ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/24/08

အဖွဲ့တခုထောင်ပြန်ပြီ


နို့ဘိုးအထောက်တော်
ရက်စွဲ ၂၃၊ ၁၁၊ ၀၈


ဗမာ အမျိုးသားအသင်း ညီလာခံအောင်မြင်စွာပြီးဆုံး
ထိုင်းနိုင်ငံနို့ဘိုး ဒုက္ခသည်စခန်းအတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ရန်အတွက် ဗမာ တိုင်းရင်းသားများစုပေါင်းကာ ဗမာအမျိုးသားအသင်း(နို့ဘိုး) အား ၂၁၊၁၀၊၂၀၀၈ ရက်နေ့တွင် စတင်တည် ထောင်ခဲ့ပါသည်။ ဖွဲ့စည်းပြီး တလအကြာတွင် အသင်း၏ညီလာခံအား ၂၂၊၁၁၊၂၀၀၈ ရက်နေ့တွင် အောင် မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ ထို့အပြင် အသင်း၏ ဦးဆောင်ကော်မတီအသစ် ကို လူထုမှရွေးကောက် တင်မြာက်ခဲ့ပါသည်။ တာဝန်ခံအဖြစ် ဦးအာဘော်နှင့် ဒု-တာဝန်ခံအဖြစ် ဦးထင်လင်းအောင်တို့ မှ အသင်းအား ဦးဆောင်သွားမည်ဖြစ်ပါသည်။
၂၂၊၁၁၊၂၀၀၈ ရက်နေ့တွင် ကျင်းပခဲ့သော ပထမအကြိမ် ညီလာခံတွင် ဗမာအမျိုးသားအသင်း(နို့ဘိုး) အနေ ဖြင့် ‘တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အဓိက ဖော်ဆောင်သွားမည်ဖြစ်ပြီး၊ ဗမာလူမျိုးများ၏ ယဉ်ကျေးမှု နှင့် ဓလေ့ များကိုဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား အချင်းချင်းချစ်ကြည်ရင်းနှီးမှု ကိုအလေး ထားဖော်ဆောင်သွားမည်ဖြစ်ကြောင်း’ အလုပ်အမှုဆောင်ကော်မတီဝင်တဦးဖြစ်သော ဦးလူဘို မှ ပြောကြား သွားသည်။
မြန်မာပြည်ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန်အတွက် တို့ဗမာအစည်းအရုံး ပေါ်ပေါက်ခဲ့ပြီး နောက် ဗမာအမျိုးသားအသင်း တဖန်ပြန်လည်ပေါ်ပေါက်လာခြင်းသည် မြန်မာပြည်ဒီမိုကရေစီရရှိရေး အတွက် အတိတ်နိမိတ်ကောင်းများလား ဆိုသည်မှာ စောင့်ကြည့်ရအုံးမည်ဖြစ်သည်။

1 comment:

Anonymous said...

မဟာဗမာကို မကြောက်ကြတော့ လေရော့သလား
၉၃၊ ၉၄ လောက်တုန်းက ဗမာ တွေ အဖွဲ့ ဖွဲ့ဘို့လုပ်တော့ တိုင်းရင်းသားတွေက မလုပ်စေချင်တဲ့အတွက် လုပ်မဖြစ်ခဲ့ဘူး အဲဒီတုန်းကသာ ဗမာအဖွဲ့ ဖွဲ့ဖြစ်ခဲ့ရင် ဒီမိုကရေစီလည်းရလောက်ပြီ နအဖလည်း ပြုတ်လောက်ပါပြီ ဒီဗမာအဖွဲ့ကတော့ ဘာတွေလုပ်နိုင်မလည်း ရုပ်သေးအဖွဲ့ ဆိုရင်တော့ ပဲတွေ ထဲက နောက် ပဲ တစေ့ဘဲထင်တယ်


View My Stats