….ထူးထူးခြားခြား မိန်းမက ကောက်ညှင်းပေါင်း နဲ့  ကြက်ကြော် စားချင်တယ်တဲ့  ။ သြော်…်မိန်းမရယ် ချဉ်ခြင်း တပ်စရာရှားလို့  ကောက်ညှင်းပေါင်းနဲ့ ကြက်ကြော် ကို မှစားချင်ရသလားကွယ်……
ကြက်( ၁)ကီလို (၆၀)ဘတ် နဲ့ ကောက်ညှင်းဆန်က အနည်းဆုံး ၃ ဗူးလောက်ဝယ်မှရမှာ ငါကြားဖူးတာက ချဉ်ခြင်းတပ်တယ်
ဆိုတာ ဗိုက်ထဲက ကလေးက တောင်းတတာတဲ့  ။“““ဒိကောင် အတော်အ်ကောင်းကြိုက်တဲ့ ကောင် ၊ကြီးပွားးမယ့်ကောင်ဖြစ် မှာသေချာ
တယ်””” “ ငါ့အမေက ပြောဖူးတယ် င့ါ ကို့ကိုယ်ဝန်လွယ် ထားတုန်းက လျှက်ဆားကို ရေနဲ့ ဖျော်ပြီး တဝသောက်ချင်သတဲ့ လေ။ အဲ့ဒါ
ကြောင့်ဘဲ ငါ အခုထိ ယက်လိုက် စားလိုက်နဲ့ ဘဝကို ဖြတ်သန်းနေရလားမသိ။ ဒါပေမဲ့ ….ငါ့သားက အကောင်းကိုမှ တောင်းတ တယ်ဆိုတော့ ကြီးပွားမှာ၊ သားလေးဆန္ဒကို ဖြည့်ပေး ချင်လိုက်တာ။
ဒါပေမဲ့ သားရယ် ရိက္ခာထုတ်ရမယ့် ရက်ကလဲ လိုသေးတယ်ကွ။ အရင်လက ရိက္ခာဆန်လေး ရောင်းမိလို့ ဆန်အိုးထဲမှာ နို့ ဆီခွက်သံ တဂွမ်း
ဂွမ်း မြည်နေပြီ။နောက်ပြီး စခန်းထဲမှာက စားဖို့  ရိက္ခာဘဲ ပေးတာ၊ ပိုက်ဆံမပေးဘူး။ ပိုက်ဆံကလည်း ဒုတိယဘုရားသခင် ဆိုတဲ့အတိုင်း လိုတယ်ကွ။သြော် ….ငါ့နှယ် ““သားလေး သားလေး”” လို့ သာပြောနေရတယ် ဟုတ်မှ ဟုတ်ပါ့မလား၊ မွေးတောင် မမွေးရသေးဘူး။ ဒါပေမဲ့ရပ်ကွက်(၁၀)ကဗေဒင်ဆရာပြောတာမှန်မှာပါလေ၊“သားလေးမွေးမယ်တဲ့” ငါက လည်း သားလေးအရမ်းလိုချင်နေတာ၊သားလေး
ဘဲဖြစ်ပါစေ။ ဒါပေမဲ့ သားရယ် အဖေ့ခြေရာတော့မ နင်းစေချင်ဘူးကွာ။အဖေ ဖြတ်သန်းခဲ့တဲ့ ဘဝခြေရာတွေကအရမ်းကြမ်းတမ်းတယ်။အထူး
သဖြင့် ပြည်တွင်းက စစ်အစိုးရ ရဲ့ စနက်တွေကြောင့် ပေါ့။ အဖေက ပြည်တွင်းမှာ နေတုန်းက လယ်သမားကြီးကွ။“ကျေးဇူးရှင်တောင်သူလယ်
သမားဦးကြီးများ” လို့ ခေါ်တဲ့ မွန်မြတ်တဲ့ လယ်သမားကြီးကွ။ဒါပေမဲ့ အဖေ့လယ်တွေအသိမ်း ခံရတယ်။ဘာလို့  သိမ်းလဲ အဖေလဲ မသိပါ
ဘူးကွာ၊ သိမ်းပြီးတော့လည်း ဖေ့ရဲ့လယ်မှာ ဘဲစပါးပြန်စိုက်နေ ကြတာပါဘဲ။အဖေကတော့ အဖေလယ်မှာဘဲနေ့ စားနဲ့  စပါး ပြန်စိုက် ပေးနေခဲ့ရတယ်။ဒါ မတရားဘူးထင်တယ်နော် သား၊ဒါပေမဲ့ အဖေ တစ်ယောက်ထဲ ခံရတာ မဟုတ်ဘူးကွ။အများကြီး မှ အများကြီးဘဲ။ အဲ့ဒီတော့ အဖေတို့ လဲ ခံရရိုး ခံရစဉ် အတိုင်းဘဲ လို့  ထင်လာတယ် ကွ။ မတရားလုပ် ခံရတယ်လို့ တောင် မခံစားမိတော့ပါဘူး။ ဒါပေမဲ့ သားရယ် အဖေ တို့  စီးပွားရေး တွေ မကောင်းတော့ဘူး။သားရဲ့ ဖိုးဖိုး နဲ့  ဖွားဖွား ကလည်း အဖေ့ကို ဘဲ မှီခို နေရတာကိုး။ပြောရင် ယုံမှာမဟုတ်ဘူး သား၊ စပါး စိုက် တဲ့ အဖေတို့  ထမင်းငတ်ခဲ့ ရတယ်။ ငတ်ပေမဲ့လည်း ကိုယ့်မွေးရပ်ဇာတိလေးမှာ အဖေတို့ က ပျော်တာကိုး။ရ ရစားစား နဲ့ ဘဲ အဖေတို့ ရဲ့ဘဝတွေကို ဖြတ်သန်းခဲ့ရတယ်။ တစ်နေ့ ကျတော့ အဖေ့ရဲ့ မွေးရပ်ဇာတိလေးကို အဖေ မခွဲလို့ မရတော့တဲ့ အခြေအနေ ကိုကြုံခဲ့ရတယ်။ အဖေတို့ ရဲ့ ရွာလေးကို သူပုန်တွေနဲ့ အဆက်အသွယ် ရှိလို့ ဆိုပြီး စစ်သားတွေက တရွာလုံးကို မီးရှို့ ဖျက်စီး ပစ်လိုက်ကြတယ်။အဖေ၊မင်းအမေ နဲ့ မင်းအဖိုး၊အဖွား တွေတောင် အသက်လု ပြီးပြေးခဲ့ရတာ။ ဘာပစ္စည်းမှ ကို မသယ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့  အခု ဒီဒုက္ခသည်စခန်းထဲကို ရောက်လာရတာပါဘဲ။စခန်းထဲရောက်တော့ အဖေတို့ လိုမျိုး ဘဝတူ ဒုက္ခသည်တွေ အများကြီးတွေ့ တော့ အားတက်မိတယ် သား။ ဒီမှာက ဒုက္ခသည်တွေ အတွက် ရိက္ခာထောက်ပံ့ပေးတယ်လေ။အဖေတို့  အဲ့ဒီ ရိက္ခာတွေနဲ့ ဘဲ ဘဝကို ရပ်တည်နေကြရတာ။ဒါပေမဲ့ ဒုက္ခသည်စခန်းထဲအနေ ကြာလာတော့ လူသားတစ်ယောက် ရဲ့ အခွင့်အရေးတွေ ဆုံးရှူုံးနေသလိုမျိုး ခံစားလာရတယ်။အထူးသဖြင့် ပညာရေး ကျန်းမာရေး။ပြောရရင် နိုင်ငံမဲ့မှု ပြဿနာတွေပေါ့။ ဒါတွေကို အဖေတို့  မခံစားကြရဘူး သား။ အဖေတို့ ကို နိုင်ငံတကာက သနားစရာ သတ္တဝါတွေလို မြင်နေတဲ့ အမြင်တွေကို ဖျက်ပစ်ချင်တယ်။ဘာကြောင့် ဒီလို မြင်နေရလဲ။အဖေ တို့ ပိုင် တဲ့ မြန်မာပြည် ကို အုပ်ချုပ်နေတဲ့ သူတွေက အဖေတို့ ကို ကာကွယ်မပေး လို့ ဘဲ။ အမှန်အတိုင်း ပြောရရင် သားလေး လူ့ လောက ကို ဒီအခြေအနေတွေကြား ထဲ မရောက်လာစေချင် သေးဘူး သား။ အဖေရင် လေးနေတယ်။ ဒီမှာ သားအတွက် တိုးတက် မှူမရှိ ဘူး။ပညာရေး မရှိဘူး။အရေးရယ် အကြောင်းရယ် ကျန်းမာရေး ကိစ္စတွေ ဖြစ်လာရင် အသက်အန္တရယ် သိပ်နီးတယ် သား။ အခု တတိယ နိုင်ငံတွေကို ကူးပြောင်း သိပ်ခေတ်စားနေတယ်။ သားလေး အတွက် အဲ့ဒီ တတိယနိုင်ငံ တွေက သိပ်ကောင်းမှာ မှန်ပေမဲ့ အဖေရဲ့ အတ္တ လို့ ဘဲပြောရမလား သား။အဖေ မြန်မာပြည်ကြီး ကို လွမ်းနေတယ်။ဖြစ်နိုင်ရင် မြန်မာပြည်ကို ပြန်ချင်နေတယ်။
ဒါပေမဲ့ အဖေတို့ ပိုင်တဲ့ ချစ်စရာ အိမ်လေးကို ဘီလူး တစ်ကောင် ဝင်စီးသလိုမျိုး အိမ်လေးကို ပြန်ချင်ပေမဲ့ ဘီလူး ကြောက်နေရတယ်သား။နောက် နှစ် လ လောက်ဆိုရင် မင်းလဲ လူ့ လောက ကို ရောက်တော့မယ်၊အဆင်ပြေ ချောချောမွေ့ မွေ့  မွေးပါစေလို့ ဘဲ ဆုတောင်းနေရတယ်။တခုခု ချွတ်ချော်ခဲ့ ရင် ဆေးရုံကဝေးတယ် ကွ။အဲ့ဒါ အဖေ ပထမဆုံး ပူရတဲ့ အပူ။ဒုတိယကတော့ မင်း လူလောက ထဲရောက်လာရင် တခြားကလေး တွေနဲ့  တန်းတူ ထားနိုင်အောင် ကြိုးစားရမယ့် အဖေ့တာဝန်၊ နောက် သားလေး ကျောင်းနေတဲ့အရွယ်ရောက်လာရင် မှန်ကန်တဲ့ ပညာသင် မှု စနစ် ရှိ မရှိ ဆိုတဲ့ ပြဿနာ အိုး အများကြီးဘဲ သား။ အဖေ အလုပ် လုပ်နိုင် ပါတယ်၊ကြိုးစားချင် တဲ့ စိတ်လည်း ရှိ ပါတယ် ကွာ။ဒါပေမဲ့ ဒီဒုက္ခသည်စခန်း ထဲမှာ အကန့် အသတ်တွေ ရှိတယ်ကွ။အဖေ တို့ အလုပ် လုပ်လို့ မရဘူးလေ။နောက်ဆုံး ကြံရာ မရရင်တော့ သားလေးအတွက် တတိယနိုင်ငံ ကူးပြောင်းဖို့  စဉ်းစားကောင်းစဉ်းစား ရလိမ့်မယ် သား။ မြန်မာပြည် ရဲ့အဝေးဆုံး ကို ထွက်သွားရလိမ့်မယ်။အဲ့ဒီလို အဖေဆုံးဖြတ်ခဲ့ရင်တော့ သားဘက်က အဖေကို ကတိတခု ပေးရလိမ့်မယ်။ သိပ် မခက်ခဲ ပါဘူး သားရယ်၊ “သား ဟာ မြန်မာနိုင်ငံသား၊ မြန်မာပြည် ရဲ့ယဉ်ကျေးမှုတွေကို လေးစားတဲ့ ၊တို့  မြန်မာတွေရဲ့ တန်ဖိုးကို ထိမ်းသိမ်း တဲ့ လူတစ်ယောက် ဖြစ်ဖို့ ” ဒါပါဘဲ ။ သား လုပ်နိုင်တယ် မဟုတ်လား၊ သားလုပ်နိုင် မှာပါ။
ဟော…. မင်း အမေ က အဖေကို ပွစိ ပွစိ လုပ် နေပြီ…. သား တောင်းထား တဲ့ ကောက်ညှင်းပေါင်း နဲ့  ကြက်ကြော် ကိစ္စလေ။အဖေ ဝယ်ကျွေးပါ့မယ် သားရယ်၊ ပိုက်ဆံကတော့ မရှိဘူး ကွ။ဒါပေမဲ့ အဖေ နောက်ထုတ်မယ့် ရိက္ခာကို ကြိုရောင်းထား လိုက်မယ်။သားလေး စားချင်တာ စားရမှာပါ။ နောက်လ ကျရင်တော့ စားစရာမရှိတော့ဘူးကွ။ …ထားလိုက်ကွာ.. အဖေ ဒါတွေကြို မစဉ်းစားတော့ဘူး …နောက်တော့လည်း အဆင်ပြေသွားမှာပေါ့လေ… နော်….
ထိုင်းနိုင်ငံမြောက်ပိုင်ရှိ နို့ဘိုးဒုက္ခသည်စခန်းက ဒုက္ခသည်တစ်ယောက်က သူ့ရဲ့ဘ၀ကို တင်ပြထားခြင်းဖြစ်ပါသည်။
No comments:
Post a Comment