ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/11/08

အား မှ ကမ္ဘာ ပတ်ရတာ

ဒီနေ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ဂျီတော့မှာ စကားပြောဖြစ်တယ်။ သူက ရန်ကုန်က Company တခုမှာ အလုပ်လုပ်နေတဲ့သူပါ။ ဟိုအကြောင်းဒီအကြောင်းရောက်သွားရင်းနဲ့သူက ပြောတယ်။
“ ဟရောင် …. ငါက အားမှ ကမ္ဘာပတ်လို့ရတာ….” ကျနော် ချက်ချင်းသဘောမပေါက်ဘူး။ ကျနော်က တိုးတိုးလေးပြောတယ်။ Shit မြင့်လှချည်လား….။ ဘယ်ဟုတ်မလဲ နောက်မှ သူက အားမှ အင်တာနက်ကို တက်လို့ရတာဆိုတာ သဘောပေါက်တယ်။ မသိရင်တော လေကြီးတယ်ပေါ့နော်….. စကားလုံးအသစ်ပါ…အထူးသဖြင့် ကျနော့်အတွက်ပါ။
ကျေးဇူးပါစံကွီးရေ……..။
သူ့ကို ကျနော်ရဲ့  ဘလော့ဂ်ကို ဖတ်ဖို့အတွက်ဖွင့်ခိုင်းတယ်။ သူကပြောတယ် ဖွင့်လို့မရဘူးတဲ့။ ကျနော်အခြား ဘလောဂ်တွေထပ်ပေးတယ်။ ကိုမိုးသီး၊ ကိုယောဟန်အောင်၊ ကိုဟန်လင်းထွန်း၊ ကိုဦးမသန္တာ စသဖြင့် ။ သူကပြောတယ်ဖွင့်မရဘူးတဲ့။ ဒါဆိုသေချာပြီ ပြည်ပမှာ လုပ်တဲ့ ဘလော့ဂ်တွေကို စောင့်ကြည့်ပိတ်နေပြီ။
ကြောက်လှချည်လားစောက်ရူးတွေရေ…………။

No comments:


View My Stats