ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/12/10

ဒေါ်စု လွှတ်လွှတ်ခြင်း သံတမန်တွေနဲ့ အာ,နေပြီ

အန်တီစုကိုအမှန်တကယ်လွှတ်လိုက်ပါပြီ ယခု နိုင်ငံခြားသံတမန်တွေဝင်ရောက်တွေ့ဆုံနေပါပြီ။ သတင်းထောက်တွေ ၀င်ခွင့်မပေးသေးပါ။ မကြာခင် လူထုရှေ့မှောက် ထွက်လာပါတော့မယ်။
အခုအင်းစိန်ဈေးမှာ စည်ပင်ဝန်ထမ်းတွေက ဆိုင်တွေကို အတင်းပိတ်ခိုင်းနေပါတယ်။ အကြောင်းကတော့ ဈေးထဲမှာ ဗုံးရှိနေလို့ဝင်ရှာချင်လို့ဆိုပဲ။ အကြံအစည်ကတော့ ဘာရယ်မသိဘူး။ လုံထိမ်းရဲကားတွေကလည်း အကုန်ပတ်နေပါတယ်တဲ့။ အန်တီကတော့ ရုံးချုပ်ကို ၄ နာရီမှာ ရောက်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။
အားလုံးကြီး သတိတရားလက်မလွှတ်ပါစေနဲ့ တဖက်က မင်္ဂလာယူချင်လို့ အန်တီစုကို လွှတ်ပေးပေမဲ့ တခြားတဖက်မှာ အကြမ်းဖက်မှုတွေပြင်ဆင်နေတာတွေ့ရပါတယ်။ တာမွေဗျိုင်းရေအိုးစဉ်နားမှာ ရာဇ၀တ်အကျဉ်းသား ၂၀၀ ကျော်ကို အရပ်ဝတ်တွေနဲ့ စုထားတယ်လို့ သတင်းရပါတယ်။ အုပ်စုမကွဲပါစေနဲ့


ပြည်ပက နာမည်ကြီးသတင်းထောက်တစ်ယောက်မှ ပေးပို့သည်။

No comments:


View My Stats