ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

1/15/10

တိုးချဲ့ CEC များသည် Aged Care Workers တွေများလား?????

CEC အဖွဲ့ဝင်သစ်များမှာ ဒေါက်တာ သန်းငြိမ်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဝင်းနိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးသိန်းညွန့်၊ ဒေါက်တာမေ၀င်းမြင့် တို့ဖြစ်ကြောင်း သိရသည်။ ၁၉၉၀ ရွေးကောက်ပွဲမှ ရွေးချယ်ခံ အမတ်များ ဖြစ်ကြသည်။

တိုးချဲ့ CEC များသည် Aged Care Workers တွေများလား?????

နယ်စပ်အခြေစိုက်လူ့ဘောင်သစ်ပါတီလို NLD လည်း လက်ရှိနိုင်ငံရေးအခြေအနေအရ ဗဟိုကနေရွေးချယ် ရပါသည်။ What is လက်ရှိနိုင်ငံရေးအခြေအနေ???? လက်ရှိနိုင်ငံရေး အခြေအနေကြောင့်...။ သိတ်လှတဲ့စကားလုံးပါလားနော်။ အောက်ခြေအဖွဲ့ဝင်တွေမှာ လုံးဝအာဏာမရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါလားနော်..။ အာဏာရတာတောင် အောက်ခြေက တင်တဲ့ စီအီးစီ ဖြစ်ပါ့မလား။ ကျနော်တော့ ဒီလိုတွေးမိပါတယ်...။

တိုးချဲ့ အဖွဲ့ဝင်များကိုကြည့်ပါ...ဆရာဝန်နဲ့ရှေ့ နေတွေဆိုတော့ Aged Care Wrokers လုပ်ဖို့လားမသိဘူး။ လူအိုတွေကို ဆေးပေး၊ မီးယူ၊ အီး..ကုန်ပေးဖို့ ဘဘတို့များ လူငှားလေသလား..။

မြန်မာ့နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများဟာ ဒီမိုကရက်တစ်အာဏာရှင်လို့ နာမည်တပ်ရမည်ဖြစ်ပါကြောင်း....။ မြန်မာတွေ အာဏာရှင်လုပ်တာဝါသနာပါတယ်။ အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ ကိုးကွယ်ရာဘုန်းကြီး၊ ကျောင်းဆရာ၊ ဆရာမ၊ အားလုံးဟာအာဏာရှင်တွေပါ။ မြန်မာ့ယဉ်ကျေးမှုလည်းအာဏာရှင်တခုဖြစ်ပါတယ်..။ ဥပမာ...လူကြီးပြောတာ နားထောင်၊ ပြန်ပြောရင် ငရဲကြီးတယ်၊ မိုက်ရိုင်းတယ်...စသဖြင့်...။

ဒီလိုဖြစ်နေတဲ့အာဏာရှင်မြန်မာ့ယဉ်ကျေးမှုဟာ ရေရှည်မခံပါဘူး။

No comments:


View My Stats