ယနေ့ ကာလမှာ ပြည်ပက နိုင်ငံရေးသမားတွေထဲမှာ အဝေဖန်ခံရဆုံး အဆဲခံရဆုံး ပုဂ္ဂိုလ်ကိုပြောပါဆိုရင် ဦးဟန်ညောင်ဝေ နှင့် စီးပွားရေးပညာရှင် ဦးဇော်ဦးတို့ ကို ပြောရမယ်ထင်တယ်။ ဦးမောင်မောင်လည်းပါတယ်ဆို ပါစို့ ။ ဝေဖန်တဲ့သူတွေအားလုံးက သူတို့ ဟာ ဘယ်လောက်တိုင်းပြည်နဲ့ လူမျိုးကို အလုပ်အကျွေးပြုလဲဆိုတဲ့ အရာကို မဝေဖန်ပဲ ဘယ်လောက် စောက်သုံးမကျကြကြောင်း၊ မျောက်ပြဆန်တောင်းပြီး နိုင်ငံရေးကို လုပ်စားနေကြောင်း ရစရာမရှိအောင် ဝေဖန်နေတာကိုတွေ့ ရတယ်။ ဒီအထဲမှာ ကိုမှူးသာ ရေးတဲ့စာ နဲ့  ဦးထွန်းအောင်ကျော်တို့ ရေးတဲ့ ဝေဖန်ရေးက အချက်အလက်တွေနဲ့ တိတိကျကျ ဝေဖန်ထားတော့ ဖတ်ရတာ အရသာ အရမ်းရှိတယ်။ စာရေးသူတွေကလည်း ပြည်ပနိုင်ငံရေးလောကမှာ နာမည်ကြီးတွေလည်းဖြစ် ပညာတက်တွေလည်းဖြစ်နေပြန်တော့ လူအများက လေးလေးစားစားဖတ်ကြတာကို တွေ့ ရတယ်။ ကျနော်အပါအဝင်ပေါ့။ စာထဲမှာ ပါတဲ့အချက်အလက်တွေက ဘယ်လောက် မှန်တယ်မှားတယ်ဆိုတာကိုတော့ ဘယ်သူမှ အတိအကျမသိပါဘူး။ ဦးဟန်နဲ့ ဦးဇော်ဦးတို့ ပဲ သိမယ်ထင်တယ်။ သူတို့ က ကာယကံရှင်တွေဆိုတော့ဗျာ မသိပဲ ဘယ်နေပါ့မလဲ။ ဝေဖန်ရေးဆရာတွေ မပြောတဲ့ထူးခြားမှုကတော့ သူတို့ နှစ်ဦးဘယ်လောက် လုပ်နိုင်ခဲ့လဲ၊ အောင်မြင်ခဲ့လဲဆိုတဲ့ ချီးကျူးသံကို မဖတ်ခဲ့ရတော့ သူတို့ စာက မနာလိုလို့ ရေးတဲ့စာလား ပုဂ္ဂိုလ်ရေးတိုက်ခံထားတဲ့စာလို့ ကျနော်တော့ ဒီလိုကောက်ချက်ဆွဲမိတယ်။
နိုင်ငံရေးလောကမှာ ဒီလိုစာတွေကတော့ မထူးဆန်းတော့ပါဘူး။ စိတ်နာစရာလည်းမလိုဘူး။ ဒီလိုမျိုးဝေဖန်တဲ့စာတွေကို နှစ်ဖက်စလုံးက ပြန်လှန်ဆွေးနွေးကြရင် ပိုလို့ ပွင့်လင်းပြီး နားလည်မှု ရနိုင်တယ်လို့ တော့ ယူဆတယ်။ ဒါ့ကြောင့် များများပြော များများရေးစေချင်တယ်။ မသိတဲ့သူတွေပို ပြီးသိရ ဗဟုသုတရစေတယ်။
ကျနော်သုံးသပ်မိတာကိုလည်း ဝေမျှချင်တယ်။ ပထမဆုံး ဦးဟန်အကြောင်းနဲ့ ပဲ စချင်တယ်။ သူက နိုင်ငံတကာက ငွေတွေအများကြီးရအောင် ဖန်တီးတယ်။ ပြီးရင် စောရဂိုဏ်းချုပ်လိုလုပ်ပြီး စောရအသေးလေးတွေကို တဆင့်ခံဝေမျှတယ်လို့  ဝါရင့်ပဲ ခေါ်ခေါ် နှစ်ချို့ ပဲခေါ်ခေါ် နိုင်ငံရေးသမားကြီး ရဲဘော်ကျော်သန်းက ဝေဖန်တယ်။ လုပ်စားတယ်ပေါ့။ ဦးထွန်းအောင်ကျော်ကလည်း အလားတူစကားမျိုးကိုပြောတယ်။ ကဲ..ဘာပဲဖြစ်ဖြစ် စားချင်လည်းစားပေါ့ဗျာ။ တနေ့ ကြရင် ဘယ်သူက ဘာလဲဆိုတာ သမိုင်းကအဖြေပေးလိမ့်မယ်။
ကျနော်က ဦးဟန်နဲ့ ပက်သက်ပြီး တချို့ ဟာတွေကို အကောင်းမြင်တယ်။ ဥပမာ သူ့ ကြောင့် ချင်းမိုင်မှာ တိုင်းရင်းသားအဖွဲ့ တွေမှိုလိုပေါက်ခဲ့တယ်။ အမျိုးသမီးအဖွဲ့ တွေ၊ လူငယ်အဖွဲ့ တွေ တအားများခဲ့တယ်။ သူကငွေပေးတယ်။ ဟိုကလူတွေကဖွဲ့ တယ်။ ဗမာပြည်မှာနေတုန်းက ရေခဲသေတ္တာတောင်မပြောနဲ့  သံသေတ္တာတောင်မတွေ့ ဘူးတဲ့ ရှမ်း၊ ကချင်၊ ချင်းစတဲ့ တိုင်းရင်းသားအဖွဲ့ လေးတွေ ကွန်ပြူတာနဲ့ ဘာနဲ့ ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဆိုတော်လို့ ပြောတဲ့ ပအိုဝ်တွေကလည်း စီမီနာမှာ ပအိုဝ်လွတ်မြောက်ရေးကသာလျှင် အရေးကြီးဆုံးလို့ ပြောလာတယ်။ နယ်စပ်က ချင်ပေါင်ရွက်နဲ့ ငါးခြောက်ပဲ စားနိုင်တဲ့မွန်မလေးတွေ မွန်လေးတွေကလည်း ချင်းမိုင်မှာ အမေရိကန် ဘရိတ်ဖတ်စ် စားလာနိုင်တာကိုကြည့်ရင် ဦးဟန်ရဲ့ ကျေးဇူးဘယ်လောက် များလဲဆိုတာ သိလောက်ပြီ။ အဆိုးဆုံးက သူတို့ လူမျိုး ရှမ်းတွေဟာ ချင်းမိုင်မြို့ ကို သူတို့ ဖထွေးပေးထားတဲ့မြို့ လိုမျိုး ချင်းမိုင်သူကြီးလိုလို လုပ်လာကြတယ်။ အဲဒိရှမ်းတွေက သူတို့ ရွာမှာ ဆိုင်ကယ်မပြောနဲ့ နွားလှည်းတောင်မမြင်ဘူးတဲ့လူတွေက ဆိုင်ကယ်တဝီဝီ၊ ဟန်းဖုန်းတဂွီဂွီနဲ့ လမ်းသလားနေတာ မမြင်ချင်အဆုံး။ သူတို့ ရဲ့ သူဌေး ဦးဟန်ကငွေထုတ်ကြီးပိုက်ထားတော့ ဘယ်သူမှ လူမထင်တော့ဘူး။ ဗမာတွေက မကောင်းဘူး၊ ရှမ်းတွေပဲကောင်းတယ်ဆိုပြီး စောက်ရှက်မရှိ စီမီနာတွေနဲ့ အစည်းအဝေးတွေမှာ ပြောလာတာကို အားလုံးသိတယ်။ တောသားတိုင်းရင်းသားတွေ ကနေဒါ၊ အင်္ဂလန်၊ အမေရိကန်၊ သြစတျေးလျမှာ သွားလာနိုင်အောင် ဘယ်သူက ငွေထုတ်ပေးခဲ့လဲ။ ဘယ်သူက အဆက်အသွယ်လုပ်ပေးခဲ့လဲ။ စကောလားရှစ်တွေနဲ့ ပညာသင်တဲ့ စော်လေးတွေလည်း အများကြီး။ သူတို့ အားလုံးက ချမ်းသာတဲ့မိသားစုပေါက်ဖွားလာတာမဟုတ်။ မယုံရင် သူတို့ ဖင်ကိုလှန်ကြည့်ပါ။ အမာရွတ်တွေ တွေ့ လိမ်မယ်။ ဒီတိုင်းရင်းသား အူကြောင်ကြားတွေကို ဘယ်သူက ထမင်းကျွေးခဲ့လဲဆိုတော့ ကျေးဇူးရှင်ကြီး ဦးဟန်ပဲ။ သူတို့ အပြင် ထိုင်းအခြေစိုက်အဖွဲ့ အစည်းမှန်သမျှ ဦးဟန်နဲ့ ကင်းတဲ့သူဘယ်သူရှိလဲ။ ကုန်ကုန်ပြောရရင် ကျနော်တောင်မကင်းဘူး။ လူ့ ဘောင်သစ်လူငယ်ညီလာခံလုပ်ဖို့  ဦးဟန်ကငွေ ပေးတာလို့ ဆိုတယ်။ ညီလာခံလုပ်တဲ့ လူ့ ဘောင်သစ်က ပွဲစားဆိုတဲ့လူတော့ အတော်ကိုက်ပါတယ်။
ဆိုတော့ သူတို့ မျက်စိပွင့်နားပွင့်ဖြစ်အောင် လုပ်ပေးတဲ့သူက ကျေဇူးရှင်ကြီး ဦးဟန်ညောင်ရွှေဟုခေါ်သော ငါးခူနှုပ်ခမ်းမွှေးနဲ့ လူပဲ။ သူ့ ကြောင့်ပဲ နိုင်ငံတကာပေးတဲ့ဆုတွေဘာတွေရတဲ့ ရှမ်းမတွေဖြစ်လာတယ်။ အဲဒိရှမ်းမတွေနဲ့ တိုင်းရင်းသားတွေကို မျက်စိဖွင့်လာအောင် လုပ်ပေးတဲ့သူတွေထဲမှာ အခုလိုမျိုးအွန်လိုင်းကနေ ဝေဖန်နေတဲ့လူ ဆဲနေတဲ့ လူတွေ မပါဘူး။ ကျနော်အပါအဝင်ပေါ့။ ဦးထွန်းအောင်ကျော်တို့ လိုလူမျိုးသာ ဦးဟန်လိုနေရာမျိုးမှာ လုပ်ခွင့်ရရင် ဘယ်လို ဖြစ်မလဲမသိဘူး။ အခုလည်း အဘိုးကြီးဟန်က သမီးလေးကိုဆွဲပြီးပြည်တော်ပြန်တယ်။ ပြည်တွင်းမှာ ဝင်ပြီး နိုင်သလောက်လုပ်ပေးမယ်လို့ ဆိုတယ်။ သိတ်ကောင်တဲ့ အိုင်ဒီယာပေါ့။ လက်တွေ့ ကြတယ်။ ကျနော်တောင် သူ့ လိုမျိုးမလုပ်နိုင်ဘူး။ ဥပမာဗျာ...ဦးသိန်းစိန်က ဟေ့ကောင် ဘုန်းကျော် မင်းကို ငါ ဝန်ကြီးတနေရာပေးမယ်။ မင်းပြန်လာပြီး လုပ်ကွာလို့ ပြောရင်တောင်...ဆောရီး ဦးလေး...ကျနော် သြစတျေးလျမှာ အိမ်ဖိုး အကျွေးရှိသေးလို့ မပြန်နိုင်ဘူး။ ခလေးတွေလည်း မကြီးသေးဘူး။ ငွေလည်းမရှိသေးလို့  မပြန်နိုင်ဘူးလို့ ပြောချင်တယ်။ ဒါက တကယ်အမှန်ကိုပြောတာ။
ဦးဇော်ဦးဟာ မိန်းခလေးတွေကိုဖျက်ဆီးတယ်။ ယောက်ျားချင်းလည်းချတယ်။ ငွေတွေဘုံးတယ်။ လူလည်ကြတယ်။ သစ္စာတွေ မေတ္တာတွေ ရွှေမန်းတွေမရှိဘူး၊ ဖျံကြတယ်၊ ချီးထုတ်ဖြစ်တယ်လို့ ဆိုပြီး ကိုမှုးသာကပြောတယ်။ တခြားလုပ်ဖော်ကိုင်ဖက်တွေကလည်း ပြောတယ်။ ဟုတ်ချင်လည်းဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့ဗျာ။ ပထမဆုံး ဦးဇော်ဦးရဲ့ ရှုပါက ကိုမှုးသာထက်သာတယ်ဆိုတော့ စော်တော့ကြည်မယ်။ အခုတောင် ကိုဇော်ဦးက ဗိုက်ကလေးကိုလုံးပြီး ချစ်စရာကြီး။ ထိပ်ကလည်း ပြောင်တော့ ကြည်ညိုချင်စရာ။ ဒေါက်တာဆိုတဲ့ အမှီးကလည်းအရှည်ကြီး။ ပြောရရင်တော့အများကြီးပါ။ နေပြည်တော်က စင်တော်မှာတောင် တက်ပြီး အာ ခဲ့တဲ့လူ။ ပြည်ပက လူတွေထဲမှာ ဘယ်သူက သူ့ လို လုပ်နိုင်ခဲ့လဲ။ အခုလည်း ပြည်တွင်းနဲ့ ပြည်ပမှာ ဗဟုခေါ်သော ဗဟုမကျတဲ့အဖွဲ့ က သင်တန်းတွေပေး စွပ်ပြီးအာနေတာက တကယ်ကောင်းတဲ့အလုပ် မွန်မြတ်တဲ့အလုပ်။ ဒီလိုလုပ်ဖို့ ငွေရှာနိုင်တဲ့ ဦးဇော်ဦး။ သူတော်တာပေါ့ဗျာ။ ဒီလိုဖြစ်နေတဲ့လူကို မနာလိုတဲ့လူ ချောင်းပြီးရိုက်ချင်တဲ့လူတော့ ရှိမှာပဲ။
ပထမဆုံး ဦးဇာ်ဦးက ကောင်မလေးတွေကို မက်လုံးပေးပြီး ဗြင်းတယ်လို့ ဆိုတယ်။ ထားတော့။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်ပါတယ်။ ဦးဇော်ဦး တောထဲမှာ နေတုန်းက လုပ်ဖော်ကိုင်ဖက်မိန်းခလေးတွေအပြင် ယောက်ျားအချင်းချင်းလည်း ဖင်ချတယ်ပေါ့။ ဒါက တဖက်လူရဲ့ စွပ်စွဲချက်။ ကျနော်အမြင်ကတော့ဗျာ ကာယကံရှင်က ငြိမ်နေတော့လည်း ဇော်ဦးလည်း လူပဲမို့ ချတာ ဆန်းသလား။ မုဒိမ်းကျင့်တာမှ မဟုတ်တာဗျာ။ သူ တောခိုလာတာက သူပုန်လုပ်ဖို့ ပါ။ တောထွက်ပြီး ရဟန်းဝတ်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်အဖြစ် လာလုပ်တာမဟုတ်ဘူးလို့ တော့ထင်တယ်။ သူလည်တော့ သူစားမှာပေါ့။
အညွန့် ခူးစားတယ်ဆိုတဲ့စကားကိုလည်း ဒီလိုပြောလို့ ရနိုင်တယ်။ ကိုယ်မှ စောက်သုံးမကျတာ ဇော်ဦး အညွန့် ခူးစားတာနဲတောင်နဲသေးတယ်။ ကိုယ်ညံ့လို့ ကိုယ်ခံရတာပဲဗျာ။ ဦးဇော်ဦးက ဘယ်တုန်းက စာချူပ်နဲ့ လက်မှတ်ထိုးပြီး ကျနော်မောင်ဇော်ဦးသည် တော်လှန်ရေးနဲ့ ရဲဘော်တွေအပေါ်မှာ အညွန့် မခူးစားပါဘူး လို့ ဆိုပြီး လုပ်ခဲ့လား။ မလုပ်ခဲ့ဘူး။
ကျနော်တို့ အပြင်က နိုင်ငံရေးသမားလို့ ပဲခေါ်ခေါ် သူပုန်လို့ ပဲသုံးသုံး အများစုက ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဝေဖန်သင့်တယ်။ ငါကကော ဘယ်လောက်ကောင်းလို့ လဲလို့ ။ အခု ဝေဖန်ရေးမှာနာမည်ကြီးနေတဲ့သူတွေဖြစ်တဲ့ ဘုန်းကျော်၊ ဦးထွန်းအောင်ကျော်၊ ကိုမှူးသာ၊ ကိုရွှေထီး၊ ဆလိုင်းကိုကိုဦး ၊ ဦးကျော်သန်း စတဲ့လူတွေကော ဘယ်လောက်ကောင်းလို့ လဲ။ လစ်ရင်လစ်သလို အခွင့်အရေးရရင်တီးတာပဲ။ အားလုံးသော သူပုန်တိုင်းက တောထဲမှာ သူပုန်လုပ်ခဲ့တာပါ။ တောထဲမှာ ရသေ့လုပ်ခဲ့တဲ့လူ ဘယ်သူမှ မရှိခဲ့ဘူး။ နိုင်ငံတကာ ပတ်ပြီး ဘာညာလုပ်ခဲ့တဲ့လူတွေချည်းပဲ။ ဆိုတော့ ကျနော်တို့ လည်းစောက်သုံးမကျခဲ့ဘူး။ အကျင့်ကောင်းခဲ့ဘူး။ ဒါ့ကြောင့် ဘယ်သူ့ ကိုပဲ ဝေဖန်ဝေဖန် သူတို့ ရဲ့ ကောင်းကွက်လေးကိုတော့ ချီးကျူးပေးကြပါအုံး။
ဆက်ရန်-
2 comments:
င့ါလီး ဂုံးကျော်တော့ သိပ်မဟုတ်တောဘူး ဦးဇော်ဦးဘက်က ပြန်ပက်နေတာဆိုတော့ မဟုတ်မှလွဲရော မင်းလဲ ကိုဇော်ဦးတောထဲမှာ အညွန့်ချွေလိုက်တဲ့ ကောင်ထဲမင်းပါလား မှန်မှန်ပြောနော် မညာနဲ့ ကိုဇော်ဦး ဗျင်းဖို့ အဝနားရောက်မှ လူသံကြားလို့ မင်းလွတ်လာတာမဟုတ်လား နို့မို့ဆို မင်းလဲ ခုလောက်ဆို မမမျိုးတို့ HREIB မှာ တနေရာတော့ ကောင်းကောင်းရနေလောက်ပြီ
ထွန်းအောင်ကျော်လည်း အကျိုးစီးပွားအတွက် US မှာနေပြီ၊ ဆောက်တင်းပြောနေတဲ့ အလကားလူပါဗျာ။ ၈၈ မှာ ကျန်ခဲ့ပြီ။ အတွေးအခေါ်တွေက ဒိတ်အောက်နေပြီ။ တကယ်စွန့်တယ်ဆို၇င် အေဘီကို ဦးဆောင်ခဲ့တဲ့လူတွေက အခုထက်ထိ ရဲဘော်တွေနဲ့ အတူတောထဲမှာရှိနေရမယ်။ ထွန်းအောင်ကျော်၊ မိုးသီး။ နိုင်အောင် အလကားကောင်တွေ။ သူတို့ စရိတ်နဲ့ သူတို့ ညောင်းကြပါလိမ့်မယ်။ အခုလည်း ညောင်းနေကြပြီ။ "ကျူပ်တို့ ၇၄ အုပ်စု၊ ၈၈ ကာလ၊ ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့နေရာမှာပဲ" ရပ်ကျန်ခဲ့ပြီ။
Post a Comment