ပွင့်လင်းလူ့ အဖွဲ့ အစည်းကန်ပိန်းလုပ်နေတဲ့ ကိုမင်းကိုနိုင်တို့ အနေနဲ့  အန်ဂျီအိုကနေ ငွေဘယ်လောက်ရတယ်၊ ဘယ်နေရာမှာ ဘယ်လောက်သုံးလဲဆိုတာကို ပြည်သူလူထုကို တင်ပြပေးဖို့ လိုမယ်။ ဒါမှ ကိုယ်ကိုယ်တိုင် ပွင့်လင်းပြတာဖြစ်ပါတယ်။ သူများကို ပွင့်လင်းလာအောင်မလုပ်ခင် ကိုယ်က အရင်ပွင့်ပွင့်လင်းလင်း ဖြစ်စေအောင်လို့ ပါ။ အန်ဂျီအိုက ရတာအပြင် ပြည်သူလူထုဆီက အလှူငွေတွေကိုလည်း တင်ပြပေးဖို့ လိုတယ်လို့ပြောချင်ပါတယ်။
1 comment:
NGO မှာလုပ်ဖူးတဲ့သူတိုင်း ငွေပေးတဲ့အဓိက source ကိုဘယ်နေရာဘာတွေသုံးတယ်တင်ပြရတာ လူတိုင်းသိပါတယ်။
ပြည်သူတွေဆီက လှူတယ်ဆိုရင်လဲ... လှူပီးပြီဘဲ.. ယုံလို့လှူလိုက်တဲ့ပိုက်ဆံ ဘယ်နေရာသုံးသလဲအတိအကျစာရင်းတောင်းနေတဲ့ ပြည်သူတွေများရှိနေသလား...
အကိုဘုန်းကျော်ပြောတာသဘာဝကျပါတယ်..
ဒါပေမယ့် ကျွန်အမြင်ကတော့ ငွေလက်ခံသုံးစွဲသူ၊ ငွေထောက်ပံ့သူ (အဲဒီသူက ဘယ်လောက်စည်းစနစ်ကျလဲဆိုတာ NGO လုပ်နေတဲ့သူတိုင်းသိမှာပါ)၊ အဖွဲ့အစည်းကိုယုံကြည်လို့လှူတဲ့သူတွေ သာပါအဓိကကျတဲ့အဖွဲ့မို့.. သူတို့ကိုယ်တိုင်နဲ့သာသက်ဆိုင်တယ်လို့ မြင်မိပါတယ်ရှင်..
အမှားပါလဲခွင့်လွှတ်ပါ..
Post a Comment