ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

9/13/10

ရော်ဘဲများသို့...

နိုင်ငံတကာရောက်...ရဲဘော်များသို့..

Perth မှာ အောက်တိုဘာလ ၁၆-ရက်နေ့တွင် ခန့်စည်သူ ဦးဆောင်ပြီးအငြိမ့်ပွဲကပါမည်..။ မြစ်သာမြို့ (ပြည်တွင်း)မှာရှိတဲ့ မိဘမဲ့ခလေးများရံပုံငွေပွဲအတွက်ဖြစ်ပါသည်။ ပွဲစီစဉ်သူတွေကတော့ တောထဲကလာတဲ့သူပုန်တွေ မဟုတ်ကြပါဘူး။ အပြင်..အရပ်သားတွေ၊ နိုင်ငံရေးကင်းရှင်းသူတွေပဲဖြစ်ပါတယ်။

Perth မှာရှိတဲ့ တော်လှန်ရေးအင်အားစုကတော့ လုံးဝညီညွတ်ကြပါတယ်။ သပိတ်မှောက်ကြမယ်လို့သိရပါတယ်။ ပွဲ..ပျက်အောင်လို့... သပိတ်မှောက်တာမဟုတ်ပါဘူး။ ခန့်စည်သူကို ပညာပေးဖို့အတွက်ပဲဖြစ်ပါတယ်။

ကျနော်တို့အင်အားစုတွေအခုကတည်းက စတင်စည်ရုံးနေပါပြီ။ သြဂုတ်လ-၈ ရက်နေ့ ၈၈၈၈ လေးလုံးအခမ်းအနားတခု Perth မှာပြုလုပ်ခဲ့ပါတယ်။ လူ့ဘောင်သစ်ပါတီဝင် ကိုသိန်းလွင်(ABSDF ရဲဘော်ဟောင်း) က Perth ကို အာရုံဦးရဲ့ အနုပညာရှင်တွေလာရင် ဆန္ဒပြသပိတ်မှောက်ဖို့ကိစ္စကို တရားဝင်ကြေငြာထားပါတယ်။

Perth ကမြန်မာတွေအားလုံး ကျနော့်တို့ ဆန္ဒပြမယ်ဆိုတာကို ကြိုတင်သိထားပါတယ်။ တချို့ ကတော့ အနုပညာရှင်တွေကို ဆန္ဒပြတာမကောင်းဘူးလို့၊ မသင့်တော်ဘူးလို့ပြောထားတာရှိပါတယ်။ တချို့ ကတော့ သဘောကြတယ်။ အမြင်မတူတာတော့ရှိတာပေါ့လေ။ မတက်နိုင်ဘူးဗျာ..။ ကျနော်တို့ အာရုံဦးရဲ့ အဓိကသရုပ်ဆောင်ကြီးကို Perth မှာ အာရုံဦးမတိုင်ခင် သေးထွက်စေရန်တုံးမောင်းခေါက်ပေးမည်ဖြစ်ကြောင်း...ရဲဘော်ရဲဘက်တွေကို ကြိုတင်တင်ပြပါရစေ..။

အောင်မြင်မှုရှိမရှိတော့ စောင့်ကြည့်ပေါ့ဗျာ...။

5 comments:

Anonymous said...

အားပေးနေတယ် ရော်ဘဲကြီးးးးးးးးးးး

Anonymous said...

ပုံယူသွားတယ်ဗျို့ ။ထူးတိုင်း အီးမေးလ် ပို့ ပေးဗျာ။

Dawn Gwin (ဒေါင်းဂွင်) said...

အရိုင်းလည်းပါတယ်။ သူ့ ကိုလည်း ကန့် ကွက် ဆန့် ကျင်ဖို့ လိုတယ်။ ဖြစ်နိုင်ရင် ပွဲစီစဉ်သူများကို ဒီပွဲကို မလုပ်ဖို့ ညှိနှိုင်းပါ။ ရန်ပုံငွေကို တခြားနည်းများနဲ့ ရှာလို့ ရပါတယ်။ အခုအငြိမ့်မှာ အစိုးရ ရွေးကောက်ပွဲအကြောင်းကို ခင်ဗျားတို့ နားငြီးအောင် ကြားရမှာ ဖြစ်ပါတယ်။ အစိုးရက အစီအစဉ်ရှိရှိ လွှတ်လိုက်တာပါ။

chat kyi said...

လုပ်လိုက်ဟ....ပြလိုက်ဟ....ဝေး.....ဝေး...

chat kyi said...

လုပ်လိုက်ဟ..ပြလိုက်ဟ....သေးထွက်အောင်..ဟေးလားကွယ်မောင်ရို့.....


View My Stats