ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/18/08

အသစ်ဝင်ရောက်လာသော ဒုက္ခသည်များအား နို့ ဖိုးစခန်းတွင်ဓါတ်ပုံ ရိုက်မည် (သတင်း)


နို့ ဖိုးစခန်းအတွင်း ၁၇.၁၁.၂၀၀၈နေ့ မှစပြီး ဒုက္ခသည် အသစ်များအား ဓါတ်ပုံစရိုက်ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည် ။ ယခု ကဲ့သို့ ဒုက္ခသည် လူသစ်များအား ဓါတ်ပုံ ရိုက်ပေးခြင်း သည် ၁၇.၁၁.၂၀၀၆ နောက်ပိုင်း ပထမဦးဆုံး စတင်လုပ်ဆောင်သော ထိုင်းအစိုးရ (လ၀က)၏ ခြေလှမ်းတလှမ်းဖြစ်သည်။
သို့ ရာတွင် နောက်ဆုံးရရှိသော သတင်းများအရ ၂၀၀၇ ခုနှစ် အထိဝင်ရောက်လာသော ဒုက္ခသည် လူသစ်များကိုသာ ဓါတ်ပုံရှိုက်ပေးခြင်း ဖြစ်သဖြင့် ၂၀၀၈ -ခုနှစ် အတွင်း ၀င်ရောင်လာသော လူသစ်များအကြားဝယ် မကျေလည် မှုများဖြစ်ပေါ်နေသည် ဟုသိရှိရပါသည်။ ၄င်းကိစ္စကို ထိုင်းအစိုးရ မှမည်သို့  မည်ပုံဆောင်ရွက်မည်ကို မသိရှိရသေးသော်လည်း ဒုက္ခသည်စခန်းအတွင်း ရှိနေသောဒုက္ခသည် များအားလုံးကို ဓါတ်ပုံရိုက်ပေးခြင်းပြုလုပ်ပေးမည်ဟူသော ခန့် မှန်းသတင်းများလည်း ထွက်ပေါ်လျှက်ရှိပေသည်။
၎င်းကဲ့သို့  ၂၀၀၇ ခုနှစ် အထိ ၀င်ရောက်လာသော ဒုက္ခသည် လူသစ်များကိုသာ ဓါတ်ပုံရိုက်ပေးမည် ဟုကန့် သတ်လိုက်သောကြောင့်  ၄င်းနှစ်နောက်ပိုင်း ၀င်ရောက်လာသော ဒုက္ခသည် လူသစ် များအနေဖြင့်  အစားထိုး ၀င်ရောက် ဓါတ်ပုံရိုက်နေကြသော ပြသာနာ တရပ်ကိုလည်း ကြုံတွေ့  နေရပါသည်။နို့ ဖိုးဒုက္ခသည် စခန်းအတွင်း တွင် အသစ်ဝင်ရောက်လာသော ဒုက္ခသည်လူသစ် အင်အားများမှာ(၅၀၀၀)ကျော်ခန့်  ရှိသည်ဟုစခန်းတာ ၀န်ရှိသူ များမှ ပြောကြားပါသည်။ ထိုမျှများပြားသော လူသစ်အင်အားကို ထိုင်းအစိုးရ အနေဖြင့် မည်သို့ မည်ပုံ စိစစ် ခွဲခြားပြီး မည်သို့ အရေအတွက် ကန့် သတ်မည်ကို လူသစ်များအနေဖြင့်  စိတ်ဝင်တစား စောင့် ကြည့် လျက်ရှိသည်။
မှတ်ချက်။ နို့ဘိုးမှ ပို့လိုက်သော သတင်းဖြစ်ပါသည်။

No comments:


View My Stats