ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
4/21/11
အမေရိကန်ရောက် ဥက္ကဌကိုသံခဲ (ABSDF) အကြောင်း
ဥက္ကဌကြီး ခဲ (ABSDF)
နောက်ပြီး ဆွေးနွေးပွဲ။ သွားရတဲ့ခရီးတွေဆိုတာလည်း နားရတယ်မရှိ။ တခါတလေ ကိုသံခဲက ဒီလိုငြီးတယ်တဲ့။
"မဲ့ဆောက်မှာပဲ ကောင်းတယ်ကွာ...။ ခရီးဝေးဝေးသွားစရာမလိုဘူး။ အမေရိကမှာ ခရီးတခုတခုနဲ့တအားဝေးတယ်။ ခေါင်းကိုက်တယ်။ မဲ့ဆောက်ပဲ ပြန်ချင်ပြီ"
အစည်းအဝေးတွေမှာဆိုရင် ကိုသံခဲက အရမ်းစွပ်ပွားတာကို ရဲဘော်ဟောင်းတွေက အရမ်းစွပ်ပြီးလေးစားလို့ အချင်းချင်းစကားများပြီး ထ,ထိုးရတဲ့အထိဗျာ။ ဒီလောက်ထိတောင် စကားပြောကောင်းတာ။
အမေရိကားမှာ နိုင်ငံရေးခရီးစဉ်တွေ၊ စည်းရုံးရေးလုပ်ငန်းတွေအတွက် ခရီးသွားရတာကို သူက တောင်ငြီးယူတဲ့အထိ။ ဒီလောက်တောင် ရောင်းကောင်းတဲ့ ကိုသံခဲ။ လက်တောင်မလည်ဘူး။ ရဲဘော်ရဲဖက်တွေကလည်း ချစ်လိုက်တာ တုန်လို့...ဘယ်လောက်ထိလဲဆိုရင် ကိုသံခဲရဲ့ နာမည်ရင်းကိုမခေါ်တော့ဘူး...။ ဥက္ကဌကြီး ခဲ, တဲ့ဗျာ။
ဒီလောက်ထိဖြစ်တာ မယုံမရှိနဲ့ဆရာ။နောက်ပြီး ပြည်သူချစ်တဲ့မင်းသားမင်းသမီးတွေကို ပရိတ်သတ်ကတွေ့ပြီဆိုရင် ဓာတ်ပုံတွဲရိုက်ချင်တဲ့ပုံစံအတိုင်းပဲ ကိုသံခဲကို အမေရိကမှာရောက်နေတဲ့ မြန်မာပြည်က ကျောင်းသူလေးတွေဆိုရင် အော်တိုရေးခိုင်းရတာနဲ့ ဓာတ်ပုံတွဲရိုက်ရတာနဲ့။ ဒီလိုဖြစ်နေတာကို သြစတျေးလျက ကိုသံခဲရဲ့ ချစ်ဇနီးက မနာလိုတောင်ဖြစ်ရတယ်။
ဒီလောက်ထိလူချစ်လူခင်များတဲ့ ...လူဗျာ။ ရှားမရှား...။
နို့..နေပါအုံး။ ကျနော်တို့ လေးစားရတဲ့ ၈၈-မျိုးဆက် ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ကိုမိုးသီးဇွန်၊ ကိုအောင်မိုးဇော်၊ ဒေါက်တာနိုင်အောင်တို့ကြတော့ ကိုသံခဲလိုမျိုး ထမင်းကျွေးမဲ့လူ၊ ဖိတ်မဲ့လူ မတွေ့ပါလားဗျ။ ဘယ်လိုဖြစ်ကြတာလဲ။ ပြောကြပါအုံး။
2 comments:
Unknown said...
တောက် ဒီလောက်အရေးကောင်းတဲ့ စာရေးစရာကိုပိုတောင် မနာလို ဖြစ်မိသေးတယ် ကြံကြံဖန်ဖန်ဗျာ မြင်လဲမြင်တက်တယ်...တော်ပါ့
Unknown said...
ဗိုလ်သံခဲဆိုတာဆရာကြီးဆိုတော့ ကျနော်နဲ့တော်တော်အလှမ်းဝေးပါတယ်..ဒါပေမဲ့...ကြုံဘူးတာတစ်ခုက သူ့ရဲဘော်တစ်ယောက်ဖြစ်တဲ့ ဦးဂုရုရဲ့ဈာပနမှာတုန်းက ဦးဂုရုကြောင့်သိပ်ဝမ်းမနည်းရဘူး(မသိတဲ့သူမို့) အဲ့ဒိဦးသံဂဲက စာတမ်းရွတ်တော့မှ ငိုချင်စိတ်ပါပေါက်ခဲ့ရတယ်...လက်တွေ့ပါဗျာ အပြောအဟောကောင်းဆိုတာလက္ခံပါ့။။
View My Stats