ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

6/30/10

ဗိုလ်မှုးချုပ်ဇင်ယော်ရဲ့ သမီး သြစတျေးလျနိုင်ငံမှ မောင်းထုတ်ခံ(နစ်နေမန်း)

Wednesday, June 30, 2010

နအဖ ဗိုလ်မှူးချူပ် ဇင်ရော်ရဲ့  သမီးအား သြစတြေလျနိုင်ငံကနေ ထွက်ခွာဖို့  တရားရုံးချူပ်မှ ဆုံးဖြတ်။

သြစတြေလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်ရဲ့  ဆဒ်ဒနီမြို့  အနောက်ဆစ်ဒနီတက္ကသိုလ် (University of Western Sydney) မှာ ပညာလာရောက်သင်ကြားနေတဲ့ နအဖ ဗိုလ်မှူးချူပ် ဇင်ရော်ရဲ့  သမီးဖြစ်သူ ဇင်မွန်အေးကို သြစတြေလျနိုင်ငံကနေ ထွက်ခွာဖို့  သြစတြေလျနိုင်ငံ တရားရုံးချူပ်ကနေ ဆုံးဖြတ်လိုက်ပါတယ်။

အသက် (၂၅) နှစ်အရွယ် ဇင်မွန်အေးဟာ ဒီလို သြစတြေလျတက္ကသိုလ်မှာ ကျောင်းတက်ပြီးရင် သြစတြေလျနိုင်ငံမှာ နေထိုင်ဖို့  ရည်ရွယ်ချက်ရှိကြောင်း၊ ဘာသာရပ်အထူးပြု (Master) ဘာသာတစ်ခုကို သင်ကြားနေဆဲ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီလို သြစတြေလျနိုင်ငံကနေ ထွက်ခွာခိုင်းခြင်းမှာ သြစတြေလျနိုင်ငံက ဥပဒေထုတ်ပြန်ပြီး တားမြစ်ထားတဲ့ နအဖအာဏာရူးများရဲ့ မိသားစုများ အထူးသဖြင့် နအဖထိပ်ပိုင်းခေါင်းဆောင်များရဲ့  မိသားစုအဖွဲ့ ဝင်များအား သြစတြေလျနိုင်ငံသို့  လာရောက်ခြင်း မပြုရန် (visa ban) တားမြစ်ထားခြင်းကြောင့် ဖြစ်ပါတယ်။

ဇင်မွန်အေးဟာ ၂၀၀၈ ခုနှစ်ကတည်းက သြစတြေလျနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပြီး အခုရက်ပိုင်းအတွင်းမှာ သြစတြေလျနိုင်ငံကနေ ထွက်ခွာရမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို သြစတြေလျနိုင်ငံ ဗဟိုတရားရုံးကနေ အမိန့် ချ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

(သတင်းပေးပို့ လာသူ ကိုသောမတ်စိုးအား ကျေးဇူးတင်ရှိပါတယ်)။
 

1 comment:

Anonymous said...

I would like to exchange links with your site phonekyaw.blogspot.com
Is this possible?


View My Stats