ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
4/2/11
ပြတ်ပြတ်သားသားဆုံးဖြတ်ရမဲ့အချိန်....
အစိုးရသစ်တစ်ရပ်ပေါ်ထွက်ခဲ့ပြီ။ ဒီအစိုးရသစ်ကတော့ အားလုံးသိတဲ့အတိုင်း အ၀တ်အစားပြောင်းလဲတာပဲ အဖတ်တင်တယ်။ လူတွေက ဒီလူတွေပဲ။ Night Club သွားရင်ဘောင်းဘီဝတ်တယ်။ မင်္ဂလာဆောင်သွားရင် ပုဆိုးနဲ့တိုက်ပုံဝတ်တယ်။ အချိန်နဲ့နေရာပေါ်မှုတည်ပြီး အ၀တ်အစားပြောင်းတယ်။ အခုအစိုးရသစ်လည်း ဒီအတိုင်းပဲ။ ဒါကိုလူတိုင်းသိတယ်။ အထင်ကြီးစရာမရှိ။ အပြောင်းအလဲတစ်စုံတစ်ရာမရှိ။ ဒါက နအဖစစ်ဗိုလ်ချုပ်ကြီးတွေအတွက် အပြောင်းအလဲမရှိတဲ့ပုံ။ သို့သော် အတိုက်အခံတော့အပြောင်းအလဲရှိတယ်။
ဘာအပြောင်းအလဲလဲ?
"ဦးညဏ်ဝင်းကတော့ အရှိကိုအရှိတိုင်းအသိအမှတ်ပြုတယ်" တဲ့။ ဒေါ်အောင်ဆန်းစုကြည်က "အစိုးရသစ်နဲ့တွေ့ဆုံဆွေးနွေးဖို့မျှော်လင့်ပါတယ်" တဲ့။ ပြည်ပအတိုက်အခံကတော့ "၂၀၀၈-ဖွဲ့စည်းပုံနဲ့အစိုးရသစ်ကို တိုက်ဖျက်ရမယ်" တဲ့။ အမေရိကန်အခြေစိုက် ၈၈-ကျောင်းသားဟောင်းတစ်စုက " မြန်မာပြည်ကို အမေရိကန်ဦးဆောင်တဲ့ တပ်တွေဝင်သင့်ပြီ" တဲ့။ ရန်ကုန်က နိုင်ငံရေးမလုပ်၊ နားမလည်တဲ့ ကျနော်သူငယ်ချင်းက " အစိုးရပြောင်းသွားပြီ၊ မင်းပြန်လာတော့" တဲ့ ။ ဒါကတော့ သူတို့အားလုံးက အစိုးရသစ်နဲ့ ပက်သက်တဲ့ သဘောထား၊ အမြင်တွေပေါ့။
အဓိကအတိုက်အခံ NLD သေသွားပြီ
ဒေါ်အောင်ဆန်းစုကြည်ကတော့ အရမ်းအလုပ်ရှုပ်တယ်။ မနားရဘူး။ ဟိုသံရုံးလာလိုက်၊ တွေ့လိုက်။ ဒီသံရုံးလာလိုက် တွေ့လိုက်။ ဟိုမီဒီယာလာလိုက် ပွားလိုက်။ အာ,လိုက်။ သာရေးနာရေးသွားလိုက်။ Video မက်ဆေ့ပို့လိုက်၊ တယ်လီဖုန်းနဲ့ အစည်းအဝေးတက်လိုက်။ ဒါတွေနဲ့ ဒေါ်စုအလုပ်ရှုပ်နေတယ်။ ဒီပဲယင်းမဖြစ်ခင်တုန်းကလို လူထုတရားပွဲလေးများလုပ်ဖို့ သတိမရတော့ဘူးလားမသိ။ ဒီပဲယင်းမှာ အရိုက်ခံရလို့ တအားကြောက်သွားလား မသိတော့ဘူး။
ဒီလုပ်ငန်းတွေပဲ ဆက်လက်လုပ်နေအုံးမယ်ဆိုရင် ဘယ်တော့များမှ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ရမလဲမသိ။
တက်ကြွသတ္တိရှိတဲ့ အင်အားစုတစ်ရပ် ပြည်တွင်းမှာမရှိတော့ပါ
ကိုမင်းကိုနိုင်တို့အဖွဲ့ရှိတုန်းက နေ့တိုင်းလိုလို လူထုအုံကြွမှုဖြစ်လာအောင် လုပ်နေတာကို တွေ့ရတယ်။ မီးပွိုင့်မှာ အော်လိုက်။ စာကပ်လိုက်နဲ့။ သူတို့လည်း မရှိကော လူထုတွေအုံကြွလာအောင် ဘယ်သူမှ တကယ့်လက်တွေ့မလုပ်တော့သလိုပါလား။
NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုသာ လူထုအုံကြွမှုဖြစ်လာအောင်သာ အမြဲတမ်းတိုက်တွန်းရ မလိုဖြစ် နေပြီ။ သူတို့မှမလုပ်ရင် အခုလက်ရှိအနေအထားအရ တက်ကြွသတ္တိရှိတဲ့အင်အားစု တစ်ရပ်မရှိဘူး ဖြစ်နေတယ်။
၁၉၉၀-ခုနှစ်ရွေးကောက်ပွဲရလာဒ်လား။ သနားတယ်။ စကားထဲထည့်တောင်မပြောနဲ့ တော့။ တွေ့ဆုံဆွေးနွေးရေးလား လုံးဝမရ။ လက်ရှိနအဖခင်းထားတဲ့ လမ်းကြောင်းအတိုင်း လျှောက်ရင်လျှောက် မလျှောက်ရင် သေဖို့သာပြင်တော့။ ဒီတော့ နအဖလမ်းကြောင်းအတိုင်းမလျှောက်ချင်တဲ့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ဆုံဆွေးနွေးရေးတောင်းဆိုနေရုံသက်သက်နဲ့ ဘယ်တော့မှ တိုင်းပြည်ငြိမ်းချမ်းရေးရလိမ့်မည်မဟုတ်။ မိမိအာဏာရှိရင်တော့ ဒါတွေကို ဖန်တီးယူလို့ရပါတယ်။ ဒီလိုဖြစ်ဖို့အတွက်အာဏာရအောင်ယူရပါလိမ့်မယ်။ မဟုတ်တော့ NLD ဆိုတဲ့ နာမည်ကတော့ စာရွက်ပေါ်မှာပဲ ကျန်ခဲ့တော့မယ်။
ပြည်ပအတိုက်အခံ
ကျက်တွေအစာကောက်သလို ဟိုတစ်စဒီတစ်စနဲ့ အောင်မြင်မှုအကောင်အထည်တခုမှမမြင်ရသေးဘူး။ အားလုံစုပြီး တခုတည်းသော စီမံကိန်း (သို့) မဟာဗျူဟာကို အကောင်အထည်ဖေါ်ရင်မကောင်းဘူးလား။ ပြည်ပနေ လူထုအုံကြွမှု ဖော်ဆောင်ရေးလုပ်တယ်ပဲထားအုံး။ ဘယ်တော့မှ လူထုတွေအုံကြွမှာလဲ။ ပြီးတော့ ကိုယ်က အပြင်မှာ။ ကိုယ်ကိုယ်တိုင်တကယ့်လက်တွေ့ ပြည်တွင်းကို ၀င်ပြီး နိုင်ငံရေးလုပ်ရင်တော့ တပိုင်းပေါ့။ အဝေးကနေ လုပ်တာလောက်နဲ့တော့ အလုပ်မဖြစ်။
အခုမြင်နေရတဲ့ ပြည်ပအတိုက်အခံလုပ်တဲ့အလုပ်က ပြန့်ကျဲပြီးစုစည်းလို့မရတဲ့ မဟာဗျူဟာကြီးဖြစ်နေတယ်။ ဥပမာ ဟိုအဖွဲ့က၊ လူ့အခွင့်ရေး၊ ဒီအဖွဲ့က ယူဂျီ၊ ဟိုအဖွဲ့က စစ်တိုက်နဲ့ဆိုတော့ ဘာကိုဦးတည်ပြီး အမြတ်ယူမှာလဲမသိ။ စစ်အာဏာရှင်ဖြုတ်ချရေးတော့ဟုတ်တာပေါ့။ ဒီစစ်အာဏာရှင်ကလည်း ဘယ်တော့ပြုတ်ကြမှာလဲမသိဘူး။ ဆိုတော့ ကျနော်တို့အားလုံး စီမံကိန်း (Project) ကိုတခုပြီးမှ တခုလုပ်ရင်ကောင်းမလားလို့ ။ တပြိုင်တည်းလေဗျာ။ ဘာကအရေးကြီးတာလဲဆိုတော့ ကိုယ်ကဘယ်နေရာမှာရောက်နေလဲဆိုတာနဲ့ ဆိုင်ပါတယ်။ အားလုံးဝိုင်းစဉ်းစားကြပေါ့။ Branstorming!!!!!
ဒီရေစီးကြောင်းနဲ့ပဲဒီလိုမျှောရတော့မယ်ထင်တယ်
နောက် ငါးနှစ်ဆိုရင် ရွေးကောက်ပွဲတစ်ခုထပ်လာမယ်။ ပါတီတွေအားလုံးထပ်ပြိုင်မယ်။ ကြံ့ဖွံ့ ကြီးပဲ နိုင်မယ်။ သူတို့ပဲအာဏာရမယ်။ ပြည်တွင်းစစ်နဲ့ လွတ်လပ်ခွင့်မရှိတဲ့ဘ၀တွေကိုထပ်ပြီးပိုင်ဆိုင်ကြရမယ်။ ဒါက အနာဂတ်အတွက် ကြိုတင်ဟောကိန်းပဲ။ ဒီအစိုးရနဲ့ဒီလိုမဖြစ်ရင် ဘယ်လိုဖြစ်အုံးမှာလဲ။ ဆိုတော့ ကျနော်တို့ အတိုက်အခံအင်အားစုတွေက လုပ်ငန်းစဉ်နှစ်ခုပဲရှိတယ်။ သူတို့ခင်းထားတဲ့လမ်းကြောင်းပေါ်မှာ လျှောက်မှာလား? ကန့်လန့်လျှောက်မှာလား?။
ဘယ်လိုပဲလျှောက်လျှောက်...ကျနော်တို့လိုချင်တာက ပြည်တွင်းစစ်မရှိ၊ လွတ်လပ်ဖွံ့ ဖြိုးတဲ့တိုင်းပြည်ပဲ။ ဒီတော့ ဒီအချိန်မှာ ပြတ်သားဖို့လိုအပ်နေပြီ။ နအဖနဲ့ပေါင်းမလား။ ဒီလိုပဲ ဆက်သွားနေအုံးမှာလား။ ဘယ်တော့မှ ကျနော်တို့လိုချင်တဲ့တိုင်းပြည်ဖြစ်မှာလဲ။ နောက်ထပ်ရွေးကောက်ပွဲဖြစ်တဲ့အချိန်ထိစောင့်မှာလား?။ အားလုံးပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့လိုအပ်နေတာတော့သေချာတယ်။ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ဆိုတာ ကိုယ့်မှာအား,မရှိရင် ဘာမှလုပ်လို့မရ။ ပြောပါများရင် ဒီကောင်အရှုးလို့ သတ်မှတ်ခံရတာပဲ ရပါလိမ့်မယ်။
ကျနော်ကတော့ အထက်ကပြောတဲ့ နအဖစစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာစစ်ခုံရုံးတင်ရေးကိစ္စကို ပိုပြီးစိတ်ဝင်စားတယ်ဗျာ။ သမိုင်းတလျှောက်မှာ တခါလောက်တော့ သူတို့လည်ပင်းကြိုးဂွင်းစွပ်တာကို မြင်ချင်တယ်။ သက်သေခံမဲ့ ဗိုလ်မှုး ဦးအောင်လင်းထွတ်လည်း အဆင်သင့်ရှိနေပြီပဲ။
ကဲ...ပြည်ပက ရဲဘော်တို့ ၀ိုင်းပြီးအာ,ကြပါစို....။
3/11/11
လူ့ဘောင်သစ်က ကျနော့်အသိတစ်ယောက် အကြောင်းပေါ့ဗျာ..
မော်စီတုန်းလား ဂေါ်လီလုံးလားမသိ
ငွေတွေဘယ်ကရလဲလို့မေးလိမ့်မယ်။ အဲဒိတုန်းက ဗကပ လူကြီးတစ်ယောက်မှာ ဖွက်ထားတဲ့ငွေ နှစ်သိန်းကျော်ရှိတယ်။ ထိုင်းစစ်တပ်က ၀င်ဖမ်းတော့ဒီငွေတွေကို မိသွားတယ်။ ပြီးတော့ ပြန်ရတယ်။ ဒီငွေတွေကို ဘုန်းပြီး ကျနော့်အသိက ဒီလို ဇိမ်ခံတာပေါ့ဗျာ။ သူက အရမ်းဇိမ်ကျနေတာပေါ့။ နေရာကတော့ အရမ်းလှပပြီး အေးချမ်းလှတဲ့ စံခလပူရီဒေသ(ဘုရားသုံးဆူနဲ့ကပ်လျှက်) မှာပေါ့။
ဘာပဲဖြစ်ဖြစ် ကျနော့်အသိကတော့ သူများတွေဒုက္ခရောက်နေချိန်မှာ သူက သုခတွေနဲ့ စည်းစိမ်ခံလို့ပေါ့။ အခုသူက နော်ဝေမှာ နေပါတယ်။
ဒီကိစ္စနဲ့ပက်သက်ပြီး လူ့ဘောင်သစ်ဗဟိုဌာနချုပ်က လျှော်ပေးတယ်လိုကြားတာပဲ။ အတိအကျမသိ။
တော်တော်လေးစားအတုယုဖွယ်ကောင်းလေစွ....။
သူနာမည် ကျနော်မေ့နေလို့။ ဘယ်သူလဲဟင်...သိတဲ့သူများဖြေပေးကြပါ။ ကျနော့်အသိကို ကျနော်အရမ်းစိတ်နာလိုက်တာ။
3/10/11
ဦးထွန်းအောင်ကျော်နှင့် ရဲဘော်အိုကြီးများသို့...
ဦးထွန်းအောင်ကျော်နှင့်မိတ်ဆွေများသို့...။
ကျနော့်ကိုလည်းပါဝင်ဆွေးနွေးခွင့်ပြုပါ။ တပ်ပေါင်းစုတွေမှိုလိုပေါက်လာတဲ့ကိစ္စ၊ အဖွဲ့အစည်းတွေမှိုလိုပေါက်လာတဲ့ကိစ္စကတော့ အားလုံးသိတဲ့အတိုင်း Proposal ကြောင့်ပါ။ နိုင်ငံရေးလိုအပ်ချက်အရပေါ်ပေါက်လာတာမဟုတ်ပါ။ အမှန်မှန်ကတော့ စတန့် ထွင်တာလို့ပဲမြင်ပါတယ်။ ကျနော်က အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်တာဝန်မယူခဲ့ဘူးပါဘူး။ သို့သော် ခေါင်းဆောင်တွေနဲ့တော့ အနီးကပ်နေဘူးပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကိုလည်း ကြားဘူးပါတယ်။
အမှန်မှန်ကတော့ လူတွေက ဒီလူတွေပါပဲ။ အဖွဲ့အစည်း နာမည်ကွဲတာလောက်ပဲရှိပါတယ်။
ထိုင်းမှာရှိတဲ့အတိုက်အခံဟာ Proposal ငွေကို မှီခိုပြီးရပ်တည်နေရတာကို အားလုံးသိပါတယ်။ လက်ရှိထိုင်းမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်း၊ လူ့အခွင့်အရေးအဖွဲ့အစည်း၊ ပညာရေးအဖွဲ့အစည်း၊ ကျန်းမာရေးအဖွဲ့အစည်းတွေဟာ Proposal မရရင်၊ ငွေမရှိရင် အလုပ်မလုပ်နိုင်ပါ။ အနည်းဆုံးအဖွဲ့ဝင်တွေရဲ့ နေရေးစားရေးတော့ တာဝန်ယူရပါတယ်။ ထိုင်းရဲမဖမ်းဖို့အတွက်ငွေပေးရတယ်။ အဖွဲ့ဝင်တွေကိုလည်း လစဉ်လုပ်ခလစာတော့ ပေးရပါတယ်။ ဒီငွေတွေဟာ Proposal မှ မရရင် ဘာနဲ့ပေးမလဲ။ နယ်စပ်ကိုထွက်ပြေးလာသူတွေဟာ ဦးတေဇတို့လို မချမ်းသာဘူးလေဗျာ။ KNU နဲ့ မွန်ပြစ်သစ်ပါတီတို့လို ကိုယ့်နယ်မြေမှာ အခွန်ကောက်လို့လည်းမရ။ မဲ့ဆောက်မှာအလုပ်လုပ်ဖို့၊ စီးပွားရေးလုပ်ဖို့ဆိုတာကလည်း သိတဲ့အတိုင်းပဲ.....မလွတ်မလပ်၊ နှပြားတစ်ပဲနဲ့။ ဒီတော့ နိုင်ငံခြားအထောက်အပံ့မှမရရင် ဒုက္ခရောက်ကုန်ကြပေါ့။
ဒီလို Proposal ရဖို့အတွက် ဂွင်တော့ဖန်ရပါတယ်။ ဘယ်လိုရနိုင်မလဲဆိုတာကို ရှာကြံရပါတယ်။ ပြည်တွင်းက နိုင်ငံရေးလှုပ်ရှားမှုအတွက်၊ နိုင်ငံရေးအကျဉ်းသားတွေအတွက်ဆိုပြီး အနည်းဆုံး Proposal မှာ တင်ရေးပါတယ်။ ထိုင်းမှာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက်၊ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျနော်တို့ ဘယ်လိုမျိုးကူညီနေပါတယ်။ ဒါ့ကြောင့်ကျနော်တို့ကို ကူညီပါ။ မစပါ...ဆိုပြီးအနည်းဆုံး လျှောက်လွှာမှာရေးရပါတယ်။ စစ်တိုက်ဖို့တောင်းရင်တော့ ပေးမည်မဟုတ်ပါ။ ဒါ့ကြောင့် ABSDF လည်း ပညာရေး၊ ကျန်းမာရေးကို ဘန်းပြပြီးတောင်းရပါတယ်။ တဘက်လှည့်နဲ့ပြန်သုံးပေါ့။ ဒါကိုလည်း ဒိုနာတွေသိပါတယ်။ ဒိုနာတွေကလည်း သူတို့ Policy နဲ့ မကိုက်လည်း နားလည်မှုနဲ့ ခင်ဗျားတို့ဒီလိုတင်ရင်တော့ ရနိုင်တယ်...ဒီလိုရေးရင်တော့ ရနိုင်တယ်ဆိုပြီး အကြံပေးတဲ့သူတွေလည်းရှိတယ်လို့....ကြားဘူးပါတယ်။
ဒီနေရာမှာ တပ်ပေါင်းစုတွေ၊ အဖွဲ့အစည်းတွေများလာတာကတော့ အားလုံးသိတဲ့အတိုင်းပဲ၊ အထက်ကပြောတဲ့အခြေအနေကြောင့်ပါ။ ငွေ ရဖို့အတွက် ဖန်တီးရတဲ့သဘောနဲ့ဖြစ်ဖို့များပါတယ်။ တပ်ပေါင်းစုဖောင်းပွတဲ့ကိစ္စကတော့ တပ်ပေါင်းစုရဲ့ ခေါင်းဆောင်တိုင်းကလည်း မြတ်စွာဘုရားလို အမြင်ရှိတာမဟုတ်တော့ သူတို့လည်း..တခါတလေ ဂေါက်တက်ပါတယ်။ ပေါတက်ပါတယ်။ မှားတက်ပါတယ်။ တချို့ လည်း ငွေထက်စာရင်၊ တွဲလုပ်လို့ရနိုင်တဲ့ လူတွေချင်းစုဖွဲတဲ့အနေအထားကြောင့်လည်းဖြစ်ပါတယ်။
အဓိကကျနော်မကြိုက်တာက Proposal တင်တောင်းတာ ပြသာနာမဟုတ်ပါဘူး။ပြသာနာက မခိုးဘို့၊ မလိမ်ဖို့၊ မဘတ်ဖို့အရေးကြီးတာပါ။ အဖွဲ့အစည်းတိုင်းရဲ့ ငွေကြေးစီးဆင်ပုံ၊ သုံးစွဲပုံကို စနစ်တကျနဲ့ ခိုးလို့ဖွက်လို့မရအောင်ဖြစ်စေချင်တယ်။ ကျနော်လိုချင်တာက ပွင့်လင်းမြင်သာမှုကို လိုချင်တာပါ။ ကျနော်တို့သြစတျေးလျမှာဆိုရင် ဘာဘဲသုံးသုံး Receipt ရပါတယ်။ Receipt ကလည်း လိမ်လို့မရတဲ့ အချက်အလက်တွေနဲ့ဆိုတော့ ထိုင်း၊ ဗမာပြည်မှာလို NGO တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ ငယ်သားတွေကြားမှာ ငွေကြေးကြောင့်ပေါ်ပေါက်လာတဲ့ ပြသနာမရှိပါဘူး။ အခုကိစ္စက မြန်မာပြည်မှာကော၊ ထိုင်းမှာကောရှိနေတဲ့ System က ခိုးလို့ကောင်းတဲ့ System ဖြစ်နေတာကြောင့် ဒီလိုမဖြစ်သင့်တဲ့နားလည်မှုလွဲမှားတာတွေကြုံနေရတယ်လို့ သုံးသပ်မိပါတယ်။ လူတွေဟာ ငွေနဲ့ပက်သက်လာရင် ဘယ်သူမှမရိုးသားဘူးလို့ ကြားဘူး၊ဖတ်ဖူးပါတယ်။ သူဌေးကြီးတောင် အလွယ်တကူခိုးလို့ရင် ခိုးသေးတာပဲ...မဟုတ်ဘူးလား။
ရတဲ့ငွေကို သုံးတဲ့အခါမှာ မခိုးဖို့ဖြစ်ပါတယ်။ ပြည်တွင်းယူဂျီအတွက်ပေးတဲ့ငွေက ကွန်ပြူတာနဲ့လိုက်စစ်လို့ရတာမဟုတ်ပါ။ ယူဂျီကလည်း သူ့ကိုယ်ကျိုးအတွက်သုံးပြီး...ကျနော်ကတော့ ဒီလိုအနစ်နာခံပြီး ကိုယ့်အိပ်ထဲက စိုက်သုံးရပါတယ်လို့ဖြီးလည်း ရနိုင်ပါတယ်။ ဒီလိုအခြေအနေမဖြစ်ဖို့ကိုပြောနေတာပါ။ နောက်ပြီး ခေါင်းဆောင်နဲ့လက်အောက်ငယ်သားရဲ့ စားဝတ်နေရေး မျှတစေချင်တယ်။ အရမ်းကွာခြားနေလို့ပါ။
အခုတော့ နဲနဲအားရစရာကောင်းတဲ့ ပြောင်းလဲမှုတွေရှိလာပါပြီ။ ကျနော်သိသလောက် နဲနဲပြောခွင့်ပြုပေးပါ။ သူတို့နဲ့ခင်လို့ သူတို့ကို အားပေးတယ်လို့ မယူဆစေချင်ဘူး။
ထိုင်းမှာ ရှိတဲ့ အဖွဲ့အစည်းတွေအတော်များများဟာ တရားဝင်မှတ်ပုံတင်ထားပါတယ်။ ဥပမာ ကိုထူးချစ် (GHRE)၊ ကိုအောင်သူငြိမ်း (ဗဟု) အဖွဲ့တို့ ဖြစ်ပါတယ်။ သူတို့အဖွဲ့အစည်းတွေမှာ ထိုင်းနိုင်ငံသားတွေကို အလုပ်ပေးရပါတယ်။ စာရင်းစစ်၊ စာရင်းကိုင်စနစ်တကျရှိရပါတယ်။ သူတို့က ထိုင်းလူမျိုးတွေပါ။ အဖွဲ့ဝင်တွေရဲ့ လုပ်ခ၊ လစာတွေကိုလည်း တရားဝင်ယူပါတယ်။ ဆိုတော့ သူတို့အဖွဲ့တွေရဲ့ ပွင့်လင်းမှု၊ တာဝန်ခံမှုတွေကို ဒိုနာတွေက သဘောကြပါတယ်။ ဒီလိုပွင့်လင်းမှုတွေကို ထိုင်းမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ မလုပ်နိုင်သေးဘူးလို့ယူဆရပါတယ်။ ဥပမာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့  ငွေကြေးသုံးစွဲပုံလည်း အရင်လိုယူဂျီနဲ့ပဲ နိဂုံးချုပ်နေပါတယ်။
အဲလိုအခြေအနေမျိုးမရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကတော့ သိတဲ့အတိုင်း...ကုလားခပ်တဲ့ရေ ကုလားဖင်ဆေးတာနဲ့ပဲ ကုန်မယ်လို့ယူဆရပါတယ်။
နောက်ပြီး...ကျနော်တို့ အဓိကတောင်းဆိုချင်တာက အဖွဲ့အစည်းတိုင်း ဒိုနာဆီက ငွေဘယ်လောက်ရပါသလဲ၊ ဘယ်နေရာမှာ ဘယ်လောက်သုံးပါသလဲဆိုတဲ့...ရသုံးစာရင်းကိုတော့ အင်တာနက်ကတော့ ရှင်းပြနိုင်ရင်ပိုကောင်းမယ်လို့ထင်တယ်။ ဒါမှ ကျနော်တို့အချင်းချင်းကြားမှ ပိုပြီးနားလည်မှုရမယ်လို့ထင်ပါတယ်။ Proposal ရဖို့အတွက် လျှောက်လွှာတင်တဲ့အခါမှာ မြန်မာပြည်သူအတွက်ဆိုတဲ့ စကားလုံးကတော့ မပါမရှိဖြစ်ပါတယ်။ ဒီစကားလုံးကို သုံးတိုင်း၊ တာဝန်ခံမှု၊ ပွင့်လင်းမှုတော့ရှိသင့်ပါတယ်လို့ ....ကျနော်က ဒီလိုမြင်မိပါတယ်။
(တတိယနိုင်ငံတွေမှာ ရောက်နေကြတဲ့ နိုင်ငံရေးလုပ်ချင်သော မြန်မာများအားလုံးစိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာအားလုံး ကျန်းမာကြပါစေ)
ဘုန်းကျော်
www.phonekyaw.blogspot.com
3/6/11
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော့်ရဲ့ ခေါင်းဆောင်မဟုတ်ပါ
လူထုခေါင်းဆောင်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြားရတွေ့ရဖတ်ဖူးရတယ်။ ကျနော်က လူထုခေါင်းဆောင်ဆိုတဲ့နာမည်ကို ဘယ်သူပေးလဲမသိဆိုပြီးစဉ်းစားနေမိတယ်။
ကျနော်တို့ထမင်းငတ်နေတာကို ဒေါ်အောင်ဆန်းစုကြည်မလုပ်ပေးနိုင်သေးဘူး။ ကျနော်တို့သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ ငတ်နေတာကို ဒေါ်အောင်ဆန်းစုကြည်မလုပ်ပေးနိုင်သေးဘူး။ ဗိုလ်ချုပ်ကြီးသန်းရွှေလုပ်ပေးလားဆိုတော့ သူလည်းမလုပ်ပေးနိုင်ဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရှိအနေအထားအထိ ကျနော်တို့ကို ထမင်းဝတဲ့ဘ၀၊ စိတ်ချမ်းသာတဲ့ဘ၀ကို မလုပ်ပေးနိုင်သေးဘူး..။
လူထုခေါင်းဆောင်ဆိုရင်အထက်က အခြေအနေတွေကို ဖြည့်ပေးနိုင်ရမယ်။ အခုဒေါ်အောင်ဆန်းစုကြည်ဘာမှ မလုပ်ပေးနိုင်သေးဘူး။
ကျနော်က ဒီလိုမြင်တယ်။ လောလောဆယ်ကာလမှာ...
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းလို မပြတ်သားဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူနာမည်ကြီးတာကို ဂုဏ်ယူနေပြီး နအဖပြောတာကို အခုထက်ထိကျနော်တို့ကို ပြန်မပြောသေးဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို ခင်ဗျားတို့ဘာ့ကြောင့် လူထုခေါင်းဆောင်တင်လဲမသိ။ လူထုခေါင်းဆောင်ဆိုတာ ဘာလဲ????
သိရင်ဖြေပေးပါ။
လွတ်ငြိမ်းချမ်းသာခွင့်မပေးလည်း ပြန်မှာပဲ...
လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါနော်...
ထောင်ထဲကနိုင်ငံရေးအကျဉ်းသားတွေ၊ ပြည်ပက ပြည်ပြေး၊၀ရမ်းပြေးနိုင်ငံရေးသမားတွေ၊ ဗကပတွေ၊ ၈၈-မျိုးဆက်ကျောင်းသားဟောင်း ငကြောင်တွေ၊ အေဘီရော်ဘဲဟောင်းတွေ၊ တိုင်းရင်းသားသူပုန်တွေ၊ အားလုံးဟာ လွတ်ငြိမ်းချမ်းသာခွင့်ကို အခုလောလောဆယ်မှာ မျှော်လင့်နေကြပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့စကားလုံးက မမိုက်ဘူး။ ဒီနေရာမှာ လွတ်ငြိမ်းချမ်းသာခွင့်..ဆိုတဲ့စကားလုံးအစား တခြားစကားလုံးပြောင်းသုံးရင် မကောင်းဘူးလား။  စကားလုံးက မလန်းဘူးဖြစ်နေတယ်။ အပြစ်ရှိသူတွေကို သနားလို့ခွင့်လွှတ်ပေးသလိုဖြစ်နေတယ်။
နိုင်ငံရေးသမားတွေဟာ အပြစ်ရှိသူတွေမှမဟုတ်တာဗျာ။ ဘာ့ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရမှာလဲ။ တချို့ ဆိုရင် အခုလည်းလွတ်နေပြီးသား၊ ငြိမ်းချမ်းနေပြီးသား၊ ချမ်းသာနေပြီသားပဲ(တတိယနိုင်ငံမှ နိုင်ငံရေးသမားများနှင့် နယ်စပ်ကခေါင်းဆောင်တချို့ )။ ထောင်ထဲက သနားစရာ၊ စားရမဲ့သောက်ရမဲ့ နိုင်ငံရေးအုတ်ပျော်သမားတွေကိုပဲ အဓိကလွှတ်ပေးရမှာမဟုတ်ဘူးလား။ တခြားသူတွေကတော့ မပေးလည်း ဂရုမစိုက်။
လွတ်ငြိမ်းချမ်းသာခွင့်မပေးလည်း ပြန်မှာပဲ..
ဘယ်သူပြန်ပြန်မပြန်ပြန်၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးပေးမပေးပေး ကျနော်ကတော့ ပြန်မှာပဲ။ ကျနော့်ခံစားချက်က ဒီလိုမျိုး။ ဘာပဲဖြစ်ဖြစ်...နောက်ဆုံးကိုယ့်ဘ၀နဲ့ကိုယ်ပဲ။ နိုင်ငံရေးတွေ၊ တော်လှန်ရေးတွေ၊ အတွေးအခေါ်တွေ ဘေးချိတ်။ လောလောဆယ် ကိုယ့်စိတ်ချမ်းသာဖို့အဓိက။ ပျော်ရွှင်ဖို့အဓိက။ ဒီကောင့်အတွေးအခေါ်ဖောက်ပြန် တယ်လို့ပြောလည်းခံမယ်။ စောက်သုံးမကျဘူးလို့ပြောလည်း ခံမယ်။ ပြောချင်သလိုသာပြောတော့။
အိမ်ပြန်တဲ့အခါမှာ...အဓိက ဟိုနှမပေး နအဖဒလန်တွေက ဒုက္ခမပေးဖို့အရေးကြီးတယ်။ လေယာဉ်ကွင်းရောက်မှ ဖမ်းဟဲ့ဆီးဟဲ့နဲ့ ထောင်ထဲမှာ ဇိပိတ်ပြီး ကွဲပြဲရောင်ကိုင်းနေရင် ဒုက္ခ။ ဒါကိုပဲအကြောက်ဆုံး။
လက်ရှိပြည်ပက ဆန့်ကျင်ဘက်နိုင်ငံရေးအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေတောင်ခိုးကြောင်ခိုးဝှက်နဲ့ တမျိုး၊ ပေါ်တင်တမျိုးပြန်နေကြတာပဲ။ ဥပမာ ရုပ်ချောချောနဲ့ဒေါက်တာဇာနည်၊ မင်းသားနဲ့တူတဲ့ ဦးမောင်မောင်၊ ခန့်ငြားတည်ကြည်လှတဲ့ ဦးဇော်ဦး။ သူတို့ပြီးတော့ တတိယနိုင်ငံရောက် အေဘီရဲဘော်ဟောင်းတွေ၊ သူပုန်ဟောင်းတွေလည်း ပြန်နေကြတာပဲ။ သူတို့ဂွင်နဲ့သူတို့ မြန်မာပြည်ပြန်ပြီး လုပ်ချင်တာလုပ်နေကြတာ အားလုံးအသိ။ ဒါနဲ့များလွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်နေသေးတယ်။ အဓိက ရန်ကုန်လေဆိပ်ရောက်ရင် အဖမ်းမခံရဖို့အရေးကြီးတယ်။ ဒီနည်းလမ်းကိုရှာနိုင်ရင် ပြီးတာပဲ။
တချို့ တွေ ရန်ကုန်ကိုလေယာဉ်နဲ့မသွားကြဘူး။ ဥပမာ သြစတျေးလျက မွန်၊ ကရင်တွေကိုကြည့်ပါ။ သူတို့ နယ်စပ်ကနေ ဖြတ်ပြီး သူတို့ရွာကိုသွားလည်ကြတာပဲ။ နယ်စပ်ကိုမ၀င်ခင်မှာ မြန်မှာမှတ်ပုံတင်လုပ်၊ ၾသစေတ်လ် Passport ကုိ ထိုင်းမှာသိမ်းပြီး မြန်မာတပြည်လုံးပတ်နေကြတာပဲ။ ဒီဂွင်ကို ဘယ်သူသိလဲ။ ကျိုက်ထီးရိုး၊ ရွှေတိဂုံ၊ ချောင်းသာ စုံနေတာပဲ။ နေပြည်တော်က ဘုရားကြီးတောင် သွားဖူးလိုက်သေး။ သူတို့ကိုသူတို့ သြစတျေးလျမှာ နေတယ်လို့မပြောပါဘူး။ ဒါက နည်းလမ်းမဟုတ်လို့ ဘာလဲ။ သူတို့ လွှတ်တော်က လွှတ်ငြိမ်းချမ်းသာခွင့်ဆိုတာ သိပုံတောင်မရဘူး။ ဘာလဲ လွတ်ငြိမ်းချမ်းသာခွင့်...ဒီလိုနည်းလမ်းနဲ့ပြန်တဲ့မွန်တွေ ကရင်တွေဟာ၊ နှစ်ပေါင်း ၂၀-ကျော်လောက် တောထဲမှာ စစ်တိုက်လာတဲ့လူတွေပါ။ သူပုန်စစ်စစ်တွေပါ။ ကျနော်တို့လိုမျိုး သုံးလေးနှစ်သူပုန်မလုပ်ပါဘူး။ နှစ်ပေါင်းနှစ်ဆယ်ကျော် အတွေ့အကြုံရှိတဲ့သူတွေပါ။ အခုလည်း လုပ်နေကြတဲ့သူတွေပါ။
စောက်တလွဲ အတွေးနှစ်ခု
၁) မြန်မာပြည်ကိုပြန်တာ ဖောက်ပြန်တာပဲ။
၂) ရန်သူဆီမှာ လက်နက်ချတာပဲ။
ဒီလိုအတွေးအခေါ်နှစ်ခုရှိတဲ့သူတွေအများစုဟာ အဓိကပြောရရင် စောက်တလွဲငကြောင်တွေလို့ပဲ သတ်မှတ်ရမှာပဲ။ ဒီအတွေးနှစ်ခုနဲ့ပတ်သက်ပြီး ကျနော်က ဒီလိုပြောချင်တယ်။
မြန်မာပြည်ပြန်တာ ဖောက်ပြန်တာပဲ
ဟ..နင့်အမေေ-ာပက်။ မြန်မာပြည်က မင်းတို့ငါတို့တိုင်းပြည်မဟုတ်လို့ ဘယ်သူတောင်းစားပိုင်တာလဲကွ...လို့...မေးရမလိုဖြစ်နေပြီ။ မြန်မာပြည်မပြန်လို့ ငါက အ၀ိစိဆင်းရမှာလား။ မြန်မာပြည်မှာ ငါ့အမျိုးတွေ၊ ညီအစ်ကိုမောင်နှတွေ တစ်ပုံကြီး။ ဘုရားဖူးရမယ်။ ပြီးရင် လိမ်ဥလည်းတူးရမယ်။ ကိုယ့်တိုင်းပြည်ကို ပြန်တာ ဘာဖြစ်လဲ။ ဒါလား ဖောက်ပြန်တာ။
ရန်သူဆီမှာလက်နက်ချတာပဲ
နအဖက ငါတို့ရန်သူမဟုတ်ဘူး။ နအဖဟာ ငါတို့တိုင်းပြည်က ငါတို့လူမျိုးတွေပဲ။ ဒီကောင်တွေအာဏာရှင်လုပ်ပြီး၊ စောက်သုံးမကျလို့ ငါတို့ဆင်းရဲ၊ ဒုက္ခရောက်နေရတာ။ ဒီကောင်တွေကို ငါတို့တချိန်လုံး ရန်သူလိုဆက်ဆံနေရင်တော့ နအဖနဲ့ငါတို့ ဘယ်တော့မှ ရန်ညိုးပြီးတော့မှာမဟုတ်။
လက်နက်ချဖို့ဆိုရလောက်အောင် ငါတို့ မှာလောလောဆယ် လက်နက်ဆိုလို့အက်တိုတစ်ချောင်းပဲရှိတယ်။ ဒါလားလက်နက်ချတယ်ဆိုတဲ့စကား။
အဓိက မျှော်သူများ
နယ်စပ်မှာ ကျန်နေတဲ့ သူပုန်များဖြစ်ဖို့များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကအတော်ဆင်းရဲ၊ ဒုက္ခရောက်၊ တရားမ၀င်ထိုင်းမှာ အနှိမ်ခံရတဲ့ဘ၀ဆိုတော့ ပိုပြီးပြန်ချင်မယ်လို့ထင်တယ်။ နောက်တမျိုးကတော့ တတိယနိုင်ငံတွေမှာရောက်နေတဲ့ သူပုန်ဟောင်းများဖြစ်တယ်။ သူတို့က ဒီဂွင်ရရင် ပိုပြီးပျော်လိမ့်မယ်လို့ထင်တယ်။ ကျနော့်လိုပေါ့။ အနည်းဆုံး စီးပွားရေးကို တရားဝင်ပြန်လုပ်လို့ရနိုင်တယ်။ ကိုယ့်တိုင်းပြည်မှာ အလုပ်ပြန်လုပ်လို့ရနိုင်တယ်။ ဒါဆိုရင် မဆိုးဘူး။ မျှော်နေပါတယ်။ ပေးပါတော့ ကိုရွှေတို့ရယ်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ့မလား
ဒါ့ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ကိုမျှော်တာ ဆင်-ီးခွေးမျှော်တာပဲဗျ။ ဆိုတော့ဗျာ ကျနော်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးပေးမပေးပေး ပိုက်ဆံရှိရင်ပြန်မယ်။ သံရုံးမှာ နိုင်ငံရေးမလုပ်ပါဘူးလို့ ၀န်ခံကတိထိုးခိုင်းလည်းပြန်မယ်။ တောင်းပန်ပါဆိုလည်း တောင်းပန်မယ်။ ရန်ကုန်ပြန်ရောက်မှ လုပ်တာမလုပ်တာက ကိုယ့်အပိုင်း။ ဟုတ်တယ်ဟုတ်။ ကိုယ့်ခံစားချက်နဲ့ကိုယ်ပါဗျာ။ နိုင်ငံရေးလုပ်ဖို့အတွက် မည်သူတဦးတဦးတယောက်မှ ကျနော့်ကိုမတိုက်တွန်းခဲ့ဘူးဆိုတော့...ရန်ကုန်ပြန်ဖို့လည်း မည်သူမှ တားဆီးပိတ်ပင်၊ အားပေးစရာမလိုပါဘူး။
မှတ်ချက်။    ။ ဇရစ်ရိုး၊ ဖလောင်တောင်မွေး၊ ပဒက်စာက သြစတျေးလျမှာ မပေါက်ဘူးဗျာ။ မြန်မာပြည်မှာပဲ ပေါက်ပါတယ်။
3/5/11
ပင်မခဲယမ်းမီးကျောက်တပ်(တောင်သုံးလုံး) ပေါက်ကွဲမှု
ဘီဘီစီနဲ့ VOA မှာ ပါတဲ့က တောင်သုံးလုံးမီးလောင်လို့ဆိုတဲ့ဟာနဲ့ပက်သက်ပြီး ဒီလိုပြောချင်တယ်။ လက်နက်စက်ရုံမီးလောင်မှုမဟုတ်။ တောင်သုံးလုံးမီးလောင်မှုဖြစ်ပွားရင် တပ်ထဲမှာ မီးသတ်ကားအလုံအလောက်ရှိတယ်။ ဒါက ပေါက်ကွဲမှုပါ။ လွန်ခဲ့တဲ့သုံးလလောက်က ခဲယမ်းမီးကျောက်အဟောင်းတွေတခါပေါက်ကွဲခဲ့ဘူးတယ်။ ရဲဘော်တွေသေခဲ့တယ်။ ဒီလိုပေါက်ကွဲမှုက ခဏခဏဖြစ်တဲ့အတွက် သိတ်မထူးဆန်းတဲ့ကိစ္စဖြစ်တယ်။ ဒီတပ်က မြန်မာပြည်မှာ အန္တရာယ်အရှိဆုံးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်တခုလုံးမှာအကြီးဆုံး ပင်မခဲယမ်းသိုလှောင်ရုံဖြစ်လို့ပဲ။ Safe မဖြစ်ဘူးလို့ သိရတယ်။ ပတ်ဝန်းကျင်ကရွာတွေ ပေါက်ကွဲမှုဖြစ်ရင် အချိန်မရွေးသေနိုင်တယ်။
အရင်တုန်းက ဒီတပ်က မင်္ဂလာဒုံမှာအခြေစိုက်တယ်။ မြို့ နဲ့နီးလို့ တောထဲကိုရွှေထားပါတယ်။
မီဒီယာတွေ သတင်းရလိုဇောနဲ့ ကောလဟလသတင်းလိုလို၊အတင်းလိုလို ဘေးကမိန်းမတွေပြောတဲ့ စကားကိုယုံပြီး သတင်းတွေတင်တာ ရှက်စရာကောင်းတယ်။ ဘန်ကောက်က ဦးကိုကိုအောင် နဲ့ မြန်မာစာ လေးတန်းမအောင်တဲ့ ဦးဝင်းမြင့်တို့ရေ သေချာစိစစ်ပါအုံး။ နောက်ပြီး စံခလပူရီက တပ်တွင်းသတင်းထောက် ဦးသန်း(မွန်ပြည်သစ်ထောက်လှမ်းရေးဟောင်း) ရဲ့ တပ်တွင်းသတင်းတွေကို လည်း သတိထားပြီးယုံကြပေါ့။
3/4/11
ပြည်ပမီဒီယာတွေဘတ်လိုက်တယ်ဗျို့ ...
FTUB က ဦးမောင်မောင်အာဏာရှင်ဆန်ဆန် ဖင်ခံချင်နေတဲ့အပေါက်ကိုလည်း မီဒီယာတွေမတင်ပြန်။ ဘယ်အလုပ်သမားကိုမှ ကိုယ်စားမပြုတဲ့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဆိုပြီး ငွေတွေလိမ်တောင်း၊ မိမိအာဏာရအောင်ငွေတွေနဲ့ဝယ်၊ အလုပ်ရှင်လို မိမိဝန်ထမ်းတွေကို ဖြုချင်သလိုဖြုတ်၊ တယ်လည်းဟုတ်ကြပါလား။ ဒီလောက်ဖြစ်နေတာကိုကြတော့ BBC VOA RFA DVB Irrawaddy Mizzima သတင်းဌာနတွေမှာမတွေ့။ အင်း..သတင်းမဖြစ်လို့နေမှာပေါ့..။
မီဒီယာသူရဲကောင်းတွေပေါ်ထွက်ပါစေ...။
3/2/11
“ဇွဲ, ၏ အားမာန်” (အမေ့သား-ဒိန်းမတ်) ကဗျာ
ဘဝပြဲပြဲထဲ
ချွေးရွှဲကာ ရုန်းကန်..
ဒူးမထောက် ဦးမညွှတ်
လောကဓံကြံ့ကြံ့ခံ ဇွဲနဲ့
အားခဲ ထားမြဲ...။
ကြမ္မာဆိုး
ရန်ငြိုးဖွဲ့ထိုးနှက်
ကန္တာရပန်းတိုင်ဆီ
ရဲရဲတောက်ခြေကိုလှမ်း
ယုံကြည်ချက် ခေါင်းပေါ်ရွက်
ခံယူချက် အားမာန်ဟုန်ဝင့်ကာဖြင့်
ရှေ့ဆက်မယ့်ခရီးကို
နောက်မတွန့် ကြောက်ရွံ့သူမဟုတ်လို့...
ရှေ့ဆက်ကာမြဲ...။
ရိခဲ့တဲ့ လောကဓံ
ဆင်ရိုင်းနှယ်ကြမ္မာဆိုးကို
ပြုံးချိုသောမျက်နှာထားနဲ့
ရဲရဲတောက် ကျော်ကာဖြတ်ခဲ့ပြီမို့...
“ဇွဲ” ဆုကိုရခဲ့ပေါ့...။
ဇွဲ၏ အားမာန်ဟုန်ဖြင့်
လိုချင်တဲ့ ငြိမ်းချမ်းရေး
တောင့်တခဲ့ လူ့အခွင့်ရေး
ဖန်ဆင်းကာပေးမယ့်သူ
ဇွဲရှိသူမှတပါး အခြားမရှိပါတကား...။
အမေ့သား(ဒိန်းမတ်)
အို ..လူကြီးတို့ ထ,ချလော့....
ကျနော်တို့ နိုင်ငံခြားရောက်တဲ့ လူတွေဒီအလုပ်ပဲ လုပ်နိုင်လို့ ဒီလိုပဲလုပ်ပါရစေ..။
ဒါဆိုရင် ဘယ်သူတွေလုပ်ကြမှာလဲ။ ကျန်တဲ့လူကြီးတွေ ချ,ရမဲ့တာဝန်ပေါ့ဗျာ။ လူငယ်တွေက ပြည်ပမှာငွေရှာပြီးပို့ပေးနေရတာက တကယ့်မဟာတာဝန်ကြီးပဲ။ ဒါကိုလူကြီးတွေက အေးအေးဆေးဆေးနဲ့ နှလုံးနဲ့ချဲထိုးဖို့လောက်ပဲ လုပ်မယ်ဆိုရင် လူကြီးတွေ တရားပါ့မလားဗျာ။
၂၀၁၁-ရောက်လူကြီးတွေဟာ လူငယ်တွေလောက် ဒုက္ခမဖြစ်ပါဘူး။
2/23/11
"အတော်ရီရတဲ့ သြစတျေးလျရှိ ဗမာသံရုံးနဲ့ အတော်ဒုက္ခရောက်ခဲ့တဲ့ ဗမာမောင်ဘုန်း"
လွန်ခဲ့တဲ့ ၂၀၀၇-လောက်က မြန်မာပြည်ကိုအလည်သွားဖို့အတွက် သြစတျေးလျနိုင်ငံ ကင်ဘာရာမှာရှိတဲ့ မြန်မာသံရုံးမှာ ဗီဇာလျှောက်ခဲ့တယ်။ ခလေးနှစ်ယောက်၊ မိန်းမနဲ့ဆိုတော့ Passport စာအုပ်လေးအုပ်ကို သံရုံးကိုပို့ပေးခဲ့တယ်။ လျှောက်လွှာ၊ အသနားခံစာ(ဘာ့ကြောင့် ပြည်မြန်မာကို ဒိုးရပါသည်..နိုင်ငံရေးမပါ) နှင့် ငွေအပါအ၀င်ပို့ ပေးခဲ့တယ်။ သွားမယ့်ရည်ရွယ်ချက်က အလည်အပတ်ပေါ့။ မရောက်တာကြာပြီဖြစ်တဲ့ အမိမြေကို သတိတရနဲ့ပါ။ အခြားအထွေအထူးဘာမှမရှိ။
နှစ်ရက်လောက်ကြာတော့ သံရုံးက၀န်ထမ်းက ဖုန်းဆက်လာပါတယ်။ ဗမာပြည်က Passport ရှိလားပေါ့။ ဒုက္ခသည်အဖြစ်နဲ့ ကျနော်လာခဲ့တာပါလို့ပြောခဲ့တယ်။ ဒါ့ကြောင့် ကျနော့်မှာ ဗမာပြည်က Passport မရှိ။ ဒါနဲ့ သံရုံးဝန်ထမ်းက "ခင်ဗျားရဲ့ Passport ကို ရန်ကုန်ကနိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့ပေးမယ်။ သူတို့ခွင့်ပြုမှ ခင်ဗျားမြန်မာပြည်ကို ၀င်လို့ရမယ်" လို့ ဖုန်းဆက်ပြီးအကြောင်းပြန်ခဲ့တယ်။
ကျနော်စဉ်းစားပြီ။ နိုင်ငံခြားရေး ၀န်ကြီးဌာနကိုပို့မယ်ဆိုရင် ကျနော်ဒုက္ခဖြစ်နိုင်တယ်။ အနည်းဆုံး နှမစောင်းတွေ တီးတာကိုခံရနိုင်တယ်။ ဒါ့ကြောင့် မသွားသင့်တော့ဘူးလို့ စဉ်းစားတယ်။ ဒါနဲ့ သံရုံးဝန်ထမ်းကို ကျနော့် စာအုပ်ကို ပြန်ပို့ပေးပါလို့ ပြောခဲ့တယ်။
ပြီးခဲ့တဲ့လက ကွာလာလမ်ပူက သြစတျေးလျသံရုံးကို အလုပ်ကိစ္စနဲ့ရောက်တယ်။ သံရုံးရောက်တော့ သံရုံးအရာရှိက ရစ်ပြန်ရော။ သြစီနိုင်ငံသားအချင်းချင်း။ အရာရှိက ထိုင်း။ ကျနော်က ဗမာ။ ဘာရမလဲ။ ဒါမျိုးကတော့။ သူကမေးတယ်။ ဟေ့..မင်းစာအုပ်က ဘယ်လိုဖြစ်လဲပေါ့။ ဒီမှာ "တုံး"ရာကြီးနဲ့။ ပြီးတော့ ဖျက်ထားသေးတယ်။ ဖြဲထားသေးတယ်။ မင်းဟာက အတုကြီးလားမသိဆိုပြီး စစ်ပြန်ရော။ ဒီမှာတင် ကျနော်ဒေါသထွက်ပြီ။ ဟေ့..ငါ့သြစီနိုင်ငံသား။ မင်းမယုံရင် ငါ့ရဲ့ Sir Name ကို မင်းတို့ System မှာ ပြန်ကြည့်လို့ပြောလိုက်တယ်။ ပြီးမှ သူက မင်းကိုမယုံလို့မဟုတ်ဘူး။ မင်းစာအုပ်က ဘာဖြစ်လို့ဒီလိုဖြစ်နေတာလဲမေးပြန်ရော။ အရင်တုန်းက ကျနော်သတိမထားမိဘူး။ သေချာဖတ်ကြည့်မှာ ဟာ...ဒါမြန်မာသံရုံးက "တုံး"ထုတဲ့အရာပဲ။
ပြန်စဉ်းစားမှ သြော်...ဒီဘဲတွေ ငါ့ကိုလုပ်ပြီလို့..။
နောက်တစ်ခေါက် ဘန်ကောက်ကိုပြန်တယ်။ ဘန်ကောက်က ကိုအောင်သူငြိမ်းအိမ်မှာတည်းတယ်။ စာအုပ်ကိုပြတယ်။ သူကပြောတယ်။ ဗီဇာမပေးဘူး၊ ငြင်းတယ်ဆိုရင် Refuse ဆိုတဲ့တုံးကို ထုပေးယုံပဲတဲ့။ သူပြောတာကို ကျနော်မယုံ။ ဘာ့ကြောင့်လဲဆိုတော့ ဘယ်သူ့ ကိုမှ ကျနော်မယုံလို့ပဲ။ ဘန်ကောက်ကနေ ပီနန်ကို ထွက်တယ်။ ပီနန်ပြန်ရောက်တော့ စကာင်္ပူကလာတဲ့မိတ်ဆွေကလည်း ကိုအောင်သူငြိမ်းပြောတဲ့အတိုင်းပဲ။ ဒါနဲ့ယုံသွားတော့တယ်။
ဒါဆိုဘာ့ကြောင့် ကျနော့်စာအုပ်ကို ဒီလိုလုပ်ရတာလဲ။ ကျနော်က ရိုင်းလို့လား။ ကျနော်က နာမည်ကြီးတဲ့ နိုင်ငံရေးခေါင်းရှောင်လား။ ငါက အိုစမာဘင်လာဒင်လို မာစတာမိုင်းလား။ ဒီလိုလည်းမဟုတ်။ ကျနော်က ဒီလောက် မှုးပြီးပေါက်ကရလုပ်တဲ့သူပဲ။ ဘာ့ကြောင့်ကျနော့်စာအုပ်နဲ့ ကျနော့်ကို ဒုက္ခရောက်အောင်လုပ်ရတာလဲ။ ဗမာအချင်းချင်းဆိုတော့ ဗမာသံရုံးက ဆုံးမတာလားမသိ။ ဘာဘဲဖြစ်ဖြစ်..သူတို့ကြောင့် ကျနော်ဒုက္ခအတော်ရောက်ခဲ့ရပါတယ်။
မပေးချင်လည်းမပေးနဲ့ပေါ့ဗျာ။ ဘာဖြစ်လို့ဒီလိုလုပ်လည်းမသိ။ မောင်မင်းကြီးသား၊ လူကြီးလူကောင်းများ ကျန်းမာကြပါစေ...။
ဦးတေဇလုပ်ကြံခံရပြီလား???
ဦးတေဇဟာ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့နီးစပ်သူ။ ဗိုလ်ရွှေနိဂုံးမချုပ်ခင် တေဇလည်း တခုခုတော့ ဖြစ်ရမှာပဲလေ။
ဘာပဲဖြစ်ဖြစ် သတ္တာဝါတခု၊ ကံတစ်ခုပေါ့လို့ ဆိုရမှာပေါ့နော်...။ အသက်ရှင်ချင်လည်း ရှင်။ သေချင်လည်းသေ။ ကိုယ့်အကုသိုလ်နဲ့ကိုယ်ပေါ့ဗျာ..။
တကယ်လို့...သူသာ မသေဘဲ နောင်တရခဲ့မယ်ဆိုရင်၊ တိုင်းပြည်နဲ့ပြည်သူကို ဒီလိုအလုပ်အကျွေးပြုပေးပါ။ အနည်းဆုံး အမှန်တရားဖြစ်တဲ့ စစ်မှန်တဲ့ ပြည့်သူ့အစိုးရဖြစ်အောင် မိမိပိုင်ဆိုင်တဲ့ငွေတွေကို ပုံအောသုံးပြီးလုပ်ပေးပါလို့..။ ဦးတေဇပြောသလို ကျနော်တို့သေသွားရင် ကျနော်တို့ပိုင်ဆိုင်မှုတွေကို တိုင်းသူပြည်သားတွေ စားလို့ရအောင်လေ။ သေသွားရင် ဘာမှယူသွားလို့မရဘူးလို့ နောက်ဆုံးသူပြောခဲ့သည် မဟုတ်ပါလား။ ကံကောင်းပါစေ ဦးတေဇရေ...။
2/22/11
နယူးဇီလန်ငလျှင်
နယူးဇီလန် Cristchruch မြို့ မှာ မြေငလျှင်လှုပ်တာ လူပေါင်းနှစ်ရာကျော်ရှောကုန်ပြီ။ ထိခိုက်ဒဏ်နဲ့အပျက်အစီးကတော့ တပုံကြီး။ အီးပါဖို့အိမ်သာတောင်မလောက်တော့ဘူး။ လူနာတင်ကားတွေလည်း မရှိတော့ဘူး။ State of Emergency အဖြစ်အစိုးရကျေငြာထား။ ၾသစေတ်းလ် ကယ်ဆယ်ရေးအဖွဲ့တွေသွားကူညီနေ။ မြေငလျှင် ၆.၃ တောင်ရှိသတဲ့။ စက်တင်ဘာလကလှုပ်တဲ့ငလျှင်ထက်ကြီးမားကြောင်းသိရ။ ဒီမြို့ မှာ မြန်မာပြည်က ဒုက္ခသည်တွေ ဒုက္ခိဖြစ်ကုန်ပြီလို့ကြားရ။ အိပ်စရာ၊ နေစရာမရှိကြောင်း သိရ။ မြန်မာသံရုံးကနေလိုအပ်တဲ့အကူအညီပေးကြောင်း မကြားရ။ သတင်းဌာနများ စုံစမ်းကြပါအုံး။
2/19/11
ဗခမက သန်းရွှေအိမ်
ပြီးခဲ့လမှာ မလေးကို နှစ်ခေါက်ရောက်တယ်။ ပီနန်နဲ့ ကွာလာလမ်ပူကို။
ရောက်တော့ တချို့ စစ်ထောက်လှမ်းရေးနဲ့ပက်သက်သူကော၊ နီးစပ်သူကော၊ စသဖြင့်နဲ့ ကြုံခဲ့ရတယ်။ သူတို့ပြောတာကို မှတ်ထားခဲ့တယ်။ အခုမှ သတိထားမိတာကို တင်ပြချင်လို့ပါ။ ဘာ့ကြောင့်လဲဆိုတော့..တိုက်ဆိုင်လို့ပဲလို့ပြောပါရစေ။ တနေ့က Mizzima မှာ ပါတဲ့သတင်းနဲ့ တိုက်ဆိုင်လို့အခုလိုရေးမိတယ်။ ဖြစ်ပုံက ဒီလိုပါ။
"ဗိုလ်သန်းရွှေရဲ့ အိမ်က ကျောက်စိမ်းတောင်ကို အမှီပြုပြီးနေတယ်တဲ့၊ သက်တမ်းနုကျောက်စိမ်း" ဟု...စစ်ထောက်လှမ်းရေးနဲ့ နီးစပ်သူက ပီနန်မှာပြောတယ်။
အိုကေ။ ရတယ်။ မှတ်ထားမယ်။ ဒါက ကျနော်သဘော။ မှုးလည်းမှုးနေပြီ။ ဘုန်းကြီးကျောင်းမှာဆိုတော့ ရန်ဖြစ်လို့မကောင်း။
ပြီးတော့..သြစီကိုပြန်ရောက်တယ်။
တနေ့က Mizzima သတင်းမှာ တွေ့တယ်။ နေပြည်တော်ရဲ့ ဘာဘုရားလဲမသိဘူး။ ထိပ်သီးလေးဦး တောင်ကြောကိုနောက်ပေးပြီး အိမ်တွေဆောက်ထားတယ်။ ဒီတောင်ကြောက သက်တမ်းနု ကျောက်စိမ်းသိုက်လား။ စဉ်စားကြည့်ပေါ့နော်။
ပြီးခဲ့တဲ့ လေးငါးလပတ်ဝန်းကျင်မှာ အင်တာနက်ကနေ သန်းရွှေအိမ်လို့ဆိုပြီးသတင်းထွက်တယ်။ သိတယ်မှတ်လား။ ရေချိုးခန်းကအစ ကျောက်စိမ်းတွေလေ။
ဒီအိမ်က သက်တမ်းနု ကျောက်စိမ်းတောင်ကို ကျောပေးပြီး ဆောက်ထားတဲ့အိမ်လားမသိ။
အထူးလျှို့ ဝှက်ကြေးနန်း
အထူးကြေးနန်း
ပ-ဘက
လ-မိုးသီးဇွန်
လက်ရှိ တပ်မတော်အတွင်း ခွက်စောင်းခုတ်နေတဲ့အချိန်မှာ ငါတို့အပြင်အဆင်ကောင်း ကောင်းကောင်းလုပ်ရမယ်။ ဒါ့ကြောင့် အမေရိကမှာ ဆူရှီများများစားထားပါ။ အားရှိမှ အီးရှိမယ်။
အမေရိကမှာရှိတဲ့ အေဘီရော်ဘဲဟောင်း တွေကိုအရက်အရမ်းမသောက်ခိုင်းပါနဲ့။ မှုးပြီး စောစောသေသွားရင် ရန်ကုန်မှာ ပြန်မသောက်နိုင်ပဲဖြစ်လိမ့်မည်။ မောင်ရင် အနေနဲ့ အင်တာနက်က များများအာတာ လျှော့ပါ။ ပြည်တွင်း NLD ကို လိုအပ်တဲ့အကူအညီပေးပါ။
သန်းရွှေအုပ်စုကွဲသွားရင် မောင်ရင်အာဏာယူဖို့ ပြင်ဆင်ပါ။ အနည်းဆုံး ရပ်ကွက် ဥက္ကဌလောက်တော့ ရအောင်ယူပါ။
ပ-ဘက
လ- လွဏ်းဆွေ
လျှော့သောက်၊ ရှေရှည်အကျိုးဖြစ်ထွန်းမဲ့ သောက်နည်းသောက်ဟန်၊ ဆွနည်းဆွဟန်ပြု လုပ်ပါ။ သန်းရွှေအုပ်စုကို ဘလော့ဂ်အချွန်နဲ့များများထိုးပေး။ လက်ရှိဖွဲ့စည်းပုံအရ ပြန်စားရေး ၀န်ကြီးနေရာအများအပြားရှိတယ်။ ဘလော့ဂ်ဂါအဖြစ်ကနေ ပြန်စားရေး ၀န်ကြီးအဖြစ် ခန့်မယ်။
ရူးတူးတူးပေါကြောင်ကြောင် မဖြစ်အောင်ဂရုစိုက်။ ဒါ့ကြောင့်တနေ့ ဒိုက်သုံးခါထိုးပါ။ မိန်းမအသစ်ယူ လျှင်ပိုပြီးကောင်းမည်။ ညတိုင်းဒိုက်ထိုးနိုင်အောင် မိန်းမအသစ်ယူပါ။ ကျန်းမာသန်းစွမ်းစေရန်လောက်ခေါင်များများချပါ။
လောက်ခေါင်=ထိုင်းနိုင်ငံမှ တောအရက်
ဘက=ဘုန်းကျော်
၁၉-၂-၂၀၁၁ နံနက် ၁၀-နာရီ
www.phonekyaw.blogspot.com
2/17/11
ဘာတွေရေးရမှာလဲ???
ဘာမှ မရေးချင်သေးဘူး။ ဘာဖီလင်မှမရှိလို့ပါ။ အစိုးရသစ်အပြောင်းအလဲနဲ့ ဖြုတ်ထုတ်သတ်ပွဲကြီးကို စောင့်ကြည့်နေပါတယ်။ ရွေးပြီးကောက်တဲ့ပွဲမှာ အချင်းချင်းထိုးကြလိမ့်မယ်လို့ပြောပြီးသွားပါပြီ။ သိချင်ရင် ရှာဖွေဖတ်ရှု့ ကြည့်ပါ။ မယုံမရှိနဲ့ဆရာ တည်းတည်းလေးပဲ ကျန်ပါတော့သည်။
အတိုက်အခံနဲ့ပြည်သူကတော့ ဆုံးရှုံးစရာတခုမှမရှိတော့ကြောင်း ဆရာတို့သိပါသည်။ အဓိကဆုံးရှုံးမည့်သူများကတော့ အားလုံးသိတဲ့အတိုင်း နာမည်ကျော်ကြားပြီး လူကြိုက်နည်းနေတဲ့ ဘဘရွှေ နှင့် လူမိုက်တစုပဲဖြစ်ပါတော့သည်။ သူတို့ ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်ပါ။ ဒီလိုစောင့်ကြည့်ရတဲ့အရသာက သရဲကားကြည့်ရသလို ရင်ထဲမှာ တလှပ်လှပ်နဲ့။
သြော်...အာဏာနှင့်စည်းစိမ်သည် ကာလတခုအထိပဲ ကြာရှည်ခံပါ၏။
1/2/11
ပြည်သူတွေရဲ့ အမြင်
အင်တာနက်မကြည့်ဖြစ်၊ သတင်းမဖတ်ဖြစ်၊ အီမေးမဖွင့်ဖြစ်တော့ စိတ်နဲနဲချမ်းသာတယ်။ ဒေါသကင်းတယ်။ စိတ်မတိုရဘူး။ ဘာ့ကြောင့်လဲဆိုတော့ အင်တာနက်မှာရေးနေတဲ့လူတွေကိုကြည့်ရတာ လေ,ကလွဲရင် လက်တွေ့မပါသလိုဖြစ်နေလို့ပဲ။
အင်တာနက်မှာရေးတဲ့ စာရေးသူ၊ ဘလော့ဂ်ဂါ၊ အကြံပေးသူ၊ ချီးမွမ်းသူ၊ စသူစသူတွေဟာ အသက်ကြီးရင့်သူတွေလို စိတ်သွားတိုင်းကိုယ်မပါကြဘူး။ သူတို့တွေအများစုဟာ နိုင်ငံကြီးတွေမှာ နေထိုင်ကြသူတွေ၊ ပညာအသင့်အတင့်တက်သူတွေဖြစ်တယ်။ နိုင်ငံရေးကို အရက်နဲ့အမြည်းလုပ်၊ တယ်လီဖုန်းဆက်၊ ကိုယ့်အချင်းအချင်းစောက်စကားများနဲ့ပဲ အချိန်တွေကုန်ခဲ့ပြီ။ အပြောင်းအလဲကြီးတစုံတရာမျှဒီလူတွေမဖန်တီးနိုင်ခဲ့ဘူး။ အဲဒိလိုလူတွေထဲမှာလည်း ကျနော်ပါတယ်။
ထိုင်း နဲ့ မလေးရှားမှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေဟာ ပြတ်သားတယ်။ သူတို့ရဲ့ နိုင်ငံရေးအမြင်၊ အယူအဆဟာ တစ်ခုထဲပဲရှိတယ်။ ဆွေးနွေးပွဲခေါ်ပြီး သဘောထားတောင်းခံစရာတောင်မလိုဘူး။ သူတို့ရဲ့ နိုင်ငံရေးအမြင်ကတော့ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရဖယ်ရှားမယ်။ အပြောင်းအလဲလိုချင်တယ်။ ထမင်း၀၀စားရတဲ့ အခြေအနေလိုချင်တယ်။ ဒါပဲ။
နိုင်ငံရေးသမားတွေလို၊ ပညာမရှင်တရှင်တွေလို ဟိုလိုလိုဒီလိုလို စိတ်မျိုးသူတို့မှာမရှိ။ ရှိတာက လက်ရှိအစိုးရကြောင့် ပြည်သူတွေဒုက္ခရောက်တယ်။ ဒီကောင်တွေမတရားဘူး။ ရှင်းတယ်။ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေ၊ ပညာမရှင်တရှင်တွေပြောတာကို သူတို့က အရှုးတွေ၊ ဂေါက်နေတယ်လို့ထင်တယ်။ Critical Thinking တို့ အုံးနှောက်ကို နှားဂစ်ဝင်မွှေတာတို့၊ ဘာတို့ လာမပြောနဲ့။ စိတ်မ၀င်စားဘူး။ ဒါ့ကြောင့်ပြည်သူတွေရဲ့ နိုင်ငံရေးအမြင်ကတော့ ပြတ်တယ်။
ရွေးကောက်ပွဲကို ၀င်ပြီးကစားရပါတယ်လို့ပြောတော့ သူတို့က ရွေးကောက်ပွဲဆိုတာ ဘောလုံးကွင်းမှ မဟုတ်တာတဲ့။ ခြင်းခတ်လို့လည်းရတာမဟုတ်။ ဒီလိုမျိုး။
ရေးတော့ ရေးချင်ပါရဲ့  အချိန်မရှိတော့လို့ ဒီလောက်ပါပဲ။
12/12/10
တိုင်းရင်းသားလက်နက်ကိုင်တပ်များသို့.....။
တပြိုင်တည်း နေရာဒေသအစုံက တိုက်ခိုက်ကြဖို့လိုအပ်နေပြီ။
နအဖဟာ ယနေ့ကာလမှာ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးပြသနာတွေကို ထိန်းမနိုင်သိမ်းမရဖြစ်နေတာကို ခင်ဗျားတို့အားလုံးသိတယ်။
အခုလောလောဆယ်တွေ့နေရတဲ့ ပြည်တွင်းစစ်ဟာ DKBA ကလွဲရင် ကျန်တဲ့အပစ်ရပ်အဖွဲ့တွေ လုံးဝငြိမ်နေတာတော့မကောင်းဘူး။
နအဖတိုက်တိုက်မတိုက်တိုက် ကိုယ်ကစတိုက်သင့်နေပြီ။ စောင့်မနေသင့်တော့ဘူး။ သူတိုက်မှ ကိုယ်ပြန်တိုက်မယ်ဆိုတဲ့ အခြေအနေက တကယ်တန်းတော့ ကိုယ့်အဖွဲ့ရဲ့ အကျိုးစီးပွားတခုတည်းကို ကြည့်နေသလိုဖြစ်နေတယ်။ ဘုံရန်သူ၊ ဘုံရည်မှန်းချက်ကို အားလုံးသိတယ်ဆိုရင်တော့ ပြန်ချသင့်ပါပြီ။
မွန်ပြည်သစ်ပါတီ၊ ကချင်၊ နဲ့အခြားတိုင်းရင်းလက်နက်ကိုင်တပ်တွေ နအဖကိုထိုးစစ်ဆင်သင့်နေပြီ။
ABSDF က DKBA ကိုကူညီတဲ့လုပ်ရပ်က တကယ်အားရစရာကောင်းတယ်။ KNU ရဲ့ DKBA အပေါ်ထားတဲ့သဘောထားလည်းမှန်တယ်။
ဒါပေမဲ့ လက်ရှိပြန်တိုက်ဖို့မလုပ်တဲ့အဖွဲ့အစည်းတွေကိုတော့ အားမရဘူး။ တကယ်လို့သာ KNU DKBA နဲ့ ABSDF လိုစုစည်းမှုမရှိရင်တော့ ကျနော်တို့တိုက်ပွဲဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။
အားလုံးသေနတ်ဖောက်ကြပါစို့လို့ ပြောချင်ပါတယ်။
12/7/10
ထိုင်းခရီးစဉ်မှတ်တမ်းဓာတ်ပုံများ
ABSDF တပ်ရင်းတစ်(သုံးဆူ) မှ ရဲဘော်တစ်ဦး တီထွင်သည့် အိမ်လုပ်သေနတ်။ တစ်လက်ကို ဘတ်ငါးရာတန်သည်။ လိုချင်ရင်ပြောပါ။
ကျနော်လည်း အားကျမခံ ဒီသေနတ်နဲ့ ဒီလို...၀င့်ကြွားပေါ့။
ရာဘာခြံထဲက ရော်ဘဲကြီးတွေနှင့်
ဘုရားသုံးဆူမှာ တိုက်ဖို့သွားတာတော့မဟုတ်ပါ။ အိမ်မှာပဲ အိုး,တိုက်ပါတယ်။
Type your summary here. Type the rest of your post here.
11/28/10
ဗိုလ်ချုပ်ကြီးတွေအချင်းချင်းဖင်,ချတာ တော်တော်ကြမ်းတယ်.....
The current very hot issue is ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ပေါ့လို ပြောရမလိုဖြစ်နေပြီ..။
ရွေးကောက်ပွဲနိုင်တဲ့ ကြံ့ဖွတ်ကြီးလည်းအစိုးရမဖြစ်သေးတဲ့အချိန်၊ ဒေါ်အောင်ဆန်းစုကြည်လည်း အိမ်ကထွက်ထွက်ခြင်း မနားရသေးတဲ့အချိန်၊ ပြည်တွင်းစစ်ကလည်း မရပ်သေးတဲ့အပြင် ပြန်ချနေတဲ့အချိန်မှာ ဦးခင်ညွှန့်တစ်ယောက်သနားစရာ လွယ်အိတ်ကလေးလွယ်ပြီး အိမ်ပေါ်က ဆင်းရတာကိုကြည့်ရတာ သံဝေဂ,ရစရာ။
သြော်...အာဏာနဲ့စည်းစိမ်ဆိုတာ အချိန်ကာလတစ်ခုထိပဲ ကြာရှည်ခံပါလားဆိုတာကို ကောင်းကောင်းကြီး သိသွားရှာပြီပေါ့ ဦးခင်ညွှန့်ရယ်...။ မြန်မြန်ပြန်လွတ်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်။ သြစတျေးလျကို ပြန်ရောက်မှ ၀န်ကြီးချုပ် ဂျုလီယာကို ပြောပေးမယ်နော်...။
ဘာ့ကြောင့်အင်တာနက်မှာ တင်ရပါသလဲ
အဓိက ထင်မြင်ချက်ပေးတဲ့လူတွေကတော့ ဦးအောင်လင်းထွတ် နဲ့ ဦးတင်ဦးတို့ပေါ့နော်။ ထင်မြင်ချက်ကတော့ ဆွေးနွေးရာကိစ္စရှိလို့၊ စပိုင်ပြန်လုပ်ပြီး အာဏာသိမ်းချင်လို့...ဘလာ..ဘလာပေါ့။
ကျနော့်ထင်မြင်ချက်ကတော့ ရှင်းတယ်။ ဦးခင်ညွှန့်တို့လင်မယား အပျင်းပြေအိမ်အလည်သွားတာလို့ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ဗျာ....အိမ်မှာနေရတာပျင်းလို့ပေါ့..။ ရှင်းတယ်ဟုတ်။
အမှန်မှန်က ဘယ်သူမှ အတိအကျမသိကြပါဘူး။ အားလုံး ခန့်မှန်းခြေနဲ့သုံးသပ်နေကြတယ်ဆိုတာကို ပြောချင်လို့ပါ။
အဓိကပြောချင်တဲ့ Point ကတော့ အာဏာရှင်တွေရဲ့ ဘ၀ကို သံဝေဂရလို့။ ဒါ့ကြောင့် ဒီစာကိုရေးပါ၏။
လွယ်အိတ်ကိုလွယ်၊ မယားလက်ကိုဆွဲ ရွာပြန်တော့မှာလားဟင်..
"မမနွယ်တစ်ယောက် ခလေးတစ်ယောက်ကို လက်မှာဆွဲလို့ ညိုးလျလျမျက်နှာ နဲ့ သူ့ရွာကိုပြန်လာခဲ့ရပြီလေ" တွံ့ တေးစိုးအောင်သီချင်ထဲကလိုများဖြစ်နေပြီ...။ အခုလည်း ဒီသီချင်းထဲကလို ဗိုလ်ချုပ်ကြီးဖြစ်ချင်တဲ့ ဦးခင်ညွှန့်တစ်ယောက် ဗိုလ်ချုပ်ကြီးတွေဖင်ချတာကို ခံလိုက်ရပြီ။
ဆံပင်ကဖြူဆွတ်၊ သွားကကျိုး အဘိုးအိုကြီးဘ၀ နဲ့ ခြောက်ကပ်ကပ်ဘ၀တွေကို ဖြတ်သန်းနေရပြီ။
အရင်တုန်းကလို ဒေါ်ခင်ဝင်းရွှေတစ်ယောက် ခပ်၀၀၊ ခပ်တင်းတင်းမျက်နှာနဲ့ လောကကြီး -ီးကကြောသလို ဆက်ဆံလို့မရတော့။
သြစတျေးလျမှာ သူငယ်ချင်းအမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ဆီဒိုးနားမှာ မန်နေဂျာလုပ်ခဲ့ဘူးတယ်။ တနေ့တော့ ဒေါ်ခင်ဝင်းရွှေနဲ့အဖွဲ့က အစည်းအဝေးဆိုလား၊ ကားပြင် (Workshop) ဆိုလားမသိ လုပ်ကြတဲ့အချိန်။ သူ့ဖိနပ်ကို ကိုင်ဖို့အတွက် မန်နေဂျာလုပ်သူ ကျနော်ဘော်ဒါမမကြီးကို ပြောတယ်။ အခြားဝန်ထမ်းတွေကိုင်တာမကြိုက်ဘူးတဲ့။
မန်နေဂျာပဲ ကိုင်ရမယ်ဆိုလို့ မမကြီးလည်း နှာကောက်ဟန်ဆောင်ပြီး ကိုင်ခဲ့ပေးရတယ်လို့ ပြောဘူးတယ်။ အခုတော့ သူက Perth မှာရှိတဲ့စက်ရုံတခုမှာ အလုပ်လုပ်နေတယ်။ သူမသာ ဒေါ်ခင်ဝင်းရွှေကြီးကို တွေ့လိုက်ရင် ဘာပြောမလဲမသိ။ အပြန်ကြမှ မေးကြည့်အုံးမယ်။
အနည်ဆုံးတော့ သူက ဒီလိုပြောနိုင်တယ်။ သနားတယ်လို့...။
အခြားဗိုလ်ချုပ်ကြီးတွေလည်း အချင်းချင်းဖင်ချတာမခံရပါစေနဲ့...
ယောက်ျားချင်းဆိုတော့ မဆိုးဘူးလို့ ပြောနိုင်တယ်။ နည်းနည်းတော့နာမှာပေါ့။ အခုလိုရေးတာ ရိုင်းလို့မဟုတ်ပါဘူး။ ကွက်ကွက်ကွင်းကွင်း မြင်အောင်လို့ ဥပမာပေးတာပါ။ နို့မို့ဆို အရိပ်ပြလည်းအကောင်မထင်၊ -ီးထင်နေမှာစိုးလို့။
အချိန်ရှိသေးတယ်။ ဒါ့ကြောင့်...ပြင်စရာရှိတာမြန်မြန်ပြင်တော့။ နောင်ဆိုရင် ဒီလိုမဖြစ်နိုင်ဘူးလို့ ပြောနိုင်လား..။ ဘယ်သူမှ မပြောနိုင်။ ဒီလိုမြင်ရောင်ကြည့်ပါ။ ဦးသန်းရွှေ နှင့် အဘွားကြိုင်..ကျိုက်ကော်က ပဲခူးစုရွာလေးကို အထုတ်ဆွဲပြီး ပြန်နေရအုံးမယ်။ ရွာကလူတွေကလည်း လက်ခံရင်အကောင်းသားပေါ့။
နို့မို့ဆိုရင် ရွာပြင်ထုတ် ဒူးရင်းသီးခြံထဲမှာ တဲထိုးနေရပြီး...ဒူးရင်းသီးကောက်ရောင်းနေရအုံးမယ်။
နောက်ဆုံးအနေနဲ့ အလံတစ်ရာဘုရားကို အေးအေးချမ်းချမ်းဖူးချင်ရင်တော့ မှားတာကို ပြင်လိုက်ကြပါတော့လို့ မောင်ဘုန်းက ဒီလိုပြောပါရစေ...အဘိုးရွှေနှင့်အဘွားကြိုင်တို့ရယ်။
11/26/10
ငါးမင်းဆွေ(မအေ-ိုးကြီး)
ငါး..လို့ဆိုရင် အဓိပ္ပာယ်နှစ်မျိုးသုံးမျိုး အနည်းဆုံးထွက်တယ်။ ရေထဲမှာ နေတဲငါး၊ နံပါတ်ငါး၊ နောက်ဆုံးငါးကတော့ ချောင်းဆိုးပျောက်ဆေးကို မှုးယစ်ဆေးအဖြစ်သောက်တဲ့ငါး,လို့ခေါ်တဲ့ ငါးမင်းဆွေ...မအေ-ိုးကြီး
အမှန်မှန်က ဒီလိုလူမျိုးတွေကို စကားထဲထည့်ပြောဖို့တောင် မသင့်ဘူး။
မီဒီယာမှာ သူ့ကိုတွေ့လို့ပါ။ ဘာ့ကြောင့် ဒီလိုလူ ချီးပေကြီးကို မီဒီယာမှာ ဖော်ပြကြရတာလဲဗျာ...။
အခုလိုရေးမိတဲ့ ကျနော်လည်းအပြစ်ရှိတယ်။ ဖြစ်နိုင်ရင် မရေးချင်ပါဘူး။ သို့သော် ရေးလိုက်မှ ပေါ့သွားမယ်ထင်လို့ပါ။
ဒေါ်စုကိုအကြံပေးချင်ရင် ဒဲ့,ဒိုးပြောပေါ့ဗျာ။ ဘာဖြစ်လဲ။ ဒီလိုပြောလည်းဖြစ်တာပဲ။ ဥပမာ... ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား..အနေနဲ့စီးပွားရေးပိတ်ဆိုမှု့ ကို ပြန်ရုပ်ပေးပါလို့ နိုင်ငံတကာကိုပြောပေးဗျာ...ဒါမကောင်းဘူး...ဘာညာပေါ့ဗျာ..။ အခုကြတော့ ဘာစာတွေလည်းမသိဘူး ငါးမျက်နှာလောက်ရေးတယ်။
ဒီလောက်များတဲ့စာတွေ၊ အရည်မရအဖတ်မရ အချိန်ကုန်ခံပြီး ဒေါ်အောင်ဆန်းစုကြည်က ဖတ်နေအုံးမယ်။ အဲဒိအချိန်ကို အကျိုးရှိရှိသုံးမှာပေါ့။ အနည်းဆုံး သူ့သားနဲ့ပဲ ရှေးဟောင်းနှောင်းဖြစ် ပွား,နေမှာပေါ့ဗျာ...။ ဒါကမှ အကျိုးရှိအုံးမယ်။ Shit ငါးမင်းဆွေ(မအေ-ိုး) တန်ရာတန်ရာလုပ်စမ်းပါ။
NLD က ဘာလို့ အဖတ်လုပ်ရတာလဲ????
လက်ခံတွေ့ဆုံခွင့်ပေးတယ်ဆိုတာ လူ့အဆင့်အတန်းရှိတဲ့ လူတွေကို ပေးရတယ်။ အဆင့်အတန်းမတူ၊ စောက်ကျင့်မကောင်းတဲ့ ကောင်တွေကို ဘုရားခန်းမှာ လက်ခံပြီးစကားပြောတာ ကောင်းသလား။ မကောင်းဘူး။ ရုပ်ကလည်း ဘီလူးသံပရာသီးစားတာမှ ကြည့်ကောင်းအုံးမယ်။ ညှင်းသိုးသိုးနဲ့။ ဒီလိုလူကို လက်ခံစကားပြောတယ်... မီဒီယာကလည်း တင်,ပေး။
ကောင်းကြသေးရဲ့ လား၊ အရပ်ကတို့ရေ...။
အို...ဘန်ကောက်
ထိုင်းမှာရောက်နေပါသည်။
ယိုးဒယားမလေးတွေတအားလှတယ်။ သြစတျေးလျမှာ နေတုန်းက ရှိတဲ့ Stress တွေဘယ်ရောက်သွားလဲမသိ...။ ဘန်ကောက်ရောက်ထဲက လန်း,လန်,သလားတော့မမေးနဲ့။
ဘန်ကောက် အရမ်းပူတယ်။ ရေနွေးပူထဲကို ခုန်ဆင်းရသလိုပဲ။ ဘယ်လိုနေရမှန်းတောင်မသိဘူး။
11/20/10
အရမ်းငတ်တော့လည်း ဒီလိုပဲရှာစားရပါတယ်
8
ပြည်ပက အလုပ်သမားတစ်ယောက်ရဲ့ ခံစားချက်
ပြည်ပက အလုပ်သမားတစ်ယောက်ရဲ့ ဘ၀ကို ရင်ဖွင့်ချင်လို့ ဒီလိုရေးတယ်။ ရန်ကုန်မှာ အလုပ်မျိုးစုံလုပ်ဖူးပါတယ်။
ပန်းရံလူကြမ်း အလုပ်သမားဘ၀ကစလို့၊ လက်သမားအကူအဆုံး လုပ်ဘူးပါတယ်။
ထိုင်းကိုရောက်တော့လည်း အထည်ချုပ်စက်ရုံမှာ လုပ်ဘူးတယ်။
သြစတျေးလျမှာလည်း စက်ရုံအလုပ်သမားဘ၀၊ သန့်ရှင်းရေးသမား၊ ကားမောင်းသင်ပေးတဲ့သူ၊ Geological Field Assistant လည်းလုပ်ဘူးတယ်။
ဒီလို အလုပ်မျိုးစုံ နေရာမျိုးစုံမှာ လူမျိုးစုံနဲ့တွေ့ဆုံ ဆက်ဆံဘူးတာတော့ ပြောနေစရာမလိုပါဘူး။ တွေးကြည့်ရင် သိနိုင်ပါတယ်။ ဒီနေရာမှာ အခကြေးငွေကတော့ နိုင်ငံအခြေအနေအပေါ်မူတည်ပြီးကွဲပြားခြားနားမှုတော့ သိတဲ့အတိုင်း အရမ်းကွာပါတယ်။
အခကြေးငွေထက်စာရင် စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှု၊ တန်ဖိုးထားမှုတွေကို ပြောချင်လို့ အခုလိုရေးရတာပါ။ ပြည်ပက အလုပ်သမားတစ်ယောက်ရဲ့ ခံစားချက်ပေါ့ဗျာ။
ရန်ကုန်က အလုပ်သမားဘဝ
ရန်ကုန်မှာနေတုန်းက အလုပ်မျိုးစုံလုပ်ဘူးတယ်။ အလုပ်လုပ်ပြီး ငွေ,ရတာကနည်းတော့ အဆင်တော့မပြေဘူးပေါ့။
သို့သော် ကိုယ့်နိုင်ငံမှာ ကိုယ့်လူမျိုးနဲ့ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ရတာဆိုတော့ ပိုက်ဆံနည်းလည်း ပျော်ရွှင်မှုရှိခဲ့တယ်။ အလုပ်သမားတွေအချင်းအချင်း ပျော်စရာရှိရင် အတူတူပျော်၊ နောက်စရာရှိရင် အတူတူနောက်ပြီး အလုပ်ချိန်ကုန်မှန်းမသိ ပျော်ရွှင်ခဲ့ရတဲ့ကာလတွေရှိခဲ့တယ်။ ဘာသာစကား၊ ယဉ်ကျေးမှုက တူတာကိုး။
အလုပ်ပိတ်လို့ မိသားစုနဲ့အလည်အပတ်သွား၊ သူငယ်ချင်းတွေနဲ့လျှောက်လည်ရတဲ့ ဘ၀တွေလည်း ပျော်စရာကောင်းခဲ့တယ်။
ဘာသာစကားအရ ခွဲခြားဆက်ဆံခံရမှု၊ လူမျိုးရေးအရ အနှိမ်ကျင့်ခံရမှုမရှိတော့ ပင်ပန်းရကျိုးနပ်တယ်လို့တော့ ပြောချင်တယ်။ ငွေရတာတော့ နည်းတာပေါ့ဗျာ။ ဒါပေမဲ့ ကိုယ့်အရည်အချင်းရှိသလောက်၊ ဖားနိုင်သလောက် မိမိကျိုးစားအားထုတ်မှုအတွက် ရာထူးနေရာလေးလည်း အကျိုးခံစားခွင့်ရှိတယ်။
သင်္ကြန်လိုကာလ၊ သတင်းကျွတ်လိုကာလာတွေမှာလည်း ကြည်နှုးစရာ၊ ပျော်ရွှင်စရာတွေနဲ့ ဘ၀အမောတွေကို မိမိမြေပေါ်မှာ ဖြေသိမ့်လို့ရတယ်။
သို့သော် ပြည်ပက အလုပ်သမားတစ်ယောက်ရဲ့ ဘ၀ ဒီလိုမဟုတ်။
တရားဝင်,တရားမ၀င် အလုပ်သမားဘဝ
ထိုင်းကိုရောက်တော့ တရားမ၀င်အလုပ်သမားဘ၀၊ နေထိုင်ခွင့်၊ လုပ်ပိုင်ခွင့် လက်မှတ်မရှိ။ လုံခြုံမှုမရှိ။
ဘာသာစကားအခက်အခဲ။ အနှိမ်ကျင့်စော်ကားခံရမှု၊ စတာတွေကို နေ့စဉ်၊ ရင်နဲ့မမျှ ခံစားခဲ့ရဘူးတယ်။ အခပ်မသင့်ရင် အသက်ပါ ဘယ်ကထွက်ရမှန်းမသိ ဖြစ်သွားနိုင်တယ်။ နေရထိုင်ရ၊ သွားရလာရတဲ့ကိစ္စမှာလည်း ခိုးကြောင်ခိုးဝှက်နဲ့ တန်ဖိုးမဲ့တဲ့ လူတစ်ယောက်လိုပဲ။
အလုပ်ထဲမှာ အလုပ်ရှင်ကအနိုင်ကကျင့်၊ မိမိအချင်းချင်းလည်းအနိုင်ကျင့်၊ ရတဲ့ပိုက်ဆံကလည်း မဖြစ်စလောက်လေးနဲ့ ဘ၀ပျက်သွားတဲ့လူတွေလည်း အများကြီး။ ဘ၀ပျက်တဲ့လူတွေအများထဲမှာ အသက် ၂၅-နှစ်အောက် တန်ဖိုးမဖြတ်နိုင်တဲ့ လူငယ်တွေရဲ့ ဘ၀တွေ ပျက်စီး၊ သေကြေတာတွေအများကြီး။
ဖာ,ဖြစ်တဲ့လူက ဖာ,ဖြစ်။ ဆေးစွဲတဲ့လူက ဆေးစွဲ အဆင့်အတန်းနဲ့တန်ဖိုးမရှိတဲ့ လူငယ်တွေရဲ့ ဘ၀ကို ထိုင်းနိုင်ငံမှာ နေဖူး၊ လုပ်ခဲ့ဖူးတဲ့လူတိုင်းသိမှာပါ။
အပျော်အပါးဆိုတာကလည်း သိတဲ့အတိုင်း၊ မှုးလို့ရှုစရာတောင်မရှိတဲ့ ဘ၀။ မြန်မာတွေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့လည်း မနီးစပ်ခဲ့တာတွေအများကြီးပါ။
ဒီအခြေအနေတွေက ထိုင်းမှာတင်ပဲလားဆိုတော့မဟုတ်။ နိုင်ငံကြီးတွေမှာလည်း အလားတူကိစ္စတွေနဲ့ ကြုံခဲ့ရသေးတယ်။
သြစတျေးလျရောက် မြန်မာအလုပ်သမားတွေရဲ့ ဘဝ
ငွေ,တော့ရတယ်။ တလကို ဒေါ်လာ ၁၅၀၀ တော့ အလုပ်သမားတိုင်း စားပြီးသောက်ပြီးရပါတယ်။ အဆင်တော့ပြေကြတာပေါ့။ မိုးလင်းက မိုးချုပ်အလုပ်,လုပ်။ ညနေပြန်လာ။ ပိတ်ရက်တွေမှာ ဟိုလည်ဒီလည်။ ထမင်းစား။ အိပ်။ ပြီးရင်တော့ အလုပ်ပြန်ဆင်း။ ဒါနဲ့ပဲလည်ပတ်။
ခွဲခြားဆက်ဆံခံမှုကတော့ အထွေအထူးမရှိဘူး။ သို့သော် ကိုယ်က ငပိစားတဲ့အသံနဲ့ အင်္ဂလိပ်လိုပြောရတော့ ဘယ်လောက်တော်တော်၊ ဘယ်လောက်ပဲကြိုစား သူ့နိုင်ငံသားတွေကိုပဲ ဦးစားပေးခန့်အပ်ပြီး ရာထူးကြီး၊ နေရာကောင်းတွေပေးပါတယ်။
ပြီးတော့ လူမှုပတ်ဝန်းကျင်မှာလည်း ပျော်စရာကောင်းတဲ့ဘ၀မဟုတ်။ မြန်မာ့ဓလေ့ထုံတမ်းအစဉ်အလာမတွေ့။ အလုပ်ထဲမှာလည်း လူမျိုးပေါင်းစုံ နဲ့ ဆိုတော့ ရန်ကုန်မှာလုပ်တုန်းကလို ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင် ဘ၀မရှိ။ တခါလာလည်း စက်ရုပ်တွေလို ပါးစပ်ပိတ်၊ တနေကုန်မတ်တပ်ရပ်ပြီး ငွေ,ရဖို့အတွက် အသွေးအသား၊ ဘ၀တွေကို ရင်းနှီးမြုပ်နှံနေရတယ်။
ဒီလိုဘ၀မျိုးကို ဘယ်သူမှ မပျော်ကြပါဘူး။ ဆိုတော့ မြန်မာတွေဟာ မိမိတိုင်းပြည်မှာပဲ လုပ်,ချင်ကြပါတယ်။ မတက်သာလို့သာ နေရပေမဲ့ မြန်မာတွေဟာ ငပိ,တော့ ထမင်းချိုင့်တိုင်းမှာရှိတက်ကြတယ်။ ဒါက တကယ်လက်တွေ့ မြန်မာဟာ မြန်မာ့ဓလေ့ကို ချစ်တက်တယ်ဆိုတာကို ပြပါတယ်။
ဘယ်တော့များမှ ရန်ကုန်မှာ လုပ်,ရမလဲ
အထက်က နိုင်ငံနှစ်ခုမှာ နေဘူး၊ လုပ်ဘူး၊ ခံစားရတာကိုပြောချင်လို့ပါ။ ဖြစ်နိုင်ရင် ပြည်ပက မြန်မာတွေအကုန်လုံး မိမိတိုင်းပြည်မှာပဲ အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်ချင် ကြမှာပါ။
ပြည်ပမှာ ဘာသာစကား၊ လူမျိုးရေး၊ စတဲ့ ခွဲခြားဆက်ဆံခံရမှုတွေက တကယ်တန်းတော့ ငွေ,ရတာနဲ့မကာမိဘူး။ မိမိတိုင်းပြည်မှာ မိမိလူမျိုးနဲ့ အတူတူလုပ်ပြီး ပျော်ရွှင်ခဲ့ရတဲ့ဘ၀ကို လွမ်းဆွတ်မိတယ်။ တခါတလေ ဒီလိုစဉ်စားမိတယ်။ ကျနော်တို့ဘ၀တွေဟာ ငွေ,နဲ့ အရောင်းဝယ်လုပ်ခံရတဲ့ စကားပြောတဲ့ကုန်ပစ္စည်းတွေပဲလို့။
ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့အတွက် ကျနော်တို့တွေအတူတူညီညီညာညာ ဆက်လက်ကျိုးစားကြရအုံးမှာပါ။
ကျနော် သြစတျေးလျမှာ ရောက်နေတဲ့ အလုပ်သမားတစ်ယောက်ပါ။
11/19/10
အမျိုးသားသင့်မြတ်ရေးဓာတ်ပုံဆု (အကောင်းဆုံး)
သွေးက စကားပြောပါတယ်..
၂၀၁၀-ခုနှစ်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဓာတ်ပုံဆုအား ဓာတ်ပုံသတင်းထောက် မန်းမျိုးမြင့် (ခေတ်ပြိုင်) အား ချီးမြှင့်သည်။
The photo of year 2010
ဒေါ်စုကို လူနာသည်က အားကိုးတကြီးနဲ့ ဒီလိုကန်တော့ခံရတာ မြင်တော့ ကျနော်က ဒီလိုမြင်တယ်...သြော်..အမေ့ကို အားလုံးက အားကိုးနေပါလားလို့
ကမ္ဘာပေါ်က နာမည်ကြီး ဓာတ်ပုံသတင်းထောက်တွေ ရိုက်တဲ့ဓာတ်ပုံတွေကို ပေးတဲ့ဆုရှိတယ်။ The photo of year 2010 (၂၀၁၀-ခုနှစ်ရဲ့  အကောင်းတကာ့အကောင်းဆုံးဓာတ်ပုံဆု) လို့ခေါ်တယ်။ ကျနော်က Mizzima က သတင်းထောက်ရိုက်တဲ့ ဓာတ်ပုံကို ယခု ဆု အားပေးအပ်ချီးမြှင့်ပါသည်။
ဓာတ်ပုံ Mizzima
11/18/10
အမျိုးသားရင်ကြားစေ့ရေး စီမံကိန်း
စကားလုံးတွေနဲ့လည်တဲ့ နိုင်ငံရေးဖြစ်နေအုံးမယ်။
ဘာတဲ့...အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ သုံးပွင့်ဆိုင်၊ Dialougue၊ ဖက်ဒရယ် စတဲ့ စကားလုံးတွေ တအားများတယ်။
နောက်ဆိုရင် အမျိုးသမီးစည်းလုံးညွတ်ရေး၊ အခြောက်ချင်း ရင်ချင်းကပ်၊ မိန်းမလျှာခြင်း ကျောခြင်းကပ်တွေလာအုံးမယ်။
ဒါကိုလည်း အချိန်နဲ့အမျှပြောင်းလဲနေတဲ့ Paradiagm Shift လို့ခေါ်တယ်။ တချိန်လုံးပြောင်းနေလို့...။
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီပဲ ပေးမယ်
ဒီစကားက နအဖက ပြောတဲ့စကား။ ယူချင်ယူ မယူချင် လဲ,သေလိုက်။ ပြောတဲ့အတိုင်း လုပ်တယ်။
တောထဲမှာ ကြည့်ဖို့လုပ်ထားတဲ့မြေပုံထဲက (၇) ချက်အတိုင်း လုပ်တယ်။ ၂၀၁၀-ရွေးကောက်ပွဲပြီးတဲ့အထိ။ ဒါက နအဖ ဖြစ်ချင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး။ နအဖက စစ်သားဆိုတော့ သူလိုချင်တာက အမိန့် နာခံမှုပဲ။ သူ့အမိန့် တိုင်းလုပ်၊ မလုပ်ချင်ဘူးဆိုရင်တော့ သနားတယ်လို့ ပြောတယ်။ ပြောတဲ့အတိုင်း လူတိုင်းကို ထောင်ထဲထည့်တယ်။ သိတယ်ဟုတ်။
လေဖမ်းဒမ်းစီးဖြစ်ပြန်ပြီ
ကျနော်တို့ဘက်က လျှော့သင့်တယ်။ သင်ပုံးချေရေး၊ ခွင့်လွှတ်ခြင်းပေးရေး၊ စီးပွားရေးပိတ်ဆို့မှုကို နိုဘယ်ဆုရှင်ကြီးကပြောရင် နိုင်ငံတကာက လုပ်ပေးနိုင်တယ်။ ဘာညာ အာပလာ။
ဗိုလ်ချုပ်သန်းရွှေရဲ့ စိတ်ပြောင်းအောင်ကျိုးစားနိုင်ရင် ဆွေးနွေးရေး ရမယ်။ ဒါလည်းရှိသေးတယ်။
ဒါတွေက အတိုက်အခံဘက်က ပြောတဲ့စကား။
တိုင်းရင်းသားတွေဘက်က ဖက်ဒရယ်၊ သုံးပွင့်ဆိုင်ကို လိုချင်တယ်။
ပြည်သူတွေက ပြည်တွင်းစစ်မရှိ၊ တည်ငြိမ် ထမင်းဝ/နိုင်ပြီး လုံခြုံရေး စိတ်ချတဲ့တိုင်းပြည်ကိုလိုချင်တယ်။
ခေတ်ပျက်သူဌေးကြီးတွေက သူတို့စည်းစိမ်တွေ ဆုံးရှုံးမှာကို မလိုလာဘူး။
ဒီအခြေအနေတွေက ဘက်တစ်ခုချင်းစီက လိုချင်တဲ့အခြေအနေ။
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီပဲပေးမယ်
ဘယ်သူက ဘာပဲတောင်းတောင်း၊ ဘယ်လိုပြောပြော ဘယ်သူကိုမှ ဂရုမစိုက်လို့ ၂၀၁၀-ရွေးကောက်ပွဲနဲ့ ကြံ့ဖွတ်ကိုနိုင်အောင်လုပ်ပေးခဲ့ပြီ။ ဒေါ်စုမကလို့ မြတ်စွာဘုရားပြောလည်း ဂရုစိုက်မှာမဟုတ်။
ဘယ်သူမှ လူမထင်လို့ ဒီလိုလုပ်နေတဲ့အခြေအနေကို ဘယ်လိုမျိုးခွင့်လွှတ်တာတို့၊ သင်ပုန်းချေတာတို့ သွားပြောနေအုံးမှာလဲ။ ပြောလည်းဂရုစိုက်တာမဟုတ်ဘူး။
ကိုယ့်ဘက်အခြမ်းက ပြောပါများတော့ င,ပေါကြီးပဲ ဖြစ်တော့တယ်။ ကိုယ့်အလုပ်သာ ကိုယ်လုပ်ကြပါ။
သူ့ထိုက်နဲ့ သူ့ ကံပေါ့
NLD နှင့် တိုင်းရင်းသားတွေက ပင်လုံညီလာခံလုပ်နေပြီ။ ဒါကို နှစ်ပွင့်ဆိုင်လို့ခေါ်တယ်။
တဘက်ကလည်း ဒေါ်စုက နအဖနဲ့ အမြဲတမ်း၊ ကြိုက်တဲ့အချိန်မှာ တွေ့မယ်လို့ပြောပြီးပီ။ ည သန်းကောင်ယံလည်း တွေ့နိုင်တယ်။ အိပ်ရေးပျက်တာလောက်တော့ အပျော့ပေါ့..။ ဒါကိုလည်း တဘက်က တွေ့ဆုံရေးဖြစ်အောင် လမ်းဖွင့်ပေးထားတယ့်သဘော။ နောက်ပြီး မိမိလုပ်စရာရှိတာကိုလုပ်နေတယ်။ စည်းရုံးတယ်။ လူထု/အင်အားယူနေတယ်။ အာ,ပေးနေတယ်။
အချုပ်ကတော့ ထောင်မဟုတ်ပါဘူး
နိဂုံးချုပ်ကတော့...အခု NLD နဲ့ တိုင်းရင်းသားတွေလုပ်နေတဲ့အလုပ်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လက်တွေ့ကျကျ၊ Plan ရှိရှိ လုပ်နေပြီ။
ဘာဖြစ်လာမလဲဆိုတော့ စောင့်ကြည့်ကြပေါ့။ ကျနော်တော့ အဲဒိလိုမြင်တယ်။ အကြံပေးတာလည်းပေးတာပေါ့။ ရွှီးတာလည်း ရွှီးတာပေါ့။ မျက်လုံးစွပ်ပိတ်ပြီး ကိုယ်ဖြစ်ချင်တာကို အတင်းလိုင်းတင်လို့  ရတာမဟုတ်။
နောက်ဆုံးတော့ ကုသိုလ်ကံကိုပဲ လွှဲချ/ရတော့မှာပဲ။ အချိန်တန်ရင်တော့ ရမှာပါ။ ဘယ်အရာမှ မမြဲဘူးလေ။ နအဖက သံတုံးကြီးမှမဟုတ်တာ။ သံတောင် သံချေးစားရင် ဘယ်လောက်ခံလို့လဲ။ ဒီသဘောနဲ့ ကျနော့်စိတ်ကို ဖြေသိမ့်နေပါတော့တယ်။
သတ္တ၀ါတွေ ကျန်းမာချမ်းသာကြပါစေ။
11/16/10
ဒေါ်စုကတော့ လန်း,တုံးပဲဗျို့ ...
၁၃၊ ၁၁၊ ၂၀၁၀ ရက်နေ့ဆိုတာက ဘိုလိုဆိုရင် Unlucky နေ့လို့ပြောတယ်။ ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတယ်။ လွတ်တယ်, ဆိုတဲ့ စကားလုံးက မမိုက်ဘူး။ ဒေါ်စုကပဲ ပေါက်ကရလုပ်လို့ ထောင်ကျနေတဲ့ အပေါက်မျိုး ဖြစ်နေတယ်။ ကျနော်က လွတ်တယ်, လို့ မသုံးဘူး။ ဒေါ်စုက နအဖ အစိုးရကို သနားတယ်လို့ပြောပြီး, ထွက်လာတဲ့နေ့လို့ပြောချင်တယ်။ လမ်းလျှောက်တဲ့ပုံကိုကြည့်, အသက် ၆၅-နှစ်အရွယ် အဖွားကြီးက အပျိုလေးလိုပဲ လန်း, သလား မမေးနဲ့..။ ဗေဒါရောင် ၀မ်းဆက်ကိုဝတ်၊ မန္တလေးကထုတ်တဲ့ ကတ္တီပါ ဒေါက်မြင့်နဲ့၊ Cat Walk လျှောက်ပြီး လန်းနေလိုက်တာ, ဒါကို, လူတိုင်းတွေ့တယ်။ စိတ်ဓာတ်ကျတဲ့ ပုံမရှိ။
ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်လို မှုံကုတ်ကုတ်မဟုတ်။
ကျနော်တို့ လွှတ်ပေးရေးကြတော့ ဘယ်သူမှ ဂရုမစိုက်ပါလား
စစ်ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဦးထွန်းကြည်၊ ဦးကျော်ဘ၊ ဦးခင်ညွှန့်  စတဲ့ လူတွေလည်းအကျယ်ချုပ်ကြတဲ့လူကကျ၊ ထောင်ကျတဲ့လူက ထောင်ကျ။ ဒါကို သိတယ်ဟုတ်။ သူတို့ကိုကြတော့ လွှတ်ပေးပါလို့၊ အမေရိကန်အခြေစိုက် ၈၈-ကျောင်းသားတွေက သံရုံးတွေနဲ့ UN အရှေ့ မှာ တောင်းဆိုဆန္ဒပြလား။ အဖြေကတော့ နိုး...Man။
ဦးသန်းရွှေရဲ့ ရွေးပြီးကောက်တဲ့ရွေးကောက်ပွဲကို ဘယ်သူက ချီးကျူးလဲ
ဒေါ်စုအိမ်ထဲက ထွက်တဲ့နေ..နိုင်ငံတကာက ခေါင်းဆောင်ကြီးတွေ ချီးကျူးသလားတော့မမေးနဲ့။ ဘယ်လောက်ထိလဲဆိုရင်...ဒေါ်စုခင်ဗျား..ဖုန်းလက်ခံပြောရတာ ၀က်ရှုးပျံသလိုပဲ..အမြုပ်ပါထွက်တယ်။ အိပ်ခါနီး ဒေါ်ဝင်းမမကို သံပရာရည်ဖျော်ခိုင်းရတယ်။ အသံပျက်မှာစိုးလို့...။ ဒီလောက်ထိ ဖြစ်တာ။ မယုံမရှိနဲ့ဆရာ။
ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ ရွေးကောက်ပွဲကို ဘယ်သူက အရေးတယူလုပ်ပြီး ဖုန်းဆက်လဲ..။ မတူတာကို ပြောချင်လို့ပါ။ ထောက်ခံမှုက ဒီလောက်ထိကွာတာ သိတယ်ဟုတ်။
ကိုယ့်စေတနာကကိုယ့်ကို အကျိုးပေးတယ်
ဒေါ်စုက တိုင်းပြည်နဲ့လူထုကို စေတနာရှိတယ်။ မေတ္တတရားရှိတယ်။ ဒါ့ကြောင့် ပြည်သူကလည်းပြန်ပြီး စေတနာရှိတယ်။ မေတ္တာထားတယ်။ အိမ်ကထွက်တဲ့နေ့မှာ ကျန်းမာပါစေလို့ အော်လိုက်တာ သြစတျေးလျကတောင်ကြားရတယ်..။ မယုံမရှိနဲ့...DVB ကနေ Live ရှိုးကို ထိုင်ကြည့်နေလို့ပါ။
ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဦးသိန်းစိန် စတဲ့ခေါင်းဆောင်ကြီးတွေကို ဘယ်သူက ကျန်းမာပါစေလို့ အော်, ပြီး ကြိုဆိုခဲ့ဘူးလဲ..။ ရှိရင်ပြောစမ်းပါ..။ ဂရင်းနစ်စာအုပ်ထဲမှာ မှတ်တမ်းတင်ချင်လို့..။
ဒီအခြေအနေကိုသိရင် ကျန်တဲ့ သူ့နောက်လိုက်တွေလည်း သတိထားပေါ့။
ခေတ်ပျက်သူဌေးတွေ သတိထား
ဖြစ်ပြီးရင် ပျက်, တယ်။ ဒါက ထုံးစံပဲ။ အာဏာနဲ့စည်းစိမ်က အချိန်ကာလ တစ်ခုထိပဲ ကြာရှည်ခံ၏။ မေတ္တာတရား၊ စေတနာက ဘ၀ဆက်တိုင်း အကျိုးခံစားခွင့်ရှိတယ်။ ဒါကိုနားမလည်ရင် ဆက်လုပ်ပေါ့..။
ဦးနေ၀င်းမိသားစု၊ ဦးစောမောင်မိသားစု စတဲ့ မိသားစုတွေလည်း ချမ်းသာခဲ့ဘူးပါတယ်။ ဒီနေ့မှာ ပြည်သူက သူတို့ကို သတိတရနဲ့ ဘုရားမှာ ဆီမီး၊ ပန်း၊ ရေချမ်းနဲ့ ဆုတောင်းပေးတဲ့သူရှိလား။ အဖြေကတာ့ နိုး,လို့ပြောနိုင်တယ်။
ဒါက ဒီလိုရှိတယ်လို့ပဲ ပြောပါရစေ။
မှား,ခဲ့တာကို တောင်းပန်ရင် မည်သည့်မြန်မာလူမျိုးမဆို ခွင့်လွှတ်ပေးပါတယ်။ ဒါက မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ပါ။ ၂၀၁၀-မှာ ပြင်ကြပါစေ။
ဘယ်လို ပြင်,ရင် ကောင်းမလဲ
ကိုယ့်လူမျိုးအချင်းချင်း တချိန်လုံး ရန်ဖြစ်၊ သတ်ဖြတ်လာတာ အတော်ကြာပြီ။ ဆုံးရှုံးမှု၊ နာကျည်းမှုတွေက ရေတွက်လို့မရနိုင်။ ဒီအခြေအနေအောက်မှာ ထပ်ပြီး ရန်ဖြစ်ရအုံးမယ်ဆိုရင်တော့ ဒီကမ္ဘာတည်သ၍ မြန်မာတွေကောင်းစားတော့မှာမဟုတ်တော့ဘူး။ မာန်၊ မာနတွေကို ခ၀ါချပြီး ကိုယ့်အိမ်တွင်းရေးကို အေးအေးချမ်းချမ်းစကားပြောဖြေရှင်းလိုက်ရင် ပြီးပီပေါ့။ ဘယ်သူကမှ အနိုင်မလိုချင်ပါဘူး။
ဘယ်လိုမျိုး တိုင်းပြည်ကို အကောင်းဆုံးတည်ဆောက်ကြမလဲဆိုတာကို အားလုံးဝိုင်းပြီး Brainstorming လုပ်လုပ်ရင်ပြီးပြီပေါ့။
ဒေါ်အောင်ဆန်းစုကြည်လည်း ဗမာ၊ ဗိုလ်ချုပ်ကြီးသန်းရွှေလည်း ဗမာ အားလုံးဟာ ဗမာပြည်ကဗမာတွေပါပဲ။ ဒါနဲ့များ ဘာလို့ မသင့်မြတ်ကြလဲ မသိ။
သင့်မြတ်ရေးဖြစ်ဖို့အတွက် လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရက ဦးဆောင်တယ်ဆိုရင် ပိုကောင်းပေါ့။ ဒါဆိုရင် ဒေါ်စုနာမည်ကြီး ဂုဏ်သတင်းကျော်ဇော်သလို ဗိုလ်ချုပ်မှုးကြီးလည်း ဒီလိုနေရာမျိုးကို မသေခင်မှာ ရရှိနိုင်ပါလိမ့်မယ်။
အခုတော့ လူကြီးတွေအချင်းချင်း မသင့်မြတ်နေလို့ လူငယ်တွေ ကြားထဲကနေ ဒုက္ခရောက်နေရပြီ။
မြန်မာတွေ အချင်းချင်းသင့်မြတ်ပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်ကြပါစို့...။
ဒေါ်စုနဲ့ သြစတျေးလျဝန်ကြီးချုပ်
"She wants to change the ruling government, not bring it down"
ဒါက ဒေါ်စု နဲ့ သြစီဝန်ကြီးချုပ် ဖုန်းပြောတုန်းက ဒေါ်စုပြောတဲ့စကားပါ။ သြစတျေးလျဝန်ကြီးချုပ် ဂျူလီယာက ဒေါ်စုကို ဖုန်းဆက်ပြီး ၀မ်းသာပါကြောင်း၊ လေးစားပါကြောင်း ဘာညာသာရကာနေကြာကွာစိ လုပ်ပါတယ်။ ဂျီလီယာကလည်း မိန်းမဆိုတော့ ဒေါ်စုကို တော်တော်အထင်ကြီးတယ်။ အမျိုးသမီးချင်းဆိုတော့ ဂုဏ်ယူတာလည်းပါတယ်။
ဒီနေရာမှာ ဒေါ်စုက စစ်အစိုးရကို Change ပဲ လုပ်ချင်တယ်။ Bring it down မလုပ်ဘူးလို့ ဂျုလီယာက ပြောပါတယ်။
စကားလုံးက နှစ်ခုလေးပါ။ ဒါပေမဲ့ တော်တော်ကြီးတယ်။ Change (အပြောင်းအလဲ) and ဖြုတ်ချခြင်း (Bring it down) ဆိုတာကို သေချာတွေးကြည့်ပါ။ ဘယ်လို Change မှာလဲ။
ကျနော် နားလည်တာက ဖြုတ်ချတာနဲ့ ပြောင်းတာ အတူတူပဲ။ စစ်အစိုးရဆက်ရှိနေရင် ပြောင်းတာလို့ခေါ်လို့ရမလား။
ပြုပြင်တာဆိုရင်တော့မှန်နိုင်တယ်။ ဒေါ်စုအနေ စစ်ဗိုလ်ချုပ်တွေ အသိတရားရအောင် လုပ်ပေးနိုင်တယ်ဆိုရင်တော့ ပြုပြင်တာလို့ခေါ်မှာပေါ့။ ဒါလည်း ချိန်းပါပဲ။
ဗမာစကားက နှစ်လုံးတည်းနဲ့ဘောင်းဘီကြပ်တယ်။
Change ပဲဖြစ်ဖြစ် ၊ Bring it Down ပဲဖြစ်ဖြစ် ၊ ဘယ်လိုပဲသုံးသုံး ဒေါ်စုဦးဆောင်တဲ့အစိုးရဖြစ်ရင်တော်ပြီ။ အာဏာရှင်မရှိရင် ကျေနပ်ပါပြီ။
11/14/10
ဒေါ်စု ဘာလုပ်မှာလဲ?????
ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံအား ကိုင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုတွေ့ခဲ့ရတော့ မြန်မာပြည်တခုလုံး အမှောင်ထဲနေ အလင်းရောင်ကို တွေ့သလို အားရ၀မ်းသာ ဖြစ်ခဲ့ရတဲ့နေ့ပေါ့ (၁၃၊ ၁၁၊ ၂၀၁၀)
ဒေါ်စုလွတ်လာတာတွေ့ရတော့ အရမ်းဝမ်းသာမိတယ်။ သူ့အသံကိုကြားရတာ တော်တော်အားရှိတယ်။ သူ့ကိုဝိုင်းပြီး ချီးမွမ်းစကားပြောကြတာကို တွေ့ရတော့ မျက်ရည်တောင်လည်မိတယ်။ ၀မ်းသာလို့။ ကျနော် ပိုပြောနေတာမဟုတ်ပါဘူး။ ဒေါ်စုလွတ်လာတော့ ကျနော်တို့တိုက်ပွဲအတွက် တော်တော်အားရှိသလိုခံစားရတယ်လို့မြင်မိတယ်။ ဒီနေရာမှာ ကျနော်သတိထားမိ၊ တွေးမိတာကို တင်ပြချင်ပါတယ်။
ရွေးကောက်ပွဲပြီးမှ လွတ်ပေးတဲ့ကိစ္စကတော့ ခင်ဗျားတို့အားလုံးသိတဲ့အတိုင်းပဲ..သူ့ကို နိုင်ငံရေးက ကန်ထုတ်လိုက်တဲ့သဘောပါ။ အထာကတော့ ငါတို့ နိုင်နေပြီ နင်...သွားတော့ ဆိုတဲ့ပုံစုံလိုပါပဲ။ ဒါကို ကျနော်က ဘယ်လိုမြင်လဲဆိုတော့ နအဖက ခလေးအတွေးနဲ့လို့...။ သူတို့အထင်ဒေါ်စုက စကားမပြော၊ အုံးနှောက်မရှိ၊ မသွားမလာနိုင်တဲ့ ပိုလီယိုသည်လေးမှ မဟုတ်တာ။ ငြိမ်နေရင်တော့ ကောင်းသားပေါ့ဗျာ။ မပူနဲ့ အခုမှ တိုက်ပွဲက တကယ်စပြီ။ တိုက်ပွဲမှာ ဦးဆောင်မဲ့ခေါင်းဆောင်က အခုမှ ရောက်လာတာပါ။
အရမ်းမချီးမွမ်းနဲ့
ကြားရ၊ မြင်ရ၊ တွေ့ရ တာတွေကို ကြည့်ပြီး တခါတလေ မြန်မာတွေဟာ စောက်လုပ်တော့မလုပ်ချင်ဘူး၊ စောက်ပြောတော့ရတယ်လို့ ထင်မိတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒေါ်စုကပဲ တကယ်ကို၊ အနစ်နာခံ၊ ကိုယ်ကျိုးစွန့်ပြီး လုပ်ခဲ့တယ်ပေါ့။ သူကပဲတစ်ယောက်တည်း ကိုယ်ကျိုးစွန့်တာလား။ သူတစ်ယောက်ပဲ သားတစ်ကွဲ၊ လင်တစ်ကွဲနဲ့ လုပ်ခဲ့တာလား။ အာဏာရှင်စနစ်ကိုတိုက်တဲ့တိုက်ပွဲမှာ ဒေါ်စုထက်တောင် ကိုယ်ကျိုးစွန့်၊ အနစ်နာခံ လုပ်ခဲ့တဲ့လူတွေတစ်ပုံကြီးပဲ။ ရိုက်သက်လို့တောင်မကုန်ဘူး။ ဒါတွေကို အဓိကနားလည်ဖို့လိုတယ်။ အားပေးတာလည်း အားပေးတာပေါ့။ စောက်ရမ်းအားပေးသလိုဖြစ်နေတယ်။
ဒေါ်စုကမှ အိမ်ထဲမှာ အိမ်အကူနဲ့ ထမင်း၊ ဟင်း ကောင်းကောင်းနဲ့ ငြိမ်နေနိုင်တယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေသွားကြည့်စမ်းပါ။ မေးကြည့်စမ်းပါ။ ဘယ်လိုနေရ၊ ထိုင်ရလဲဆိုတာကို။ ဒါလား ဒေါ်စုက...အနစ်နာခံ၊ ကိုယ်ကျိုးစွန့်ခံ...သူတစ်ယောက်တည်း လုပ်ရတာမဟုတ်ဘူးနော်..။
ဒေါ်စုကိုချီးမွမ်းလေ သန်းရွှေ တင်း,လေပဲ
ဒီလိုဖြစ်လေ ဗိုလ်သန်းရွှေ နဲ့ အပေါင်းအပါတွေ ထိုင်ရမလို၊ ထ,ရမလို ဖြစ်နေမယ်လို့တွေးမိတယ်။ ဒေါ်စုက အိမ်မှာ ထိုင်နေရင်းနဲ့ နာမည်က ကြီး၊ ဂုဏ်သတင်းကကျော်ဇောဖြစ်လေ၊ နအဖလူတစ်စုက နှာကောက်လေပဲ...မနာလိုဘူးပေါ့..။ ဗိုလ်ချုပ်ကြီးသန်းရွှေကလည်း နိုင်ငံတော်အကြီးအကဲလို့ သူ့ကိုယ်သူ သတ်မှတ်ထားတယ်။ ဒေါ်စုကလည်း ပြည်သူလူထုရဲ့ အကြီးအကဲလို့ သူ့ကိုယ်သူ သူ သတ်မှတ်တာမဟုတ်ဘူး။ ဒီလိုမျိုး ဒေါ်စုကို မီဒီယာနဲ့ ပြည်သူက အားပေးလေ..ဗိုလ်သန်းရွှေနှင့်အဖွဲ့က မနာလိုလေ...ချောင်းပြီး ရိုက်ချင်လေပဲ...။ သတိထားကြအုံး ဒေါ်စု ရှောသွားအုံးမယ်။
ဒီနေရာမှာ ဒေါ်စုမရှိတော့ရင် ဘာဖြစ်မလဲဆိုတဲ့မေးခွန်းရှိတယ်။ အဖြေကတော့ ဘာမှမဖြစ်ဘူး။ နောက်မှာတက်မဲ့ ခေါင်းဆောင်တွေလာလိမ့်မှာပါ။
ဒေါ်စု အခု ဘာလုပ်မှာလဲ
အသက်က ၆၅-နှစ်။ နိုင်ငံရေးကို ဦးဆောင်နိုင်သေးတယ်။ စဉ်စားနိုင်သေးတယ်။ နောက်ထပ် ၅-နှစ်ထိပေါ့။ အသက် ၇၀-ဆိုရင်တော့ သိတဲ့အတိုင်း အနည်းဆုံးတော့ မေ့,တက်တယ်။ စစ်အစိုးရ ၅-ရက်လောက်လွှတ်ပေး၊ ထောင်ချောက်ဆင်၊ အကြောင်းအမျိုးအမျိုးပြပြီး ငါးနှစ်လောက်ဖမ်းထည့်လိုက်ပြန်လည်း ဒုက္ခ။ ဆိုတော့ ဒေါ်စုအပေါ် မှီခိုမှု သိတ်မကြီးကြနဲ့...။ ကိုယ့် အလုပ်ကိုကိုယ်ဆက်လုပ်ရမှာပဲ။ တခါတလေ NLD ကလူတွေကလည်း ဖင်ခေါင်းအရမ်းကျယ်တယ်။ မျှောက်တာ တအားများတယ်။ သူတို့ခေါင်းဆောင်တွေကို ဘုရားထင်နေလားမသိဘူး။
ဒေါ်စုရဲ့  နှစ်ပေါင်း ၂၁-အတွင်းမှာ ၁၅-နှစ်က အိမ်ချုပ်။ ၅-နှစ်က အပြင်မှာ။ တစ်နှစ်က ဘုရားခန်းမှာ တရားထိုင်တယ်။ ကျနော်တို့ လိုချင်တဲ့ တိုင်းပြည်ငြိမ်ချမ်းရေး နဲ့ ဖွံဖြိုးတိုးတက်ရေးကို အခုထိ မမြင်ရသေးဘူး။ ဒီပေတံနဲ့ပဲ ဒေါ်စုဟာ ဘယ်လောက် တိုင်းပြည်ကို အလုပ်အကျွေးပြုလဲဆိုတာကို တိုင်းရမယ်လို့ယူဆတယ်။ ဒါက တကယ်လက်တွေ့ကြတယ်။ ဒီနေရာမှာ ဒေါ်စုကြောင့် နိုင်ငံတကာက မြန်မာပြည်ကို ပိုသိလာတယ်လို့ ဘာညာသာရကာ လာမရွှီးနဲ့ ။ သိတော့ ဘာဖြစ်လည်း ဗိုက်ဝလာတာလား။ ပိုက်ဆံရလာလား။ ပြည်သူတွေ ချမ်းသာလာတာလား။
ဒေါ်စု ဘာလုပ်မှာလဲ?????
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့တဲ့ အစိုးရတစ်ခု အမြန်ဆုံးပေါ်ပေါက်ပါစေ။
11/12/10
ဒေါ်စု လွှတ်လွှတ်ခြင်း သံတမန်တွေနဲ့ အာ,နေပြီ
အန်တီစုကိုအမှန်တကယ်လွှတ်လိုက်ပါပြီ ယခု နိုင်ငံခြားသံတမန်တွေဝင်ရောက်တွေ့ဆုံနေပါပြီ။ သတင်းထောက်တွေ ၀င်ခွင့်မပေးသေးပါ။ မကြာခင် လူထုရှေ့မှောက် ထွက်လာပါတော့မယ်။
အခုအင်းစိန်ဈေးမှာ စည်ပင်ဝန်ထမ်းတွေက ဆိုင်တွေကို အတင်းပိတ်ခိုင်းနေပါတယ်။ အကြောင်းကတော့ ဈေးထဲမှာ ဗုံးရှိနေလို့ဝင်ရှာချင်လို့ဆိုပဲ။ အကြံအစည်ကတော့ ဘာရယ်မသိဘူး။ လုံထိမ်းရဲကားတွေကလည်း အကုန်ပတ်နေပါတယ်တဲ့။ အန်တီကတော့ ရုံးချုပ်ကို ၄ နာရီမှာ ရောက်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။
အားလုံးကြီး သတိတရားလက်မလွှတ်ပါစေနဲ့ တဖက်က မင်္ဂလာယူချင်လို့ အန်တီစုကို လွှတ်ပေးပေမဲ့ တခြားတဖက်မှာ အကြမ်းဖက်မှုတွေပြင်ဆင်နေတာတွေ့ရပါတယ်။ တာမွေဗျိုင်းရေအိုးစဉ်နားမှာ ရာဇ၀တ်အကျဉ်းသား ၂၀၀ ကျော်ကို အရပ်ဝတ်တွေနဲ့ စုထားတယ်လို့ သတင်းရပါတယ်။ အုပ်စုမကွဲပါစေနဲ့
ပြည်ပက နာမည်ကြီးသတင်းထောက်တစ်ယောက်မှ ပေးပို့သည်။
ဗိုလ်မှုးအောင်လင်းထွတ်က ထောက်လှမ်းရေးရှေ့ နေလား?????
မီဒီယာများသို့-
၁၂၊ ၁၁၊ ၂၀၁၀ ရက်နေ့ နံနက်ပိုင်း ဘီဘီစီကို နားထောင်ဖြစ်တော့ ကိုရင်မောင် က ဦးဌးအောင် (NDD) နဲ့ ဗိုလ်မှုးဟောင်း ဦးအောင်လင်းထွတ်ကို အင်တာဗျူးထားတာကိုတွေ့ရတယ်။
ဒီနေရာမှာ ဦးအောင်လင်းထွတ်ပြောတာကို ကျနော်သံသယဖြစ်မိလို့ ဒီလိုရေးမိပါတယ်။ အားလုံးစဉ်းစားကြည့်ကြပေါ့။ ပြည်ပအသံလွှင့်ဌာနတွေကို နားထောင်တဲ့မြန်မာတွေက မြန်မာပြည်လူဦးရေရဲ့ လေးပုံပုံရင် နှစ်ပုံလောက်ရှိနိုင်တယ်။ ပြည်ပအသံလွှင့်ဌာနတွေအနေနဲ့ သတိထားကြဖို့ ဒီလိုရေးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချီရေးပုံစံလိုဖြစ်မှာကို စိုးရိမ်မိတယ်။ ခုတုံးလုပ်ခံရပြီး ပြည်သူလူထုကိုေ၀၀ါသွားအောင် မလုပ်မိဖို့ပါ။
ဦးအောင်လင်းထွတ်ကအမြဲတမ်းပြောတယ်။ တပ်ကို အဓိကအမိန့်ပေးတာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေပေါတဲ့။ သူပဲ အဓိက စီစဉ်တာဖြစ်တယ်လို့ပြောတယ်။ ထားတော့ တပ်က ထိပ်ပိုင်းခေါင်းဆောင်က အမိန့်ပေးတော့ အောက်ကလူတွေလည်း လုပ်ရမှာပေါ့။ ဒါက ထုံးစံပဲ။ ဒီနေရာမှာ မေးချင်တာက...အရာအားလုံးကို ဗိုလ်ချုပ်မှုးကြီးတစ်ဦးထဲကပဲ လုပ်တာလားဆိုတဲ့မေးခွန်းပဲ။
ဦးခင်ညွှန့်၊ ဦးတင်ဦး အပါအ၀င် အခြားစစ်ခေါင်းဆောင်တွေက ခေါင်း,မရှိတော့ဘူးလား။ သူတို့က ဘာအမှားမှ မလုပ်ခဲ့ဘူးလား။
သူတို့လုပ်ခဲ့တဲ့အမှားတွေကိုကြတော့ ဘာ့ကြောင့် ဦးအောင်လင်းထွတ်မပြောလဲ။ တချိန်လုံး ဦးသန်းရွှေပဲ အပြစ်ပုံချတာတော့ မရိုးသားဘူး။ ကိုယ်လုပ်ခဲ့တဲ့အမှားတွေကိုကြတော့ ဘယ်နှစ်ခါဝန်ခံခဲ့ဘူးလဲ။ ဥပမာ ဦးခင်ညွှန့်က ၈၈-မှာ ခိုင်းခဲ့တဲ့ကိစ္စ။ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေကို သတ်ခဲ့ကိစ္စ၊ ရေကြည်အိုင်မှာ သတ်ခဲ့တဲ့ကိစ္စ...စသဖြင့်စသဖြင့်...အများကြီးပါ။ ဒါတွေနဲ့ပက်သက်ပြီး ဗိုလ်ချုပ်မှုးကြီးတဦးတည်း ဖင်ယားပြီး လုပ်ခဲ့တာလား။
ကျနော်အမြင်ကတော့ ဦးအောင်လင်းထွတ်အခုပြောနေတဲ့ပုံစံက တိုင်းပြည်ကိုဖျက်ခဲ့လူဟာ ဦးသန်းရွှေတစ်ဦးတည်းဖြစ်တယ်ဆိုတဲ့ အယူအဆဖြစ်နေပြီ။ အပြစ်တွေအားလုံးကို သေခါနီးအဖိုးကြီးကိုပဲ အပစ်ပုံချနေသလိုဖြစ်နေပြီ။ ကျန်တဲ့ စစ်ဗိုလ်ချုပ်တွေက သူတော်ကောင်းကြီးတွေလားဆိုတာ ပြောပါအုံး။ ဗိုလ်မှုးအောင်လင်းထွတ်ကော ဘယ်နှစ်ခါ အမှားနဲ့ကင်းဖူးသလဲ။ ခြောက်ပစ်ကင်းသဲလဲစင်တစ်ဦးလား။
ယနေ့လို့ကာလမှာ ဒီလိုစကားမျိုးတွေ ခဏခဏ ထပ်ခါထပ်ခါကြားနေရတယ်။ နားထောင်တဲ့လူတွေထဲမှာ လူမျိုးစုံပါတယ်။ ဗဟုသုတအနိမ့်အမြင့်ရှိနိုင်တယ်။ ဆိုတော့ အခု ဦးအောင်လင်းထွတ်က မီဒီယာကို အသုံးပြုပြီး ကျန်တဲ့စစ်ခေါင်းဆောင်တွေအပြစ်က လွှတ်အောင် ဘေးကနေ ကြပ်ပေးသလိုဖြစ်နေပြီ။
ဗိုလ်မှုးအောင်လင်းထွတ်သေချာပြန်စဉ်းစားပြီး မျှမျှတတဖြစ်အောင်ပြောပေးပါ။
မဟုတ်ရင်တော့ စစ်ထောက်လှမ်ရေးကို ကိုင်တဲ့လူတွေအားလုံးဟာ သူတော်ကောင်းကြီးဖြစ်တယ်လို့ ရှေ့ နေအနေနဲ့ပြောတာလို့ယူဆရမှာပဲ။
နိဂုံးကတော့ ဦးသန်းရွှေက တပ်ထဲကလူတွေအားလုံး တနေ့ချီးသုံးခါစားဆိုရင် အားလုံးဝိုင်းစားကြမှာလား။ ဆိုတော့ တိုင်းပြည်ကို ဖျက်ခဲ့တာ ဦးသန်းရွှေတစ်ယောက်ထဲမဟုတ်ဘူး။ အမိန်ပေးသူ၊ အမိန့်နာခံသူ၊ ကူညီသူအားလုံးအားလုံးပါဝင်တယ်လို့ ကျနော်တော့ပြောချင်တယ်။ ဦးအောင်လင်းထွတ်လည်း ပါခဲ့တာပဲ။ အရင်က လုပ်ခဲ့ပေမဲ့ ကိုယ်ကမှားခဲ့ပါတယ်လို့ ၀န်ခံသူ၊ တောင်းပန်သူကိုတော့ ခွင့်လွှတ်နိုင်တယ်။
သို့မဟုတ်ရင်တော့ ဦးအောင်လင်းထွတ်ကို ဘယ်လို့ပြောရမလဲ....
မီဒီယာအားလုံးခင်ဗျား... ဒီအမှုက ပေါ့သေးသေးမဟုတ်တာကို သတိထားကြပါ။ တိုင်းပြည်ကိုဖျက်တဲ့အထဲမှာ တစ်ယောက်တည်းက လုပ်တာမဟုတ်ပါဘူး။ မေးရင်လည်း ဘက်နှစ်ဖက်၊ သုံးဖက်အမြင်ကို တင်ပြကြပါ...။ နံပါတ်ဝမ်းလုပ်ချင်တိုင်းလုပ်လို့မရပါဘူး။
11/10/10
ဘုရားသုံးဆူမြို့ မှ ဂျပန်ရေတွင်းသို့ ဒီလိုထွက်ပြေး
ယခုပုံအား...ဂျပန်ရေတွင်း(ဘုရားသုံးဆူမြို့ အနီးရှိနေရာ)မှ ပေးပို့သည်။
ပြောချင်တဲ့စကား (၁)
ကဲ...ပြောပြောက မစောဘူးလား။
မလုပ်နဲ့လို့ ပြောသားပဲ..။ အခုတော့ စောက်ရှက်ကွဲတာပဲ အဖတ်တင်တော့တယ်။ ၀င်,ချင်အုံးဟဲ့...ရွေးကောက်ပွဲကြီး။ ထောက်ခံကြအုံးဟဲ့...ရွေးကောက်ပွဲကြီး..။
ရတဲ့နေရာကနေ ယူဖို့လုပ်တဲ့သူတွေ အခုတော့ ပါလီမန်ထဲမှာ ၀င်,ခွင့်တောင်မရတော့ဘူး။ ရွေးကောက်ပွဲ မ၀င်ခင်တုန်းက ဦးသုဝေခင်ဗျာ...ဟိုဖာရ ဒီဖာရနဲ့ ဖတ်ဖတ်ကိုမောလို့...။ ရွှေပင်ကနေ ရွှေသီး၊ သီးမယ်လို့ပြော..အခုတော့ ရွှေပင်ကနေ သီးတဲ့ရွှေသီးလား၊ ဂွေးသီးလားဆိုတာ သိသွားရှာပြီပေါ့။
မ၀င်ခင်တုံးက အသံက စာစာ စာစာနဲ့..ရှုံးတယ်လို့...အသံကြားရော ... မယားငယ်တုံးညှပ်သံနဲ့... သနားစရာ။
အသက်ကြီးမှ မနေတက်မထိုင်တက်၊ အခုတော့ အမောဆို့တာပဲ အဖတ်တင်တော့တယ်။ ဒါက ဗိုလ်ချုပ်သန်းရွှေအုပ်ချုပ်နေတဲ့ စစ်အစိုးရဖြစ်ပါတယ်။ မြတ်စွာဘုရားအုပ်ချုပ်နေတဲ့ တိုင်းပြည်မဟုတ်ပါဘူး။ သူခိုး၊ ဂျပိုး၊ ဓမြတွေ ဗြောင်လိမ်ပြီး အုပ်ချုပ်နေတာပါ ဦးသုဝေ..။
အမတ် ၂၀၀ ကျော်က ဒီမိုကရေစီဘက်တော်သားမဟုတ်ပါ
ဒီမိုကရေစီရေးဘက်တော်သားအမတ်တွေ အားလုံးပေါင်းရင် ၂၀၀ ကျော်လောက်ပဲရှိတယ်။ ပါလီမန်ထဲမှာ အဓိကအတိုက်အခံလုပ်မဲ့အင်အားစုက ၂၀၀ နဲ့တော့ ဘယ်လိုလုပ်ပြီးအတိုက်အခံလုပ်မှာလဲ..။ ရေများရင် ရေနိုင်၊ မီးများရင် မီးနိုင်ပါတယ်။ တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုးဖြစ်ပါတယ်။
၉၃-ခုနှစ်က အမျိုးသားညီလာခံလို အိပ်တဲ့ကိုယ်စားလှယ်ကအိပ်၊ စာဖတ်တဲ့ကိုယ်စားလှယ်က စာဖတ်တာကြုံဘူးကြမှာပါ။ အခုလည်း နေပြည်တော်က အသစ်စက်စက် ပြည်သူ့လွှတ်တော်ကိုလည်း စိတ်ကူးထဲမြင်ယောင်ကြည့်ပါ။ ဒီလိုပုံစံပါပဲ။ ဒါကို နအဖက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလိုသုံးပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ပါတီနဲ့ သိတ်မကွာပါဘူး။
လူတွေဟာ အာဏာတစ်ခုရရင် နဲနဲလေးတော့ ဖင်ခေါင်းကျယ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘေးနားမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ ကပ်ဖားရပ်ဖားတဲ့လူတွေကလည်း များလာလို့ပါ။ ဂွင်,ရ နိုင်တယ်။ အနည်းဆုံး ကိုယ့်မိသားစုတော့ ၀ါးတီးမှန်နိုင်တယ်။ မဲပေးတဲ့ပြည်သူက ဘာပဲဖြစ်ဖြစ်..သူတို့ ဂရုမစိုက်။ ဆိုတော့ဗျာ....ဘယ်လိုလုပ်ပြီး ဘယ်အချိန်မှုာ လွပ်လပ်အေးချမ်းတဲ့မြန်မာပြည်ကြီး ဖြစ်နိုင်အုံးမှာလဲ။ စဉ်းစားသာကြည့်ပေါ့။
တော်တော်ဗဟုသုတခေါင်းပါးတဲ့ ရွှေးကောက်ပွဲဝင်တဲ့ အမတ်များ
အခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲ ကျင်းပပုံ၊ လုပ်ထုံးလုပ်နည်း၊ ပွင့်လင်းမှု၊ စတဲ့ အရာတွေကို အခုရွေးကောက်ပွဲ ၀င်,အရွေးခံတဲ့ ဦးသုဝေ၊ ကိုအေးလွင်၊ ကိုနေမျိုးဝေ စတဲ့ လူတွေ မလေ့လာထားဘူးလို့ထင်တယ်။ လေ့လာထားလို့ သိတဲ့လူတွေဟာ ဘယ်တော့မှ နအဖလုပ်တဲ့ရွေးကောက်ပွဲကို ၀င်မှာမဟုတ်ဘူး။ ဒါကိုကြည့်ပြီး တော်တော်ဗဟုသုတခေါင်းပါးတဲ့ပြည်တွင်းက နိုင်ငံရေးသမားများလို့ကောက်ချက်ချတယ်။ နောက်ပြီး စစ်အစိုးရဘက်က ၀င်အရွေးခံတဲ့လူတွေလည်း ဒီအတိုင်းပဲလို့ ယူဆတယ်။ နိုင်ငံတကာအတွေ့အကြုံမရှိသူ၊ နိုင်ငံတကာ ဗဟုသုတမရှိသူ၊ ဘာသာစကားအခက်အခဲ ရှိတဲ့လူတွေဟာ ဘယ်တော့မှ သူများတိုင်းပြည်က ကောင်းတဲ့အတုကို အထင်မကြီးဘူးလို့ယူဆတယ်။
NLD က ခေါင်းဆောင်တောင် အီးမေးမသုံးတတ်ဘူး
ဗဟုသုတဲ့နဲ့ပက်သက်လို့ပြောအုံးမယ်။ တခါတုန်းက ဒေါ်စုက Twitter သုံးချင်တယ်လို ဦးညဏ်ဝင်းနဲ့ပြောတော့ ဦးညဏ်ဝင်းက မီဒီယာကိုပြောတယ်။ ဦးညဏ်ဝင်းလည်း အီးမေးဘယ်လို့ပို့ရလဲဆိုတာတောင် သိပုံမရဘူး။ ဒီလိုအသေးအဖွဲလေးတောင် မတက်တဲ့ NLD ဗဟိုကော်မတီ နဲ့ ဗဟိုအလှုပ်အမှုဆောင် လူကြီးတွေကို သန်းရွှေအိုနာကျိုးကန်းကြီးက ဘော,ပဲလို့ ပြောတာဖြစ်မှာပေါ့။
နိုင်ငံကို ဦးဆောင်မဲ့လူ၊ ကိုယ့်ရပ်ရွာကို ဦးဆောင်မဲ့လူတစ်ယောက်ဟာ အနည်းဆုံး ခေတ်မှီနည်းပညာ၊ ဘာသာစကား၊ ဗဟုသုတတော့ ရှိရမှာပေါ့။ မရှိတော့ရင် ဘာနဲ့တူသလဲဆိုတော့ ငပိရည်၊ ငပိထောင်းကပဲ ကမ္ဘာပေါ်မှာ အကောင်းဆုံးအဟာရဖြစ်တယ်လို့ ထင်နေကြအုံးမှာ။ ဒါကို ခေတ်နောက်ကျတယ်လို့ မခေါ်ရင်ဘယ်လိုခေါ်ရမှာလဲ။ ဒီလိုအရည်အချင်းမရှိတဲ့လူတွေကိုတော့ ကျနော် ခေါင်းဆောင်မတင်ဘူး။
၁၉၅၂-နှစ်က ရန်ကုန်တက္ကသိုလ်က စီးပွားရေးပညာနဲ့ ဘွဲ့ရတဲ့လူကြီးတစ်ယောက်ဟာ လက်ရှိ ၂၀၁၀-စီးပွားရေးအခြေအနေကို ဘယ်လိုအကဲခက်၊ ဆုံးဖြတ်နိုင်မှာလဲ။ လွန်ခဲ့တဲ့ ၁၉၅၂-ခုနှစ် စီးပွားရေးပညာဟာ အင်တာနက်သုံးတာ မဟုတ်ဘူး။ ၂၀၁၀-စီးပွားရေးဟာ ရှုပ်ရှက်ကိုခက်နေပြီ။ ဒါ့ကြောင့် ၁၉၅၂-ခုနှစ်က ပညာသင်ခဲ့တဲ့လူကြီးအတွေးနဲ့ ၂၀၁၀-ခုနှစ် လူငယ်အတွေးဟာ အကွာကြီးကွာတယ်။ ဒါကိုရှက်စရာမလိုဘူး။ ပညာတွေက ဒိတ်အောက်ရင် ဘာမှသုံးမရဘူး။ သြစတျေးလျမှာ Snr First Aid ကိုသင်ဖူးတယ်။ ဒီပညာကို သုံးနှစ်ပြည့်တိုင်း အသစ်ပြန်တက်ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပညာတခုက အမြဲတမ်းမလုပ်ရင် မေ့ကုန်လို့ပဲ။ အခု တိုင်းပြည်က လူတွေဟာ ဘွဲ့ သာရပြီး ရတဲ့ဘွဲ့မလုပ်စားတော့ သူတို့ဘွဲ့ကို ဘယ်လိုခေါ်ရမလဲ။ ဘုန်းကြီးတွေရတဲ့ဘွဲ့ကမှ အသုံးဝင်အုံးမယ်။ အနည်းဆုံး ၀ါး,တီးတော့ မှန်နိုင်တယ်။
ပညာမတက်ရင် စောက်ရမ်းစွပ်ပြောတယ်..
ကျနော်လည်း ပညာတက်တဲ့လူငယ်တစ်ယောက်မဟုတ်ဘူး။ ဒါပေမဲ့ကိုယ်အမြင်ကို ပြောချင်တယ်။ မှားရင်လည်းမှားမယ်၊ မှန်ရင်လည်းမှန်မယ်။
တချို့ လူကြီးတွေရှိတယ်။ အကြောင်းအရာတခုကို မသိပဲနဲ့စွပ်အာတယ်။ မသိဘူးလို့ ပြောရမှာကို ရှက်ပုံရတယ်။ လူငယ်တွေရဲ့ လေးစားမှုကိုတော့ ခံချင်တယ်။ ပြီးတော့ ကိုယ်လည်းမသိပဲနဲ့ သိသရောင်ရောင် ရွှီးပြောတဲ့ လူကြီးတွေရှိတယ်။ အကျိုးဆက်က ဘာဖြစ်လာလဲဆိုတော့ လူငယ်တွေက ဒီလူကြီးတွေရဲ့ အတုကို ဟုတ်ဟုတ်မဟုတ်ဟုတ် အတုခိုးလာရောပဲ...။ နော်ဆုံး လူ့အဖွဲ့အစည်းတခုလုံး စောက်ရမ်းစွပ်ပြောတဲ့ လူ့အဖွဲ့အစည်းဖြစ်လာရောပဲ။ အခုကြည့် မြ၀တီမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ကောလဟာလတွေက နဲတာမဟုတ်ဘူး...ဟုတ်ဟုတ်မဟုတ်ဟုတ် သေချာမစဉ်စားဘူး..စွပ်ပြီး ပြောကြတယ်။ လေယျာဉ် နဲ့ ၀င်တိုက်တော့မယ်လို့၊ နအဖက ဂျီဝမ်းတစ်ယောက်ကို မိထားပြီလို့ ဘာညာစုံလို့...။
လူငယ်တွေကို နေရာပေးပါ
ရွေးကောက်ပွဲကို လူကြီးတွေဝင်ပြိုင်ကြတယ်။ အများစုက သေခါနီးလူကြီးတွေကြီးပဲ။ ဘာ့ကြောင့် လူငယ်တွေကို အားပေးအားမြောက်လုပ်ပြီး နေရာမပေးကြလဲမသိဘူး။ ပြည်တွင်းမှာ လူငယ်တွေမရှိတော့ဘူးလား။ အကုန်လုံးသေကုန်လို့လား။ လူငယ်တွေက မလုပ်ချင်ရင်တော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် လူငယ်တွေကို မျှောက်ပေးပေါ့..။ လူကြီးက အစောကြီးသေရမှာ...လူငယ်တွေက သေဖို့အများကြီးလိုသေးတယ်။ ကိုယ်ပဲ တချိန်လုံး နေရာလိုချင်သလိုဖြစ်နေပြီ။ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။
နိဂုံးကတော့ မြန်မာလူမျိုးတွေဟာ အာဏာရှင်လုပ်တာ အရမ်းဝါသနာပါတယ်။
11/9/10
အရေးကြီးတော့ သူတို့လည်း မနေသာ (ဓာတ်ပုံ)
အဘွားစန်း (NLD) နှင့် မအိရွှေစင် (NLD) တို့မှ မဲ့ဆောက်ရောက် စစ်ပြေးဒုက္ခသည်များအား အကူအညီပေးစဉ်
အဘွားစန်း (NLD) နှင့် မအိရွှေစင် (NLD) တို့မှ မဲ့ဆောက်ရောက် စစ်ပြေးဒုက္ခသည်များအား အကူအညီပေးစဉ်
အဘွားစန်း (NLD) နှင့် မအိရွှေစင် (NLD) တို့မှ မဲ့ဆောက်ရောက် စစ်ပြေးဒုက္ခသည်များအား အကူအညီပေးစဉ်
တကယ်လေးစားအတုယူဖွယ်ကောင်းတဲ့ အဘွားစန်း နှင့် မအိရွှေစင်တို့ဖြစ်ပါတယ်။ မိမိတို့ချွေနည်းစာမှ ယခုလို ကူညီ၊ လှူဒါန်းတာဟာ တကယ်မွန်မြတ်လှပါတယ်။ လေးစားမှတ်တမ်းတင်အပ်ပါတယ်။
တကယ်လည်း အာ, တကယ်လည်း ပါ, တဲ့ ပြည်ပရောက် အမျိုးသမီးနိုင်ငံရေးသမားတွေဖြစ်ပါတယ်။
သူတို့က ၁၉၈၈-ခုနှစ်လောက်ကတည်းက ထောင်ကျပြီး နိုင်ငံရေးလုပ်တဲ့သူတွေပါ။ အဘွားစန်း သမိုင်းကတော့ ကြီးလွန်းအားကြီးလို့ ဖတ်လို့တောင် မနိုင်တော့ပါဘူး။ ပြောရင်း မောတယ်။ ဒါ့ကြောင့် အဘွားစန်းသမိုင်းကိုသိချင်ရင် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကိုမေးကြည့်ပါ...ဟဲ..ဟဲ..။
Source... http://www.laminkhinkhin.blogspot.com/
စောချစ်သူကိုပါ ရှင်းပြစ်ပါ ဗိုလ်မှုးကြီး နုတ်ခမ်းမွှေးခင်ဗျား..........
တကယ်လို့ ဒီသတင်းမှန်ရင်တော့ စောချစ်သူဟာ ကရင်လူမျိုးတွေရဲ့ အမျိုးသားသစ္စာဖောက်ပေါ့...............နအဖက ခြံစောင့်ဖို့ မွေးထားတဲ့ ခွေးတစ်ကောင်ပေါ့....
ဗိုလ်မှူးကြီး စောချစ်သူ DKBA နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက စစ်အစိုးရတပ်များနှင့် ပူးပေါင်း၍ ကရင်ပြည်နယ် မြ၀တီမြို့ကို ယနေ့ ပြန်လည် သိမ်းပိုက်မည်ဟု သတင်းရရှိသည်။ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကလည်း မြ၀တီမြို့ထဲတွင်ရှိသော ၎င်း၏ တပ်ဖွဲ့ကို ပြန်လည် ထွက်ခွာရန် ညွန့်ကြားထားကြောင်း၊ စစ်အစိုးရနှင့် DKBA တိုက်ပွဲ ကြောင့် ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင် လာသော ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များ ယနေ့ ပြန်ပို့ရန် စီစဉ်နေကြောင်း သိရသည်။
သံလွင်တံတားကို DKBA ချိုးလိုက်ပြီ
သံလွင်တံတားကို DKBA ချိုးလိုက်ပြီ
ABSDF လည်းအသင့်ပဲ..ချတော့မယ်..
Statement on Attack Between DKBA and SPDC
ဘုရားသုံးဆူ တိုက်တဲ့ ဗိုလ်မှုး မှုရှေးအကြောင်း
ဗိုလ်မှုး မှုရှေးက အသက် ၄၂-အရွယ် ၈၈-မျိုးဆက်တစ်ဦးဖြစ်ပါတယ်။ သဘောကောင်း၊ အပြောအဆိုကောင်းပြီး စိတ်သဘောထား နှုးညံ့တဲ့သူတစ်ဦးပါ။ သူတို့ မိသားစုတစုလုံးက ကရင့်တော်လှန်ရေးပါမှာ တောက်လျှောက်လုပ်ခဲ့တဲ့ မိသားစုပါ။ ဗိုလ်မှုး မှုရှေးကို သူ့မိန်းက တော်တော်ချစ်ပါတယ်။ ဘယ်မှာပဲ တာဝန်ကျကျ သူသွားတဲ့အနောက်ကို သူ့မိန်းမက ပုခတ်တစ်လုံးနဲ့လိုက်လေ့ရှိတယ်။ ဗိုလ်မှုရှေးက တော်တော်ဟာသ ပြောတတ်ပြီး ရဲဘော်တွေကို တချိန်လုံးနောက်ပြောင်လေ့ရှိတယ်။ ဒါပေမယ့် တာဝန်နဲ့ပက်သက်လာရင် လုံးဝ အထိမခံတဲ့လူတစ်ယောက်ပါ။ စစ်တိုက်လည်းတော်တယ်။
ဗိုလ်မူရှေးဟာ ဒု-ဗိုလ်မှူးကြီးအေးမြင့်ရဲ့ ပထမဆုံးဗိုလ်သင်တန်းကျောင်းမှာ တက်ခဲ့တဲ့ KNU အရာရှိဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၃-ပတ်ဝန်းကျင်လောက်မှာသူ့တပ်ခွဲက စစ်ရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေးနဲ့ပက်သက်လျှင် တပ်မဟာ (၆) မှာ နာမည်ကြီးဆုံးပဲ။
ဘုရားသုံးဆူကို ၀င်တိုက်တဲ့ ဗိုလ်မှုးမှုရှေးကို လေးစားပါတယ်။ ကရင်ကိုထိရင် ကရင်တွေကလည်း လက်ပိုက်ကြည့်မနေပါဘူးလို့ ပြောတာ တကယ်မှန်ပါတယ်။
သြစတျေးလျရောက်ကရင်တွေကလည်း ငွေအား၊ စိတ်ဓာတ်အား၊ တွေနဲ့ကူညီနေကြောင်း သိရပါတယ်။
ဒီနေ့အချိန်မှာ ကရင်တွေအချင်းချင်း အဖွဲ့အစည်းစွဲ၊ ပုဂ္ဂိုလ်စွဲမရှိတော့ပဲ ညီညွတ်နေကြပါပြီ။ မြ၀တီမြို့  နဲ့ ဘုရားသုံးဆူမြို့ က ကရင်တွေပိုင်တဲ့ မြို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ပိုင်တဲ့နေရာကို ဘယ်တော့လက်မလွှတ်ကြပါနဲ့။
၁၉၉၉-ခုနှစ် ၂၀၀၀ ခုနှစ်မှာ DAB စစ်ကြောင်းမှာ ဗိုလ်မှုရှေးက စစ်ကြောင်းမှုးပါ။ ဘုရားသုံးဆူနားက မက်ကသာဂွင်မှာ သူဟာ တော်တော်နယ်မြေကျွမ်းတဲ့ လူတစ်ယောက်ပါ။ သူ့ရဲဘော်ရဲဘက်တွေက သူ့ကိုတော်တော်ချစ်ခင်လေးစားပါတယ်။ သူ့ညီဖြစ်တဲ့ဘိုဘိုလည်း KNU ကဖြစ်ပါတယ်။ တိုက်ပွဲမှာ ကျသွားတဲ့ တပ်စုမှုးတစ်ဦးဖြစ်ပါတယ်။
ကျနော်တို့နဲ့ ဗိုလ်မှုး မှုရှေး တွေ့တုံးက သူက တပ်ခွဲမှုးတစ်ဦးဖြစ်ပါတယ်။ သူ့တပ်ခွဲမှာ သူ့ကိုလေးစားချစ်ခင်လို့ နေကြတဲ့ ရဲဘော်တွေကတအားများပါတယ်။ အင်အားအကောင်းဆုံးတပ်ခွဲတခုပါ။
ဗိုလ်မှုး မှုရှေးက KNU ကနေ လွန်ခဲ့တဲ့ ၇-နှစ်လောက်က DKBA ကိုပြောင်းသွားတဲ့ ကရင်တော်လှန်ရေးသမားတစ်ဦးဖြစ်ပါတယ်။ ဗမာစကား၊ဗမာစာကိုကောင်းကောင်းတက်ပါတယ်။
ကြာအင်းဆိပ်ကြီးက အစိုးရအထက်တန်းကျောင်းမှာ ၁၀-တန်းကျောင်းသားတစ်ယောက်အဖြစ် ပညာသင်ကြားရင်း KNU ရဲ့  မြေအောက်လုပ်ငန်းတွေကို ကျောင်းသားဘ၀နဲ့ ကူညီပေးခဲ့တဲ့သမိုင်းရှိပါတယ်။ ဗိုလ်မှုး မှုရှေးကို ကျနော်တော့ ယုံတယ်။
၂၀၀၂-ခုနှစ်မှာ ထိုင်းတပ်က ကျနော်တို့ လူ့ဘောင်သစ်(တောင်ပိုင်း) နဲ့ အခြားရုံးတွေကို ၀င်ဖမ်းပြီးမောင်းထုတ်တော့ ကျနော်တို့ ဘုရားသုံးဆူမြို့ ကို ဖြတ်ပြီး မက်ကသာဂွင်ထဲကို ရောက်ခဲ့ပါတယ်။ ABSDF တပ်ရင်း (၁) နဲ့ NLD-LA က လုံခြုံရေးတပ်တွေလည်း အဲဒိဒေသမှာရှိနေသေးတယ်။ ကျနော်တို့တွေ ဘုရားသုံးဆူကနေ မဲ့ဆောက်ထိကို မြန်မာပြည်ထဲက တောလမ်းကနေဖြတ်ပြီး အရောက်သွားဖို့ကို လူ့ဘောင်သစ်ဗဟိုက အမိန့်ပေးပါတယ်။ ကျနော်၊ ကိုသိန်းလွင် (ၾသစေတ်းလ်)၊ ကို၀ဏ( အေမရိက)၊ ငယ်ထွေး(အမေရိက)၊ တို့ ဗိုလ်မှုရှေးနဲ့ ဗိုလ်မှုး ဂျိုးတပ်ရင်းက ကိုနိုင်တဲ့အကူအညီနဲ့ ဘုရားသုံးဆူကနေ မဲ့ဆောက်ကို လမ်းလျှောက်ပြီး တက်ခဲ့ရပါတယ်။
မက်ကသာ စခန်းကိုမရောင်ခင် ဘုရားသုံးဆူကို ဖြတ်တော့ ဗိုလ်မှုးဂျိုး (လက်ရှိ စစ်ဗျူဟာမှုး တပ်မဟာ ၆) တပ်ရင်းက ကိုနိုင်က ဘုရားသုံးဆူမြို့ ကိုဖြတ်ဖို့ သူပဲ အဓိကစီစဉ်ပေးပါတယ်။ ဆိုင်ကယ်နဲ့ ညနေပိုင်း ဘုရားသုံးဆူကို သေနတ်မပါနဲ့ မက်ကသာဂွင်အထိ ဖြတ်ခဲ့ပါတယ်။ ၁၅-မိနစ်လောက်ရောက်တော့မှ မက်ကသာကိုရောက်ရှိခဲ့တယ်။ မက်ကသာမှာ တစ်ပတ်လောက် လမ်းကြာင်းရှင်းမရှင်းစောင့်နေတဲ့အချိန်မှာ ဗိုလ်မှုရှေးနဲ့တွေ့ခဲ့တယ်။ သူက အစစအရာအရာလိုအပ်တဲ့အကူအညီ (ငွေအပါအ၀င်) ကူညီခဲ့တယ်။ သူ့တပ်ခွဲက ရဲဘော်တွေနဲ့ ကျနော်တို့ လိုက်ပို့ပေးခဲ့တယ်။ ကျနော်တို့ လူ့ဘောင်သစ်တောင်ပိုင်း နဲ့ NLD-LA က လုံခြုံရေးတပ်တို့ ပေါင်းပြီး မဲ့ဆောက်ကို တလခွဲကြာမှ ရောက်ရှိခဲ့တယ်။
ပြီးတော့ ၃-နှစ်ကြာပြီတဲ့အချိန်မှာ ကျနော်တို့ သြစီ၊ အမေရိကန်၊ နော်ဝေတို့ကို လူ့ဘောင်သစ် တောင်ပိုင်းကလူတွေ အသီးသီးရောက်ခဲ့ပါတယ်။ ၂၀၀၈-ခုနှစ် စခံလပူရီပြန်သွားတော့ ကိုနိုင်ဆီကို အလည်ရောက်ခဲ့သေးတယ်။ အိမ်နောက်ဘေးက မီးဖိုချောင်ထဲမှာ ကိုနိုင်တစ်ယောက် ထမင်းချက်ဖို့ ထုံးစံအတိုင်း ပုဆိုးကို ဒူးပေါ်တဲ့အထိမပြီး ငါးရှဥ့်ကိုလှီးနေတုံး။
သတိတရပြန်ရေးဖြစ်ပါတယ်။
11/8/10
ကိုမိုးသီးက.... ဒို့ရဲ့ ခေါင်းဆောင်
ကိုမိုးသီးမှ ခလေးငယ်တစ်ဦးအား ကယ်ထုတ်စဉ်
ဒါမှ ငါ့ရဲ့ ခေါင်းဆောင်ကွ...။ ဒါမျိုးကို ဘယ်သူလုပ်ရလဲ...တော်လှန်ရေးခေါင်းဆောင်ကြီးတွေ...ဘယ်မှာလဲ ကျန်တဲ့ခေါင်းဆောင်ကြီးတွေ...သူ့လိုဘယ်သူလုပ်ရဲလဲ...။ လေးစားပါတယ်...ကိုမိုးသီးဇွန်...။ သတိလည်းထားပါအုံး...တော်ကြာနေအသက်ထွက်နေအုံးမယ်...။
ဘုရားသုံးဆူမှာ ယနေ့ည(၇) နာရီထိုင်းစံတော်ချိန်အထိ အခြေအနေ
ရွာသွားတွေအများစုက မွန်ပြည်သစ်ပါတီ တပ်ရင်း (၃) အခြေစိုက်တဲ့ ဂျပန်ရေတွင်းဘက်မှာ ရွှေ့ ပြောင်းနေတယ်။ ဘုရားသုံးဆူမြို့ ထဲမှာတော့ DKBA နဲ့ အခြား ကရင်သူပုန်တွေက နအဖရဲ့ သတင်းပေးတွေဖြစ်တဲ့ အိမ်တွေ၊ ဆိုင်တွေကို မီးရှို့ နေတယ်။ အထူးသဖြင့် စရဖ နဲ့ SP ပိုင်တဲ့ပစ္စည်းတွေ၊ အိမ်တွေဖြစ်တယ်။ ဘုရားသုံးဆူကို ၀င်သိမ်းတဲ့သူတွေက DKBA တွေပဲဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီ မပါပါဘူး။ သူတို့ကတော့ စစ်ရေးအသင့်အနေအထားမှာ ရှိနေသေးတယ်လို့ ဂျပန်ရေတွင်းမှာရောက်နေတဲ့ ဘုရားသုံးဆူမြို့ ခံကပြောတယ်။ သူတို့က မွန်ပြည်သစ်ပါတီဝင် မိသားစုတွေဖြစ်တယ်။ ထိုင်းမြို့ ဖြစ်တဲ့ စံခလပူရီ(ဘုရားသုံးဆူမြို့  နယ်စပ်) ကို စစ်ပြေးဒုက္ခသည်တွေ ၀င်လို့မရအောင် ထိုင်းတပ်က ပိတ်ဆို့ထားတယ်။ ဒါ့ကြောင့် ဘုရားသုံးဆူမြို့ သားတွေက အခုလောလောဆယ် ဂျပန်ရေတွင်း( သုံးနာရီခန့် လမ်းလျှောက်လျှင်) ပတ်ဝန်းကျင်မှာ ခိုလှုံနေရခြင်းဖြစ်တယ်။ မွန်ပြည်သစ်ပါတီ တပ်ရင်း(၃) ကလိုအပ်တဲ့နေရာချထားရေးကို ကူညီပေးနေတယ်။
အခြားအဖွဲ့တွေ ဘာလုပ်နေကြလဲ..
မွန်ပြည်သစ်ပါတီ၊ ABSDF၊ UWSA၊ KIA တပ်တွေ ဘာလုပ်နေလဲ...။ မဟာမိတ်တွေလို့ပြောပြီး ဒီလိုပဲငြိမ်နေမှာလား။ NCUB MPU DAB FDB NCGUB SYCB စတဲ့ တပ်ပေါင်းစုတွေ ဘာလုပ်နေလဲ
...။ ထိုင်ပြီး သင်တင်းနားထောင်နေတာလား...။
ဘုရားသုံးဆူတိုက်ပွဲ လူအသေအပျောက်များ
မြ၀တီမြို့ မှ မဲ့ဆောက်သို့ ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည်များ
ဘုရားသုံးဆူမြို့ ရှိ ဘုန်းကြီးကျောင်းနားမှာ တိုက်ပွဲဖြစ်ခဲ့တယ်။ မီးတွေလောင်နေပါတယ်။ မြို့ တွင်းမှအပြင်ကို ထွက်လို့မရ။ ထိုင်းဘက်ခြမ်းမှလည်း အ၀င်ပေါက်တွေကို ပိတ်ထားပါတယ်။ သေတဲ့လူ၊ ဒဏ်ရာရတဲ့လူတွေရှိတယ်။ တိုင်းမှုးလာတာကြားလို့ ကရင်တွေဝင်ပစ်တာလို့ မြို့ ခံကပြောတယ်။ မြို့ သူမြို့ သားတွေ အိမ်အပြင်ကနေ အိမ်ထဲထွက်လို့မရဘူးဖြစ်နေတယ်။ ကရင်သူပုန်တွေက ဘုရားသုံးဆူမြို့ ထဲကို ကားနဲ့ဝင်လာပြီးပစ်တယ်လို့ပြောတယ်။ အခုလည်း သေနတ်သံတွေကြားနေရတယ်။
မြ၀တီမြို့ တွင်းတိုက်ပွဲ ပြင်းထန်.....
ထိုင်းဘက်ခြမ်း ၊ မဲဆောက် တံတားထိပ် ဘယ်ဘက်ခြမ်း ရဲစခန်း ရှေ့တွင် မြန်မာဘက်ခြမ်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်မှုကြောင့် ပျက်စီးနေသော ပုံ။
(ဓာတ်ပုံ - မဲဆောက်မှ သူငယ်ချင်းတစ်ယောက်)
ယနေ့  နံနက် ၈ နာရီဝန်းကျင်တွင် မြ၀တီမြို့ တွင်း ဒီကေဘီအေ နှင့် နအဖ စစ်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ၈ ချက်ခန့် ပစ်ခတ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ တစ်ချက်မှာ မြ၀တီအထက်တန်းကျောင်းရှေ့ တွင်ပေါက်ကွဲခဲ့သောကြောင့် အထက်တန်းကျောင်းအား အရေးပေါ်ပိတ်လိုက်ပါသည်။
ထို့ အပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း မြ၀တီမြို့ ခံတစ်ဦးမှ ပြောပြသွားပါသည်၊ (ဖုန်းဖြင့်အဆက်အသွယ်သိပ်မလုပ်ရဲသောကြောင့် ခဏလေးသာစကားပြောခွင့်ရခဲ့ပါသည်၊)
တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူ ၃ ဦးသေဆုံး ကာ ၆ ဦးဒန်ရာရရှိသွားပါသည်။
ထိုတိုက်ပွဲဖြစ်ပွားမှုကြောင့် နအဖ စစ်တပ်ဖက်မှ ပစ်ခတ်သော RPG 3-လုံးခန့် ထိုင်းနိုင်ငံ ဖက်ကမ်းသို့ လာရောက်ထိမှန်သောကြောင့် သောင်ရင်းမြစ်ကမ်းနားရှိ ထိုင်းအစိုးရ ကျောင်းများအားအရေးပေါ်ပိတ်လိုက်ကြောင်းပါထက်မံသိရှိရပါသည်။
တိုက်ပွဲဖြစ်ပွားမှုမျာ ၉ နာရီကျော်ခန့် တွင်ရပ်တန့် သွားခဲပါသည်။
နောက်ဆက်တွဲ သတင်းအရ မြ၀တီမြို့ တွင်းတွင် ပေါ်တာဆွဲနေကြောင်း မည်သည့်အဖွဲ့ မှ ပေါ်တာဆွဲနေကြောင်းကိုမူအတိအကျမသိရှိရပါ။
ဒီအပြင် မြ၀တီမြို့ တွင်း ရောင်းဝယ်ဖောက်ကားမှုအားလုံး (အထူးသဖြင့် မြို့ မဈေးကြီးတွင်) ရပ်တန့် သွားကြောင်းသိရှိရပါသည်။
ယခုလက်ရှိအခြေအနေအရ မြ၀တီမြို့ နေ လူထုအများ သောင်ရင်းမြစ်အားဖြတ်ကျော်ကာ ထိုင်းနိုင်ငံ မဲဆောက်ဖက်ကမ်းသို့  ထောင်နှင့်ချီဝင်ရောက်လာကြောင်းပင်ဖြစ်ပါသည်။
မယ်တော်ဆေးခန်းတွင်လည်း မြ၀တီဖက်မှ လူဦးရေ ရာနှင့်ချီရောက်ရှိနေသည်။
မယ့်ဆောက် ဆေးရုံကြီးကိုလည်း ဒဏ်ရာရတဲ့လူတွေ ဝါယာလက်ကားတွေနဲ့ ဆက်တိုက်ပို့နေတယ်။
ဗမာတွေရော ထိုင်းတွေရော ဒဏ်ရာရကြတယ်။
မယ်ဆောက်မှ သူငယ်ချင်းတစ်ဦး
View My Stats