ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/7/08

ဦးမင်းကြည်(ခ) စံပြုထိုက်သူ

စံခ(ဘုရားသုံးဆူ)နှင့် တဘက်ကမ်း ထိုင်းနယ်မြေ။ (၂) နှစ်နီးပါး အတူနေဘူးတော့ သူ့ ရဲ့ လေးစား အတုယူဖွယ် ကောင်းတဲ့အချက်တွေကို တွေ့ခဲ့တယ်။ စကားပြောယဉ်ကျေးသိမ်မွေ့တယ်။ ဘ၀ အခက်အခဲတွေ အများကြီးနဲ့ ဘ၀ အခက်အခဲတွေကို ဖြတ်သန်း နေတဲ့သူ။ နှစ်ပေါင်းများစွာ သူချစ်တဲ့တော်လှန်ရေးမှာ ဆက်လက် တိုက်ပွဲ ၀င်နေဆဲ။

စံထိုက်တဲ့အကြောင်း........ကတော့ အသောက်အစားကင်းတယ်။ ဗဟုသုတ ပြည့်စုံတယ်။ မသိရင် Wikipedia လားပဲ။ ကြိုက်တဲ့ အကြောင်းအရာမေး အကုန်နီးပါးပြောနိုင်တယ်။ မနက်မိုးလင်းကနေ မိုးချုပ်ထိ စာအုပ်နဲ့ မျက်နှာ မခွာဘူး။ ဟာသ ပညာလည်းတက်တယ်။ တော်လှန်ရေးအပေါ်မှာ သစ္စာရှိသူ။ သူများအပေါ် အပြုသဘောပဲ ဆောင်တယ်။ သူများမကောင်းကြောင်းမပြောဘူး။ ငွေရေးကြေးရေး ဖောက်ပြန်မှု၊ မက်မောမှုကင်းသူ။ သူများတွေ ငွေကြေးကြောင့် ပြဿနာတက်နေချိန် သူ ဂရုမစိုက်တက်သူ။ အင်္ဂလိပ်စာနဲ့စကားလည်း နိုင်ငံခြားမှာ ဘွဲ့တွေ အများကြီးရထားတဲ့သူတွေထက်သာတယ်။

သူ့ဘ၀ကလည်း အတုယူဖွယ်အားကြဖွယ်ကောင်းတယ်။ လူငယ်တွေနဲ့စကားပြောမိရင် လူငယ်တိုင်းက သူ့ရဲ့  စိတ်ဓာတ်နဲ့ကြိုးစားအားထုတ်မှုကို အတုခိုးတယ်။ သူ့ကြောင့် နိုင်ငံတကာရှိ ကျောင်းတွေမှာ တက်နေတဲ့လူငယ် တွေအများကြီး။ နောင်တချိန်တိုင်းပြည်တည်ထောင်တဲ့အခါမှာ အဲလို လူမျိုးတွေ ဟာ တိုင်းပြည်ကို ကောင်းအောင် လုပ်မယ်လို့ယုံကြည်ရတယ်။

ဦးမင်းကြည်နေကောင်းပါစေ။ ချစ်သော သမီးတွေနှင့်အမြဲအတူနေနိုင်ပါစေ။


No comments:


View My Stats