစ်ယောက် ပိုပြီးချစ်သွားကြတယ်။ သေဘော်သေဘက်တွေမို့လားမသိဘူး။

တံတားဖြတ်ပြီးတော့ လယ်ကွင်းရှိတယ်။ လယ်ကွင်းကိုစောက်ရမ်းမဖြတ်ရဲဘူး။ တခြားဘက်အခြမ်းမှာ ရန်သူကစောင့်နေရင် ကိုယ့်သေတွင်းကိုယ်တူးမှာလေ။ လယ်ကွင်းထိပ်မှာ အကြာကြီးထိုင်စောင့်ပီးမှ နှစ်ယောက်တစ်တွဲဖြတ်ရတယ်။ တစ်ယောက်မှ သေနတ်မရှိဘူး။ ကိုယ့်ဘကက် ၁၅ ယောက်လောက်ရှိတယ်။ မြန်မာဘက်အခြမ်းကရွာရောက်မှ ကေအန်ယူက တစ်ကြပ်ကြီးက သူဖွက်ထားတဲ့ M16 တစ်လက်ရတယ်။ ဒီမှာတင်သူပုန်ဘ၀ရဲ့ အရသာကိုစတင်ခံစားရတယ်။

ရွာကနေ ကျနော်တို့ဆုံမဲ့နေရာအထိ ချီတက်ကြပေါ့။ တစ်ရက်ကို အနည်းဆုံး ငါးနာရီလောက် မိုးရွာထဲမှာ ဖြုတ်ကိုက်ခြင်ကိုက်လမ်းလျှောက်ကြတယ်။ တောင်ယာတဲတွေ့ရင်အိပ်တယ်။ ရွာမှာဆန်ဝယ်ဖြည့်တယ်။ စားစရာဝယ်တယ်။ ချောင်းဘေးက တို့စရာကောက်ကောက်ညွန့်ရတယ်။ ငါးဖမ်းတယ်။ ငရုတ်သီးစိမ်းနဲ့ ငပိထောင်းပြီးစားတယ်။

တောင်ယာခုတ်တဲ့ကရင်တွေရဲ့ ဘဝ

စစ်သားမိသားစုတွေဆင်းရဲတယ်ဆိုတာ တောင်ယာခုတ်စားတဲ့လူလောက်မဆင်းရဲဘူးသိလား။ လူတွေနဲ့ဝေးတဲ့နေရာတွေမှာ မိသားစုလိုက်သွားပြီး တောင်ယာခုတ်ရတယ်။ တောင်ယာခုတ်တယ်ဆိုတာ တောင်ပေါ်မှာ စပါးစိုက်ဖို့အတွက် ရှိသမျှအပင်တွေကို ခုတ်လှဲရတယ်။ ဓားနဲ့ခုတ်တာနော်။ အပင်ကြီးတွေလည်းရှိတယ်။ အသေးတွေလည်းရှိတယ်။ အနည်းဆုံး မီတာ ငါးရာပတ်ဝန်းကျင်လောက်ခုတ်ကြတယ်။ ဆိုတော့ ဘယ်လောက်ပင်ပန်းလဲဆိုတာစဉ်စားကြည့်။

ခုတ်ပြီးသွားရင် မီးရှို့ တယ်။ မီးရှို့ ပီးရင် စပါးစိုက်တယ်။ စပါးစိုက်ပီးရင် စပါးပင်တွေဘေးမှာ ငရုပ်ပင်၊ ကျောက်ဖရုံသီး၊ နဲ့ တခြားသီးပင်စားပင်တွေကို စိုက်တယ်။ ရေလောင်းစရာမလိုဘူး။ တောင်ယာတဲအများစုက စမ်းချောင်းဘေးမှာတည်ကြတယ်။ ကြက်မွေးတယ်။ ၀က်မွေးတယ်။ စပါးမမှည့်သေးချိန်ထိ တောင်ယာတဲပိုင်ရှင်ဟာ တောပုန်းသေနတ်တလက်နဲ့ အမဲလိုက်တယ်။

ညဖက် စမ်းချောင်းတွေမှာ ငါးဖမ်း၊ ဖားဖမ်းတယ်။ ဖားတွေကလည်း အကြီးကြီးတွေပဲ။ စားလို့အရမ်းကောင်းတယ်။ သူတို့ဖမ်းတာက စားဖို့အတွက်ဖမ်းတာဆိုတော့ ဖားတွေ၊ ငါးတွေက ဘယ်တော့မှ မျိုးမတုန်းဘူး။ သားကောင်ရရင် ရွာမှာသွားပီးရောင်းတယ်။ ရတဲ့ငွေနဲ့ ဆား၊ ငပိ၊ အချို မှုန့်၊ ဆီနည်းနည်းဝယ်။

အ၀တ်အစားကတော့ ကိုယ့်ဟာကိုယ် ယက်ဝတ်တာများတယ်။ သူတို့ဆီမှာ Cash မရှိဘူး။ Internet Banking လား Internetလား ကြိုက်တဲ့အကြောင်းအရာမေး။ သူတို့လုံးဝမသိဘူး။ စိတ်လည်းမ၀င်စားဘူး။ ခလေးတွေကျောင်းတက်ဖို့လား၊ ဆရာဝန်လား၊ အင်ဂျင်နီယာလား လုံးဝလုပ်ဖို့စိတ်မကူးဘူး။ စာလည်းစိတ်မ၀င်စားဘူး။

ဗမာစကားဆိုလို့တစ်လုံးနှစ်လုံးပဲတက်တယ်။ ဆေးရုံဆေးပေးခန်းမရှိဘူး။ ဖျားတာနာရှိရင် ကရင်ရိုးရာဆေးပဲ။ ကွမ်းယာရှိတယ်။ ဆေးလိပ်သောက်ဖို့ ဘန်ဘုရွက်လို့ခေါ်တဲ့အရွက်နဲ့ဆေးရွက်ကြီးထည့်သောက်တယ်။ စီးကရက်မရှိ၊ ဆေးပေါ့လိပ်မရှိ။ Night Club မရှိ။ TV Video မရှိ။ အရက်ဆိုင်မရှိ။ အပျော်အပါးဆိုလို့ အမဲလိုက်တာပဲရှိမယ်ထင်တယ်။

ရိုးသားမှုလား....သူတို့ကိုမေးရင် ရိုးသားမှုဆိုတာဘာလဲလို့ပြန်မေးလိမ့်မယ်။ ဒီလောက်ထိရိုးသားတာ။ ဒါ့ကြောင့် ကျနော်တို့သူပုန်တွေသူတို့တဲမှာခဏတဖြုတ်နေတယ်။ ဆေးပေးတယ်။ ဗဟုသုတဖလှယ်တယ်။ သူတို့က ကျနော်တို့ကို နအဖစစ်ကြောင်းတွေဘယ်မှာရှိလဲဆိုတာ သတင်းပေးတယ်။ ဒါ့ကြောင့်သူတို့ကို နအဖစစ်ကြောင်းတွေက သူပုန်အားပေးဆိုပီး သက်တာပေါ့။ အမှန်မှန်က သူတို့က ကြားညပ်နေတာ။

ဆန်ရန်-

View My Stats