ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

3/31/10

OSH act

Occupational Health and Safety Act ဆိုတဲ့ ဥပဒေက နိုင်ငံတော်တော်များများမှာရှိတယ်။ အလုပ်သမားအခွင့်အရေး၊ လုပ်ငန်းရှင်အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ဥပဒေဖြစ်တယ်။ နှစ်ဦးနှစ်ဘက်နစ်နာမှုမရှိအောင် လုပ်ပေးထားတာဖြစ်တယ်။ ဒါကို လူတိုင်းနားလည်သင့်တယ်။ Occupational Health and Safety ကို ဗမာလို ဘာသာပြန်ချင်ရင် လုပ်ငန်းခွင်ဆိုင်ရာကျန်းမာရေးနဲ့ လုံခြုံရေးဥပဒေလို့ ကျနော်ဘာသာပြန်တယ်။ ဒီဥပဒေရဲ့ အဓိကအနှစ်သာရက အလုပ်သမားတွေမနစ်နာအောင်၊ အလုပ်ရှင်တွေမဆုံးရှုံးအောင်၊ ကုန်ထုတ်လှုပ်မှုမြင့်မားအောင်၊ နှစ်ဦးနှစ်ဘက်အကျိုးရှိအောင် လုပ်ပေးတဲ့ဥပဒေဖြစ်တယ်။

International Labour Organization မှာပါတဲ့နိုင်ငံတိုင်းဟာ ဒီဥပဒေရှိရတယ်။ ရှိမှလည်း ILO ကိုဝင်ရတယ်။ လက်မှတ်ထိုးရတယ်။ မြန်မာ၊ ထိုင်း၊ နဲ့ တချို့ နိုင်ငံတွေမှာ ဒီလိုဥပဒေတော့ မရှိဘူး။ အလုပ်သမားအခွင့်အရေး၊ လုပ်ငန်းရှင်အခွင့်အရေးကို ကာကွယ်ပေးတဲ့ဥပဒေ၊ ဒါကိုနာမည်တမျိုးနဲ့လုပ်ထားတော့ရှိတယ်။ ထိုင်း၊ မြန်မာ၊ မလေးရှား၊ စင်္ကာပူ၊ စတဲ့နိုင်ငံတွေမှာ ဒီလိုဥပဒေရှိရဲ့ သားနဲ့ မြန်မာနိုင်ငံသားတွေ ခွေးဖြစ်နေတာကိုမခံချင်လို့ ဒီလိုရေးတယ်။ အဓိကအားဖြင့် နိုင်ငံသားဆိုတာက ဘာမှသိတ်နားလည်းတာမဟုတ်ဘူး။ အစိုးရ၊ အန်ဂျီအို၊ အလုပ်သမားအခွင့်အရေးကိုလုပ်နေတဲ့လူတွေက အသိပညာပေးရတယ်။ မြန်မာပြည်သားတွေအတွက် လုပ်နေပါတယ်ဆိုတဲ့ အန်ဂျီအိုကိုကြည့်။ လေတိုက်ရင်လေတော့မဲ့အတိုင်းပဲ။ ဒီလိုပြောလို့မင်းလာလုပ်ပါလားဆိုရင်လည်း မလုပ်နိုင်ဘူး။ ပြောကြည့်တာ။

ဆက်ရေးအုံးမယ်...

No comments:


View My Stats