ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

9/21/11

May Be??

ခေါင်းထဲမှာ မရှင်းလို့ ဘူးဖြစ်နေတယ်။ အရက်နာကျနေလို့ မရှင်းတာ မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အပြောင်းအလဲတွေဖြစ်နိုင်တယ် ဆိုတဲ့စကားနဲ့ ပက်သက်ပြီးမရှင်းလို့ ပါ။ ဘယ်လိုအပြောင်းအလဲတွေလဲ။

ဒေါ်စုဦးဆောင်တဲ့ အတိုက်အခံနဲ့  လက်ရှိအစိုးရတို့ ပူးပေါင်းပြီး အစိုးရတစ်ခုဖွဲ့ မှာလား။ ဒေါ်စုကို အစိုးရအဖွဲ့ ထဲမှာ တစ်ဦးတည်း ပါခွင့်ပေးမှာလား။ ဦးဝင်းတင်တို့ ၊ ဦးတင်ဦးတို့ကတော့ အသက်ကြီးပြီဆိုတော့ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ တရုတ်လုပ် ရေဒီယိုအစုတ်လေးနဲ့  သွားနေဆိုတဲ့ သဘောလား။ သို့ လောသို့ လော မေးခွန်းတွေကို ကျနော့်ခေါင်းထဲမှာ တန်းစီနေတယ်။ ဒေါ်စုကတော့ ပြောချိန်မတန်သေးလို့ မပြောသေးတာလို့ ဆိုပြီး ကွမ်းချေးထပ်တဲ့လေသံနဲ့ ဦးညဏ်ဝင်းက သူ့ နာမည်နဲ့ လိုက်အောင် ညဏ်များပြန်ပြီ။ အခုပြောလဲ ဒီစကားပဲ၊ နောင်ပြောလဲ ဒီစကားပဲ။ ဒါနဲ့ များ ပဲ များနေရသေးတယ်။

အပြောင်းအလဲတွေ ဖြစ်နိုင်တယ်လို့ ပြောတဲ့စကားကို မကြိုက်ဘူး။ " ဖြစ်နိုင် " ဆိုတဲ့ စကားလုံးက မသေချာဘူးလို့ ကျနော်ထင်တယ်။ ဒီစကားလုံးအစား ဖြစ်လာလိမ့်မယ်လို့ ပြောရင်မကောင်းဘူးလား။

1 comment:

ချင်းမိုင်သား said...

ငါ့လီးပဲ ဂုံးကျော် သြဇီကနေ ဖြစ်လာနိုင်တာတွေ ဖြစ်နိုင်တာတွေ လှမ်းအော်မနေနဲ့ လီးပဲ မကျေနပ်ရင် မင်းလဲ အထဲပြန်ဝင်ပြီး ဂေါ်ကြီးနဲ့ အငြိမ့်တခု ထောင်လိုက် ကျပ်ပြေးစိန်ဂေါ်ဘုန်း မဟာသဘင်ကြီးဆိုပြီးတော့


View My Stats