ထမင်းကိုဇွန်းနဲ့စားရင် အလုပ်တွေအများကြီးတွင်တယ်။ လက်နဲ့စားရင် ထမင်းစားတာကလွဲလို့ ကျန်တဲ့အလုပ်လုပ်မရဘူး။ အင်္ဂလိပ်တွေ၊ တခြားလူမျိုးတွေ ဇွန်းနဲ့ခရင်းနဲ့စားကြတယ်။ ဗမာတွေလည်း စားကြတယ်။ တချို့ နေရာတွေမှာ ဇွန်းနဲ့ခရင်းနဲ့စားမှ ခေတ်မှီကြတယ်။ တချို့ နေရာတွေမှာ ဇွန်းနဲ့စားရင် စောက်ပြောမလွတ်ဘူး။ အနည်းဆုံး ဒီကောင် ကြီးကျယ်တယ်၊ ဖောက်ပြန်တယ်၊ စတဲ့သုံးလို့မရတဲ့ အကျင့်တွေကို ပြောကြတယ်။ ဇွန်းနဲ့စားတဲ့အကျင့်ကို ဗမာတွေလုပ်တက်အောင် သင်မှရတော့မယ်ဆိုပီး ဒီစာကိုရေးတယ်။ မြန်မာ့နည်းမြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှု၊ ထုံးစံ၊ အားလုံးကို ဆန့်ကျင်ပြီး ဇွန်း၊ ခရင်းနဲ့စားကြရအောင်။
ဒေါ်စု အင်္ဂလိပ်ကို ယူတယ်။
ကပြာလေးနှစ်ယောက်ထွက်လာတယ်။
နည်းစပ်ရာကို ပြန်ကြည့်ပါ။
ကိုအောင်မိုးဇော် အဖြူမကို ယူတယ်။
ကိုဇော်မင်း အဖြူမနဲ့ညားတယ်။
ကိုအောင်နိုင်ဦး အဖြူမကို စားတယ်။
ကိုဝင်းမင်း အဖြူမကို ၀ါးတယ်။
မြန်မာတွေ အဖြူထီးနဲ့အဖြူမကို ကြိုက်တဲ့လူလည်းရှိတယ်။ မကြိုက်တဲ့လူလည်ပေါတယ်။ ဒီလူတွေကိုကြည့်...
ကိုအောင်သူငြိမ်း မွန်မကိုယူတယ်။
ဘုန်းကျော် မွန်မနဲ့ ပျော်တယ်။
ကိုမောင်မောင်ဦး ဗမာမနဲ့ညားတယ်။
ကိုထွတ် ကရင်မနဲ့စားတယ်။
ကိုညို ကရင်မနဲ့ ၀ါးတယ်။
အများကြီးပါ။ အကြိုက်ချင်း မတူဘူးလေ။ ဒါဆိုရင် ဘာကိုပြောချင်တာလဲ မောင်ဘုန်းကျော်...။
ဇွန်းနဲ့ခရင်းဆိုတဲ့ခေါင်းစဉ်နဲ့ တခြားစီ။ ဒီလိုပါ။
အဖြူပဲယူယူ၊ မြန်မာနဲ့ညားညား အလုပ်ဖြစ်ဖို့က အဓိက။ တနည်းပျော်ဖို့ကအဓိက။ ဗမာနဲ့ယူပီး စိတ်ဆင်းရဲ၊ အဖြူနဲ့ယူပီး ပျော်တဲ့သူလည်းရှိတယ်။ အိမ်ထောင်ရေးဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ်၊ စီးပွားရေးဖြစ်ဖြစ်၊ ဇွန်းနဲ့စားသင့်ရင်စားရမယ်။ လက်နဲ့ဝါးသင့်ရင် ၀ါးရမယ်။ ဘာမှ အောက်တန်းကျတာ၊ သစ္စာဖောက်တာမရှိဘူး။ အတွေးအခေါ်ကတော့ မမိုက်ဘူးလို့ပြောမယ်။ အတွေးအခေါ်က ပြုတ်စားလို့မှ မရတာနော်...။
အာ...သွားပီ...ဘာတွေပြောမိလည်းမသိဘူး။ ၂၀၁၀-မှာ ကောင်းနေတဲ့အချိန်ရေးတာ....အကောင်းလွန်သွားပီ...နောက်နေ့မှ ပြန်ရေးမယ်။ ဘိုင်ဘိုင်။
2010 မကူးခင် ည သန်းခေါင်မှာ ဘုန်းကျော် Happy New Year ကိုမှုးပြီး အော်စီမှာအော်တယ်။ သူငယ်ချင်းတွေက အရမ်းမအော်ဖို့ဝိုင်းပြီးတားတယ်။ သူငယ်ချင်းအများစုကတော့ အိမ်မှာပဲသောက်ကြတယ်။ ပျော်ကြတယ်။ မှုးပြီးမောင်းလို့ မိရင် Double Demrit Point လို့ခေါ်တဲ့ပြစ်ဒဏ်ရှိတယ်။ ပုံမှန် ဒဏ်ငွေ ၁၀၀ ကြရင် ဒီနေ့က နှစ်ဆပေးရတယ်။ ကားမောင်းလိုင်စင်တခုမှာ Point ၁၂ ခုပဲရှိတယ်။ အရက်မှုးမောင်းလို့မိရင် ဒီနေ့မှာ အပြစ်များတော့ မြန်မာတွေမှုးပြီးမောင်းမရဲဘူး။ မြန်မာဆိုတော့ သတ္တိမရှိတာလည်းပါတယ်ထင်တယ်နော်...လိုင်စင်မရှိရင်၊ အလုပ်သွားဖို့ခက်မယ်၊ အလုပ်သွားဖို့ခက်ရင် ထမင်းငတ်မယ်။ ဒါ့ကြောင့် ဘယ်သူမှ စောက်ရမ်းမမောင်းရဲဘူး။
၂၀၁၀ ညမှာ ကျနော်က အော်ပြီးကြိုဆိုတယ်။ ည ၁၂-နာရီတိတိ။
ရန်ကုန်က သူငယ်ချင်းကလည်း ည ၁၂ နာရီတိတိ သူလည်း အင်းယားဘောင်ကနေအော်တယ်။
အမေရိကားက သူငယ်ချင်းကလည်း ည ၁၂-နာရီမှာအော်ပြီးကြိုတယ်။
နော်ဝေက သူငယ်ချင်းကလည်း ည ၁၂-နာရီမှာ အော်ပြီး ကြိုတယ်။
ထိုင်းက အမှုးသမားတွေကလည်း ည ၁၂-နာရီမှာ အော်ပြီးကြိုတယ်။
အချိန်တွေကို ကြည့်ရအောင်...။ ည ၁၂ နာရီ။ နာရီအချိန်တူပေမဲ့ လက်တွေ့ဘ၀တွေမတူကြဘူး။ အမေရိကမှာ မနက်ပိုင်း ၁၂ နာရီက အော်စီမှာ ညပိုင်း ၁၂ နာရီ။ တနိုင်ငံထဲတောင်မတူဘူး။
ဒါဆိုရင် ၂၀၁၀ ကိုကြိုဆိုတာ လူတွေအချင်းချင်းတောင် မတူကြဘူး။ တစ်ယောက်တမျိုး တနေရာတမျိုး မရိုးကြအောင်ထင်တယ်။ ဒီနေ့ဒီအချိန်မှာ ၂၀၁၀ အသစ်ကြီးကိုကြိုဆိုတယ်။ နောင်နှစ်မှာ ၂၀၁၁ ကို ဒီလိုမျိုး မတူပဲ ကြိုဆိုကြအုံးမယ်။
အင်း....ဟင်း....။ မတူကြပါလား။
ဒါဆိုရင် ဇွန်း၊ခရင်းနဲ့စားကြမလား။ စားဖို့အတွက် အမြင်တွေတူကြရဲ့ လား...။ ဒါဆိုရင် အမြင်တူအောင်....ဒေသတွေခွဲထုတ်မှအမြင်တူမယ်..။ မင်းက နယူးယောက်ကိုသွား..။ မင်းက ဆစ်ဒနီကိုလာ...မင်းက အော်စလိုကို...ဒိုး...မင်းက...ရန်ကုန်မှာ ချီးကြ....။ ဒေသတွေကွဲပြီးဆိုရင် အမြင်တူကြလိမ့်မယ်...။ တနေရာတည်း နေရင် အမြင်တွေစုစည်းအောင် ဇွန်းနဲ့ခရင်းကို ခါးမှာချိတ်ပီး ပွားလိမ့်မယ်...။
၂၀၁၀-မှာ ဇွန်းနဲ့ခရင်းကို အားကိုးပြီး ထမင်းစားချင်ပါသည်။
မှတ်ချက်....မြန်မာ့နိုင်ငံရေးမှာ ဘယ်သူမှ သာစေနာစေမရှိ ပေါင်းကြရင်ကောင်းမှာပဲ...။
No comments:
Post a Comment