သြစတျေးလျနိုင်ငံ အနောက်ပိုင်းက ဖွတ်ကြီးဖြစ်ပါတယ်။ အလုပ်ထဲမှာ တွေ့ လို့ ပါ။ ဒီဖွတ်ကြီးဟာ လူလည်းမကြောက်ပါဘူး။ သူ့ ကို စရင် လူကိုပြန်ကိုက်ပါတယ်။ သူ့ သွားတွေက အရမ်းကြောက်စရာကောင်းပါတယ်။ ပိုးမွားတွေကိုစားထားလို့  ရောဂါပိုးမျိုးစုံရှိတယ်။ လူကိုကိုက်မိရင် ဒီရောဂါပိုးတွေက လူထံကိုကူးစပ်ပြီး လူကိုသေစေနိုင်ပါတယ်။ အကယ်၍ ဆေးရုံကို အချိန်မှီမပြေးနိုင်ခဲ့ရင် သုံးလေးရက်အတွင်းမှာ အကိုက်ခံရသူဟာသေပါတယ်။ ဌာနေတိုင်းရင်းသားတွေကလွဲလို့ ဘယ်လူမျိုးမှ ဖွတ်သားမစားပါ။ အခုတွေ့ ရတဲ့ဖွတ်ဟာ ခလေးအရွယ်ပဲရှိပါသေးတယ်။ နှစ်ချို့ ဖွတ်တစ်ကောင်ရဲ့ အလေးချိန်က လေးငါးပိသာအနဲဆုံးရှိပါတယ်။ နေ့ လည်ဘက်မှာ သူတို့ ကအပြင်ကို ထွက်ပြီး အစာရှာလေ့ရှိတယ်။ |
No comments:
Post a Comment