စံခပူရီမြို့ လေးကို အခုလိုမြင်တွေ့ရပါတယ်။ ကာဗွန်ကင်းရှင်းတယ်။ သဘာဝအလျှောက်ဖြစ်တဲ့ သား၊ ငါး ရတယ်။ အမြဲစိမ်းနေတယ်တဲ့အတွက်ကြောင့် လေကောင်းလေသန့်ရတယ်။
စံခလပူရီမြို့  လို့ခေါ်တဲ့ထိုင်းမြို့ လေး။
မြန်မာ ဘက် ဘုရားဆုံးဆူမြို့  နဲ့ နယ်နမိတ်ခြင်းစပ်လျှက်။ မြို့ လေးက တောင်တန်းတွေပေါ်မှာ တည်ရှိနေတယ်။ ဘေးမှာက အင်းရှိတယ်။ မြစ်တခုကို ပိတ်ပြီးအင်းလုပ်ထားတာပဲ သိတယ်။ အင်းရဲ့ အောက်မှာ တကယ့် ဘုရားသုံးဆူအစစ်ရှိတယ်လို့ ကြားဘူးတယ်။ တခါမှ မတွေ့ဘူးဘူး။ မြန်မာနယ်ပိုင်နက်အစစ်က အင်း(ရေကာတာ) အောက်မှာ ရှိနေတဲ့ ဘုရားသုံးဆူဆိုတဲ့နေရာလေးထိ လို့ဒေသခံတွေပြောတာကြားဘူးတယ်။ မွန်၊ ကရင်၊ ဗမာ၊ လောရှမ်း တွေနေထိုင်ကြတယ်။ မွန်က မြစ်ကမ်းတဘက်ခြမ်း၊ ကရင်က တခြမ်း။ မွန် နဲ့ ရှမ်းဘက်အခြမ်းကို ကန့်လန့်ခံထားတာက သမိုင်းဝင်သစ်သားတံထားအရှည်ကြီး။ ဒါကို မွန်ဘုန်းကြီးဦးဆောင်ပီး ဆောက်ထားတာ။ အဲဒိ တံတားပေါ်မှာ ကျနော်နဲ့ကျနော့်မိန်းမ ချိန်းတွေ့တုံးက ဟိုကလိဒီကလိ..ဟိ..ဟိ..။ လောရှမ်းကတော့ ကရင်ဘက်အခြမ်းမှာ။ ဗမာတွေကတော့ ဟိုရောရော၊ ဒီရောရော။ ထိုင်းလူမျိုးအစစ်ဆိုလို့ ရှားတယ်ထင်တယ်။
ဒါပေမဲ့ စံခမြို့ လေးက ထိုင်းပိုင်နက်။ ထုံးစံအတိုင် မွန်နဲ့ကရင်နဲ့က ဒီမြို့ မှာ အပြိုင်အဆိုင် မြန်မာလက်ဝှေ့ကို ဂုဏ်ပြုကြတယ်။ တခါတလေမွန်နိုင်တယ်။ တခါတလေ ကရင်စား တယ်။ နောက်ဆုံးတော့ ထိုင်းအချုပ်ထောင်က ဒိုင်လူကြီးစားတာများတယ်။
ဒီမြို့ လေးမှာ DEP လို့ခေါ်တဲ့ Distance Education Programme ရှိတယ်။ အင်္ဂလိပ်စာသင်ပေးတယ်။ အော်စီအစိုးရက ရံပုံငွေနဲ့ လုပ်တာ။ အင်္ဂလိပ်စာတက်ရင် အော်စီက Certificate III in Community Management ဆိုတဲ့ Course ကို အဝေးသင်တက်လို့ရတယ်။ အခုတော့ မရှိတော့ဘူး။ ဒီမြို့ မှာ ABSDF၊ KNU၊ DPNS၊ PDF၊ NLD-LA စတဲ့ နာမည်ကြီး အဖွဲ့တွေရဲ့ ရုံးရှိတယ်။ မွန်ပြည်သစ်ပါတီက တော့ ဒီမြို့ မှာ သူကြီးပေါ့။ သွားရေးလာရေး သူကြီး ကိုပဲအားကိုးရတယ်။ သူကိုပဲ ရိုသေ လေးစားရတယ်။ သူကြီးအပြင် နယ်ပိုင်ဖြစ်တဲ့ KNU မှာလည်း အာဏာရှိတယ်။ သူ့ကိုလည်း တခါတလေ တောအရက် ကောင်းကောင်း ၊ကျက်ကောင်လုံးကြော်နဲ့မစရတယ်။
မြန်မာဘက်က ထောက်လှမ်းရေးတွေကတော့ ခွေးလေခွေးလင့်တွေလို ဟိုအမှိုက်ပုံ၊ ဒီအမှိုက်ပုံမှာ တခါ တလေတော့ရှိတက်တယ်။ ကျနော်တို့ကျောင်းသားအဖွဲ့အစည်းတွေကတော့ ဆန်တော့ မရှိဘူးဗျ။ စောက်စားတော့ကြီးတော့။ စကားပြောရင် လေကြီးလေကျယ်နဲ့။ နောက်ဆုံး တော့အဲဒိမြို ကနေ ပြေးရပါ လေရာ။
ဖြစ်ပုံကဒီလိုဗျ။ မှတ်မှတ်ရရလေးပါ။ တကယ်လည်းပင်ပန်းဆင်းရဲခံ၊ အသက်တွေပါ ရင်းပြီး ပြေးခဲ့ရတယ်။
အချိန်ကတော့ ၂၀၀၃-ခုနှစ် စက်တင်ဘာလ။ ကျနော် တို့ရုံးကို မနက်ပိုင်း ထိုင်းတပ်က ဗိုလ်မှုးကြီးတစ်ယောက် ယောက်လာတယ်။ စစ်ယူနီဖောင်း၊ ဘော်ဒီဂတ်တွေ အပြည့်နဲ့။ သူ့ပုံက အကောင်ကသေးသေး။ အရက်သမားရုပ်လည်းပေါက်နေတယ်။
မြန်မာ စစ်တပ်က ဗိုလ်မှုးကြီးတွေနဲ့ စတိုင်ချင်းကလည်းကွာပလို့မှတ်ချက်ချမိတယ်။ ရုံးမှာက ကျနော်ရယ် ကျနော်တို့တပ်မှုးကြီးရယ်၊ ဒု-တပ်မှုးရယ်၊ တခြားအောက်ခြေအဆင့် ရဲဘော်တွေလည်းရှိတယ်။ ထိုင်းတပ်က ဗိုလ်မှုးကြီးလာပြီးအာတော့ ကျနော်နဲ့ ကျနော်တပ်မှုး ထွက်ပြီးစကားပြောတယ်။ တပ်မှုးကြီးနှစ်ယောက်စလုံး ကလည်း ဘိုလိုတော်တော် ကောင်းဗျ။ သူတို့ပြောတာကိုနားထောင်ကြည့်ပါ။
ဗိုလ်မှုးကြီး (ထိုင်းတပ်) Who’s in charge of this office?
တပ်မှုး (DPNS) Me.
ဗိုလ်မှုးကြီး (ထိုင်းတပ်) What is your name?
တပ်မှုး (DPNS) Aung Kyaw Soe
ဗိုလ်မှုးကြီး (ထိုင်းတပ်) You close your office in 48 hours?
တပ်မှုး (DPNS) Yes.
တပ်မှုး (DPNS) Why?
ဗိုလ်မှုးကြီး (ထိုင်းတပ်) No question
တပ်မှုး (DPNS) ခပ်ခွန်းခပ် (ကျေးဇူးတင်ပါတယ်ဆိုတာကို ထိုင်းလိုပြောတာ)
နှစ်ယောက်လုံး အင်္ဂလိပ်လိုပြောလိုက်တာ တံတွေးတွေတော့ တော်တော်ကုန်တယ်။ ဘေးနားကကျနော်လည်း ဒူးတုန်နေပြီ။ ကျနော်တို့တပ်မှုးကြည့်တော့လည်း၊ ကွမ်းလေး တမြုံ့ မြုံနဲ့ သူလည်း သေးထွက်တော့မယ်။
နောက်ဆုံးတော့ပြေကြပါလေရာဗျာ….။ ကျနော်တို့ကျောင်းသားရုံးတွေပိတ်၊ ရသမျှပစ္စည်း လေးတွေသယ် လွတ်ရာကျွတ်ရာပေါ့။
မျှော်…ဆက်လက်ဖော်ပြမည်။
ကျနော်တို့သတင်းကိုအခုလို နိုင်ငံတကာမှာဖော်ပြပါတယ်။
http://www.hrw.org/en/node/12169/section/11
2003
January 20: At least nine Burmese dissidents, including a child, were arrested by Thai police for "security concerns" in Sangkhlaburi while in hiding. Those arrested included members of the National League for Democracy-Liberated Area (NLD-LA), Democratic Party for a New Society (DPNS), All Burma Student Democratic Front (ABSDF), Dawei Women's Union, and the Myeik-Dawei United Front.[97] Seven were deported on January 22 and one person was sentenced to forty-eight days in Thai prison for harboring illegal migrants. The "illegals" were fined 4,000 Baht (U.S.$95) each.[98] Police confiscated around 349,000 Baht (U.S.$8,310) from the DPNS office, two computers from the ABSDF office and documents from the other groups.
ဒီအထဲမှာပါတဲ့ခလေးက တခြားသူမဟုတ်ပါဘူး။ ကျနော့်တပ်မှုးရဲ့ ခလေးဖြစ်ပါတယ်။ သူမလည်း ပျင်းလို့ သူ့အဖေနဲ့လိုက်ခဲ့တာပါ။
No comments:
Post a Comment