နိုင်ငံရေးလုပ်ချင်ရင်၊ လူလေးစားခံချင်ရင်
၁) စီးပွားရေးလုပ်၊ ငွေကြေးချမ်းသာရမယ်။
၂) ပညာတက်ရမယ်။ အနည်းဆုံး နိုင်ငံခြားက ဘွဲ့တခုခုတော့တက်ရမယ်..။
၃) အများလေးစားတဲ့ အထက်တန်းလွှာ အလုပ်တခုရှိရမယ်။
၎) အကျင့်စာရိတ္တကောင်းမွန်ရမယ်..ဆိုလိုတာက သူများမိန်းမကို ကြာမခိုရဘူး။
ဒါတွေမရှိဘဲ...
ငါက နှစ်ပေါင်း လေးဆယ် တော်လှန်ရေး၊ နိုင်ငံရေးလုပ်ပါတယ်ပြောပြော ဘယ်သူမှအထင်မကြီးဘူး..။
အထင်ကြီးလေးစားတာက လက်တလေမြင်ရတွေ့ရတဲ့ ဘ၀ ဖြစ်တယ်။ ဒါက အထက်ကပြောသလို..ခင်ဗျား ဘယ်လောက်လူအထင်ကြီးခံရလဲနဲ့ဆိုင်တယ်။
သခင်တင်မြလို့ ကျောင်းကောင်းကောင်းမနေဘူးတဲ့လူက မဆလမှာ စီစီ(ဗဟိုကော်မတီ)၀င်လုပ်တာ သူ့အပြစ်မဟုတ်ဘူး..။ ခန့်တဲ့သူရဲ့ အပြစ်ဖြစ်တယ်။ ဘုံဘ၀မှာရေးတက်ရုံနဲ့ တိုင်းပြည်ကို အုပ်ချုပ်၊ စီမံခန်ခွဲဖို့(တိုးတက်အောင်) မလုပ်နိုင်ဘူး။ ဒါကိုယနေ့လူငယ်တွေသတိထားရမယ်..။
အခုပြည်တွင်းမှာဖြစ်နေတဲ့၊ ပြည်ပမှာဖြစ်နေတဲ့ နိုင်ငံရေးသမားတွေ၊ အာဏာရှင်တွေ အများသောအားဖြင့် ဒီလိုအပေါက်မျိုး ချိုးလိမ့်မယ်။ မယုံရင်စောင့်ကြည့်နေ။ အတူလက်တွဲလုပ်တဲ့လုပ်ဖော်ကိုင်ဖက်၊ ငါ...ပြောရင် နားထောင်တယ်ဆိုတဲ့ လူတွေကို အာဏာရှိတဲ့သူတွေခိုင်းလိမ့်မယ်..။ ရှေးက သင်ခန်းစာကို မယူတက်တဲ့သူဆိုရင် ဒီမိုကရေစီ ၁၀ ခါပြန်ရရ ပြည်သူငတ်နေမှာပဲ..။
ငါ..စောင့်ကြည့်မယ်...ငါ...အခု...တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်ရလဲ၊ ပြည်သူကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ..ငါ..မသိသေးဘူး..။ ငါ..လေ့လာအုံးမယ်...လေ့လာပြီးရင် ငါ...လုံးဝ အာဏာရအောင်ယူမယ်...။
No comments:
Post a Comment