ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
5/7/12
မနာလိုစိတ်ကြီးတဲ့ ဥက္ကဌ အောင်မိုးဇော်
--------------------------------
Dear Ko Aung Ko and colleagues from DPNS-USA branch,
Please see the attachment which is the clarification of Soe Moe on his trip to Rangoon.   The clarification is fairly good but I am extremely unhappy with his writing about me.  The way he wrote is extremely tricky.  I see it as an insult.   I want his clarification on this.
I request you to add this in this afternoon meeting agenda.
All the best,  AMZ
လေးစားရပါသောပါတီအထွေထွေအတွင်းရေးမှုး ကိုငွေလင်းနှင့် ပါတီဗဟိုကော်မတီဝင်များ ပါတီစည်းရုံးရေးမှုးများခင်ဗျား-
ကျနော်ရဲဘော် စိုးမိုးမှ ပါတီအထွေထွေအတွင်းရေးးမှုးဆီမှ ၄လပိုင်း (၂၇)ရက် နေ့တွင်ရရှိသော စာတွင်ပါရှိသောမေးခွန်းများ နှင့်ပြန်လည်ဖြေကြားရန် ယခုစာကို လေးစားစွာဖြင့်တင်ပြရေးသားပါသည်။  ကျနော်မြန်မာ နိုင်ငံသို့ မတ်လစောစောပိုင်းကပြန်သွားခဲ့ပါသည်။ ပြန်သွားလည်ပတ်ခဲ့သော အကြောင်းအရင်း များစွာရှိပါသည်။
ထိုအကြောင်းများမှာ-
၁) အသက်အရွယ်အိုမင်းနေပြီဖြစ်သော မိဘနစ်ပါးတို့နှင့်သွားတွေ့ရန် (ကျနော့်အဖေမှာ အသက် ၈၀ ရှိပြီး အမေမှာ အသက် ၇၆ ရှိပါပြီ)
၂) နစ်ပေါင်းနစ်ဆယ်ကျော်ခွဲခွာခဲ့ရသော ညီအစ်ကိုမောင်နများနှင့်သွားတွေ့ ရန်
၃) နစ်ပေါင်းနစ်ဆယ်ကျော်ခွဲခွာခဲ့ရသော နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်းများနှင့်သွားတွေ့ ရန်
၎) နစ်ဘက်မိဘတို့စီစဉ်မှုများအောက်တွင် မိမိရွေးချယ်ထားသော ချစ်ရသောသူနှင့် အိမ်ထောင်ပြု မင်္ဂလာသွား ဆောင်ရန် အပြင်
၅) မြန်မာပြည်တွင်းအခြေအနေများကို လေ့လာအကဲခတ်ရန် နှင့် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်မည့် ကော့မှုးနှင့် အန်အယ်ဒီဝင်အရွေးခံမည့် လှည်းကူးမြို့များသို့သွားရောက် လည်ပတ်ရန်
၆) ရွေးကောက်ပွဲအကြိုကာလ နှင့် ရွေးကောက်ပွဲအခြေအနေကိုလေ့လာရန်
ရ) နာဂစ်မုန်တိုင်းဒါဏ်ကို အပြင်ထန်ဆုံးခံခဲ့ရသော  ကွမ်းခြံကုန်းသို့သွားရောက်လည်ပတ်ရန်
စသည့်ရည်မှန်းချက်အစီအစဉ်များဖြင့် သွားရောက်လည်ပတ်ခဲ့ပါသည်။  ထို့ကြောင့် ထိုခရီးစဉ်မှာ မိမိဘ၀နှင့် ဆိုင်သော အဆုံးအဖြတ်ကိစ္စများပါသဖြင့် မိမိအတွက်အရေးကြီးပြီး အစစ စွန့်စားခဲ့ရသော ခရီးစဉ်တခု လည်းဖြစ်ပါသည်။ ထိုသို့သွားရောက်လည်ပတ်ခဲ့ရာတွင် လုံခြုံရေးနှင့် ခရီးစဉ်ဖြစ်မြောက် ရေးတခုထည်းကိုသာ ရည်မှန်းပြီး ကိုအောင်ကိုနှင့် ကိုဝင်းမြင့်နိုင်တို့နှင့် အနည်းငယ်ပြောဆို တိုင်ပင်သွားသည်မှလွဲပြီး ပါတီ ဗဟိုကော်မတီကိုသော်လည်းကောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ (အမေရိကန်ဌာနခွဲ) ကို သော်လည်းကောင်း တင်ပြခြင်း အကြောင်းကြားခြင်း မပြုလုပ်ခဲ့ပါ။ သို့ရာတွင် ခရီးစဉ်မတိုင်မီ- တယ်လီဖုန်း ကွန်ဖရန့်မှတဆင့် ရဲဘော်များအား အမေရိကန်ဌာနခွဲ တွင်ယူထားသော တာဝန်မှနုတ်ထွက့်မည့် အကြောင်းနှင့် နုတ်ထွက်ခွင့်ပေးရန် ထိုနေရာတွင် ကိုဝင်းမြင့်နိုင်အားတာဝန်ပေးရန် တင်ပြခဲ့ပါသည်။ နုတ်ထွက်ရခြင်း အကြောင်းမှာ မိမိမှာ အလုပ်များလွန်းကာ တာဝန်မယူနိုင်သောကြောင့်ဖြစ်ပါသည်။  ရဲဘော်များက မိမိအား ချက်ချင်း နုတ်ထွက်ခွင့် မပေးပဲ နောက်မှစီစဉ်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ရိုးရိုးသားသားပြောရလျှင် မိမိအနေဖြင့် ကိုအောင်ကိုတို့ ကိုဝင်းမြင့်နိုင်တို့ကို ထိုနေရာလောက်လေးတွင်သာမကပဲ အနာဂတ် မြန်မာပြည်နိုင်ငံရေးတွင်လည်း သူတို့အခန်းကို အများကြီးမျှော်မှန်းထားပါသည်။
  • မြန်မာနိုင်ငံသို့သွားရောက်ရန် လျှောက်ထားခဲ့သည့် ဗီဇာမှာ ဆိုရှယ်ဗီဇာဖြစ်ပြီး ဗီဇာရရှိ၇န် နစ်လခန့် စောင့်ခဲ့ရပါသည်။
  • ကျနော့်အမျိုးသမီးနာမည်မှာ မအိအိအေးဖြစ်ပါသည်။ သူမမှာ စင်ကာပူတွင် လက်ရှိနေထိုင် အလုပ်လုပ်နေကာ မြန်မာနိုင်ငံတွင်းရှိသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စိတ်ပါဝင်စားစွာ လုပ်ဆောင်နေသော နိုင်ငံရေးကို မျက်ခြေမပြတ်ပဲလေ့လာနေကာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးနေသော မွန်တိုင်းရင်းသူ အမျိုးသမီးတစ်ယောက်ဖြစ်ပါသည်။ သူ့မအမေက နာဂစ်ကြောင့် ပျက်စီးခဲ့ရသော ရွာများပြန်လည်ထူထောင်ရေးတွင် ကူညီလုပ်ကိုင်ပေးနေသော သူ တစ်ယောက်ဖြစ်ကာ သူ့အဖေက စာပေထုတ်ဝေဖြန့်ဖြူးရေးလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ပါသည်။  မြန်မာနိုင်ငံဒီမိုကရေစီရေးကို လုံးဝထောက်ခံအားပေးနေသော မိသားစုဖြစ်ပါသည်။ အန်အယ်ဒီ အပြတ်အသတ် အနိုင်ရမည်ဟု ကျနော်တို့မျော်မှန်းခဲ့သောကြောင့် အန်အယ်ဒီ အနိုင်ရသည့်နေ့ကို ညစာစားပွဲဖြင့်ပျော်ပျော်ကြီးဂုဏ်ပြုရန်ရည်ရွယ်ပြီး ကျနော်တို့ မင်္ဂလာအခန်းအနားကို ဧပြီလ(၁)ရက် နေ့ ရွေးကောက်ပွဲကျင်းပသောနေ့တွင် တမင်စီမံရွေးချယ်ပြီး ကျင်းပခဲ့ပါသည်။ ထိုနေ့တွင် အန်အယ်ဒီရွေးကောက်ပွဲတွင်နိုင်သည့်အတွက် တက်ရောက်လာသည့် သူများမှာ (အများစုမှာစာပေ လောကမှဖြစ်သည်) ပျော်လွန်းသဖြင့် အောင်ပွဲဆင်ရန် အခြားလူများကိုပါခေါ်ဆောင်လာရာ လူ (၅၀၀) ခန့်ဖြစ်သွားပြီး မင်္ဂလာပွဲ လူလျှံသွားပါသည်။ ကျနော်တို့လည်းပျော်ပါသည်။
  • မြန်မာနိုင်ငံတွင်တလတာနေထိုင်ခဲ့သော ထိုကာလများတွင် မိဘများ ညီအစ်ကိုမောင်နမများ သူငယ်ချင်းများ အန်ဂျီအိုလုပ်ငန်းများကိုလုပ်ကိုင်နေသောသူများ နိုင်ငံရေးအကျော်အမော် များနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံစကားပြောခဲ့ရပြီး ရွေးကောက်ပွဲကာလကို အနီးကပ် အကဲခတ်ခွင့် ရခဲ့သောကြောင့် ကျနော်တို့အတော်ကြီးပျော်ခဲ့ရပါသည်။ ပြန်တောင် မပြန်ချင်ခဲ့ ပါ။  ထိုအချိန်တွင် ပါတီရှိရဲဘော်ရဲဘက်များအားလုံးကို အတော်ကလေးသတိရခဲ့ပြီး သူတို့ အားလုံးကိုလည်း ကျနော့်လို သူတို့ချစ်သောသူများအားလုံးနှင့် ဆုံစည်းစေလိုသော ဆန္ဒများ များစွာဖြစ်ပေါ်ခဲ့ရပါသည်။ ကျနော့်ကဲ့ သို့ မိသားစုများပြန်လည်ဆုံစည်းကြရန်လည်း ဆုတောင်းပေးခဲ့ပါသည်။
  • ရန်ကုန်တွင်ရှိနေစဉ်ကာလများတွင် ဒေါ်အောင်ဆန်းစုကြည်၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုမင်းဇျေယျာနှင့် အခြား၈၈ မျိုးဆက်သစ်များခေါင်းဆောင်များအားလုံး အပြင် ယခင်လူ့ဘောင်သစ် တွဲဘက်အထွေထွေအတွင်းရေးမှုး ကိုဇေယျတို့အားလည်း သွားရောက်တွေ့ဆုံနုတ်ဆက်ခဲ့ပါသည်။ ထိုသူများအားလုံးကို မိမိရင်ထဲအသည်းထည်းမှ လေးစားသမှုဖြင့် သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး သူတို့အမြင်များ ခန့်မှန်းချက်များကို လေ့လာရန်လည်း ပါပါသည်။ ထိုသို့လုပ်ဆောင်ခဲ့ရာတွင်လည်း တစုံတရာသော Risk ကို ယူပြီှးလုပ်ဆောင်ခဲ့ရသော်လည်း ထိုသို့လုပ်ဆောင်နိုင်မှုတို့အတွက် အတော်ကလေး ကြေနပ် ၀မ်းသာပီတိဖြစ်ခဲ့ရပါသည်။
ချုပ်ရသော်- ကျနော်၏ မြန်မာပြည်ခရီးစဉ်သည်
  • ကျနော့် မိဘများမဆုံးပါးခင် သူတို့အား သွားရောက်တွေ့ဆုံနေထိုင်ပြုစုကာ နစ်ဘက်မိဘများ သဘောကျစီမံမှုဖြင့် အိမ်ထောင်ပြုခဲ့ခြင်း (ထိုကိစ္စကို အလွန်တန်ဘိုးထားပါသည်)၊ မိမိ ညီအစ်ကိုမောင်နမများ သူငယ်ချင်းများနှင့် သွားရောက်တွေ့ဆုံခြင်း၊ နိုင်ငံရေးခေါင်းဆောင်များနှင့် သွားရောက် တွေ့ဆုံခြင်းဖြစ်ပြီး (စဉ်းစားစီမံသလိုဖြစ်လာခဲ့သောကြာင့် မိမိကိုယ်ကို ဂုဏ်ယူမိကာ ၀မ်းသာ ပီတိဖြစ်ရ ပါသည်) (ထို့အပြင် အလူအတန်းများစွာတို့ကိုလည်း ပြုလုပ်ခွင့်ရခဲ့ပါသည်။ ၈၈ မျိုးဆက်သစ် ကျောင်းသားများအဖွဲကို ငွေသားတစ်သိန်းနှင့် ကျနော့်စာအုပ်စင်တွင်ရှိသော နိုင်ငံရေး ငြိမ်းချမ်းရေး ခေါင်းဆောင်မှုနှင့်ပတ်သက်သော စာအုပ်များအားလုံးကို ကိုကိုကြီးထံတွင် တိုက်ရိုက်လူဌာန်း ခဲ့ပါသည်။ ထို့အပြင်အန်အယ်ဒီမှ ထောင်ထားသော BG သွေးလှုအဖွဲအားလည်း ငွေတစ်သိန်း၊ နာဂစ်မုန်တိုင်း ဒါဏ်ခံထားရသော ရွာများအားအကူအညီပေးနေသည့် ကွမ်းခြံကုန်း ဘုန်းတော်ကြီး အား ငွေတစ်သိန်း၊  ကွမ်းခြံကုန်းရှိရွာတစ်ရွာတွင် ယဉ်ကျေးလိမ်မာ စာသင်ကျောင်း ဖွင့်တားသော ဦးဇင်းအား ငွေငါးသောင်း၊ ဒဂုံတွင် ယဉ်ကျေးလိမ်မာ စာသင်ကျောင်း ဖွင့်တားသော ဦးဇင်းအား ငွေငါးသောင်း၊ ကွမ်းခြံကုန်းရွာတစ်ရွာတွင် မီးစက်ထိန်းသိမ်းပြုပြင်ရေးအတွက်ငွေ သုံးသောင်း၊ စင်ကာပူဘုန်းကြီး ကျောင်းအား ဒေါ်လာသုံးရာ လှုဒါန်းခဲ့ပြီး နစ်ဘက်မိဘနစ်ပါးတို့ကိုလည်း ဒေါ်လာ တစ်ထောင်ကျော်စီ ကန်တော့ခဲ့ပါသည်။ ညီအစ်ကိုမောင်နမများကိုလည်း ပေးကမ်းစောင့်ရှောက် နိုင်ခဲ့ပါသည်။ ထိုကုသိုလ်တို့ အတွက်အားလုံးကို အမျှပေးခဲ့ပါသည်။)  
  • ယနေ့ ဦးသိန်းစိန်အစိုးရရှိ မည်သည့် ပုဂိုလ်များနှင့်မှ တွေ့ဆုံခဲ့ခြင်းဆွေးနွေးခဲ့ခြင်း မရှိပါ။ 
  • လုံခြုံရေးနှင့် ခရီးစဉ်ဖြစ်မြောက်ရေးတခုထည်းကိုသာ ရည်မှန်းခဲ့သောကြောင့် ပါတီသို့ တင်ပြခြင်း အကြောင်းကြားခြင်းမပြုလုပ်ခဲ့ပါ
ထိုခရီးစဉ် တင်ပြမှုနှင့်တဆက်ထည်း  ယနေ့မြန်မာပြည်လက်ရှိ နိုင်ငံရေး အခြေအနေနှင့်ပတ်သက်ပြီး မိမိကြုံတွေ့ခဲ့ရသော အတွေ့အကြုံများ အမြင်များကို ပါတီခေါင်းဆောင်များသိရှိရန် အောက်တွင်ဝေမျှ တင်ပြထားပါသည်။ ပါတီအတွက် အကျိုးတစုံတရာရှိမည်ဟု ယူဆပြီး မိမိမြင်ခြင်း သိခြင်းတို့ကို ရိုးရိုးသားသား အစွဲကင်းကင်း ခံစားမှုကင်းကင်းတို့ဖြင့် တင်ပြထားပြီး ရဲဘော်ကြီးများ အားလုံး ချင့်ချိန်စဉ်းစားသော အသိ ညဏ်ဦးနှောက်များနှင့် လေ့လာဖတ်ရှုစေလိုပါသည်။ ကျေးဇူးတင်ပါသည်။
လေးစားမှုတို့ဖြင့်
ရဲဘော် စိုးမိုး
--------------------------------------------------------။။။။------------------------------------------------------
မြန်မာပြည်ပြန်စိုးမိုး အမေရိကန်ပြန်ရောက်ပြီ
ကျနော်အမေရိကန်သို့ရောက်ပြီး မကြာခင်မှာပင်- ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုမင်းဇျေယျာ နှင့် အခြား၈၈ မျိုးဆက်သစ်များခေါင်းဆောင်များအားလုံးအပြင် ယခင် လူ့ဘောင်သစ်တွဲဘက်အထွေထွေအတွင်းရေးမှုး ကိုဇေယျတို့အားကျနော် သွားရောက် တွေ့ဆုံနုတ်ဆက်ခဲ့ခြင်း နှင့် ပတ်သက်ပြီး ကိုအောင်မိုးဇော်မှ အတော်ကလေးမကျေနပ်ကြောင်းကြား သိရပါသည်။ "ကိုကိုကြီးတို့ ကိုမင်းကိုနိုင်တို့ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သွားတွေ့ရအောင် ဒီကောင်က ဘာကောင်မို့လည်း" ဟု ရဲဘော်များနှင့် ဆွေးနွေးပွဲတွင် ဒေါသဖြင့်ပြောဆိုသွား ကြောင်းလည်း ကြားရပါသည်။  ထိုသို့ကြားသောကြောင့် အစတော့ ကျနော်လည်းအတော်စိတ်ဆိုး ဒေါသထွက်ကာ အကုသိုလ်များခဲ့ရပါသည်။ နောက်မှ တရားနှင့်ပြန်ဖြေပြီး သူ့၏ကောင်းကွက် ကလေးများကို ကြိုးစား ပြန်ကြည့်ပြီးဖြေယူခဲ့ရပါသည်။ သူ၏ယခုလို စဉ်းစားချက်နှင့် မဆင်မချင်ပြောဆိုမှုအပေါ် စိတ်မကောင်းဖြစ်မိတာကလွဲပြီး သူအားဒေါသမထွက်မိတော့ပါ ။
ခေတ်မှီပွင့်လင်းလာသော ယနေ့မြန်မာ့နိုင်ငံရေးလောကနှင့် ယနေ့ပြည်သူလူထု
ပြည်တွင်းရှိခေါင်းဆောင်များကို ကျနော်ဂါဝရပြုတွေ့ဆုံခဲ့ခြင်းနှင့်ပတ်သက်ပြီး ကျနော်တခုပြောချင်လာ တာရှိပါ သည်။  ကျနော့်လို နိုင်ငံရေးကိုနစ်ပေါင်းများစွာလုပ်လာခဲ့သူပင်မဆိုထားနှင့်  ယနေ့မြန်မာနိုင်ငံ သား အယုတ် အလတ်အမြတ်မရွေး မည်သူမဆို ကိုကိုကြီးတို့ ကိုမင်းကိုနိုင်တို့အပြင် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ချင်လျှင် အချိန်မရွေး သွားရောက်တွေ့ဆုံစကားပြောလို့ရပါသည်။  ခေတ်မှီပွင့်လင်းပြီး အကြောက် တရားများနည်းပါးလာသော ယနေ့မြန်မာ့နိုင်ငံရေးလောကတွင် ထိုကိစ္စမှာ လုံးဝထူးဆန်းသောကိစ္စ မဟုတ်တော့ပဲ လုပ်သင့်သောကိစ္စများ အားပေးရမည့်ကိစ္စများဖြစ်လာပါသည်။ ကျနော့်အဖိုတော့ ၈၈ မျိုးဆက်သစ်ကျောင်းသားများအဖွဲ့ခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့နှင့် လက်တွဲ လုပ်ဆောင်နေသောသူအချို့မှာ ကျနော့်နှင့်လုပ်ဖေါ်ကိုင်ဘက်များလည်းဖြစ် အလွန်လည်းရင်းနီးသော သွေးသောက် သူငယ်ချင်းများဖြစ်သည့်အတွက် ထိုခေါင်းဆောင်များကို တွေ့ချင်လျှင်အချိန်မရွေးတွေ့နိုင်သော အနေအထားတွင်ရှိခဲ့ပါသည်။ ထို့အပြင် ကျနော့်အမအရင်းနှင့် အကို အမ (၀မ်းကွဲ)များမှာလည်း ဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် အချိန်ပြည့် လုပ်အားပေးဝန်းရံခြင်း အားဖြင့် မိုးထဲရေထဲ နိုင်ငံရေး ခရီးကြမ်းတွင်နစ်ပေါင်းများစွာ ကူညီထောက်ခံ ၀န်းရံနေသောသူများဖြစ်ပါသည်။
ကျနော်တွေ့ကြုံဖြတ်သန်းခဲ့မှုများအရ ပြည်ပရောက် အဖွဲ့အသီးသီးရှိ မြန်မာနိုင်ငံရေးခေါင်းဆောင် အတော်များများက အခြား အဖွဲ့အစည်းမှခေါင်းဆောင်များနှင့်တွေ့သည့်အခါ-- ဒါသူတို့ပဲလုပ်ရမည့်သူတို့ပိုင် အလုပ်သဖွယ် ခံယူလုပ်ဆောင်ခဲ့ကြပြီး အောက်ခြေရဲဘော်များနှင့် အခြားအဖွဲများမှ ခေါင်းဆောင်များကို ပေးမတွေ့ မိတ်မဆက် ပေးတော့ပဲ ဘယ်ကိစပဲဖြစ်ဖြစ် သူတို့ချည်း ကြိတ်ဝိုင်းတွေ့လုပ်ကာတွေ့ကြပါသည်။ ဒါတွေကအမှန်တွေဖြစ်ပြီး လူတိုင်း ရဲဘော်တိုင်းလည်းသိကြပါသည်။  ယခင်ကဒေါ်ကန်ခဲ့သော်လည်း သို့သော် ယခုအချိန် အသက်အရွယ်ရောက်သောအခါတွင် ကျနော့်အနေဖြင့်ဘယ်သူ့ကိုမှ အပြစ်မတင်လိုပဲ ထိုခေါင်းဆောင်များ နိုင်ငံရေးအရတကယ့်ကို နားမလည်ခဲ့ကြသောကြောင့် လုပ်ခဲ့ကြသည်ဟု ယေဘူ ယျသဘောဖြင့် ကျနော်မြင်မိ မှတ်ချက်ချမိပါသည်။
ယနေ့မြန်မာနိုင်ငံရေးလောကတွင်တော့ ဘယ်သူက ဘယ်သူ့ကိုမဆို ဘယ်ခေါင်းဆောင်ကို မဆို  တွေ့ချင်လျှင် အလွယ်တကူတွေ့နိုင်သော ခေတ်မှီသော ပွင့်လင်းလာသောခေတ်ကို တဖြည်းဖြည်း ရောက်လာနေပြီဖြစ် ပါသည်။ မည်သည့်ပါတီက ခေါင်းဆောင်မဆို လူထုအားအိမ်တိုင်ယာရောက် လိုက်လံစည်းရုံးနေရသော ခေတ်ကို တစတစရောက်လာပြီဖြစ်ပါသည်။ ပြည်သူများလည်း နိုင်ငံရေး အသိဗဟုတထုသတိုးပွားလာနေပါပြီ။ ခေါင်းဆောင်များကလည်း မည်သူ့ကိုမဆိုလက်ခံစကားပြော တွေ့ဆုံကြပါသည်။ ယနေ့ ဒီဘက်က ခေါင်းဆောင်များ မြန်မာပြည်နိုင်ငံရေးကိုထိထိရောက်ရောက်အောင်အောင်မြင်မြင်ဆက်လုပ်လိုပါက ထို့ စဉ်းစားချက်အဟောင်းများကို စွန့်ပစ်ကြဘို့ စဉ်းစားချက်များလုပ်ဆောင်ချက်များခေတ်မီကြဘို့ လိုသည် ဟုမြင်မိပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ခေါင်းဆောင်မှုနှင့် ယနေ့ပြည်သူလူထု
ယနေ့မြန်မာနိင်ငံရေးတွင် မြန်မာပြည်သူများက ဒေါ်အောင်ဆန်းစုကြည် အား "အမေ" "အမေ" ဖြင့် ခေါ်ဆိုကြကာ ဘာကြောင့်များ ရင်ထဲအသည်းထည်းကနေ ချစ်မြတ်နိုးကြသလည်းဆိုသည်ကို ကျနော် လေ့လာခွင့်ရခဲ့ပါသည်။ ကျနော်သိထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်မှာ ဟိုးယခင်က ထည်းက ပွဲတစ်ခုလုပ်လျှင် အောက်ခြေသိမ်းလုပ်သော အနစ်နာခံသော ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပါသည်.။ ဘယ်နေရာရောက်ရောက် ဧည့်ခန်းထဲမှာ စင်ပေါ်မှာ စကားပြော နေယုံမကပဲ  မီးဖိုခန်းထဲမှ ချက်ပြုတ် ကြွေးမွေးကြသော သူများအားလည်း တွေ့ဆုံနုတ်ဆက် ကျေးဇူးတင် စကားပြောတတ်သော ခေါင်းဆောင် တစ်ယောက်ဖြစ်ပါသည်။ အတုယူစရာဖြစ်ပါသည်။ ရွေးကောက်ပွဲကာလများအတွင်းကဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်က သူ့အား ပန်းစည်းဆက်ချင်သောသူများအားလုံးလိုလိုထံမှ ပန်းစည်းများအား
"ပန်းစည်းပေးချင်တယ်မို့လား လာခဲ့လာခဲ့ လာလာ ဒီကိုလာပေး ဒီကိုပေး"
ဟုဆိုကာ ပန်းစည်းများအား ရနိုင်သလောက် အတင်းရအောင်ယူ ကာကားထဲအကုန်ထည့်သယ် ပါသည်။ ထို့အတွက်ကြောင့်ပြည်သူအများကလည်း အလွန်ဝမ်းသာပျော်ရွှင် ကျေနပ်ကြပါသည်။ အမျိုးသမီးတွေ ကလေးမလေးတွေအတော်များးများက ပန်းစည်းကလေးများကိုင်ပြီး ဒေါ်အောင်ဆန်း စုကြည်အားတွေ့ သောအခါ ရင်ခုန်ကြည်နှုးလွန်းသဖြင့် ကြက်သေသေပြီးတုန်နေကြကာ ဒေါ်အောင်ဆန်းစုကြည်နား မကပ်ရဲပဲ  ရှိနေတတ်ကြပါသည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်က အတင်းရအောင်ခေါ်ကာ ပန်းစည်း များကို ရယူသဖြင့် ပန်းစည်းပေးခွင့်ရသောသူများ ၀မ်းသာကြကာ မျက်ရည်များပင်ကျကြပါသည်။ ကျနော် ကိုယ်တိုင် ဒေါ်စုကိုပန်းစည်းပေးနိုင်ခဲ့သော သူအမျို့နှင့် စကားပြောဆိုနိုင်ခဲ့ပြီး သူတို့ခံစားချက်ကို သိရှိလေ့လာနိုင်ခဲ့ ပါသည်။ ကျနော့်ကိုစကားပြောနေချိန်တွင် သူတို့မျက်လုံးကလေးများမှာ ထိုကာလအား ပြန်လည်တမ်းတ လွမ်းဆွတ်မှုတို့ဖြင့် အမှတ်ရနေကြသည်.ကိုတွေ့မြင်ခဲ့ပါသည်..ကျနော်သေချာတာ တခုတောရှိပါသည်.. ထိုအတွေ့အကြုံ အဖြစ်အပျက်များကို သူတို့သေသည်အထိမေ့နိုင်ကြမည်မဟုတ်ပါ.။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အားပြည်သူက အမေ ဟုခေါ်ကြပါသည်။ သူတို့ခေါင်းဆောင်ဆိုတာ သူတို့ချစ်မြတ်နိုး နာခံရသော  သူတို့အမေအဖြစ် အသိအမှတ်ပြုကြပါသည်။
ကျနော့်အမ တစ်ယောက်ဆိုလျှင် ဆယ်တန်းပင်မအောင်ပါ။ ခေတ်ပညာများများစွာမတတ်ပါ။ သို့သော် နိုင်ငံရေးလုပ်ကတိမ်းရှောင်ခဲ့ရသော သူ့မောင်ကျနော့်အားလေးစားသဖြင့်  ငယ်စဉ်က ကျနော်အပြင်းပြေ ထုလုပ်ခဲ့ဘူးသော ဘုရားပုံလေးကို အချောသတ်ပြီးရွှေချကိုးကွယ်ထားပါသည်။ ကျနော်အိမ်မှ ထွက်သွားပြီး ကတည်း ကနိုင်ငံရေးလုပ်ခဲ့ရာ သူသည်ယနေ့အချိန်တွင် ဒီမိုကရေစီလုပ်ရှားမှု အတွင်းတွင် အလွန် တက်ကြွသော အလွန်အလုပ်လုပ်သော အန်အယ်ဒီရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် အပြင်း အထန်အလုပ်လုပ်ခဲ့သော သူတစ်ယောက်ဖြစ်နေသည်ကို ကျနော်အံ့သြစွာတွေ့ရပါသည်။  သူသည် ဦးကျော်သူတို့အဖွဲ့အတွက် လစဉ် (၆) သိန်းခန့် ရှိသောငွေကို ကောက်ယူစုဆောင်းပေးနိုင်သော သူတစ်ယောက်ဖြစ်နေသည်ကိုတွေ့ရပါသည်။  ဒေါ်အောင်ဆန်းစုကြည်တည်ထောင်ထားသော သွေးလှုဒါန်း ရေးအဖွဲ BG အဖွဲ့တွင်လည်း အချိန်ပြည့် ပါဝင်လှုပ်ရှားနေပြီး သွေးအလှုရှင်များနှင့် သွေးလိုနေသော လူနာများကို ဆက်စပ်ပေးနေနိုင်နေသော သူတစ်ယောက်ဖြစ်နေပါပြီ။ သူက ဒေါ်အောင်ဆန်းစုကြည်အား အမေ ဟု ခေါ်ပါသည်။ အစပိုင်းက  ကျနော်တောင်ကြားရတာတမျိုးကြီးဖြစ်နေပါသည်။ ကျနော်ကိုယ်ကျနော် တောင် ထိုသို့ခေါ်ဘို့နုတ်မရဲသော သူတစ်ယောက်အဖြစ်နဲ့တွေ့မြင်ခဲ့ရပါသည်။ ကျနော်က ဒေါ်စုဟု ခေါ်လျှင် အန်တီဟုခေါ်လျှင် လူငယ်များက မကြေနပ်သောအကြည့်ဖြင့် ကြည့်ပါသည်။ ယနေ့မြန်မာနိုင်ငံရေး လောကတွင် ပြည်သူလူထုအများစုကြီးသည် ဒေါ်အောင်ဆန်းစုကြည်နောက်မှ အခိုင်အမာ မားမားမှတ်မှတ် ရပ်ထားကြပါပြီ။ 
အန်အယ်ဒီပါတီ၏စည်းရုံးလှုပ်ရှားမဲဆွယ်မှုတို့သည် အားမရစရာများရှိနေသေးသော်လည်း အလွန်စနစ် ကျနပြီး ပြည်သူလူထုကလည်း စည်းနှင့် ကမ်းနှင့်ခေတ်မှီစွာစနစ်ကျနစွာ စုရုံးထောက်ခံကြသည်ကို တွေ့ရပါသည်။ အနုပညာသည်များကလည်း အန်အယ်ဒီအနိုင်ရရှိရေးအတွက် လူထုကြား ပညာပေးစည်းရုံး ထောက်ခံမှုကို လည်း အင်တိုက်အားတိုက် လုပ်ဆောင်ကြသည်ကိုတွေ့ရပါသည်။
ကြံခိုင်ဖွံဖြိုးရေးပါတီ
သူတို့ကတော့ စစ်အုပ်စုကပေါက်ဖွားလာတဲ့ပါတီဖြစ်တာမို့ အရင်းအနီးများများနဲ့ နည်းမျိုးစုံသုံးပြီး စုစည်း တည်ထောင်ထားသည့်အောက်မှာ ကြိုက်ကြိုက် မကြိုက်ကြိုက် ဒုတိယအင်အား အကြီးမားဆုံးပါတီ အနေဖြင့်တွေ့နေရသေးပါသည်။ သူတို့အားအတတ်ပညာအရကူညီပေးနေသူများလည်း အများကြီးရှိပါသည်။ သို့သော် ရွေးကောက်ပွဲကာလတွင် ကြံ့ဖွံ့ပါတီဝင်အများစုက အန်အယ်ဒီကို မဲပေးလိုက်ကြသည်ကို တွေ့ရပါသည်။ လူထုအားစည်းရုံးမည်ဆိုလျှင် ထိုအချက်မှာ အထူးသတိထားရ မည့်အချက်ဖြစ်ပါသည်။
၈၈ မျိုးဆက်သစ်ကျောင်းသားများအဖွဲ့ နှင့် အခြားနိုင်ငံရေးအင်အားစုများ
လောလောဆယ် နိုင်ငံရေးပါတီထောင်မည်မဟုတ်ဟု သိရှိလေ့လာရပါသည်။ အန်ဂျီအို လိုလုပ်ငန်းမျိုးများဖြင့် Capacity Building လုပ်ငန်းများ လူသားချင်းစာနာညာတာထောက်ထားပြီး အကူအညီပေးခြင်း နှင့်ဆိုင်သော လူမှုကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ပညာရေးဆိုင်ရာ နိုင်ငံရေးဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ခြင်းမှ တဆင့် လူထုစည်းရုံးတည်ဆောက်ရေးလုပ်ငန်းများကို လုပ်သွားမည်ဆိုသည့်သဘောကို လေ့လာသိရှိရ ပါသည်။ သူတို့ထည်းတွင် သဘောထား အမြင်ကွဲလွဲမှုအချို့လည်းရှိပါသည်။  အဖွဲ့အစည်းတို့ တွင်ဖြစ်တတ် သော သဘောအရဆိုလျှင်မဆန်းပါ။  ကိုကိုကြီး ၏ ဦးဆောင်မှုအခန်းကဏ္ဍသည် အဖွဲ့တွင် ပိုအားကောင်းလာနေ သည်ကို တွေ့ရပါသည်။  ကိုကိုကြီးကို ဘက်စုံရသော နိုင်ငံရေးသမားတစ်ယောက်အဖြစ် လေ့လာ သိရှိရပါသည်.။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟု ပြောလိုက်လျှင် ၈ လေးလုံးလှုပ်ရှားမှုကြီးအတွင်းတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သော နိုင်ငံရေးသမားအချို့ကလွဲပြီး ပါတီတွင်လှုပ်ရှားပါဝင်ခဲ့သော ပါတီဝင်များမှလွဲ၍  လူအတော် များများကမသိကြတော့ပါ။ သိတဲ့သူများကလည်း "လူ့ဘောင်သစ်ဆိုတာ မိုးသီးဇွန်ထောင်တဲ့အဖွဲ့လား။ မိုးသီးဇွန်က မိုးသီးက မြောက်ပိုင်းမှာ လူအတော်များများ သတ်ထားတဲ့ အမှု့နဲ့ပတ်သက်နေတယ်ဆို..." ဆိုပြီး ထိုမေးခွန်းမျိုးဆန်ဆန် လေးငါးကြိမ်အမေးခံရပါသည်။ ထိုသို့မေးသူများတွင်-  ၈၈ မျိုးဆက်သစ်အင်အားစုထဲမှ အချို့လည်းပါပါသည်။ တချို့က ယနေ့ပြည်တွင်းက မြန်မာလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီလား ဟုမေးကြပါ သည်။ ကျနော့် အတော်ဖြေရှင်းခဲ့ ရပါသည်။
၈၈ မျိုးဆက်သစ်ကျောင်းသားအချို့အပါအ၀င် ကျနော်ထိတွေ့ခဲ့ရသော ပြည်တွင်းရှိ နိုင်ငံရေး စိတ်ဝင်စားသော လူထုနှင့် နိုင်ငံရေးသမားအများစုက ပြည်ပရောက်နိုင်ငံရေးအဖွဲ့အစည်းများကို လုံးဝအထင်မကြီးကြသည် ကိုတွေ့ရပါသည်။ အတော်များများက ပြည်ပရောက်အဖွဲ့များကို မညီညွတ်သော ပျက်စီးနေသော ခြစားနေသော ငွေအလွဲသုံးစားလုပ်သော အဖွဲ့များအဖြစ်မြင်နေ ကြပါသည်။
ပါတီအနာဂတ်အရေးနှင့်ပတ်သက်ပြီး မိမိတွေ့ဆုံခဲ့သည့်သူအများစုအပေါ် အင်အားစုများအပေါ် လေ့လာ တွေ့ကြုံလာခဲ့ရမှုများပေါ် တွင်အခြေခံပြီး ယခုလိုနိဂုံးချုပ်မိပါသည်။
  • နစ်(၂၀) အတွင်း ကျနော်တို့ပါတီ နယ်စပ်တွင်တိုင်းရင်းသားအဖွဲ့များ နှင့်ယနေ့ပြည်ပ မီဒီယာတချို့၏ အသိအမှတ်ပြုမှုကို အတိုင်းအတာတခုအထိရလိုက်သော်လည်း ပြည်တွင်း လူထုနှင့် နစ် (၂၀) ကျော် အဆက်ပြတ်သလိုဖြစ်သွားခဲ့ပါပြီ။ မိမိတို့လူ့ဘောင်သစ်ကို ပြည်သူလူထုအများစုကြီးက အသေအခြာ မသိကြတော့ပါ။  ယခုလို ကျနော့်ဆီက ဒီစကားကိုကြားလို့ ၀မ်းနည်းခြင်း ကျနော့်ကို စိတ်ဆိုးခြင်း မဖြစ်စေချင်ပါ။  ကျနော်ပြောတာကိုယုံပြီး ချက်ချင်း လည်း မဆုံးဖြတ်စေလိုပါ။ ကိုယ့်ဖါသာကိုယ်ဝင်ပြီး စုံစမ်းကြည့်ပါဟုပြောလိုပါသည်။ ထိုမှသာ လက်တွေ့ကျသော နိုင်ငံရေးကို အင်တိုက်အားတိုက် လုပ်နိုင်ပါမည်။
  •  ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီကလွဲလျှင် လူထုအများစုက ဘယ်ပါတီ ဘယ်အဖွဲ့ အစည်း အသံကိုမှမကြားနိုင်တော့ပါ.။ အစဉ်အလာကြီးလှသော လက်ရှိအစိုးရကြောက်သော နိုင်ငံရေး သမားများနှင့် ပြည်သူ့ထောက်ခံမှုရရှိထားသော ၈၈ မျိုးဆက်သစ် ကျောင်းသား များအဖွဲ့သည်ပင်လျှင် ယနေ့ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးလှုပ်ရှားမှုအရှိန်အဟုန်က အတော်ကြီးလွန်းသောကြောင့်  မိမိတို့ပုံရိပ်များ ပြည်သူတွင်းဆက်ရှိနေရေးကို အတော်အရှိန်ယူပြီးလုပ်ယူနေရပါသည်။ တခုကောင်း သော အချက် မှာ ၈၈ မျိုးဆက်သစ်ခေါင်းဆောင်တို့ ဒေါ်အောင်ဆန်းစုကြည်လှုပ်ရှားမှုကို ယနေ့တိုင် ချိတ်ဆက် ထောက်ခံ ၀န်းရံထားကြခြင်း ပင်ဖြစ်သည်။ ထိုသို့အားဖြင့်လည်း သူတို့က လူထု ထောက်ခံမှုကို ရရှိကြပါသည်။
  • ထိုသို့သောအခြေအနေများအောက်တွင် ပြည်သူတွင်းလက်တွေ့ကျကျ ကွင်းဆင်းလေ့လာမှုများ လုပ်ဆောင်ကာ ပါတီကို ပြည်တွင်းတွင် မည်သို့တည်ထောင်မည် စည်းရုံး တည်ဆောက်မည် ဆိုသည် ကို စဉ်းစားလုပ်ဆောင်ကြရန်လိုပါသည်။ ၈၈ မျိုးဆက်သစ်တို့လို လိုင်းမျိုးပဲသွားပြီး အချိန်တခုယူကာ အင်အားစုစည်းကာ နောက်မှ နိုင်ငံရေးပါတီလုပ်မလား ဆိုသည်ကိုပါ ထည့်သွင်းစဉ်းစားကောင်း စဉ်းစားရန်လိုပါလိမ့်မည်။
တိုင်းရင်းသားလူမျိုးစုများ
တိုင်းရင်းသားလူမျိုးစုအများစုမှာ ယနေ့ ဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော  အန်အယ်ဒီတို့ အဆင်ပြေစေချင်ပုံရြ့ပီး လွတ်တော်တွင်းမှတဆင့် သူတို့တိုင်းရင်းသားပြသနာများကို ဖြေရှင်းသွားစေလိုသော ဆန္ဒရှိကြောင်းလေ့လာသိရှိပါသည်။ တိုင်းရင်းသားတို့အခွင့်အရေးကို ထိထိရောက် ရောက်တောင်းဆိုတိုက်ပွဲဝင်နိုင်သူမှာလည်း မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်မှ လွဲပြီး မည်သူမှ မရှိသောကြောင့် လွတ်တော်တွင်းတိုက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရေးသည် မရှိမဖြစ်ဖြစ်နေပါသည်။ ထို့ကြောင့် ပါတီမှ ဒေါ်အောင်ဆန်းစုကြည် တတိုင်းတပြည်လုံးအကျိုးအတွက်  ပြတ်ပြတ်သားသား ထောက်ခံ ၀န်းရံဘို့လိုပါသည်။
ယနေ့ပြည်သူလူထု
ပြည်သူလူထုမှာ အရမ်းကို နိုးကြားတက်ကြွကြပြီး သူတို့လုပ်နိုင်သော ဖန်တီးနိုင်သော အခြေအနေ အနေအထားအောက်တွင် ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်လုပ်ကိုင်ကြပါသည်။ ပြည်သူလုထုမှာ အလွန်စည်းကမ်းရှိကြပြီး အကြောက်တရားလည်း အတော်ကလေးနည်းသွားကြပါသည်။  ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော နိုင်ငံအောက်တွင် တိုင်းပြည် ငြိမ်းချမ်းသာယာဝပြောပြီး စည်ပင် တိုးတက်လာမည်ဟု ယုံကြည်ထားကြသောကြောင့် ဒေါ်စုအား အပြတ် အသတ်ထောက်ခံအားပေးကြပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်လျှောက်ရသော လမ်းသည် ပန်းခင်းသောလမ်းမဟုတ်ပါ..ပါတီတွင်းပါတီပ အတိုက်အခံပေါင်းများစွာ အခင်အခဲပေါင်းများစွာတို့ကိုရင်ဆိုင်ပြီး အညင်သာဆုံးသော လမ်းကိုရွေးပြီး လျှောက်နေပုံရပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်းအထန်ဆန့်ကျင် သူများမှာ အချို့သော ပြည်ပရောက် ဘေးထိုင်ဘုပြော အူကြောင်ကျား လူပုဂိုလ်များ အုပ်စု များဖြစ်နေသည် ကိုတွေ့ရပါသည်။
တယ်လီဖုန်းဆက်သွယ်ရေးစနစ်နှင့် ကွန်ပြူတာတက်ကနော်လော်ဂျီ ကြောင့်ပြည်သူတို့ သတင်း အချက် အလက်များ မြန်ဆန်စွာရရှိနေကြောင်းတွေ့ရပါသည်။  ကျနော် ကွမ်းခြံကုန်းရှိ ယဉ်ကျေးလိမ်မာ သင်တန်းကျောင်းဖွင့်ပြီး လူ (၈၀) ခန့်ကို စာသင်ကြားနေသော ရွာငယ်လေးတရွာက ဦးပုဇင်းတပါး နှင့်တွေ့ခဲ့ပါသည်။  ထိုဦးပုဇင်းနှင့်စကားစမြီပြောဆိုပီးနောက်  ပြည်ပရှိကျနော့် မိတ်ဆွေများကို ယခုလို သတိပေးလိုစိတ်ကလေးပေါ်မိပါသည်။ 
--- အချို့သောသူတွေကို ကျေးတောသားတွေဆိုပြီးသွားအထင်မသေးလိုက်နဲ့ ကိုယ့်လူတို့ရေ... 2012 မေလမှာ G8 Summit ရှိတယ်ဆိုတာကိုလည်း သိတယ်။ ဘာအစ်ရှုးတွေ ဆွေးနွေးမယ် ဆိုတာကိုလည်းသိတယ်.။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ မြန်မာနိုင်ငံရေးကိုလည်း ကောင်းကောင်းကြွမ်းကျင်နှံစပ်တယ်။ ပထ၀ီနိုင်ငံရေး ကိုလည်းသိတယ်။ ၈၈ မှာ ပါခဲ့တာလေး ပါတီထောင်ပြီး နိုင်ငံရေးလုပ်ခဲ့တာလေး နိုင်ငံခြားမှာသွားနေပြီး Exposure လေးရခဲ့တာလောက်နဲ့သွားမလုပ်နဲ့.. အရယ်ခံရလိမ့်မယ်လို့--- သတိပေးပြောကြားချင်စိတ် ပေါ်ပေါက်ခဲ့ရပါသည်။  တယ်လီဖုန်းတလုံး တန်ဘိုးမှာဈေးကြီးသော်လည်း ပြည်သူတို့တယ်လီဖုန်း တလုံး ပိုင်ဆိုင်ဘို့ ယခင်ကလောက် မခက်ခဲတော့ပါ။ ရွာတိုင်းလို တယ်လီဖုန်းရှိကြပါသည်။ ရွာအတော်များးများတွင် မီးစက်များဖြင့် တီဗွီကြည့်ကာ သတင်းနားထောင်ကြသည်ကိုတွေ့ရပါသည်။ ယနေ့ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်တွင် မြန်မာပြည်က ရွာသူရွာသားများ အတော်ကြီး ခေတ်မီလာကြပါပြီ။
နိုင်ငံတကာအခင်းအကျင်း ပထ၀ီနိုင်ငံရေး နှင့်မြန်မာပြည်
ယနေ့ဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ညှိနိုင်းတိုင်ပင်ပြီးလှုပ်ဆောင်နေမှုများကြောင့် မြန်မာ နိုင်ငံသည် အမေရိကန်ဦးဆောင်ဆောင်သော အနောက်ကမ္ဘာနှင့် ပိုမိုနီးစပ်သွားပါသည်။ သို့သော် ယနေ့နိုင်ငံရေးအခြေအနေကို အတိအကျနားလည်နိုင်ရန် အရေးကြီးသော အချက်အလက်များ ချို့တဲ့နေသည် ဟုမြင်မိပါသည်.။ ထင်ရှားသော်လည်း အကိုင်အမာဆုတ်ကိုင်လို့မရသောအချက်အလက်များတွင်-
  • ဒေါ်အောင်ဆန်းစုကြည် ဦးသိန်းစိန်အစိုးရနှင့်မည်သည့် ကိစ္စများဆွေးနွေးခဲ့သလည်းဆိုသည်ကို ယနေ့ တိုင်မည်သူမျှမသိရသေးပါ။
  • အမေရိကန်အစိုးရနှင့် မြန်မာအစိုးရတို့ကြား (၄) နစ်အတွင်းအကြိမ်ပေါင်း (၂၀) ကျော်ဆွေးနွေး ခဲ့သည်ဟု ဟေလာရီကလင်တန်က မြန်မာပြည်ခရီးစဉ်အတွင်းရုတ်တရက် ထုတ်ဖေါ်ပြောသွားလို့ သိရပါသည်။  ဦးသိန်းစိန်တို့အစိုးရက ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှမပြောသေးပါ။  ဘာတွေ ဆွေးနွေးပြီး ဘာတွေ သဘောတူခဲ့ကြသလည်း မည်သူမှ မသိကြသေးပါ။
  •  တရုတ်အစိုးရနှင့် ယနေ့ဦးသိန်းစိန်အစိုးရတို့ကြား အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများရှိပါသည်။ ဘာတွေ တွေ့ဆုံဆွေးနွေးကြသလည်း ဘာတွေသဘောတူထားကြသလည်း  ကာယကံရှင်များမှလွဲပြီး မည်သူမှမသိပါ။
ထိုကဲ့သို့မသိသည့်အချက်များရှိနေသေးသောကြောင့် မြန်မာပြည်နိုင်ငံရေးလက်ရှိအခြေအနေအား အခြား သူများ ပြောဆိုသည့်အချက်အလက် အခြေအနေများပေါ်တွင် အခြေပြုပြီး ခန့်မှန်းပြောဆိုရုံ မှလွဲပြီး တခြား မရှိပါ။  ကျနော့်ခန့်မှန်းချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ထောက်လှန်းရေး အရာရှိဟောင်း ဗိုလ်မှုးအောင်လင်းထွဋ် ပြောဆိုချက်အရ တရုတ်က ဗိုလ်ချုပ်မှုးကြီး ဟောင်းသန်းရွှေအား ဧရာဝတီမြစ်ကြောင်းကိုချဲ့ပေးမည်ဟု ကမ်းလှမ်းသည်ဟု ဆိုပါသည်။ သူပြောကြားချက်ကို စစ်အုပ်စုက ဘယ်လိုမှမတုန့်ပြန်ခဲ့သောကြောင့် မှန်သည်ဟုယူဆရနိုင်ပါသည်။ တရုတ်အားသန်းရွှေက အခြား နေရာများတွင် အစစအရာရာလိုက်လျှောခဲ့သော်လည်း ထိုကိစ္စကိုမှု  ငြင်းခဲ့သည်ဟုဆိုပါသည်။  တရုတ် အစီအစဉ်မှာ တရုတ်ပြည်၇ှိ ယူနန် ကဲသို့ကုန်းတွင်းပိတ်ပြည်နယ်များ ဖွံ့ဖြိုးလာစေရန်ဖြစ်ပါသည်။ နိုင်ငံတကာ ကုန်သွယ်ရေးရေလမ်းကြောင်းပွင့်ဘို့ အပြင် အရှေ့တောင်အာရှတွင် တရုတ်သြဇာဖြန့်ကျက်ဘို့ အန္ဒိယသမုဒ္ဒရာ ကို စစ်ရေး နိုင်ငံရေးအရ ထိန်းချုပ်ထားနိုင်ဘို့ဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် တိုင်းပြည်တွင်း ဖွံ့ဖြိုး တိုးတက်မှုတညီတည်းမဖြစ်သည့် အခြေအနေအောက်တွင် လူမှုရေး နိုင်ငံရေး မတည်ငြိမ်မှုများ ပေါ်လာနေပြီး အခြေအနေ ပိုဆိုးလာမည်ကို တရုတ်က ကြောက်ပါသည်။ ထို့ကြောင့်တရုတ်က ကချင်ပြည်တွင် ရေကာတာ ဆောက်သည့် အစီအစဉ်ဖြင့် ထိုပထမ အစီအစဉ်ကိုဆက်အကောင်အထည်ဖေါ်သည့်သဘောရှိပါသည်။ ရေကာတာမှရေများကို လျှော့ချလိုက်လျှင် ရေမြင့်တက်လာကာ အန္ဒိယသမုဒရာတွင်းမှတရုတ် ပင်လယ်ကူး သင်္ဘောများ ကချင်ပြည်နယ်ထိ ဆိုက်ကပ်နိုင်ရန်စီစဉ်ဆောင်ရွက်သည့်သဘောရှိပါသည်။ အခြားတဖက်မှာ လည်း ဂတ်စ် ပိုက်လှိုင်းကို တရုတ်ပြည်သို့ သွယ်တန်းသည့်အစီအစဉ်မကပဲ ပိုက်လိုင်းနဘေးမှ ကားလမ်း ရထားလမ်းများ ဖေါက်လုပ်ရန် အစီအစဉ်လည်း ပါရှိပါသည်။ အစိုးရအကြံပေး  ဦးမြင့်တို့ကတော့ ရေကာတာကို မိုင်းဗုံးကြီး တခုသဖွယ်မြင်ပါသည်။ ယခုတော့ ထိုအစီအစဉ်များမှာ ကာလတစ်ခု နှောင့်နှေးသွားခဲ့ပြီး အမေရိကန်နှင့် ဥရောပနိုင်ငံများ မြန်မာနိုင်ငံရေးတွင် အနီးကပ်ပတ်သက်လာပါပြီ။
တရုတ်အစိုးရနဲ့ပတ်သက်ပြီးကျနော်တို့ အများကြီးခံခဲ့ရပါသည်။ နစ်ပေါင်းနစ်ဆယ်အတွင်း တရုတ်ထံမှ ရလိုက်သည်များမှာ တိုက်လေယဉ်များ အမြောက်ဒုံးကျည်များ တင့်ကားများ စစ်ယန္တယားများ သေနတ်များ စသော လူသတ် လက်နက်များဖြစ်ပြီး ပညာရေး လူမှုရေး စီးပွားရေး နှင့်ပတ်သက်သော အကူအညီများ ဘာမှမယ်မယ်ရရ ကူညီ ဖူးသည်ကိုမတွေ့ရပါ။ သူတို့နှင့်ဆက်ဆံသောကြောင့် သစ်ပင်တွေလည်းကုန် တောကောင်နှင့်တောလည်းပြုန်း သယံဇာတများလည်းကုန်ကာ ပြည်တွင်းစစ်ပိုမိုကြာရှည်ခဲ့ပြီး တိုင်းပြည်မှာ စီးပွားရေးနိုင်ငံရေး လူမှုရေး ကျန်းမာ ရေး ပညာရေးကဏ္ဍများတွင် များစွာနစ်နာခဲ့ရ ပါသည်။
ဦးသိန်းစိန်အစိုးရ အမေရိကန်ကိုအားပြုပြီး တရုတ်မှခွာပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ဒါကိုပံပိုးကူညီရင်း မြန်မာပြည်နိုင်ငံရေးအပြောင်းအလည်းကို ပုံဖေါ်ယူပါသည်။ ပိုတော့ရှုတ်လာသည် သို့သော်တိုင်းပြည်အတွက် ကောင်းသည်ဟုမြင်ပါသည်။ သို့သော် ကျနော့်သဘောအရ ကျနော်တို့နိုင်ငံ နှောင်ကြိုးကင်းပြီး ကျနော်တို့နိုင်ငံအဖက်ဖက်မှ အကျိုးရှိရေးမည်ဆိုလျှင် မည်သည့်နိုင်ငံတိုင်းပြည်နှင့်မဆို အလုပ်ဖြစ် စေချင်ပါသည်။
ဦးသိန်းစိန် အစိုးရတွင်း အာဏာပြိုင်ဆိုင်ကာရှုတ်ထွေးမှုများရှိပါသည်။ အန်အယ်ဒီတွင်းတွင်လည်း ထိုနည်း အတိုင်းဖြစ်ပါသည်။ တိုင်းပြည်သည် တိုင်းရင်းသားရေးရာပြသနာများကို ဖြေရှင်းနိုင်ရန်အရေးကြီးပါသည်။  တိုင်းပြည်တွင်ရင်ဆိုင်နေရသောပြသနာများသည် အလွန်ရှုတ်ထွေးသောကြောင့် ဒေါ်အောင်ဆန်းစုကြည်က ညင်ညင်သာသာနှင့် လုပ်ကိုင်နေရသော Mission တခုဖြစ်ပါသည်။ ဒါကကျနော်ရရှိထားသော အချက် အလက်များကို စုစည်း ပုံဖေါ်ကြည့်ခြင်းဖြစ်ပါသည်။
အားလုံးကျန်းမာချမ်းသာကြပါစေ
လေးစားမှုတို့ဖြင့်
ရဲဘော်စိုးမိုး
သို့
ကိုစိုးမိုး
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး၏ စာအားပေးပို့အပ်ပါသည်။
စာရရှိပါလျှင် ကျေးဇူးပြု၍ ရရှိကြောင်း အကြောင်းပြန်ကြားပေးစေလိုပါသည်။
လေးစားစွာဖြင့်
လူ့ထုဆက်ဆံရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်
No comments:
View My Stats