ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

4/3/09

နှစ်သစ်မှာ အတာရေဖြန်း လန်းဆန်းစေရမည်...

မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲအတွင်းမှ အချမ်းသာဆုံးသူများအား ကမ္ဘာအရပ်အရပ်မှ မြန်မာ့ဒီမိုကရေစီရေး ချစ်မြတ်နိုးသူများမှ မဲပေးရွေးချယ်ရာတွင် အောက်ပါရလာဒ်အား တွေ့ရှိသည်။ ထိုချမ်းသာသောသူများ ဘာ့ကြောင့်ချမ်းသာပါသလဲ။ ဆိုသည့်မေးခွန်းများ ဆက်လက်ဖြေကြာ ပေးပါရန်တိုက်တွန်းပါသည်။ ထိုသူတို့ သည် ၎င်းတို့အဖွဲ့အစည်းများတွင် ထိပ်ပိုင်း တာဝန်များယူထားကြသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ပြည်ပ အခြေစိုက် တော်လှန်ရေးတွင် နှစ်ပေါင်းများစွာ ခေါင်းဆောင်ရာထူးအားဆက်လက်ယူထားဆဲဖြစ်သည်။


ယခု စစ်တမ်းသည် ၎င်းတို့နှင့်ပက်သက်သော ပိုင်ဆိုင်မှုကို မြန်မာပြည်သူအားလုံးသိရှိရန် နှင့် တာဝန်ယူ တက်စေရန်ဖြစ်သည်။ မဲပေးရွေးချယ်မှုအား ၁၀-ရက်ကြာ အင်တာနက် စာမျက်နာမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ တော်လှန်ရေးရှိ ခေါင်းဆောင်များကြားတွင် မည်သူသည် ဘာဖြစ်သည် ဆိုသည်ကို ကွဲကွဲပြားပြားသိရှိစေရန်ဖြစ်သည်။ အများတကာပြောဆိုသည့် လုပ်စားသည်ဆိုသည် စကားလုံးများအားလည်း ခွဲခြားစိတ်ဖြာ ရန်ဖြစ်သည်။


ယခုစစ်တမ်းသည် နအဖ စစ်အစိုးရအကြိုက်၊ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ တော်လှန်ရေးအားရေရှည် တိုးတက်အားကောင်းစေရန် နှင့် မသမာသူလူတစ်စုအား ချေမှုန်း ရန်ဖြစ်သည်။ ထိုသူတို့ချမ်းသာနေသော်လည်း တော်လှန်ရေးအောက်ခြေရဲဘော်များစွာမှာ ဆင်းရဲတွင်းနက်နေခြင်း၊ ထိုသူတို့ သားသမီးများ ကျောင်း ကောင်းကောင်း မတက်နိုင်ခြင်း အား အများတကာ သိရှိနေသည်။ သားသမီးချင်းကိုယ်ချင်း စာကြစေရန် ဖြစ်သည်။ မြန်မာပြည်သူတရပ်လုံးအားကယ်ဆယ်မည့်အရေးထက် မိမိ ရဲဘော်များအား ဦးစွာ ကယ်ဆယ်ပေး ကြပါရန် တော်လှန်ရေးခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအား လေးလေးနက်နက် တိုက်တွန်း အပ်ပါသည်။ ထို့ကြောင့် ဘာ့ကြောင့် ချမ်းသာလဲဆို သည့်မေးခွန်းများအား ဆက်လက်ရွေးချယ် ပေးကြပါရန် တိုက်တွန်း ပါသည်။


အတာရေဖြင့် ညစ်ညမ်းမှုများကို ဆေးကြောပစ်ကြပါစို့……။


ကိုကျော်ကျော် နှင့် ဇနီး (PDC) ၄၈ (၇၇%)

ဦးမောင်မောင် (FTUB) ၃၉ (၃၇%)

ဒေါက်တာနိုင်အောင် နှင့် ဇနီး (NDD) ၃၆ (၃၄%)

ကိုအောင်မျိုးမင်း (HREIB) ၃၂ (၃၁%)

ကိုဘိုကြည် (AAPP) ၁၃ (၁၂%)

ဆရာမစင်သီယာမောင် ၁၂ (၁၁%)

9 comments:

Anonymous said...

ခွေးလေးခုန်လို့ ဖုန်မထဘူး

Anonymous said...

မင်းအသိုင်းအ၀ိုင်းကဘယ်ကလဲ
ဘုမသိဘမသိဘာမှနားမလည်ဘဲ ဘာတွေလျှောက်လုပ်နေတာလဲ

aunglu said...

ကျယ်ကျယ်ပြန်.ပြန်.ပြည့်ပြည့်စုံဆိုရင်ပိုကောင်းမှာပေါ့
အခုဟာက ထိုင်းကလူတွေဘဲပါပြီး စရင်းပါတဲ့သူတွေနဲ. အဆင်မပြေတဲ့လူတွေဘဲပေးကြဟန်တူတယ် တခြားနိုင်ငံက လှုပ်ရှားသူများလဲ ထောကြတယ်ဆိုဘဲ

Anonymous said...

ကောင်းပါတယ် ဒါမျိုးစစ်တမ်းလေးတွေ လုပ်ပေးမှ ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ထင်နေသူတွေ နည်းနည်း တွန့်သွားမှာ။ ကျနော်တို့ ၈၈ နောက်ပိုင်း တောထဲစရောက်တဲ့အချိန်မှာ တပ်တိုင်းမှာ “ဒါဘာ” လို့ခေါ်တဲ့ ဆွေးနွေးပွဲလေးတွေ ရှိခဲ့ဖူးတယ်၊ အဲဒီ ဆွေးနွေးပွဲတွေမှာ ခေါင်းဆေင်လုပ်သူတွေ ငရုတ်သီး တတောင့်၊ ဆေးလိပ်တလိပ် ပိုယူရင်တောင် ဝေဖန်လေ့ရှိတာမို့ ခေါင်းဆောင်တွေအနေနဲ့ ဇိမ်ခံဖို့၊ အကျင့်ပျက်ဖို့၊ အခွင့်အရေးယူဖို့ သိပ်အခြေအနေမပေးတော့ဘူးပေါ့။ ခုနောက်ပိုင်းတော့ အခြေအနေတွေ အချိန်အခါတွေ အပြောင်းအလဲကြီး ပြောင်းလဲသွားတော့ အခုလိုမျိုး ချမ်းချမ်းသာသာ နေထိုင်နေတာကိုတောင် ရှက်ရကောင်းမှန်း မသိတော့ဘူး။ ဒေါ်စု ရဲ့ ပုံတွေကို တီရှပ်ထုတ်ဖို့၊ စာအုပ်မျက်နှာဖုံးလုပ်ဖို့၊ ပြက္ခဒိန် ထုတ်ဖို့လောက်သာ စိတ်ဝင်စားကြပြီး သူ့ရဲ့ အယူအဆတွေ၊ အတွေးအခေါ်တွေကို လေးစားရကောင်းမှန်း မသိသူတွေအတွက် ဒေါ်စု ပြောတဲ့ စကားတခွန်းကို ဝေမျှလိုက်ပါတယ် “အများသူငါ ဆင်းရဲကြပ်တည်း နေချိန်မှာ ချမ်းချမ်းသာသာ နေနိုင်တာ ရှက်စရာပါတဲ့“ အားလုံးဆင်ခြင်နိုင်ကြဖို့ပါ။

Anonymous said...

အသားထဲက လောက်ထွက်နေတာ ကြာလှပေါ့ဗျာ။ စစ်အာဏာရှင်က ပြောင်ပြောင်တင်းတင်း လုပ်တယ်။ သူတို့က မင်းသားခေါင်းစွပ် စွပ်ပြီးလုပ်တယ်။ ပြည်သူတွေက အော့နှလုံးနာနေကြတာ ကြာပေါ့။ ဒါတွေက နိုင်ငံတိုင်းမှာ ရှိနေတာ။ ပြည်တွင်းမှာ အားလုံးပေးဆပ်ပြီး တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေကို ကြည်ညိုပေမယ့် ဒီလို ကောင်တွေကို ရွံတယ်ဗျာ။ အဲဒါကြောင့် ပြည်ပမှာ နိုင်ငံရေးအဖွဲ့တွေဆို ဝေးဝေးကရှောင်တယ်။ ဒီလို အခွင့်အရေးသမားတွေကြောင့် ကြာရင် ပြည်တွင်းက သူရဲကောင်းတွေပါ ဒုက္ခရောက်လိမ့်မယ်။

Anonymous said...

အချမ်းသာဆုံး စာရင်း ဖတ်ရတာ စိတ်မချမ်းသာစရာပါပဲ။

Anonymous said...

ဖုန်းကျော်ရေ ... မင်းအမေရယ် ... မင်းအမရယ် .. မင်းနှမရယ်ကို အဲဒီလူတွေက ၀ိုင်းလိုးရင်းနဲ့ ချမ်းသာလာကြတာပဲ ... မင်းအမေ ... မင်းအမ .. မင်းနှမ ဆောက်ဖုတ်တွေက ရွှေထွက်တယ်နဲ့တူတယ်ကွာ ... လိုးချင်သေး ... မင်းကိုလိုးလိုက်ရရင် ဘယ်လောက်များ ချမ်းသာဦးမလဲမသိဘူး ... အောင်မျိုးမင်းကတော့ မင်းဖင်ကို လိုးဖူးတယ်တဲ့ ..... ဒါကြောင့် သူလည်း ချမ်းသာတာနေမှာ .......

m a w k o e said...

ကြာရင်ပြည်တွင်းက သူရဲကောင်းတွေ ဒုက္ခရောက်လိမ့်မယ် မလုပ်နဲ့လေ ဒုက္ခရောက်နေတာလှကြာပြီပဲ

April 3, 2009 9:42 PM

Unknown said...

ကွက်ပြီးမကြည့်သင့်ပါ...... အားလုံးကို ခြုံငုံသုံးသတ်သင့်ပါတယ်လို့ ပြောခြင်ပါတယ်..... ဆက်လက်လေ့လာပါ... ပြည်ပရောက်..မြန်မာ့အရေး လှုပ်ရှားနေသူတွေ အားလုံး ခေါင်းဆောင်ပိုင်ကသူတွေ...လုပ်စားနေတာ.. နှစ်နဲ့ချီကြာခဲ့ပါပြီ....


View My Stats