ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/2/10

သုံးဖက်ချွန်စမှုစာတွေကို သတိထား?

ကျနော်တို့ ဘယ်လိုနားလည်ပေးရမှာလဲဗျာ။

ခင်ဗျားတို့ အနုပညာသည်တွေက စစ်အစိုးရကိုကြောက်လို့ အတင်းအဓမ္မပေါ်တာဆွဲလို့ ရုပ်ရှင်ရိုက်ရပါတယ်လို့အကြောင်းပြတယ်။ ကာယကံရှင်တွေက ဘာမှမပြောသေးဘူး။ ဘေးကနေဘာမဆိုင်ညာမဆိုင်၊ ဆင်-ီးခွေးမျှော်ချင်နေတဲ့လူတွေပဲက ရှေ့ နေလုပ်ပြီး ပြောနေတယ်။ ခင်ဗျားတို့က သူတို့အကြောင်းဘယ်လောက်သိလို့လဲ။

ခင်ဗျားတို့ကသာ ကျနော်တို့ကို နားလည်ပေးပါလို့ပြောတယ်။ စစ်အစိုးရက ကျနော်တို့ အတိုက်အခံအင်အားစုတွေကို ဘယ်တုန်းကများ နားလည်မှုပေးခဲ့လို့လဲ။ ဦးကျော်သူကို အားပေးလို့ဆိုပြီး အနုပညာသည်တွေကို အနုပညာသက်တမ်း (တနှစ်) ပိတ်တယ်။ ဒါလား စစ်အစိုးရက နားလည်ပေးတာလား။ ကိုဇာဂနာ နဲ့ အခြားအနုပညာသည်တွေကို နားလည်မှုရှိရှိနဲ့ ထောင်ထဲထည့်တာလား။

စစ်အစိုးရက သူ့ကို ထိခိုက်နိုင်တဲ့လူတွေမှန်သမျှထောင်ထဲထည့်တယ်။ ဒုက္ခပေးတယ်။ ဒါကဘာကို ပြလဲဆိုတော့ ကျနော်တို့အတိုက်အခံအင်အားစုကို အသေရရအရှင်ရရ ပြုတ်စားချင်နေတယ်ဆိုတဲ့ စိတ်ကိုပြတယ်။

ကျနော်တော့ စစ်အစိုးရကို အားပေးအားမြှောက်လုပ်တဲ့လူတွေမှန်သမျှကို လုံးဝနားလည်မှုမပေးနိုင်ဘူး။ ဒါမှ လူတိုင်းက ဘက်တဖက်ထဲကို ရပ်လိမ့်မယ်။ သုံးဖက်ချွန်စမှုစာလို အတိုက်အခံနဲ့တွေ့ အတိုက်အခံနဲ့ပေါင်း၊ စစ်အစိုးရနဲ့တွေ့ စစ်အစိုးရနဲ့ပေါင်း၊ ပြည်သူနဲ့တွေ့ပြည်သူကို ချစ်ပါတယ်လို့ပြောတဲ့လူတွေကတော့ဗျာ...ချီးစားပြီး ဟောင်းတက်တဲ့ခွေးလောက်တောင် အထင်မကြီးဘူး။

ကျနော်တို့နားလည်မှုပေးလိုက်ရင် ဘာဖြစ်မလဲ...ကျနော်တို့အတိုက်အခံအင်အားစုတွေကို ဒီလူတွေ မလေးမခန့်လုပ်တော့မှာဖြစ်တယ်။ ကျနော်တို့လုပ်နေတာက အားယားယားအပျင်းပြေလုပ်နေတဲ့လူတစ်ယောက်မှမရှိဘူး။

သြစတျေးလျနိုင်ငံမှာ လူအများစုက သုံးဖက်ချွန်လုပ်ချင်တယ်။

မြန်မာပြည်မပြန်ရမှာစိုးလို့၊ စီးပွားရေးထိခိုက်မှာစိုးလို့၊ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ သုံးဘက်ချွန်လုပ်ချင်ကြတယ်။ သြစတျေးလျနိုင်ငံကို ရောက်လာတဲ့မြန်မာတွေမှန်သမျှ ဒုက္ခသည်တွေပဲ။ ဒုက္ခသည်တွေအချင်းချင်း တမှုးပိုမရှုချင်ပါနဲ့။ စီးပွားရေးသမား၊ ကျောင်းသား၊ ပညာရှင်၊ နိုင်ငံရေးသမား၊ အားလုံးအားလုံး ဒုက္ခသည်တွေပဲ။ မြန်မာပြည်မှာ ဒုက္ခမရောက်ရင် ဒီကိုတောင်လာမှာမဟုတ်ဘူး။ ဒါကို စောက်ကြီးစောက်ကျယ်နဲ့ ကိုယ့်ပါးစပ်မှအားမနာပြောကြသေးတယ်။ ခင်ဗျားတို့ ဗမာပြည် ပြန်ချင်သလို ကျနော်တို့လည်းပြန်ချင်တယ်။ ခင်ဗျားတို့ ချစ်သလို ကျနော်တို့လည်းချစ်ပါတယ်။

စစ်အစိုးရ သူ့ကိုထိလာတဲ့လူမှန်သမျှ သနားတယ်ပဲပြောတယ်။ ကျနော်တို့လည်း ကျနော်တို့ရဲ့ လူတွေ၊ လှုပ်ရှားမှုတွေကို ထိလာတဲ့လူမှန်သမျှ သနားတယ်ပဲပြောမယ်။ လာမထိနဲ့...ကိုယ့်အချင်းချင်းလည်းလုံးဝခွင့်မလွှတ်ဘူး။ ဟိုလိုလိုဒီလိုလိုလုပ်တဲ့ကောင်တွေ သေဖို့သာပြင်တော့။

ကျနော်တို့ ဘယ်တော့မှ နားလည်မှုမပေးဘူး။ နားလည်မှုပေးချင်တယ်ဆိုရင် သင်္ကန်းဝတ်ပြီး ဘုန်းကြီးပဲလုပ်တော့မယ်။ လူတိုင်းကို မေတ္တာထားပေးမယ်။

1 comment:

Anonymous said...

သြစတေးလျား ရောက်တဲ့ သူတိုင်း refugee ဆိုတာ ကိုယ့်ကြိုးစားမှု နဲ့ လာရောက်ကြတဲ့သူ တွေကို စော်ကားတာ အမှန်ပဲ။ နိုင်ငံရေးနဲ့ ခုတုံးလုပ် လာပြီး နိုင်ငံရေး မလုပ်သူတွေကို ရှုံ ချတယ်။ ဒါပေမဲ့ ကျွန်မတို့  ဒီကို ကျောင်းတက်ဖို့  လာတယ်၊ ဒီမှာ နေခွင့်ရအောင် ကျောင်းပြီးတော့ PR လျှောက်တယ်၊ နိုင်ငံရေး ရှောင်တယ်၊ အဲဒါ ဘာဖြစ်လဲ။ မိဘ ပိုက်ဆံရှိလို့  ကျောင်းလာတက်ရတာ မဟုတ်ဘူး၊ ကိုယ့်လုပ်အားနဲ့  တခြားတိုင်းပြည်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး စုဆောင်းထားရတဲ့ ငွေတွေ သုံးပြီး ဒီမှာ semester တစ်ခု ကို ဒေါ်လာ ကိုးထောင်ကျော်သွင်းပြီး တက်ရတယ်၊ ပြီးတော့လဲ PR က အလွယ်တကူ ရတာမဟုတ်၊ အမှတ်မမှီလို့  နှစ်ရှည်လများ ကျောင်းဖိုးတွေ ကုန်ပြီး နေရတာ။ ကျောင်းပြီး တော့လဲ ဒီမှာမွေး ကြီးပျင်းတဲ့ သူတွေနဲ့ မနည်ယှဉ်ပြီး အလုပ်ရှာ ရတယ်၊ refugee နဲ့  လာတဲ့ သူတွေက ရောက်ကထဲက အစိုးရက ထောက်ပံ့ ထားတာ၊ ကိုယ့်ဟာကိုယ်လာ တဲ့သူတွေ က ဘာအခွင့်အရေးမှ ရတာမဟုတ်ဘူး။


View My Stats