ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

1/22/10

ဗိုလ်ချုပ်သန်းရွှေမသေခင်မိသားစုကို မှာခဲ့သောစီမံကိန်း

" ငါ့..မိန်းမ ဗေဒင်မေးပြီပီ..။ ကံနိမ့်တာတွေအားလုံးကို ကျော်နိုင်မဲ့အချိန်က ဒီတစ်ခုပဲရှိတယ်။ ငါလည်း အသက်ကြီးပီ။ သေခါနီးပီ။ ဦးနေ၀င်းမိသားစုလို၊ ခင်ညွှန့် မိသားစုလို ငါတို့ မိသားစုတွေမဖြစ်အောင် ကာကွယ်ဖို့အရေးကြီးတယ်။ ပြီးခဲ့တဲ့ ရက်က ငါ..အိမ်မက်မကောင်းဘူး။ ငါ့...ခေါင်းကို ခွပ်ဒေါင်းခွပ်ခံရတယ်။


၁၀ ရက်နေ့  ၁၀ လပိုင်း ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်။ မလုပ်ခင်မှာ နိုင်အောင်တော့ ငါတို့ ကြိုတင်ပြင်ဆင်ပီးဖြစ်တယ်။ ကံအကြောင်းမလှလို့မနိုင်ခဲ့ရင် အာဏာသိမ်းမယ်။ အခုလောလောဆယ်တော့ ငါတို့ပြင်ထားသင့်တာကို ကြိုင်တင်ပြင်ထားကြမယ်။

ငါတို့ ရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်ပမှာ တချို့ ခွဲထားရမယ်။ အထူးသဖြင့် အာရှ နိုင်ငံတွေကို ငါတို့ရဲ့ ငွေမဲတွေသိမ်းဖို့ အထူးအားထားကြပါ။ တိုင်းပြည်မှာရှိနေတဲ့ အစိုးရပိုင် တိုက်တာအဆောက်အဦး၊ မြေနေရာ၊ စီးပွားလုပ်ငန်း မှန်သမျှ တေဇပိုင်တဲ့ ထူးကုမ္ပဏီကို ၁၀ လပိုင်း ၁၀ ရက်နေ့ မတိုင်ခင်၊ တရားဝင် လွှဲထားကြ။

တနိုင်ငံလုံးမှာ ရှိတဲ့ဆက်သွယ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ သတ္တုတွင်းလုပ်ငန်း၊ လေကြောင်းကုမ္ပဏီအားလုံးကို တေဇကို တရားဝင်လွှဲထားကြ။ ဒါမှ ငါတို့ ရွေးကောက်ပွဲနိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ တိုင်းပြည်ရဲ့ အရေးအကြီးဆုံး စီးပွားရေးလုပ်ငန်းတွေကို ငါတို့လက်ဝါးကြီးအုပ်ထားမိပြီ။ ငွေရှိရင် အာဏာရှိဖို့လွယ်တယ်။

အခြေခံဥပဒေထဲမှာလည်း တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်တွေကို ကာကွယ်ပေးရမယ်ဆိုတာ ပြဌာန်းပီးသား။ ဒီပွဲက ငါတို့အတွက် တချက်ခုတ်နှစ်ချက်ပြတ်ပဲ။ ပြည်တွင်းက ကုလား၊ တရုတ် စီးပွားရေးလုပ်ငန်းရှင်တွေကို လုံးဝမျက်နှာသာမပေးကြနဲ့။ ဒီကောင်တွေဆီက ရနိုင်သလောက်ယူထားကြ။

ရွေးကောက်ပွဲမတိုင်ခင်မှာ ကျော်ဆန်းက မွတ်စလင်နဲ့ အခြားဘာသာဝင်တွေအပေါ်အထင်လွဲအောင် အင်တာနက်မှာကော အပြင်မှာကော အာရုံပြောင်းဖို့ ဟိုနေ့ကမှာပြီးပြီ။ ငါတို့မိသားစုတွေ အားလုံးစည်းစည်းလုံးလုံးရှိကြပါ။ ငါ မသေခင် ငါ့ မိသားစု ကောင်းစားတာမြင်ချင်တယ်"

ဗိုလ်ချုပ်သန်းရွှေသူ့ရဲ့ အိမ်မှာ ၂၀၀၉-ခုနှစ် ၅ လပိုင်းက သူ့မိသားစုတွေကို ပြောကြားခဲ့တဲ့စကားဖြစ်ပါတယ်။ သူတို့ပြောနေတုံး အမှတ်မထင်ကြားလိုက်ရတဲ့ အရာရှိတစ်ယောက်က ပြောပြထားပါတယ်။ သူ့အိမ်မှာ ဒီအရာရှိက ၆-လ နီးပါး လုံခြုံရေးယူပေးပါတယ်။ ဒီအရာရှိဟာ အခုအချိန်မှာ Perth မြို့ မှာ အခြေချနေတာ ၂-လရှိသွားပီဖြစ်ပါတယ်။ သူ မှတ်မိသလောက်ပြောပြထားပါတယ်။ 

No comments:


View My Stats