ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/18/10

ဗိုလ်ချုပ်မှုးကြီးသတ်တဲ့ ဗိုလ်ကြီးနေဇော်ထွေး

Professional Body Gurad နေဇော်ထွေးအား(ပျောက်ကြားဝတ်စုံနှင့်တွေ့ရစဉ်)
ဂလိမထိုးပဲ တော်တော်ရီရတယ်။ ဒီနှစ်အတွက် အရီရဆုံးဟာသသတင်းလို့ ကျနော်ပြောချင်ပါတယ်။ အောက်မှာဖတ်ကြည့်ပါ။

"ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လုံခြုံရေးအရာရှိ ဗိုလ်ကြီးနေဇော်ထွေးဟာ အောက်တိုဘာ ၇ ရက်နေ့က မီးလောင်ဒဏ်ရာကြောင့် သေဆုံးသွားတယ်လို့ နေပြည်တော် ကကကြည်းမှ အရာရှိတဦးက ပြောဆိုပါတယ်"

သေဆုံးသူ ဗိုလ်ကြီးနေဇော်ထွေးရဲ့ အရည်အချင်းက နဲတာမဟုတ်။ Professional Bodyguard တစ်ယောက်ဖြစ်ပါတယ်။ အကြမ်းဖတ်မှုတွေဖြစ်လာရင် ကိုင်တွယ်ဖြေရှင်း နိုင်တဲ့အရည်အချင်းရှိသူလို့ ထင်မိတာပါ။ ဗိုလ်ချုပ်မှုးကြီးရဲ့  One of the Best Body Guards ဖြစ်ဖို့များတယ်လို့ယူဆတယ်။ တကယ်တွေ့တော့ ပြောင်းပြန်ဖြစ်နေတယ်။ ဓာတ်ဆီလောင်းပြီး မီးရှို့ ခံတဲ့အဆင့်ဆိုတော့ ဘယ်လောက်သောက်သုံးမကျတဲ့ ဘောဒီဂတ်လဲဗျာ။

"သူ့မိန်းမနဲ့ သူနဲ့စကားများရန်ဖြစ်ကြတော့ မိန်းမဖြစ်သူက သူ့အိပ်နေတုန်းဓါတ်ဆီလောင်းပြီး မီးရှို့တယ်။ ဆေးရုံမှာ ၃ ရက်လောက် ကုသပေမယ့် မရတော့ပါဘူး"

ဓာတ်ဆီလောင်းတာနဲ့ အိပ်ယာက နိုးရမှာမဟုတ်ဘူးလား။ သူများတွေဆိုရင် အသံကြားတာနဲ့နိုးနေပြီ။ အရက်အလွန်အကြွံသောက်တာလား၊ မှုးယစ်ဆေးဝါးကောင်းနေတာလား။ သာမန်လူတစ်ယောက်ဆိုရင်တော့ အသံကျယ်ကျယ်ကြားတာနဲ့ နိုးပြီ။ ကိုယ်ပေါ်ကို ဓာတ်ဆီအရည်တွေကျတာတောင် မနိုးဘူးဆိုတော့ စဉ်းစားစရာပဲ။

ကျနော့်သုံးသပ်ချက်က Professional body guard တစ်ယောက်က ဓာတ်ဆီလောင်းတာတောင်မနိုးဘူးဆိုတော့ သေတာတောင်နဲသေးတယ်။ ဒါကို ကြည့်ရင် ဗိုလ်ချုပ်ကြီးသန်းရွှေမပြောနဲ့ သူ့တပည့်တွေတောင် သုံးစားမရဘူး။

"ဗိုလ်ကြီးနေဇော်ထွေးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့အတူ လာအို ခရီးစဉ်က အပြန်မှာ မိန်းမနဲ့စကားများ ရန်ဖြစ်ခဲ့ရတာဖြစ်ပြီး သူဟာ ဗိုလ်ကြီးအဆင့်နဲ့ ဗိုလ်မှူးလစာရရှိနေသူဖြစ်တယ်လို့လည်း သိရပါတယ်"

မိန်းမနဲ့ကျနော်ခဏခဏစကားများဖူးပါတယ်။ ဓာတ်ဆီနဲ့လောင်းဖို့နေနေသာသာ ရေနဲ့တောင်မပက်ရဲဘူး။ ဗိုလ်သန်းရွှေရဲ့ ဘော်ဒီဂတ်ကြီးကို သူ့မိန်းမက အဲဒိလောက်တောင် တင်းရလား။ မဖြစ်နိုင်ဘူးလို့ တရားသေပြောနိုင်တယ်။ မိန်းမတစ်ယောက်က ဒီလောက်သတ္တိရှိရဲတာကိုအံ့သြတယ်။

နောက်ဆုံးဖြစ်နိုင်ခြေရှိတာက ဒါက လူသတ်မှုပဲ။ တခါတုန်းက ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ သား ဘိုးတော်လိုလို၊ ဘာလိုလိုကောင်က ဘော်ဒီဂတ်တစ်ယောက်ကို အသေသတ်ခဲ့ဘူးတယ်။ ဒီတစ်ယောက်လည်း သူတို့မိသားစု လုပ်ကြံတာမဖြစ်နိုင်ဘူးလား။

Source Irrawaddy Blog
Photo from mg

No comments:


View My Stats