ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

1/18/10

ကိုရုပ်ကြီးရဲ့ ဟာသ...

ကိုရုပ်ကြီးရဲ့ ဟာသ...

ကိုရုပ်ကြီးဆိုတဲ့လူဟာ လူကောင်ကြီး၊ တကိုယ်လုံးမှာ အရုပ်တွေနဲ့မို့သူ့ကို ချစ်တဲ့သူတွေက အရုပ်ကြီးလို့နာမည်ပေးတယ်။ အရက်၊ ဘီယာ ချသလားတော့မမေးနဲ့...။ အလုပ်ကအပြန် အပန်းဖြေသဘောနဲ့။ အယ်ကိုဟောသမားတော့မဟုတ်ဘူး။

သြစီက စက်ရုံတခုမှာအလုပ်လုပ်တယ်။ သူ့ရဲ့ သူငယ်ချင်းတွေ နယူးဇီလန်၊ ထိုင်း၊ မလေးရှားကို နှစ်စဉ် ဒီဇင်ဘာလဆိုရင် ဟောလီးဒေးထွက်ကြတယ်။ အပြန်ကြရင်သူ့အတွက် လက်ဆောင်ဝယ်လာလေ့ရှိတယ်။

တနေ့မှာ သူငယ်ချင်းအဖြူတစ်ယောက်ကသူ့ကိုမေးတယ်။ ငါတို့ နယူးဇီလန်သွားရင် သူ့နိုင်ငံရဲ့ အထိမ်းအမှတ်ဖြစ်တဲ့အကောင်ပါတဲ့ ရုပ်ပုံတခုခုတော့ ၀ယ်ပြီး သူငယ်ချင်းတွေကိုလက်ဆောင်ပေးတယ်။ ဥပမာ နယူးဇီလန်ဆိုရင် ကီဝီငှက်ပုံပါတဲ့ Aminal ပုံ တခုဝယ်လာပြီး သူငယ်ချင်းတွေလက်ဆောင်ပေးတယ်။ သူ့နိုင်ငံရဲ့ အထိမ်းအမှတ်ပေါ့။

ထိုင်းနိုင်ငံသားဖြစ်တဲ့ ကိုရုပ်ကြီးရဲ့ သူငယ်ချင်းကလည်းထိုင်းကိုသွားရင် ကိုရုပ်ကြီးအတွက် သူ့နိုင်ငံအထိမ်းအမှတ်ဖြစ်တဲ့ ဆင်ပုံပါတဲ့အရုတ်တခုပေးတယ်။

သူတို့က ကိုရုပ်ကြီးကိုမေးတယ်။ မင်းတို့မြန်မာနိုင်ငံမှာကော ငါတို့လို နိုင်ငံတွေလိုအထိမ်းအမှတ်ဖြစ်တဲ့ တိရိစာန်ပုံတွေရှိလားလို့မေးတယ်။ ကိုရုပ်ကြီးပြောတာကတော့-

" ငါတို့နိုင်ငံရဲ့ တိရိစာန်ဆိုလို့ သန်းရွှေပဲရှိတယ်" လို့ပြောတယ်။

ဒီမှာ အခြားနိုင်ငံသားတွေဖြစ်တဲ့ နယူးဇီလန်၊ ထိုင်း၊ အာဖရိကနိုင်ငံသားတွေထင်သွားတာက မြန်မာနိုင်ငံရဲ့ တိရိစာန်ဟာ သန်းရွှေဖြစ်တယ်ပေါ့...။

မှတ်ချက်။ မရေးတက်လို့ ရေးတက်သလိုရေးပါတယ်။ သူငယ်ချင်းတွေဟားဟားဖြစ်အောင်ရည်ရတဲ့ ဟာသကို အပြင်မှာမြင်စေချင်ပါတယ်။

No comments:


View My Stats