မနေ့က အလုပ်ကအပြန်မှာ ဒေါသထွက်စရာ၊ စိတ်ဆိုးစရာ တွေ့တယ်။ အရမ်းကိုချစ်ခင်တဲ့ ရဲဘော်ကြီးနှစ်ယောက် နဲ့ ရန်ဖြစ်တယ်။ ကျနော့်လည်ပင်းကို ကိုင်ရင်းထိုးတော့မယ်။ ချစ်ဒေါသနဲ့ပါ။ သူ့ကြည့်တော့ မျက်နှာမှာ မျက်ရည်တွေနဲ့ ကျနော့်ကို ချစ်စနိုးလုပ်တယ်။ ကျနော် စိတ်မဆိုးပါဘူး။ သူက ၈၈ ထဲက ကိုယ်လက်အင်္ဂါ စွန့်လွတ်ပြီး တော်လှန်ရေး လုပ်လာတာ။ အခုလည်း တော်လှန်တာကို ဦဆောင်ပြီးလုပ်နေဆဲ၊ အော်စီမှာ နေတာက ဆယ်စုနှစ်ကျော်ပြီ။ ဒါပေမဲ့ သူက အခြေအနေအရ တော်လှန်တာကို ပြန်မလုပ်နိုင် ပေမဲ့ သူ့စိတ်က တောထဲက အမြဲရောက်နေတက်တယ်။ လူတွေကို တိုင်းရင်းတောင် သူ့ရဲ့ပေတံက တော်လှန်ရေး က ထုတ်လိုက်တဲ့ပေတံအကြီးကြီး။ အများစုနဲ့ သူ့ပေတံနဲ့က မကိုက်ဘူး။ လူတကာကိုကူညီတယ်။အထူးသဖြင့် တော်လှန်ရေးက ထွက်လာတဲ့သူတွေကို။
သူကျနော့်ကို အဲလိုမျိုးလုပ်မယ်လို့မမျှော်လင့်ဘူး။ ကျနော်မှားတာလား သူကောင်းနေတာလား။ အမှတ်တရ ရေးဖြစ်တာပါ။ စိတ်မကောင်းဖြစ်တာတခုပဲရှိပါတယ်။ အသက်အရွယ်ရလာရင် သည်းခံစိတ်နဲ့ မေတ္တာတရာက အခရာ ကြပါတယ်။ လူတိုင်းမှာ အဲလိုစိတ်မျိုးရှိရင် ဘယ်တော့မှ ရန်လိုတဲ့စိတ်နဲ့ ဒေါသကိုထိန်းချုပ်နိုင်တဲ့စိတ် ကင်းစင်မှာပါ။ သူ့မှာ တခုခုစိတ်ဆိုးရင် လက်က အမြဲပါတက်တော့ စိတ်ကြီးတယ်လို့ပြော ရမလား။ သူကစနေသားဆိုတော့ စိတ်ကြီး တာပေါ့။
ကျနော်ခွင့်လွတ်ပါတယ်။ အော်စီက အမြဲပူလောင်နေတဲ့ ဘ၀ပါ။ ကိုယ့်ယဉ်ကျေးမှုမှ မရှိတာ။ အထူးသဖြင့် တော်လှန် ရေးသမားတွေက အမိမြန်မာပြည်နဲ့ ဝေးတော့ လွတ်တယ်လို့ ထင်မိတယ်။ စွန့်လွတ်တယ်ဆိုတာ အဲဒါလည်း ပါတယ်။ ကျနော်တို့အားလုံး မြန်မာပြည်မှာ ပြန်ဆုံမိရင် ဘယ်လိုဖြစ်ကြမလဲ။ စိတ်ထဲရှိတာကိုရေးတာပါ။
အသက်အရွယ်ရလာရင် ဒေါသကိုထိန်းနိုင်ရပါမယ်။
စာရေးမကာင်းပါ။
No comments:
Post a Comment