ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

12/4/09

ဦးဟန်ညောင်ရွှေနယ်စပ်အခြေစိုက်အတိုက်အခံတွေကို ခိုင်းတော့မည်....

ဆရာကြီး ဟန်ကို အခုလိုမျိုး နှုတ်ခမ်းမွေးကားကား တွေ့ရတယ်။

ဦးဟန်ညောင်ရွှေအဖွဲ့မှ နယ်စပ် NGO တွေကို ရံပုံငွေပေးတော့မည်ဟုပြော..


ဧရာဝတီ မှ ကိုစောရန်နိုင်ရဲ့ သတင်းကိုဖတ်ပြီး အခုလိုတွေးမိပါတယ်။ Possitive Sense နဲ့ Negative Sense နှစ်ခုလုံးကိုအခြေခံပါတယ်။ ငွေပေးတာကောင်းတယ်။ ကုသိုလ်ရတယ်။ ၀မ်းလည်းဝတယ်။ ဒါပေမဲ့ ရိုးသားမှုပါရဲ့ လား။

ဒီသတင်းကို ဒီဇင်ဘာလ လေးရက်နေ့မှာ တင်တဲ့ ဧရာဝတီ အင်တာနက် စာမျက်နှာ (အင်္ဂလိပ်) လိုမှာရေးထားတယ်။ မြန်မာလို ၀က်ဆိုက်မှာတော့ ဘာသာပြန်ပီးတင်ထားတာမတွေ့ရဘူး။ EBO ကကြီးမှုးတဲ့ အစည်းအဝေး ကို ချင်းမိုင်မှာ ဒီဇင်ဘာလ ၁-ရက်နေ့ကနေ ၂-ရက်နေ့အထိလုပ်တယ်။ အဖွဲ့ အစည်းပေါင်းစုံတက်တယ်။ အထူးသဖြင့် နယ်စပ်အခြေစိုက် NGO အဖွဲ့တွေ များတယ်။ ၂၀၁၀-ရွေးကောက်ပွဲ ဆန့်ကျင်ရေးကို ဦးတည်တဲ့ အဖွဲ့တွေကို ရံပုံငွေပိုပေးမယ်လို့ပြောတယ်။

ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် နယ်စပ်အခြေစိုက် အဖွဲ့တွေ၊ NGO တွေဟာ အရင်ကလို ငွေသိပ်မရတော့ဘူး။ အဖွဲ့တော်တော်များများ ဒုက္ခထဲရောက်နေတယ်။ ဒါကို ကူညီတဲ့အနေနဲ့ EBO အဖွဲ့က ပေးမယ်လို့ပြောတယ်။ EBO အဖွဲ့ဆိုတာကလည်းဟန်ညောင်ရွှေ ဦးဆောင်ပီးလုပ်ထားတဲ့ အဖွဲ့ဖြစ်တယ်။ သူလည်း NGO ပါဘဲ။ ဒါပေမဲ့ သူ့ NGO က အကြီးစားအဖွဲ့ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်က အီးယူက ရတာတင် အမေရိကန်ဒေါ်လာငွေ သုံးသန်းကျော်တယ်။ သိချင်ရင် သူတို့ဝက်ဆိုက်ကိုဖွင့်ကြည့်။ သူ့အဖွဲ့ကနေတဆင့် အတိုက်အခံ အဖွဲ့တွေကို ငွေပေးတယ်။ သူ့အဖွဲ့ကို အီးယူနိုင်ငံတွေကငွေပေးတယ်။ သူ့ရဲ့  Proposal မှာ ဘာတွေပါလဲတော့မသိဘူး။ ဒါပေမဲ့ပြည်ပအတိုက်အခံတွေကို သူက ငွေရှာပေးတဲ့နေရာမှာတော နာမည်ကြီးတယ်။

အခု သူ့အဖွဲ့ကနေ တရားမ၀င်အလုပ်သမားရေးကို လုပ်နေတဲ့အဖွဲ့တွေ၊ ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေကို ကူညီပေးတဲ့အဖွဲ့တွေကို ရံပုံငွေပေးမယ်။ သူ့အဖွဲ့ကနေ လျှောက်ရမယ်။ ဆိုတော့ သူက သူပြောတာကို နားထောင်ပါ ဆိုတဲ့အချက်ဖြစ်နေပီ။ သူ့ဆီမှာ ငွေတောင်းမဲ့အဖွဲ့တွေလည်းအများကြီးပါ။

ဒီအစည်းအဝေးမှာ သူတို့အဖွဲ့ကပေးမဲ့ရံပုံငွေကို နယ်စပ်အဖွဲ့တွေ သုံးတဲ့အခါမှာ ခိုးလို့မရအောင်လည်း ဆွေးနွေးကြတယ်။ တောင်းသလောက်ပေးမယ်ဆိုတာကိုလည်း မပြောပါဘူး။ ဦးဟန် လိုပဲ ထိုင်းအခြေစိုက် ရှမ်းအဖွဲ့တွေကိုပဲ ဦးစားပေးပြီးပေးမှာလား။

EBO အဖွဲ့ကိုအရှည်ကောက်ခေါ်ရင် The Euro-Burma Office

အဖွဲ့ကို ၁၉၉၇-ခုနှစ်မှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲမြို့ မှာဖွဲ့တယ်။ ရည်ရွယ်ချက် ကတော့….မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို ကူညီဖို့နဲ့ မြန်မာပြည်အရေး နိုင်ငံတကာ အာရုံပိုစိုက်လာ အောင်လုပ်ရေး လုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွဲ့တယ်။

EBO ဘာ့ကြောင့်ငွေတွေအများကြီး ရလဲ။ ဘာ့ကြောင့် ပြည်ပအခြေစိုက်အဖွဲ့တွေကို ငွေတွေအများကြီးပေးရလဲ ဆိုတာ စဉ်စားစရာပါ။ ကျနော့်ယူဆချက်ကတော့..

တစ်…သူတို့က ငွေပေးပြီးနာမည်ကြီးတယ်။ သြဇာရှိတယ်။ ပြည်ပအခြေအစိုက်အဖွဲ့တွေပေါ်မှာ။ သူတို့အဖွဲ့ကို နိုင်ငံတကာက ငွေပေးတယ်။ ဘာ့ကြောင့်ပေးလဲဆိုတော့..စဉ်းစားစရာပါ။ လုပ်နိုင်လို့လား။ မဟုတ်ဘူး။ ဒါဆိုရင် ဘာလဲ။ တခုပဲရှိတယ်။ နောက်ပြီး…သူတို့အဖွဲ့က ဗမာပြည်နိုင်ငံရေးမှာ မနေ့တနေ့က ၀င်လာတယ်။ အာဏာလိုချင်လို့လား။ ရိုးသားလား။ အလုပ်မရှိ အလုပ်ရှာနေတာလား။ သူ့အိပ်ထဲကနေ NGO တွေကိုလှူနေတာလား။

ဦးဟန်ညောင်ရွှေ…သူက..သမ္မတကြီးစပ်ရွှေသိုက်ရဲ့ သားလား။ သူ့ကြောင့် EU ဒိုနာတွေ ငွေပေးတာလား။ သူက မြန်မာပြည်ရဲ့  သမ္မကြီးဖြစ်ချင်သေးလား။ သြော်..စေတနာရှိလို့လား။ သူ..လစာတွေအများကြီးရလား။ သူ…ရိုးသားရဲ့ လား။ မေးခွန်းပေါင်းများစွာမေးရင်းနဲ့ Irrawaddy ရဲ့ သတင်းကို အဆုံးသတ်ပါတယ်။

No comments:


View My Stats