ရဲဘော်ဟောင်းသို့...
ခင်ဗျားစဉ်းစားကြည့်ပါဗျာ။
ကျနော်တို့ပြောနေတာက ဘက်လိုက်မရှိပဲပြောရင်ကောင်းတယ်။ အခု နယ်စပ်မှာကျန်ခဲ့တဲ့လူတွေကို စွပ်ပြီး အပြစ်တင်တာတော့ မကောင်းဘူး။ သူတို့လည်းလုပ်တယ်။ ရိုးသားပါတယ်။ မရိုးသားတဲ့လူက လက်ချိုးရေလို့ရတယ်။ ဒါကိုလည်းသိတယ်။ တချိန်ချိန်ကြရင် သူတို့ကိစ္စသာလျှင်ဖြစ်ပါတယ်။ ဒါကို ကောင်းအောင်ပြောဖို့ ကျနော်တို့မှာတာဝန်ရှိတယ်။ တတိယနိုင်ငံမှာ ကျနော်တို့သူတို့လို မလုပ်နိုင်ဘူး။ လေပန်း၊ ဆန္ဒပြ၊ ငွေပေး စတဲ့ ဟိုမရောက်ဒီမရောက် အဆင့်ပဲရှိတယ်။
တတိယနိုင်ငံမှာနေတဲ့ ရဲဘော်ဟောင်းတွေရဲ့ ဘ၀ကလည်းမလွယ်ဘူးဗျ။ မနက် မိုးမလင်းသေးဘူး၊ စက်ရုံကို သွားရပြီ။ ဖင်က သွေးထွက်ထိအောင်အလုပ်လုပ်ရတယ်။ တစ်ပက်မှာ စနေဆိုတာ မရှိဘူး။ တစ်ရက်လောက်ပဲနားရတယ်။ တစ်ရက်မှာတောင် အိမ်က မိသာစုအရေးကိုလုပ်ရသေးတယ်။ ပြီးတော့နိုင်ငံရေးလည်းဝင်ပါသေးတယ်။ ၀ါသနာဖြစ်နေတာကိုးဗျ။
ခင်ဗျားစဉ်စားကြည့်...
အရင်တုန်းက...အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ သြစီမှာ အိမ်သာဆေးရတယ်။ သန့်ရှင်းရေးလုပ်ရတယ်။ မယုံရင် ကိုသိုက်ကိုမေးကြည့်...သူက အေဘီ တပ်ရင်းကိုးရဲ့ ရင်းမှုးပဲ။ သူလည်း အသားကုန်ချရတယ်။ သြစီမှာရောက်ပြီး၊ အမေရိကန်မှာရောက်ပြီး နယ်စပ်မှာကျန်ခဲ့တဲ့ လူ ၁၀၀ ကိုဆေးလိပ်ဖိုးတော့ပြန်ပေးတယ်။ ဒိထက်တောင်များသေးတယ်။ ကိုမောင်မောင်ဦး(လူ့ဘောင်သစ်)က ဒီလိုပြောတယ်ဗျ...။ ငါတို့ဒီမှာ -ီးပြဲအောင်ရှာရတာ သူတို့မသိဘူးတဲ့။
ကိုယ်ဘ၀နဲ့ကိုယ်ဆိုတော့ သူများတော့အားမကိုးနဲ့ဗျာ..။ ခင်ဗျားငတ်ရင် ဘယ်ကောင်မှလာမကြွေးဘူး။ ကိုယ့်ထမင်းကိုယ်ရှာစားနိုင်ပြီး တော်လှန်နိုင်တဲ့တနေ့ အောင်ပွဲရတယ်။ ခင်ဗျားမယုံရင် ကျုးဘားသမ္မတ နဲ့ ချေ ကိုမေးကြည့်တော့။
ကျနော်ဒီလိုစာရေးတာတောင် ၁-နာရီကို ဒေါ်လာ ၃၀ တန်တယ်။ အခုရေးတာ တပြားမှမရဘူး။ စိတ်ရှိလို့ဒါတွေကိုလုပ်နေတာ။
No comments:
Post a Comment