မြန်မာပြည်က စစ်အစိုးရကော၊ တချို့ သောလူတွေကကော ဒုက္ခသည်ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့  အထင်သေးတယ်။ ဘာ့ကြောင့်လဲတော့မသိဘူး။ ဒုက္ခသည်ဆိုတာ နာမည်အမျိုးမျိုးရှိတယ်။ ဥပမာ...နိုင်ငံရေးဒုက္ခသည်၊ စီးပွားရေး ဒုက္ခသည်၊ လူမူ့ ရေး ဒုက္ခသည်။
ပတ်သ်မြို့ကိုရောက်တော့ လေဆိပ်မှာ Case Worker နဲ့ စပွန်စာပေးတဲ့ဆရာမ က လေဆိပ်မှာလာကြိုတယ်။ မြန်မာပြည်က ပတ်စ်ပို့နဲ့ကျောင်းတက်ဖို့၊ စီးပွားရေးလုပ်ဖို့၊ ခုန်ချဖို့ ၊ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ထွက်လာတဲ့သူကို Case Worker တွေက လာမကြိုဘူး။
သူတို့က နေရာချပေး၊ လိုအပ်တဲ့ အကူအညီပေးတယ်။ ဘာမှ ပူပင်စရာမရှိအောင်။ နွေးနွေးထွေးထွေးပဲ။ ဘယ်သူမှ အထင်မသေးဘူး။ အထင်လဲ မကြီးဘူး။ ရောက်တော့ ရင်ခုန်တယ်။ ဘ၀အသစ်ကတော့ စပြီဆိုပြီး စကားတောင် မပြောဖြစ်ဘူး။
Case Worker က နေရမဲ့အိမ်အထိ လိုက်ပို့ တယ်။ ပတ်မြို့ ကအကြီးကြီးပဲ၊ လူတွေလဲ စည်ကားမှာပဲလို့ ထင်ခဲ့တယ်။ တကယ်တွေ့တော့ တမျိုး..... လေဆိပ်ကနေ၊ နေရမဲ့ အိမ်အထိ လမ်းတလျှောက်မှာ ခြုံပုတ်တွေ ချည်းပဲ။ ဘယ်လိုလဲ... အော်စီက ခြုံပုတ်တွေချည်းပဲလားလို့ ဆရာမကိုမေးတော့ သူမက “အင်း“တဲ့......
ဆက်ရန်.....
No comments:
Post a Comment