ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

1/2/09

စစ်ကိုင်းမှာ ပထမဆုံး အင်တာနက်ဆိုင်ဖွင့်ပြီ


စစ်ကိုင်းမြို့တွင်အင်တာနက်ဆိုင်တစ်ခု ကို ၃.၁.၂၀၀၉ ရက်နေ့မှာ စတင်ဖွင့်လှစ်မယ်လို့သိရတယ်။ အခုတော့စမ်းသပ်အသုံးပြုခွင့်ပေးထားတယ်။ နေရာကတော့ တောင်ရိုးလမ်း ဇေယျာသီရိရုပ်ရှင်ရုံအရှေ့ဘက် မှာဖြစ်ပါတယ်။

ဦးဇင်းတော့တော်တော်လေးဝမ်းသာသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံဃာတော်တွေ အင်တာနက်သုံရတာ စစ်ကိုင်းမှာတင်အဆင်ပြေသွားတယ်လေ။ အရင်တုန်းက ဆိုရင် မန္တလေးသွားဖို့ ကိုတော်တော်လေး ဒုက္ခရောက်ကြတယ်။ တောင်ပေါ်ကနေ သုံးဘီးဆိုင်ကယ် (သို့) မြင်းလှည်းစီး ရတဲ့ ဒုက္ခ၊ ကိုးပေ ကနေ မန္တလေးကို ကားစီးရတဲ့ဒုက္ခတွေ ၊ မန္တလေးရောက်ရင် အင်တာနက်ဆိုင်သွားရတဲ့ဒုက္ခတွေက မလွယ်ဘူးလေ။ အခုတော့ တောင်ပေါ်က နေ သုံးဘီး(သို့) မြင်းလှည်းလေးစီးတာနဲ့ရောက်ပြီလေ။ ကော်နက်ရှင်ကလည်း
မဆိုးဘူး ။ ADSL လို့သိရပါတယ်။

အင်တာနက် အသုံးပြုခက တော့ တစ်နာရီကို (၆၀၀) ကျပ်နဲ့ မန်ဘာကတ်လုပ်မယ်ဆိုရင် (၁၀)နာရီကို ၅၀၀၀ ကျပ်လို့သိရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ဦးဇင်းအနေနဲ့ စစ်ကိုင်းတောင်မှာ မတတ်နိုင်သေးတဲ့အချိန်မှာ အခုလိုအင်တာနက်ဆိုင်တစ်ခု စစ်ကိုင်းမှာဖွင့်လှစ်တာ အရမ်းကို ကျေးဇူးတင်ကြောင်းနဲ့ ၀မ်းသာကြောင်း။ အင်တနာက်ဆိုင်နာမည်ကို ORCA လို့ပေးထားပါတယ်။

ှုဦးကောဝိဒ

ဆိုင်ပိုင်ရှင်ကျန်းမာပါစေ။ ချမ်းသာပါစေ။

No comments:


View My Stats