အင်တာနက်မကြည့်ဖြစ်၊ သတင်းမဖတ်ဖြစ်၊ အီမေးမဖွင့်ဖြစ်တော့ စိတ်နဲနဲချမ်းသာတယ်။ ဒေါသကင်းတယ်။ စိတ်မတိုရဘူး။ ဘာ့ကြောင့်လဲဆိုတော့ အင်တာနက်မှာရေးနေတဲ့လူတွေကိုကြည့်ရတာ လေ,ကလွဲရင် လက်တွေ့မပါသလိုဖြစ်နေလို့ပဲ။
အင်တာနက်မှာရေးတဲ့ စာရေးသူ၊ ဘလော့ဂ်ဂါ၊ အကြံပေးသူ၊ ချီးမွမ်းသူ၊ စသူစသူတွေဟာ အသက်ကြီးရင့်သူတွေလို စိတ်သွားတိုင်းကိုယ်မပါကြဘူး။ သူတို့တွေအများစုဟာ နိုင်ငံကြီးတွေမှာ နေထိုင်ကြသူတွေ၊ ပညာအသင့်အတင့်တက်သူတွေဖြစ်တယ်။ နိုင်ငံရေးကို အရက်နဲ့အမြည်းလုပ်၊ တယ်လီဖုန်းဆက်၊ ကိုယ့်အချင်းအချင်းစောက်စကားများနဲ့ပဲ အချိန်တွေကုန်ခဲ့ပြီ။ အပြောင်းအလဲကြီးတစုံတရာမျှဒီလူတွေမဖန်တီးနိုင်ခဲ့ဘူး။ အဲဒိလိုလူတွေထဲမှာလည်း ကျနော်ပါတယ်။
ထိုင်း နဲ့ မလေးရှားမှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေဟာ ပြတ်သားတယ်။ သူတို့ရဲ့ နိုင်ငံရေးအမြင်၊ အယူအဆဟာ တစ်ခုထဲပဲရှိတယ်။ ဆွေးနွေးပွဲခေါ်ပြီး သဘောထားတောင်းခံစရာတောင်မလိုဘူး။ သူတို့ရဲ့ နိုင်ငံရေးအမြင်ကတော့ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရဖယ်ရှားမယ်။ အပြောင်းအလဲလိုချင်တယ်။ ထမင်း၀၀စားရတဲ့ အခြေအနေလိုချင်တယ်။ ဒါပဲ။
နိုင်ငံရေးသမားတွေလို၊ ပညာမရှင်တရှင်တွေလို ဟိုလိုလိုဒီလိုလို စိတ်မျိုးသူတို့မှာမရှိ။ ရှိတာက လက်ရှိအစိုးရကြောင့် ပြည်သူတွေဒုက္ခရောက်တယ်။ ဒီကောင်တွေမတရားဘူး။ ရှင်းတယ်။ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေ၊ ပညာမရှင်တရှင်တွေပြောတာကို သူတို့က အရှုးတွေ၊ ဂေါက်နေတယ်လို့ထင်တယ်။ Critical Thinking တို့ အုံးနှောက်ကို နှားဂစ်ဝင်မွှေတာတို့၊ ဘာတို့ လာမပြောနဲ့။ စိတ်မ၀င်စားဘူး။ ဒါ့ကြောင့်ပြည်သူတွေရဲ့ နိုင်ငံရေးအမြင်ကတော့ ပြတ်တယ်။
ရွေးကောက်ပွဲကို ၀င်ပြီးကစားရပါတယ်လို့ပြောတော့ သူတို့က ရွေးကောက်ပွဲဆိုတာ ဘောလုံးကွင်းမှ မဟုတ်တာတဲ့။ ခြင်းခတ်လို့လည်းရတာမဟုတ်။ ဒီလိုမျိုး။
ရေးတော့ ရေးချင်ပါရဲ့  အချိန်မရှိတော့လို့ ဒီလောက်ပါပဲ။