ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/7/08

အိုဘယ့်ဒုက္ခသည်



ယခုထိုင်းနိုင်ငံတွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းများအတွင်းသို့ မြန်မာဒုက္ခသည်များ တဖွဲဖွဲဝင်ရောက် လျှက်ရှိသည် ကိုမမြင်ချင်အဆုံးတွေ့မြင်နေရပေသည်။ နအဖစစ်တပ်တခါ ထိုးစစ်ဆင်လျှင် ဒုက္ခသည်များ အင်အားတခါတိုးသည်။ လူသစ်များဓာတ်ပုံရိုက်မည်ဟုကြားလျှင် ဓာတ်ပုံရိုက်ရန် ဒုက္ခသည်များ အင်အား တခါတိုးသည်။ ဤသို့ဖြင့်ဒုက္ခသည်များ ကမ္ဘာ့လူဦးရေတိုးနှုံးနှင့်အညီ တိုးလားသည့်အခါ NGO အဖွဲ့အစည်း တခုဖြစ်သည့် ရိက္ခာထောက်ပံ့သော TBBC အဖွဲ့သည်ပင်လျှင် လုံလောက်စွာထောက်ပံ့ခြင်း မစွမ်းသာတော့ သောကြောင့် ရိက္ခဖြတ်တောက်ခဲ့သည်မှာ သုံးလပင်ရှိခဲ့ပြီ။ ဤရိက္ခာမလုံလောက်သောပြဿနာသည် အလွန်ဂွကျလှသော ကိစ္စဖြစ်သည်။
‘ခင်ဗျားတို့ဒုက္ခသည်တွေကြောင့် ရိက္ခာမလောက်တာ’ ပြောပြန်လျှင်လည်း တကိုယ်ကောင်းစံရာကျမည်။ အဲလိုမဟုတ်ပြန်လျှင်လည်း ဘာအလုပ်အကိုင်မှမရှိဘဲ ထောက်ပံ့သော ရိက္ခာကိုသာ ထိုင်စားနေရသော ဒုက္ခသည်များအတွက်ဆိုရင်ကော ၎င်းပြဿနာကို အဘယ်သို့ဖြေရှင်းအံ့သနည်း။ အတော်ခေါင်းခြောက် စရာကောင်းသောကိစ္စဖြစ်သည်။
ရိက္ခာတင်ဘဲလားဆိုတော့ မဟုတ်ပြန်၊ နောက်ဆက်တွဲ ဂယက်များစွာကျန်သေးသည်။ UN မှချပေးသော အိမ်တွေ အကုန်လုံးအရောင်းအ၀ယ်ဖြစ်ကုန်သည်။တလောတုန်းက အိမ်ဈေးများ တလုံးကို ထိုင်းဘတ်ငွေ (၆၀၀၀) ကျော်သွားသည်။ ဒါတောင်လမ်းမတန်းကတဈေးဖြစ်သည်။ ဒုက္ခသည်ဆိုပါမှ အဘယ်မှာ အိမ်ဝယ် နိုင်မည်နည်း။ သို့ပေမဲ့ ၀ယ်နိုင်တဲ့သူတွေ ၀ယ်နေတော့ မ၀ယ်နိုင်တဲ့သူတွေက ကိုယ်တိုင်ဝါးခုတ်ပြီး အဖီလေးထိုးနေကြပေါ့။
ကျနော်တို့ဒုက္ခသည်စခန်းထဲစရောက်တော့ အလွန်ဂုဏ်ယူသည်။ မဲ့ဆောက်မှာ လက္ဘရည်တခွက် (၇) ဘတ်၊ နို့ဘိုးစခန်းမှာတော့ ဒုက္ခသည်များအနေနှင့် လက္ဘရည်တခွက် (၇) ဘတ် ဘယ်မှာ ၀ယ်သောက် နိုင်မည်နည်း။ ဒါ့ကြောင့် စခန်းထဲမှာ ရှိတဲ့လက္ဘရည်ဆိုင်တွေအားလုံး ဈေးနှုံးတပြေးညီသတ်မှတ်ပေးထား သည်။ လက္ဘရည်တခွက် သုံးဘတ်၊ အသုတ်တပွဲ ၅ ဘတ် ရှိသည်။ တလောက ဆိုင်တဆိုင်က လက္ဘရည်တခွက် (၄)ဘတ် လုပ်မိလို့ စခန်းတာဝန်ရှိသူတွေက သုံးဘတ်မရောင်းနိုင်လျှင် ဆိုင်မဖွင့်နဲ့ပြော လိုက်တာ တောင်းတောင်းပန်ပန်နဲ့ (၃) ဘတ်ပြန်ဖြစ်လိုက်ရတယ်။
မှန်တယ်လေ။ ဒုက္ခသည်တွေမှ အလုပ်လုပ်လို့မရတာ။ ဘယ်မှာဝင်ငွေရှိပါ့မလဲ။ မတန်တဆဈေးတင်ပြီး စီးပွားဖြင်ချင်လို့ဘယ်ရပါ့မလဲ။ ဒါပေမဲ့အခုတော့ လက္ဘရည်တခွက် (၅) ဘတ်၊ အသုတ်တပွဲ ၁၀-၂၀ ဘတ် ဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ လက္ဘရည်တခွက် (၅) ဘတ်လဲ ၀ယ်သောက်နိုင်၊ အသုတ်တပွဲ ၁၀ ဘတ် လည်းဝယ်စားနိုင်ကြပြီကိုး။ ၀ယ်မစားနိုင်တဲ့သူကတော့ ငတ်ပေါ့။ အမှန်က ကုန်ဈေးနှုံးက မတက်ပါဘူး။ ၀ယ်လိုအားများလာတော့ ရောင်းလိုအားနည်း၊ ရောင်းလိုအားနည်းတော့ ဈေးတွေတက်တာပါဘဲ။ အဲဒိအချိန်မှာ လက္ဘရည်တခွက် (၅)ဘတ် ၀ယ်မသောက်နိုင်တဲ့သူတွေများကြည့် ဘယ်မှသူတို့ဈေးတက်ရဲ ပါ့မလဲ။
အဲဒါတွေကတော့ ကြွယ်ဝသောလူသစ်ရောက်ရှိမှုများ၏ နောက်ဆက်တွဲဂယက်တွေပါဘဲ။ သို့ဆိုလျှင် ၎င်းကဲ့သို့ ဒုက္ခသည်အသစ်များရောက် တစတစတိုးပွားလားခြင်းသည် မည်သည့်အကြောင်းကြောင့်များ နည်း။
ကျနော်သိသလောက်ဒုက္ခသည်
ဆက်ရန်………..
စားရေးသူ(စာရေးသူ)သည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နို့ဘိုးဒုက္ခသည်စခန်းမှ ဒုက္ခသည် တစ်ယောက် ဖြစ်ပါသည်။ အလုပ်မရှိလို့စာရေးပါသည် သူကပြောပါသည်။

1 comment:

Zaw Myo Lwin said...

Hail Refugees!

There're many other new refugees came in to Thai - Burma border Refugee camps almost everyday.

Whenever the Burma military regime's war against minority ethnics, and or UNHCR collects those harbouring refugees status in camp - by taking photograph individually; they'd appear as fallen from its heaven of their owned.

(ကိုဘုန်းကျော် တင်ပေးထားတဲ့ ပို့စ်နှစ်ခုကို စပ်ပေါင်းပြီး တတ်စွမ်းသရွေ့ ဘာသာပြန်နိုင်ဖို့ ကြိုးပမ်းနေပါသည်။ ကွဲလွဲမှုများနှင့် ဘာသာပြန် ချွတ်ချော် ညံ့ဖျင်းမှုများရှိခဲ့လျှင် ခွင့်လွှတ်သည်းခံ ပေးနိုင်မည်/ ပြင်ဆင်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။ ကာယကံရှင်အားလည်း ခွင့်ပြုပေးပါမည့်အကြောင်း ကိုယ်စားမေတ္တာရပ်ခံ ပေးစေလိုပါသည်။)

ကျေးဇူးတင်ပါသည်။ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ။


View My Stats