ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/14/11

What is an opposition party?

အတိုက်အခံလုပ်တဲ့ပါတီမှန်သမျှ အဖွဲ့ အစည်းမှန်သမျှဟာ အာဏာလိုချင်လို့ အတိုက်အခံလုပ်တာပါ။ အန်အယ်ဒီပါတီက အတိုက်အခံပါတီကြီးတစ်ခုပါ။ သူ့ ရဲ့ အလုပ်က ကြံ့ဖွတ်ပါတီအစိုးရကို နိုင်ဖို့ အတွက် မိမိအာဏာရဖို့ အတွက် အစိုးရရဲ့ ပေါ်လစီအမှားနဲ့ လုပ်ရပ်အမှားတွေကို ထောက်ပြပြီး တိုက်ခိုက်ရပါတယ်။ အလားတူအခြားပါတီတွေကလည်း မိမိအာဏာရဖို့ အတွက် လုပ်ရပါတယ်။ ဒါပေမဲ့လက်ရှိမြင်ရတဲ့ အန်အယ်ဒီပါတီရဲ့ လုပ်ရပ်ဟာ အတိုက်အခံအနေနဲ့ မဟုတ်တော့ပဲ တရားရေအေးတိုက်ကျွေးတဲ့ဘုန်းကြီးတစ်ယောက်လို ဖြစ်နေတယ်။ Opposition Party မဟုတ်တော့ဘူး။ နိုင်ငံခြားမှာ opposition party တွေ အလုပ်နဲ့ မြန်မာပြည်က အတိုက်အခံတွေလုပ်ရပ်ဟာ ပြောင်းပြန်ဖြစ်နေတယ်။ တကယ့်အစစ်အမှန်အတိုက်အခံကိုပြောပါဆိုရင် ပြည်ပက အဖွဲ့ အစည်းတွေဖြစ်ပါတယ်။ သူတို့ အမြဲတမ်း အတိုက်အခံ အစိုးရကို လုပ်နေခဲ့တယ်။ ဒါမှ စစ်မှန်တဲ့အတိုက်အခံဖြစ်ပါတယ်။ အန်အယ်ဒီဘာ့ကြောင့် ဒီလိုဖြစ်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နည်းလမ်းကြောင့် အတိုက်အခံလည်းမဟုတ်၊ ဟိုလည်းမရောက် ဒီလည်းမရောက်ဖြစ်နေတဲ့ အင်အားစုတစ်ရပ်ဖြစ်လာတယ်လို့ သုံးသပ်ချင်ပါတယ်။ တကယ်လို့  ဒေါ်စုမျှော်လင့်နေတဲ့ အပြောင်းအလဲကြီးမဖြစ်ရင် ဒေါ်စုနဲ့ အန်အယ်ဒီဘာလုပ်မလဲ။ ၉ဝ-ခုနှစ်က ပေးထားတဲ့ မဲတွေဟာ နှမျောဖို့ ကောင်းတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး အန်အယ်ဒီပါတီကို တရားဝင်တောင်းပန်ဖို့ ပန်ကြားပါတယ်။ အတိုက်အခံတွေဟာ အတိုက်အခံအလုပ်ကို မလုပ်ရင် ရလာမဲ့ရလာဒ်ဟာ ယနေ့ နိုင်ငံရေးကပေးတဲ့အဖြေလိုဖြစ်လိမ့်မယ်။ ဒါ့ကြောင့် အတိုက်အခံလုပ်မယ်ဆိုရင် အပြတ်လုပ်။ မလုပ်ဘူးပေါင်းမယ်ဆိုရင်လည်း အပြတ်ပေါင်း။ ဟိုလိုလိုဒီလိုလိုလုပ်ရင် ကြားထဲကနေ ဒိုင်စားတက်တယ်။ အဲဒိဒိုင်ကတော့ အာဏာရှင်စနစ်ကို နောက်ကြောင်းပြန်လှည့်ချင်တဲ့ လူတွေပဲ။

1 comment:

ချင်းမိုင်သား said...

ငါ့လီးပဲ ဂုံးကျော် အဲ့ဒီကနေလှမ်းအော်မနေနဲ့ မင်းဘလော့ ထဲက စာတွေ ပြည်တွင်းက ဘယ်ကောင်မှလဲမဖတ်ဖူး လက်ညောင်းခံ အချိန်ကုန်ခံ ရေးနေမယ့်အစား ပြည်တွင်းပြန်ဝင်သွားလိုက်ပါလား ငါ့လီးပဲ မင်းက တခါတခါ ဆရာကြီးလုပ်လွန်းအားကြီးတယ် ဖင်မှာသွေးစုနာပေါက်မယ် သတိထား


View My Stats