ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

7/31/10

‘ဆိုရှယ်ဒီမိုကရေစီဆိုတာ ဘာလဲ’ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တွဲဖက် အတွင်းရေးမှုး ဦးငွေလင်း နှင့် စီအီစီ ဦးထွတ်ဦးလှိုင်တို့အား ဆွေးနွေးပွဲတွင်တွေ့ရစဉ်

“ဆိုရှယ်ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိကြပါတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ဆိုရှယ်လစ်တဦး ဖြစ်ချင်တယ်ဆိုရင် မညီမျှတဲ့ လူ့အဖွဲ့အစည်းကို ညီမျှတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပြောင်းပစ်ရမယ်လို့ ယုံကြည်ရမယ်”ဟု မိုက်ကယ်ကာလ်ဆမ် (Mikael Karlsson) က ‘ဆိုရှယ်ဒီမိုကရေစီဆိုတာ ဘာလဲ’ (What is Social Democracy?) ဆိုသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။ သူကဆက်ပြောရာတွင် ဆိုရှယ်ဒီမိုကရေစီစနစ်သည် လူသားတို့၏ နေ့စဉ် လက်တွေ့ ရုန်းကန်တိုက်ပွဲများကြားမှ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဆိုရှယ်ဒီမိုကရေစီ အတွေးအခေါ် ဖွံ့ဖြိုးတိုးတက်လာမှုသမိုင်း၊ ဆိုရှယ်ဒီမိုကရေစီ၏ တန်ဖိုးထားချက်များ၊ ဒီမိုကရေစီ နိုင်ငံတခုအတွင်း စီးပွားရေးဒီမိုကရေစီ၊ လူမှုရေးဒီမိုကရေစီ၊ နိုင်ငံရေးဒီမိုကရေစီတို့ ပါဝင်မှုအကြောင်းတို့ကို ဆွေးနွေးခဲ့သည်။

ဆိုရှယ်ဒီမိုကရေစီစနစ်ဟာ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ခန့်က စတင်လာတာဖြစ်ပြီး စတင်စဉ်က စိတ်ကူးယဉ်ဝါဒများသာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ခေတ်သစ် ဆိုရှယ်ဒီမိုကရေစီစနစ်ကို ကားလ်မက်စ်နဲ့ ဖရက်ဒရစ် အိန်ဂျယ်တို့က စတင်ခဲ့တာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ ပြင်သစ်တော်လှန်ရေးကာလ တောင်းဆိုချက်များဖြစ်သော တန်းတူမှု၊ လွတ်လတ်မှုနဲ့ သွေးစည်းညီညွတ်မှုတို့ကို ဆိုရှယ်ဒီမိုကရက်များ၏ စံတန်ဖိုးများအဖြစ် ထားရှိကြောင်း သိရပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သော စည်းရုံရေးအဖွဲ့ဝင် မရူဘီက “နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတို့နဲ့ သက်ဆိုင်တဲ့ ဒီမိုကရေစီများကို ပိုမိုသိမြင်လာရတယ်။ နိုင်ငံရေးပါတီတရပ်အတွက် အတွေးအခေါ် လိုအပ်ချက်ဟာ အလွန်အရေးကြီးကြောင်း သိလာရတယ်”ဟု ပြောပါသည်။

ဆွေးနွေးပွဲအတွင်း တက်ရောက်လာသူများက ဆိုရှယ်ဒီမိုကရက်များ၏ လိင်ခွဲခြားမှု၊ ဈေးကွက်စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအပေါ် ထင်မြင်ယူဆချက်များအား ပွင့်ပွင့်လင်းလင်း အမြင်ဖလှယ်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ (၂၆) ရက်နေ့ကနေ (၂၈) ရက်နေ့အထိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပါတီဗဟိုဦးဆောင်ကော်မတီဝင်များ အပါအ၀င် ပါတီဝင် ၁၃ ဦး တက်ရောက်ခဲ့ကြပါသည်။

Source...http://www.dpnsburmese.org/?p=1475#more-1475

1 comment:

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

မင်းတို့တွေက တကယ့် စောက်ရူးတွေပဲ။ ဆိုရှယ်လစ်ဒီမိုကရေစီတဲ့. . . . .စကားလုံး လှလှလေးတွေ မြင်တာနဲ့ စောက်ရူးထတော့တာပဲ။ အဲဒီဆိုရှယ်လစ် ဒီမိုကရေစီက ဘာဖြစ်လို့ အပြောများလာတာလဲ? စကားလုံးအသစ်အဆန်းလေးတွေ မြင်တိုင်း ရင်ခုံတဲ့ မင်းတို့ကိုကြည့်ပြီး ဟားတိုက်မိတာအမှန်ပဲ၊ ယုံကြည်တယ်ဆိုတဲ့ စကားလုံးကလည်း သိပ်ကိုသုံးတယ်။ အဖြူပြောရင် အားလုံးယုံတဲ့ကောင်တွေပဲ။ လက်တွေ့ဘ၀မှာ အသုံးပြုလို့ရမရကို စဉ်းစားနိုင်စွမ်းမှ မရှိတာ။ တုံးလွန်းတဲ့ ဒီမိုငတုံးပဲ။ ၀ါးဟားဟား

ဒီမိုဝါဒကို လက်တွေ့ကျကျသုံးသပ်ပြီး ပုတ်ခတ်နေတဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★


View My Stats