ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

6/16/09

ဖြစ်မှဖြစ်ရလေ..မောင်ဘုန်းကျော်


ဒီနေ့ စာကြည့်ခန်းထဲမှာ စာမေးပွဲအတွက်ပြင်ဆင်နေတုန်း အိမ်ရှေ့  ကနေ တခါးခေါက်သံကြားတယ်။ ထွက်ကြည့် တော့ လူဖြူလူငယ်တစ်ယောက် အသက်ကအများဆုံး ၁၈-နှစ်လောက်ပဲရှိအုံးမယ်။ ကျနော့်ကိုပိုက်ဆံ အလိပ်က လေးထိုးပေးပြီး Just One လို့ပြောတယ်။ ကျနော်ကြောင်သွားတယ် ခဏတော့။ နောက်မှ သဘောပေါက်တယ် ဒီကောင်ငါ့ဆီကိုလာပြီး ဆေးလာဝယ်တာဖြစ် မယ်။ ကျနော်စဉ်စားနေတာက တခါမှ ကျနော့်အိမ်ကိုမှားပြီး ဆေးလာ ၀ယ်တဲ့သူမရှိသေးဘူး။ သြော်..သတိတော့ ထားမှ..ထောင် ကျမဲ့ကိန်း ဆိုက်နေပြီ။

ကျနော်နေတဲ့နေရာက အင်္ဂလိပ်လို အတိုကောက် ကေဂျီဘီ နယ်မြေလို့အဖြူတွေခေါ်တယ်။ ရပ်ကွက် နာမည်ရဲ့ အရှေ့ ဆုံစာလုံး ကို အတိုကောက် ခေါ်ထားတာပါ။ နယ်မြေက အမှုးသမား၊ ဆေးသ မား၊ သူခိုးတွေပေါ်တဲ့ နေရာဆိုတော့ သူတို့ခေါ်တာကိုလဲ မပြစ်မမြင် ပါဘူး။ ဗမာတွေ အများစု နေထိုင်ကြတယ်။ ဌာနေတိုင်းရင်းသား များတယ်။ ခဏခဏ ရဲကားအော်သံ ကြားနေရတယ်။ နေ့လည်ကြောင်တောင် ခိုးတဲ့သူလည်ရှိတယ်။ ..ၾသစေတ်းလ် နိုင်ငံဆိုပြီး အထင်တွေ စွတ်မကြီးနဲ့...။ အစိုးရထောက်ပံ့ပေးတာတောင် သူတောင်းစားတွေအများကြီး။ အများစုက မြန်မာလိုခေါ်တဲ့ မျောက်ကုလားပေါ့။ ဒီက ဌာနေတိုင်းရင်းသားတွေပဲ။

No comments:


View My Stats