ပြေးဖို့အတွက် အမိန့်ကျတော့ ပြေးပြီ။
ပြေးဖို့အတွက်ကို ဒီလိုစီမံတယ်။ စခံမှာလည်း ဆက်နေလို့မရတော့ဘူး။ ဗျူဟာမှုး တွေတော့ မသိဘူး။ အနီးစပ်ဆုံး ဒု-တပ်မှုးနဲ့နေရတော့ သူပြောတာကို နာခံရတယ်။ ကျနော်တို့နေတဲ့နေရာက မွန်ဘက်ကမ်း၊ ၀င်းကလို့လည်းခေါ်တယ်။ အိမ်တစ်အိမ်၊ ဈေးပေါ်ဆုံးအိမ်မှာတခုမှာ ငှားပြီးပုန်းကြတယ်။ အပြင်လည်းမထွက်ရဲဘူး။ သိမှာစိုးလို့။ ကျနော်က ၀ိမလိုင်တောစပ်ကနေ မိန်းမရောက်လာတဲ့အတွက်ကြောင့် ရာထူးတိုးပြီး ဒု-တပ်မှုးနဲ့အတူနေရတယ်။ ကံတော့ကောင်းတယ်။ ဒုက္ခကိုအကြာကြီးမခံရဘူး။
ဒု-တပ်မှုးက တနေရာ၊ တပ်မှုးကြီးတနေရာ။ ဖုန်းတော့အဆက်အသွယ်ရှိတယ်။ ဒါပေမဲ့ အမြင်မတူဘူး။ တပ်မှုးကြီးက ဆက်လက်ခုခံရေး။ ဒု-တပ်မှုးက မဲ့ဆောက် ဗဟိုနဲ့ပေါင်း စည်းရေး။ ဒါကို ဗဟိုကလည်းသဘောတူတယ်။ ဘုရားသုံးဆူကနေ မြ၀တီကို လာဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူး။ နောက်ဆုံးညှိကြရင်း ဗဟိုတည်ရှိရာမဲ့ဆောက် ကို သုံးဆူကနေ လမ်းလျှောက်ကြမယ်ပေါ့။ တောလမ်းကနေ။ KNU စိုးမိုးရာဒေသထဲ ကနေ။
တောင်ပိုင်း လူ့ဘောင်သစ်တပ်မှုးဆိုတာကလည်း ကွမ်းစားတာကလွဲလို့ အရမ်းရိုးတယ်။ ဒု-တပ်မှုးကလည်း တော်တော်ထက်တယ်။ ဘယ်သူကိုမှ ဗိုလ်မထားပဲမှုးတဲ့အတွက် ကြောင့်။ ဒီလိုနဲ့ တောင်ပိုင်းကနေ၊ မြောက်ပိုင်းဗဟို ဌာနချုပ်ကို ချီတက်ကြမယ် ဆိုပီး၊ KNU နဲ့ချိတ်တယ်။ KNU က ရဲဘော်တချို့ ကနေ အဆက်အသွယ်ရတယ်။ နာမည်ကတော့ ကိုနိုင်ပါ။ တပ်ရင်း ၁၆ က။ ဒီလိုနဲ့ ဇယားတွေဆွဲကြတယ်။ ဗဟိုက စီမံတဲ့လူကတော့ အခု အမေရိကမှာရှိတဲ့ ကိုအောင်ကို။
မပြေးခင်မှာ စကားအနည်းငယ်ခင်းချင်တယ်။ တောင်ပိုင်းဒီမိုကရေစီအင်အားစုတွေကို စဖမ်းတဲ့အချိန်မှာ ဆလိုင်းကိုကိုဦးရှိတယ်။ သူက အလည်လာတဲ့အချိန်။ သူအလည်လာ ရင်း ဖမ်းတဲ့အချိန်နဲ့တွေ့တော့ ပေါ်တာဖြစ်သွားတယ်။ ကျနော်နဲ့ ကိုငယ်ထွေးက ထမင်း ချက်၊ သူက အချုပ်ထဲကို ထမင်းပို့တဲ့ ဆက်သားပေါ့။ သူ့မှာက
စံခက-မဲ့ဆောက်ကို ဖြတ်ဖို့ ဆုံးဖြတ်ချက်ကျတော့ စစ်ထွက်ပြီပေါ့။ အိမ်ကမိန်းမကို မှာစ ရာရှိတာမှာတယ်။ ၀ယ်စရာရှိတာ ၀ယ်တယ်။ ဒီအချိန်မှာတော့ ၀မ်းနည်းစရာ။ မိန်းမတွေကို အပေါ်လမ်းက ထိုင်းထောက်လှမ်းရေးကားနဲ့တဆင့် မဲ့ဆောက်အရောက် ပို့ပေးမယ်။ ယောက်ျားတွေကတော့ လမ်းလျှောက်ပေါ့။ ကောင်းပါတယ်။ ထောက်ခံတယ်။ ဒီအစီအစဉ်ကို။ ဒါပေမဲ့ တခုစဉ်းစားမိတာက ဘာ့ကြောင့်များ ကျနော်တို့ကို ဒုက္ခခံပြီး လမ်းလျှောက်ခိုင်းရတာလဲပေါ့။ မလိုအပ်ဘူးလေ။ ငွေလည်း သိပ်မှမကုန်တာဗျာ။ ဒီလိုနဲ့ လမ်းလျှောက်ကြတယ်။
စံခကနေ KNU နယ်မြေဖြတ်ဖို့ဆိုတာ ဘုရားသုံးဆူမြို့ တခုလုံးကို ဖြတ်မှဖြစ်တယ်။ KNU က ကိုနိုင်ရဲ့ အကူအညီနဲ့ သုံးဆူကို ညနေပိုင်း သေနတ်မပါပဲဖြတ်တယ်။ ဆိုင်ကယ်ကယ်ရီ သမားကတော့အဆင့်သင့် စီစဉ်ထားတယ်။ သူကမောင်းတယ်။ မက်ကသာအထိပေါ့။
ပထမဆုံးစဖြတ်တော့ ဘယ်သူအရင်သွားမလဲ။ ကိုငယ်ထွေး၊ ကိုဝဏ၊ ဒု-တပ်မှုး၊ ဘုန်းကျော်။ အားလုံးပေါင်းလေးယောက်ရှိတယ်။ ဘယ်သူမှ အရင်မဖြတ်ဘူး။ ကျနော် သွားတယ်။ ကြောက်လိုက်တာ အရမ်းပဲ။ ဆိုင်ကယ်နောက်မှီးကိုကိုင်ထားတဲ့ လက်က အရေပြားလှန်တာတောင် သတိမထားမိဘူး။ သုံးဆူ ရဲစခန်းကိုဖြတ်တယ်။ ပြီးတော့ စာသင် ကျောင်း၊ ပြီးတော့ လူနေအိမ်တွေ။ မိလို့ကတော့ အသေပဲ။ လူနေအိမ်တွေကျော်တော့ နာရီဝက်လောက် ဆိုင်ကယ်သမားဖြတ်တော့မှ မက်ကသာဂွင်ရောက်တယ်။ KNU ဂိတ် တွေ့တော့ စိတ်အေးရတယ်။ နောက်ပိုင်းရောက်လာတဲ့သူတွေက ကိုငယ်ထွေး၊ ဒု-တပ်မှုးနဲ့ ကိုဝဏ။ ဆိုင်ကယ်ကိုအတူတူစီးလားကြတယ်။ ဒါနဲ့စဉ်စားမိတယ်။ သေရင်တော့ ကိုယ်က အရင်ဦးအောင်သေရမယ်လို့။
ဆက်ရန်…။
No comments:
Post a Comment