ခေတ်တိုင်းမှာ ကိုးလို့ကန့်လန့် လုပ်တဲ့သူတွေရှိတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ဒီလိုလူမျိုးတွေကို တွေ့နိုင်တယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ ထောင့်ပေါင်းစုံမှာ ဒီလိုလူတွေရှိတယ်။ ဘာ့ကြောင့်ရှိလဲဆိုတော့ အဓိက မိမိအကျိုးစီပွား၊ မိမိအတ္တကို မစွန့်လွှတ်နိုင်လို့ပဲ။ ဒီလို လူ့ကန့်လန့်တွေကို အခုလုပ်မဲ့ရွေးကောက်ပွဲမှာလေ့လာကြည့်မယ်။ သူတို့က ဘယ်သူတွေလဲ။
နအဖ
နိုင်ငံတော်အေးချမ်းသာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီ (နအဖ)က အာဏာရှင်ဖြစ်တယ်။ သူ့ အလုပ်ကို သူလုပ်တာဆိုတော့ ပြောစရာမလိုတော့ဘူး။ ဓားပြက လုယက်တဲ့အလုပ်ကို လုပ်မှာပဲ။ ဒါက သူ့အလုပ်ပဲ။ ဓားပြက ဓားပြမတိုက်ပဲ ဘုန်းကြီးကျောင်းသွားပြီး နေ့တိုင်းဘုန်းကြီးကို ဆွမ်းကပ်ရမှာလား။ ဆိုတော့ လူတွေဟာ သူ့အလုပ်ကိုသူလုပ်တာဖြစ်တယ်။ နအဖရဲ့ အလုပ်က ရွေးကောက်ပွဲလုပ်ပြီး၊ နိုဝင်ဘာ (၇) နေ့မှာ တရားဝင်အာဏာရှင်ဖြစ်ရေး လုပ်တာက သူ့အလုပ်ဖြစ်တယ်။
ပြည်တွင်းရွေးကောက်ပွဲ ၀င်မဲ့ပါတီများ
ပြည်တွင်းက ရွေးကောက်ပွဲဝင်မဲ့ပါတီတွေ၊ တသီးပုဂ္ဂလတွေရဲ့ အလုပ်က ဘာလဲ။
သူတို့အလုပ်ကို ကျနော်တိတိကျကျမသိဘူး။ အရင်တုန်းက သူတို့အလုပ်ကဘာလဲ။ ၂၀၁၀-ရွေးကောက်ပွဲကို ထိုင်စောင့်နေတဲ့အလုပ်လား။ သူတို့ကလူထုရဲ့ ဒုက္ခတွေကို ဖွင့်ချပြောပြပေးလား။ ဦးကျော်သူလို အလောင်းရေ တစ်သောင်းလောက်ကို မသာနံ့သင်းသင်းနဲ့ အခမဲ့မြုပ်ပေးခဲ့လား။
မဖြူဖြူသင်းလို ပိန်ခြုံးနေတဲ့ AIDS ရောဂါသည်တွေနဲ့ ထမင်းအတူတူစားဖူးလား။ ဦးဝင်းတင်နဲ့ ဦးတင်ဦးတို့လို အခန်းကျဉ်းလေးထဲမှာ နှစ်ပေါင်း နှစ်ဆယ်လောက် တရားထိုင်ခဲ့ဘူးလား။
ကျနော်သိသလောက်တော့ ရွေးကောက်ပွဲဝင်မဲ့လူတွေ လုပ်ဖို့နေနေသာသာ အနားတောင်ကပ်ဖူးမှာမဟုတ်ဘူး။
ရွေးကောက်ပွဲ ၀င်မဲ့ပါတီတွေ၊ တသီးပုဂ္ဂလတွေ ဖြေစမ်းပါ။
၂၀-ပေါင်းနှစ်ဆယ်အတွင်းမှာ တခါမှ မရဘူးတဲ့၊ အခွင့်အလမ်းကို ယူမယ်ဆိုတော့ အချောင်သမားတွေလို အခွင့်အရေးရတာနဲ့ ကြိတ်လိုက်မယ်ပေါ့...ဟတ်လား။ အမှန်တရားဆိုတာက ရွေးကောက်ပွဲမှာ အမှန်အမှတ်ကလေး ခြစ်တာမဟုတ်ဘူးဆိုတာ မသိဘူးလား။ အမှန်တရားဆိုတာက ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လွတ်လပ်ခွင့်ရှိရေးပဲ။ လူတိုင်းသာတူညီမျှ ခံစားခွင့်ရှိရေးပဲ။
စစ်အာဏာရှင်တွေလည်း လူတွေပဲ။ ပြည်သူတွေလည်း လူတွေပဲ။ အတူတူနဲ့အနှုနှုအခြေအနေကို ဘာ့ကြောင့် ဒီသူတောင်းစားတွေကို ဦးစားပေးရမှာလဲ။ အရမ်းကို ဦးစားပေးချင်၊ ခွင့်လွှတ်နေချင်တာက ရွေးကောက်ပွဲဝင်မဲ့လူတွေရဲ့ အလုပ်လား။
ရွေးကောက်ပွဲဆန့်ကျင်မဲ့ အင်အားစု
သူတို့အလုပ်က စစ်အာဏာရှင်စနစ်မြန်မာပြည်မှာမရှိရေးပဲ။ ရှိနေရင် တိုင်းပြည်ကဘယ်တော့မှ တိုးတက်မှာမဟုတ်တော့ဘူး။ ရုပ်ပိုင်း၊ စိတ်ပိုင်းလည်းတိုးတက်မှာမဟုတ်ဘူး။ ပြည်သူတွေရဲ့ မျက်နှာကိုကြည့်ရတာ ငှက်ဖျားမိနေတဲ့ လူမမာသည်လိုပဲ။ အဟာရမပြည့်တဲ့ရုပ်တွေဖြစ်ကုန်ပြီ။
ဒီလိုဖြစ်နေတာက စစ်အစိုးရကြောင့်ပဲ။ သူတို့ထပ်ရှိနေရင် ဒီပုံစံထပ်ဖြစ်နေအုံးမှာဆိုတော့ စစ်အာဏာရှင်စနစ်မရှိအောင် တိုက်ရမဲ့အလုပ်က သူတို့အလုပ်ပဲ။ ဒါ့ကြောင့် ရွေးကောက်ပွဲကို ဆန့်ကျင်နေတာဖြစ်တယ်။ အားအားယားယား ဘယ်သူမှဒီအလုပ်ကို မလုပ်ဘူး။
ဖြစ်နိုင်ရင် ဗမာပြည်မှာ ကျနော်လည်းရွေးကောက်ပွဲဝင်ချင်တာပေါ့။ အမတ်ဖြစ်ချင်တာပေါ့။ တိုက်ပုံဝတ်၊ ခေါင်းပေါင်းဆောင်း၊ လွှတ်တော်ထဲမှာ ခန့်ခန့်ကြီး ဥပဒေပြုချင်တာပေါ့ဗျာ။ ဘာမှ ပင်ပန်းတဲ့အလုပ်မှမဟုတ်တာ။
ရွေးကောက်ပွဲ ဆန့်ကျင်တဲ့အင်အားစုတွေရဲ့ အလုပ်က ရှင်းတယ်။ သူတို့ပြောနေတာက အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်။ ဒါလေးလုပ်ရတာကို ဘာ့ကြောင့် စစ်အစိုးရအတင်းငြင်းနေရတာလဲ။ တွေ့ဆုံဆွေးနွေးရေးလို့ပြောတာနဲ့ တီကောင်ကို ဆားနဲ့တို့သလိုပဲ...နအဖလူးလိမ့်နေပြီ။ ဒါက နအဖရဲ့ အလုပ်ပဲ။
ကိုးလို့ကန့်လန့်လုပ်သူများ
ကိုယ့်အလုပ်ကို ကိုယ်မလုပ်ပဲနဲ့ ကိုးလို့ကန့်လန့်လုပ်ချင်တဲ့လူတွေကတော့ ရွေးကောက်ပွဲဝင်မဲ့ပါတီတွေ၊ လူပုဂ္ဂိုလ်တွေပဲ။ လွှတ်တော်ထဲမှာ ပြင်ချင်နေသူတွေကို ဆိုလိုတာဖြစ်တယ်။
သူတို့က သူတို့အလုပ်ကို သူတို့လုပ်တာမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် ဒီလူတွေဟာ အခွင့်အရေးသမားတွေပဲ။
ကိုယ်က အမတ်ဖြစ်ချင်လို့ရွေးကောက်ပွဲ ၀င်ရတာပါလို့ပြောရင် ရှင်းတယ်။ ဘာမှအငြင်းပွားစရာမလိုဘူး။ အာဏာလိုချင်လို့ရွေးကောက်ပွဲ ၀င်တာပဲ။ ဘာမှသွားပြီး...ဆင်ခြေတွေကို ကျောပိုးအိပ်ထဲမှာ ထည့်မထားနဲ့။ ပြီးတော့ တခုချင်း ထုတ်ပြီးချပြမနေနဲ့...။ အားလုံးသိတယ်။
နောက်ဆုံးအနေနဲ့ ချီးဆိုတာ မြည်းကြည့်ဖို့နေနေသာ၊ အနံ့ တောင်ရှုသင့်တာမဟုတ်ဘူး။ ဆိုတော့ စစ်အာဏာရှင်စနစ်က ချီးပဲ။ ဒါကို ကိုးလို့ကန့်လန့်လုပ်သူများ မြည်းစမ်းကြည့်ချင်ရင်တော့ အနည်းဆုံးချီးတော့ပေမှာပဲ။ မယုံရင်စမ်းကြည့်ပေါ့။ ချီးစော်နံရင်တော့ ခင်ဗျားတို့နားကို ဘယ်သူမှကပ်မှာမဟုတ်ဘူး။
No comments:
Post a Comment