ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/14/10

ခန့်စည်သူကို သြစတျေးလျက ဗီဇာပိတ်ကြောင်း သေချာ..

ရဲဘော်ကြီးများသို့-

ဒီနေ့ မနက်ပိုင်းမှာ သြစတျေးလျနိုင်ငံ Perth မြို့ သို့ ရန်ကုန်ကနေ Thai Airway ဆိုက်ရောက်ခဲ့ပါတယ်။ လေယျာဉ်ပေါ်ကနေ မင်းသားချော တင်မောင်ဆန်းဝင်း၊ သဇင်၊ မိုးပြည့်ပြည့်မောင်အပါအ၀င် အနုပညာရှင်များ ခန့်ခန့်ငြားငြား ပျော်ပျော်ရွှင်ရွှင် ဆင်းလာပါတယ်။

ကျနော်သိချင်ဇောနဲ့ နိုင်ငံကျော်ရုပ်ရှင်းမင်းသား ခန့်စည်သူ (အာရုံဦးမှာဖူးသည့်ကြာ ရဲ့ အဓိက သရုပ်ဆောင်) ရှာကြည့်ပါတယ်။ သူက ကျနော်တို့ Perth မြို့ မှာ ဦးဆောင်ကပြသူဖြစ်တယ်ဆိုတော့ ပရိသတ်တစ်ယောက်အနေနဲ့ရှာကြည့်ပါတယ်။ သို့သော် သူ့ကိုမတွေ့။ ဘာဖြစ်လို့များ သူ့ကိုမတွေ့တာလဲဆိုပြီး လေယျာဉ်ပေါ်က အိမ်သာထဲအထိ ချောင်းကြည့်ပါတယ်။ ပုန်းနေမလားလို့။ ဘယ်မှာရှာရှာ ခန့်စည်သူကို Perth မြို့ ရဲ လေဆိပ်မှာ မတွေ့ပါကြောင်း...။

ဆိုတော့...ကျနော်တို့ Perth မြို့ ရောက်တော်လှန်ရေးသမားများအနေနဲ့ စီစဉ်ထားပြီသားဖြစ်တဲ့ ကိစ္စ (၁၆-၁၀-၂၀၁၀ ညနေ ငါးနာရီမှာ ပြုလုပ်မဲ့ ခန့်စည်သူရှုတ်ချပွဲ) ကို လုပ်ဖြစ်မည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

မှတ်ချက်။ ။ သြစတျေးလျအစိုးရမှ အရာရှိများ၊ နိုင်ငံတကာရောက်ရဲဘော်များအား အထူးကျေးဇူးတင်ရှိကြောင်း ပြောလိုပါသည်။ ခန့်စည်သူကိစ္စကို အီးမေးပို့ခြင်းကို ဆိုလိုပါသည်။ အထူးသဖြင့် သြစတျေးလျရောက် ရဲဘော်များရဲ့ စုစည်းညီညွတ်မှုအားကို အထူးယုံကြည်ပါကြောင်း...။


လေးစားစွာဖြင့်
ရဲဘော် ဘုန်းကျော် (လူ့ဘောင်ချစ်)
www.phonekyaw.blogspot.com
Ph +61430429667

No comments:


View My Stats