ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

5/6/10

NLD သည်အစိုးရဖြစ်သည်..

ဖိတ်ကြားစာ


“၂၀၁၀-ရွေးကောက်ပွဲအား ရတဲ့နည်းနဲ့တိုက်ဖျက်ကြ”
“NLD သည်ပြည်သူ့အစိုးရဖြစ်သည်”


Burma Campaign Australia က ဦးဆောင်ပြီး ဆန္ဒပြပွဲတခုအား လာမည့် မေလအတွင်းမှာ ဆစ်ဒနီ၊ မဲဘုန်း၊ ကန်ဘာရာ နှင့် Perth မြို့ တို့တွင်တပြိုင်တည်းပြုလုပ်မည်ဖြစ်ပါသည်။ ဆန္ဒပြပွဲ၏ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁) စစ်အစိုးရမှပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝလက်မခံပါ။
ထိုရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် ပြုလုပ်သည့်ရွေးကောက်ပွဲဖြစ်သည်။

၂) ၁၉၉၀-ရွေးကောက်ပွဲရလဒ်ကို ယနေ့အထိထောက်ခံသည်။
၁၉၉၀-ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရသည့် NLD သာလျှင်တရားဝင်ပြည်သူ့အစိုးရဖြစ်သည်။

ယင်းနိုင်ငံရေးဦးတည်ချက်သည် ကျနော်တို့ Perth မြို့ ရှိ နိုင်ငံရေးလှုပ်ရှားသူများ၊ မြန်မာပြည်သူများရဲ့  သဘောထားအစစ်အမှန်ဖြစ်သည်။ ထုိသေဘာထားမ်ားအား ၾသစေတ်းလ်ျပည္သူမ်ား၊ ၾသစေတ်းလ်ရွိ သတင်းဌာနများ နှင့် တကမ္ဘာလုံးရှိမြန်မာပြည်သူများ သိရှိစေရန်ရည်ရွယ်၍ယခုကဲ့သို ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်သည်။

ထို့ကြောင့် Perth မြို့ ရောက် မြန်မာနိုင်ငံသားများအနေဖြင့် အုပ်တချပ်သဲတပွင့်၊ ကျရာအခန်းကနေ စစ်အာဏာရှင်စနစ် အကုန်အစင်ပျက်သုဉ်းရေး တိုက်ပွဲမှာပါဝင်ကျဖို့တိုက်တွန်းပါသည်။ ကျနော်တို့ရဲ့ ဆန္ဒ ပြပွဲကို အောက်ပါအတိုင်းပြုလုပ်မည်ဖြစ်သည်။

Place: In front of Wesley Church at the corner of Hay St and William St
Time: Saturday 22nd of May.
Time: 12.00PM to 3.00 PM

ဆက်သွယ်ရန်-
ဒေါက်တာမျိုးညွန့်
ဖုန်း- 9310 1777

ဘုန်းကျော်
ဖုန်း- 0430429667

ပိတောက်
ဖုန်း- 0403893248


ဒီပွဲမှာ Green ပါတီက အထက်လွတ်တော်အမတ် Senator Scott Ludlum လာပြီးပွားပေးမယ်။ သူက လွှတ်တော်အမတ်မဖြစ်ခင်ကတည်းက ဒေါက်တာမျိုးညွန့်တို့နဲ့အတူတွဲပြီး မြန်မာ့အရေးကို အာပေးခဲ့တာ။ တော်တော်အားတက်သရောလုပ်တဲ့လူပါ။ သူ့ရည်စားက မဲ့ဆောက်ကလူ့ဘောင်သစ်ရုံးမှာ သုံးလတောင် အင်္ဂလိပ်စာသင်ပေးခဲ့တယ်။ အမျိုးသမီးတာဝန်ခံမသန္တာကိုကောင်းကောင်းသိတယ်။ နာမည်တော့မေ့နေတယ်။ သူမကလည်း မြန်မာ့အရေးကို ၀င်ပြီးအာတဲ့သူတွေထဲမှာပါတယ်။ သူ့တို့ကြောင့် အော်စီပါလီမန်မှာ မြန်မာ့အရေးကို ကျယ်ကျယ်လောင်လောင် အာကြတာပေါ့။ Green ပါတီကိုမဲ့ထည့်ကြပါ...။



စကော့..က ပါလီမန်မှာ အင်တာနက်ဝန်ကြီးမေးခွန်းမေးနေတဲ့ပုံ...

20100522 Rally Flyer - A5 Single - Copy

No comments:


View My Stats