လယ်သမား |
ဒါတွေက ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့  နိုင်ငံဟာ သူများနဲ့  မတူတဲ့ နိုင်ငံရေးအခြေအနေကြောင့်ပဲ။ အချင်းချင်းချနေကြတော့ သဘာဝပတ်ဝန်းကျင် ကိစ္စကို ဖုတ်လေတဲ့ငပိရှိလေတယ်လို့တောင် မထင်ဘူး။ အစိုးရကလည်း လုပ်ချင်သလို လုပ်တယ်။ သူပုန်တွေ ကလည်း ခုတ်ချင်သလို ခုတ်ရောင်းတယ်။
ထိန်းသိမ်း စောင့်ရှာက်မယ်ဆိုတာ မရှိခဲ့ဘူး။ ရောင်းစားဖို့  လောက်ပဲ ခေါင်းထဲမှာရှိကြတယ်။
လက်ရှိတိုင်းပြည်ရဲ့ သယံဇာတကို ထုတ်ယူသုံးစွဲတဲ့နေရာမှာလည်း ဖြစ်သလိုလုပ်နေတာကို တွေ့  နေရတယ်။ အရပ်စကားနဲ့ ပြောရင် “လိုး” ပြီး ဒီအတိုင်းပြစ်ထားခဲ့တယ်လို့ ပြောလို့ ရနိုင်တယ်။
ဒါတွေက ဘာ့ကြောင့်ဖြစ်နေတာလဲဆိုတော့ ဂရုမစိုက်လို့ ပါ။ တန်ဖိုးထားရကောင်းမှန်းမသိလို့ ပါ။
နောက်ပြီ: ဖြစ်လာနိုင်တဲ့အကျိးဆက်ကို ထည့်ပြီးမတွက်လို့ ပါ။ သိတဲ့သူတွေလည်း သိနိုင်ပါတယ်။ ဒါပေမဲ့ သိတဲ့သူတွေက နဲနေသေးတာအပြင် အာဏာမရှိတော့ လုပ်ခွင့်မသာဘူး။ ဥပမာ ဦးအုန်းတို့ လို လူမျိုးပေါ့။ သူသိတာကလည်း သစ်တောကိုကွယ်စောင့်ရှောက်တာလော
သူသိတဲ့ပညာက ဒိတ်အောက်နေပြီ။
နိုင်ငံခြားကမြန်မာတွေထဲမှာ Eenvironmental Science/Management (သို့ ) Sustainable Development စတဲ့ ဘာသာရပ်တွေနဲ့ ဘွဲ့ ရတဲ့လူတွေ အလုပ်လုပ်နေတဲ့လူတွေရှိတယ်။
ဒီလူတွေကိုရှာဖွေ ဖော်ထုတ်ပြီးမီဒီယာမှာ ဖောပြရင်ကောင်းမယ်။ သူတို့ တွေမှ တကယ်လုပ်တက်မှာဗျ။ အခုကြတော့ မီဒီယာ ကလည်း စောက်တလွဲလူတွေကို အင်တာဗျူးကြလေတယ်။ Environmental Network တစ်ခုကို ဖွဲ့  ရမလိုဖြစ်နေပြီ။ ဒါမှ ဒီကိစ္စတွေကို နားလည်တက်ကျွမ်းတဲ့လူတွေ စိတ်ဝင်စားတဲ့လူတွေ အချင်းအချင်း စုမိကြမှာ။ ဗဟုသုတတွေ ပညာတွေ ဖလှယ်နိုင်မှာဖြစ်တယ်။
အရင်တုန်း အသုံးမကျတာတွေ ဖြစ်ပြီးတာတွေကို အပြစ်မပြောချင်တော့ပါဘူး။ ပြောလည်း ဘာမှ အကျိုး မရှိတော့ ရှေ့ ဆက်ဘာလုပ်သင့်လဲဆိုတာကို ကျနော့်ရဲ့ တစ်ဆယ်သားလေက်ရှိသော ဗဟုသုတ ကို ရှယ်ပေးချင်ပါတယ်။
ကျနော်တို့ တိုင်းပြည်မှာ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ဥပဒေရှိတယ်။ သို့ သော် တခြား တိုင်းပြည်တွေမှာလို Environmental Law ၊ Environmental Policy and Law ၊ Environmental Protection Act The court and Environmental Law ၊ Biodiversity Conservation Law စတဲ့ အသေးစိတ်ပုံစံမျိုး သက်သက်စီခွဲခြားထားတဲ့ ဥပဒေမရှိဘူး။ ဝန်ကြီးဌာနမရှိဘူး။ ၂၀၀၈-ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာတောင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်တဲ့ အပိုဒ်မရှိဘူး။ အပိုဒ် (၃၇) မှာ ဖော်ပြတဲ့ဟာလေးတစ်ခုပဲ ရှိတယ်။ ဒါကလည်း ကာကွယ်ဖို့ မပါဘူး။ စောင့်ရှောက်ဖို့ မဆိုထားဘူး။
“ နိုင်ငံတော်သည် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတကို ပိုင်သည်။ ထုတ်ယူသုံးစွဲခွင့်နဲ့  ဆိုင်တဲ့ ဥပေဒေကို လိုအပ်ရင်လိုအပ်သလိုပြဌာန်းအတည်
အဓိကတော့ ရောင်းစားဖို့ လောက်ပဲ ခေါင်းထဲမှာထည့်ထားပုံရတယ်။
သူများနိုင်ငံတွေရဲ့ အခြေခံဥပဒေတွေမှာ သူတို့ နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပက်သက်တာကို အသေးစိတ်ပြဌာန်းထားတယ်။ တရုတ်၊ ထိုင်း၊ သိရိလင်္ကလာလိုနိုင်ငံမှာတောင် ဒီဥပဒေတွေရှိတယ်။
နောက်ပြီးဆိုင်ရာ ၀န်ကြီးဌာနတွေကို ဖွဲ့ စည်းထားပေးတယ်။
ဥပမာ သြစတျေးလျနိုင်ငံမျိုးဆိုရင် သူ့ အတွက်ကို ဝန်ကြီးဌာနသက်သက်ရှိတယ်။ ဒါက သြစတျေးလျလို ချမ်းသာတဲ့ ဖွံ့ပြီးနိုင်ငံအတွက်ဖြစ်တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ မလေးရှာမှာတောင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုရှိတယ်။ Department of Environment (Malaysia) လို့  တယ်။ ဆိုတော့ နိုင်ငံအတ်ာများများမှာ တိုင်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့  အတွက် ဥပဒေတွေ ဝန်ကြီ:ဌာနတွေကို သီးသန့်  တီထွင်ထားပေးတယ်။
မသိနားမလည်ရင် သူများတိုင်ပြည်တွေက ကောင်းတဲ့အတုကို ကူးယူတယ်။ ပညာရှင်တွေ နည်းပညာအကူအညီတွေ ရံပုံငွေတွေကို တောင်းယူတယ်။
ဒီကိစ္စက တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ကိစ္စဆိုတော့ ချမ်းသာတဲ့တိုင်းပြည်တွေက ကူညီဖို့ အဆင်သင့်ပဲ။
မယုံရင် လုပ်ကြည့်ပါ။ ကျနော်တို့ တိုင်းပြည်မှာ ရှိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေကို လေ့လာကြည့်တဲ့အခါ အူကြောင်ကြား ချီးပေ ဥပဒေတွေကိုပဲတွေ့ ရတယ်။ သစ်တောဥပဒေ တောရိုင်းတိရိဆ္ဆန်ကာကွယ်ရေးစော
အဓိကပြောချင်တဲ့အကြောင်းက လက်ရှိကာလမှာ လွတ်တော်ရှိတယ်။ လွတ်တော်ကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေပြဌာန်းအတည်ပြုလို့ ရတယ်။ နောက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနကိုလည်း ဖွဲ့ လို့ ရတယ်။ ဥပဒေသာရှိပြီး ဥပဒေကို လေးစားလိုက်နာအောင်ပြူလုပ်ဖို့  ဝန်ကြီးဌာန မရှိရင်၊ ထုတ်ပြီးသား ဥပဒေလည်း ချီးကုန်းလို့ရတဲ့ စက္ကူအဆင့်မှာပဲ ရှိနေမယ်။ နောက်ပြီးတရားရုံးကလည်း ဒီဥပဒေကို ကာကွယ်ပေးနိုင်ရမယ်။ အခုတော့ လက်ရှိအစိုးရကကော အရင်တုန်းက အစိုးရအဆက်ဆက်ကော အားလုံးသောအစိုးရတွေဟာ ထမင်းသားစားတယ် ထမင်းရဲ့ကျေးဇူးရှင်ကို မသိသလိုဖြစ်နေတယ်။
ဒါ့ကြောင့် လက်ရှိအခြေအနေမှာ အချိန်ရှိသေးတယ်။ နောက်မကျသေးဘူး။
သြစတျေးလျနိုင်ငံမှာ ပြည်နယ်အလိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ ကိုယ်ပိုင်ရှိတယ်။ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ သင့်တော်တဲ့ ဥပဒေကို ဆိုင်ရာပြည်နယ်ကလူတွေက ဖန်တီးထားတယ်။
ဒါ့အပြင် ဘာ Development လုပ်လုပ်၊ Environmental Impacts Assessment ကောင်းမှ ဆောက်လုပ်ခွင့်တယ်။ တကယ်တမ်းအငြင်းပွားလာရင် အစိုးရက ဒီကိစ္စကို တရားရုံးမှာ ရှင်းတယ်။တရားသူကြီး ဆုံးဖြတ်တဲ့အတိုင်း စီမံကိန်းကိုဆောက်ရွက်တယ်။
အခု ကျနော်တို့တိုင်းပြည်မှာ မြင်တွေ့နေရတဲ့ စီမံကိန်းမှန်သမျှဟာ EIA လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက် စမ်းစစ်ချက် ရှိပဲလုပ်ကြတယ်။ ရေကာတာ ဆောက်ချင်ရင်လည်း ဆောက်ချလိုက်တာပဲ။ နေပြည်တော်ကြီးကို တည်ချင်ရင်လည်း တည်လိုက်တာပဲ။ ဘာကိုမှ ဂရုမစိုက်ဘူး။
ဒီအချက်တွေကိုကြည့်ရင် လက်ရှိအစိုးရကော အရင်တုန်းကအစိုးရတွေကော အားလုံးသောအစိုးရတွေဟာ သဘာဝပတ်ဝန်းကျင်ကိုစောင့်ရှောက် ကာကွယ်မြှင့်တင်ရမယ်ဆိုတာကို မသိရှာဘူး။ ဗဟုသုမရှိဘူး။ ဘယ်လို စီမံခန့် ခွဲရမယ်ဆိုတဲ့ အတက်ပညာကို မတက်ဘူး။ မကျွမ်းဘူး။ အဆိုးဆုံးက ဥပဒေမရှိတာပဲ။
ရုရှကို သွားပြီး ဒုံကျည်ထုတ်တဲ့ပညာလောက်ကိုပဲ အဓိက သင်ယူနေတယ်။ ရုရှမှာလည်း သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ ပညာရပ်ရှိပါတယ်။ တက္ကသိုလ်တွေမှာ သင်ကြားနေကြပြီ။ စစ်ဗိုလ်တွေကိုလည်း ဒီအတက်ပညာကို သင်ခိုင်းပေါ့။ ခေါင်းက လက်နက်ကို ဘယ်လိုထုတ်ရမလဲဆိုတာကိုပဲ သိကြလားမသိဘူး။
ဗမာစကားမှာ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ပါ ကာကွယ်ပါဆိုတာလောက်ပဲရှိတယ်။ အင်္ဂလိပ်စကားမှာ Conservation နဲ့ Preservation ဆိုတဲ့စကားရှိတယ်။ ဒီစကားလုံးနှစ်ခုက တူသေ၇ာင်၇ှိတယ်။ ဒါပေမဲ့ အနှစ်သာရကွာတယ်။ ဥပမာ ကျနော်တို့ဘေးမဲ့တော ပေးထားတယ်။ ဒီဘေးမဲ့တောမှာ လူတွေကို အလည်အပတ်သွားခွင့် အပန်းဖြေခွင့်ပေးမယ်ဆိုရင် ကွန်စာဗေးရှင်းလို့  ခေါ်တယ်။
လူတွေကို အလည်အပတ်သွားခွင့်မပေးဘူး၊ ဒီအတိုင်းပဲ ဒီဘေးမဲ့တောကို ကာကွယ်စောင့် ရှောက်မယ်ဆိုရင် ပရီစားဗေးရှင်းလို့ခေါ်တယ်။ ဒီစကားလုံးနှစ်ခုကို သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေးပညာမှာ အဓိကသုံးကြတယ်။
နောက်ပြီး အီးအိုင်အေကို နိုင်ငံတိုင်းအကောင်အထည်ဖော်တယ်
ဒါပေမဲ့ ဗမာပြည်မှာက သိတဲ့အတိုင်း မလုပ်နဲ့ဆိုရင် အရမ်းလုပ်ချင်တယ်။
ဥပမာ ဧရာဝတီကိစ္စကိုကြည့်ပါ။ ပညာရှင်တွေရဲ့ထောက်ခံချက် အကြံပြူချက်တွေက အရက်မှုးပြီး ကယောင်ကတန်းနဲ့ ထ, ပြောနေတာမဟုတ်ဘူး။
Environment လို့ခေါ်တဲ့ အင်္ဂလိပ်စကားလုံးကို ရှင်းပြချင်တယ်။ မြန်မာလိုဆိုရင်တော့ ဘဘာဝပတ်ဝန်းကျင်ပေါ့။ စကားလုံးကတော့ သေးတယ်။ ဒါပေမဲ့ အနှစ်သာရက အကြီးကြီ:ပဲ။ သဘာဝပတ်ဝန်းကျင်ဆိုတာက ကျနော်တို့ နေထိုင်ရာပတ်ဝန်းကျင်တခုလုံးကု
လက်ရှိအခြေအနေမှာ အစိုးရကော အားလုံးသောလူတွေကို အကြံပေးချင်တာက လွတ်တော် ကနေ ကော်မတီတစ်ရပ်ဖွဲ့လိုတယ်။ ဒီကော်မတီက သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေ ဘာသာရပ်တွေကို ကျွမ်းကျင်တဲ့ လူတွေနဲ့ဖွဲ့ရမယ်။ အနဲဆုံး စိတ်တော့ဝင်စားရမယ်။ အရင်တုန်းကအတိုင်း ဘာမှ နားမလည်တဲ့ကောင်တွေနဲ့ ဖွဲ့ ထားတဲ့ ကော်မတီဖြစ်လို့ မရဘူး။
ပြီးတော့ ကော်မတီကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေမှုကြမ်းကို ရေးဆွဲပြီး လွတ်တော်မှာ တင်။ သဘာဝပတ်ဝန်းကျင်ကိစ္စကို နားလည်တဲ့လွှတ်တော်အမတ်တွေက ဝိုင်းပြီး ဆွေးနွေးကြ။ နားမလည်တဲ့ကောင်တွေက ဗဟုသုရအောင် နားထောင်။ ဝင်ပြီးမရှုတ်နဲ့ ။ ပြီးရင် ဥပဒေကို အတည်ပြူ။
နောက်ဆုံး ဝန်ကြီးဌာနတစ်ခု သီးသန့် ဖွဲ့ ။ ဒီဌာနမှာ ဘာမှ မသိပဲ နေရာလိုချင်တဲ့ကောင်တွေကို မပေးနဲ့ ။ တကယ်ကျွမ်းတဲ့လူတွေ သိတဲ့လူတွေကို နေရာပေး။ ငွေ နဲ့ အတက်ပညာမရှိလည်း ပူမနေနဲ့ ။ ဒီကိစ္စအတွက် နိုင်ငံတကာမှာ သူတောင်းစာလို တောင်းလို့ရတယ်။ ကူညီမဲ့နိုင်ငံ ပေးမဲ့နိုင်ငံတွေ တစ်ပုံကြီး။ ရိုက်သတ်လို့တောင်မကုန်ဘူး။ ခင်ဗျားတို့မလုပ်တက်ရင် ကျနော့်ကို ဝန်ကြီးရာထူးပေး။
ဟဲ...ဟဲ...။ နေရာလေးလည်းလိုချင်တာပေါ့။ ထားတော့။ ဆက်ပြီ:ပြောအုံးမယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး
ဝင်ငွေဘယ်ကရမလဲဆိုရင် စီးပွားရေးလုပ်ငန်းတွေကနေရမယ်။ နိုင်ငံခြားမှာ ဒီငွေနဲ့  ဒီဌာနတွေ လည်ပတ်နေတာပါ။ အစိုးရကပဲ အိတ်စိုက်မဟုတ်ဘူး။ ဥပမာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု က အိမ်ယာစီမံကိန်းလုပ်မယ်။ စီမံကိန်းမလုပ်ခင်မှာ အီအိုင်အေ လုပ်ရမယ်။ သဘာဝပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင်ပြူချက်ရမှ ဆောက်လုပ်ပိုင်ခွင့်ရှိရမယ်။ ဒီတော့ လျှောက်လွှာခ၊ အီအိုင်အေလုပ်ခ တွေရမယ်။
တကယ်လို့လုပ်ငန်းရှင်တွေက သတ်မှတ်ထားတဲ့ ဂိုက်လိုင်းကို မလိုက်နာဘူးဆိုရင် ဒဏ်ငွေပေးဆောင်ရမယ်။ ဒါတွေကို ဒီနေရာမှာ အသးစိတ်ပြောရင် ပြီးမှာမဟုတ်ဘူး။ အတိုချူပ်ပြောရင် ငွေ ရနိုင်တယ်။ တိုင်းပြည်ရဲ့သဘာဝပတ်ဝန်းကျင်နဲ
ဆိုတော့ အကျိုးကျေးဇူးတွေက အများကြီး။
ဒါတွေကိုလုပ်ဖို့အတွက်ဆိုရင် ပထမဦးဆုံး လက်ရှိအစိုးရအနေနဲ့ လွှတ်တော်မှာ ကော်မတီတစ်ရပ်ဖွဲ့ ပါ။ ပညာရှင်တွေကို ဥပဒေရေးဆွဲခိုင်းပါ။ ပြီးရင် ဝန်ကြီးဌာနတစ်ခုကိုဖွဲ့ ပါ။ ဒါဆိုရင် ကျနော်တို လုပ်ငန်းစတင်လို့ရပြီ။ ပြီးမှ ဆိုင်ရာပြည်နယ်အလိုက် ဒေသအလိုက် လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစီမံခန့် ခွဲမှု နဲ့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လုပ်နိုင်တယ်။
အခုကတည်းက မလုပ်ထားဘူးဆိုရင် အနာဂတ်ကာလမှာ တိုင်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေ၊ ရာသီဥတုဖောက်ပြန်မှု၊ ကျန်းမာရေး၊ စီးပွားရေးစတဲ့အရာတွေအထိပါ ဆိုးကျိုးသက်ရောက်နိုင် တယ်။
လက်ရှိကာလမှာ ဆောက်လုပ်နေတဲ့ ရေကာတာ၊ ရေနက်ဆိပ်ကမ်း၊ အိမ်ယာစီမံကိန်း စတဲ့ စီမံကိန်းတိုင်းဟာ အနဲ နဲ့ အများ ကျနော်တို့နေထိုင်နေတဲ့ ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှုရှိတယ်။
နောက်ဆုံး ဒီဆိုးကျိုးကို ခံစားရတာက ဆင်းရဲတဲ့ပြည်သူတွေပါ။ အကျိုးအမြတ်ခံစားရတာက သူဌေးကြီးတွေနဲ့ နိုင်ငံခြားတိုင်းပြည်တွေပဲဖြစ်
Ref;
1) Australian Environmental Policy and Law by Fisher
2) Environmental Law in Burma by Peter Gutter
3) Myanmar 2008’s constitution
4) Wikipedia’s Environmental Impacts Assessment
Photo at http://www.flickr.com/photos/jeffmcneill/5351108138/sizes/z/in/photostream/
No comments:
Post a Comment