ကျနော် အခုနေတဲ့နေရာမှာ ငပိရည်ဝယ်လို့ မရဘူး။ မျှစ်ပြုတ်နဲ့ ဗဒတ်စာ မရဘူး။ ဒါပေမဲ့ ကျနော် နေတယ်။ ဘာ့ကြောင့်လဲဆိုတော့ ငွေ ရလို့ ပဲ။
ငံပြာရည်စားချင်လို့  လေးနာရီလောက် မောင်းရတဲ့ ကာကူးလီဆိုတဲ့ မြို့ ကိုသွားရတယ်။ စားချင်တဲ့အတွက် ဒုက္ခရောက်တယ်လို့ တော့ မသတ်မှတ်ဘူး။
ကရင်ပြည်နယ်နဲ့ မွန်နယ်စပ်မှာနေတုန်းက အ၀တ်တစ်ထည် ကိုယ်တစ်ခုပဲရှိတယ်။ ပျော်တယ်။ စိတ်မညစ်ဘူး။ မှုးတဲ့လူကလွဲရင်ပေါ့။
ဘ၀တွေမျိုးစုံမှာ ဒုက္ခမျိုးစုံကို ခံစားဘူးတော့ အခုရတဲ့ဘ၀ကို ပျားရည်လို့ တော့မထင်ပါဘူး။ နေနိုင်ပါတယ်။
ကျနော့်နားမှာ ဗမာမရှိဘူး။ ဗမာအစားအစာ ငပိမရှိဘူး။ ဒါပေမဲ့ ရအောင် ဖန်တီးတယ်။ ဘယ်လို ရမလဲဆိုတာ စဉ်းစားတယ်။
ငပိဟာ ကျနော့်အသက်။ ငပိဟာ ကျနော့်ဘ၀။ ကျနော် ဒါတွေမရှိပဲ အသက်မရှင်နိုင်ဘူးလို့ ထင်တယ်။
ဘာ့ကြောင့်လဲဆိုတော့ ငပိစားပြီး အသက်ကြီးလာလို့ ပဲ။
ကျနော့်ကို ဗီဇာပေးပါ။
No comments:
Post a Comment