ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/19/10

ပြည်ပမှာ ကြားဖြတ်အစိုးရဖွဲ့တော့မည်

NCGUB နဲ့ NCUB တို့ပေါင်းပြီးတိုးချဲ့ အစိုးရဖွဲ့ဖို့လုပ်နေတယ်။ KNU NMSP KNPP အပါအ၀င်တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကိုလည်းညှိနေတယ်။ MPU လည်းပါတယ်။ တိုင်းရင်းသားတွေဘက်က တော်လှန်ရေးပါလီမန်ကိစ္စတော့ သဘောတူတယ်။ အစိုးရ၀န်ကြီးတွေကို ဘယ်သူဖြစ်မလဲဆိုတာကိုတော့ မပြောသေးဘူး။

ဒီနေရာမှာပြောချင်တယ်။ ပြည်တွင်းက ကြားဖြတ်အစိုးရဖွဲ့တာကိုလုံးဝထောက်ခံမယ်။ ပြည်ပက အစိုးရဖွဲ့တာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀-လောက်ကတည်းက အလုပ်ဖြစ်တာမဟုတ်ဘူး။ ဦးမောင်မောင်နဲ့ဒေါက်တာစိန်းဝင်းတို့ပေါင်းပြီးစားဖို့ ဖွဲ့တာလို့ ယူဆတယ်။ ၀န်ကြီးပဲ တချိန်လုံးလုပ်ချင်ရင်တော့ ဇာတ်ပွဲတခုထောင်ကြပေါ့။ ဒါကိုလုံးဝ မထောက်ခံဘူး။ ပြည်တွင်းက ကြားဖြတ်အစိုးရဖွဲ့တာကိုပဲ ပြည်ပက လူတွေထောက်ခံပေးကြပါ။ အစိုးရတစ်ရပ်ဖွဲ့တယ်ဆိုတာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ဖွဲ့ရတယ်။

ခင်ဗျားတို့ အခုဖွဲ့မယ့်ကြားဖြတ်အစိုးရကို မဲ့ဆောက်က အလုပ်သမားတွေ ထောက်ခံလားလို့ မေးကြည့်ပါအုံး။

အဖွဲ့အစည်းတွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်စုက လုပ်ချင်တိုင်းလုပ်တဲ့အစိုးရတစ်ရပ်ဆိုတာ အလကားပဲ။

NCUB ရဲ့ မဟာဗျူဟာဆိုတာ ဒါလား။

ပြည်တွင်းကဖွဲ့မဲ့ ကြားဖြတ်အစိုးရကို ကိုးလို့ကန့်လန့်မလုပ်ကြပါနဲ့..။

8 comments:

Anonymous said...

ခင်ဗျားဘလော့ကို ရောက်တာ မကြာသေးပေမဲ့ အကုန်လုံး ပြီးအောင်ဖတ်ဖြစ်ပါတယ်။ အထူးသဖြင့် ခင်ဗျားရဲ့ မဟုတ်မခံ စိတ်ကိုတော့ ကြိုက်တယ်။ ပြည်တွင်းမှာ မွတ်စလင်တွေ စစ်အစိုးရကို ထောက်ခံနေတာတွေ ကို ရှုပ်ချပြစ်တင်ပေးပါ။ ကိုယ်ကျိုးအတွက် စစ်အစိုးရနဲ့ ပေါင်းနေတဲ့သူတိုင်းကို ကျွန်တော်တို့ ရှုပ်ချကြရမှာ ဖြစ်တယ်။ အခုလည်း ပြည်တွင်းက မွတ်စလင်တွေက စစ်အစိုးရနဲ့ ပေါင်းနေတယ်ဗျာ။ သိရတော့ အတော် စိတ်မကောင်း ဖြစ်မိတယ်။ ဒီကိစ်စကို ဒီမိုကရေစီအတွက် တိုက်ပွဲ ၀င်နေကြတဲ့ နာမည်ကြီးဘလော့တွေကပါ ရှုပ်ချ ပေးနိုင်ရင်ကောင်းမယ်ဗျာ။ ဒါသိပ်အရေးကြီးတယ်

ဘုန်းကျော် said...

မွတ်စလင်တွေအများစုမှာ နိုင်ငံရေးမရှိဘူး။ စီးပွားရေးပဲ သိတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ကြပေါ..။

saw_yakhawaddy said...

နိုင်ငံရေးစကားပြောရင် ရိုးသား ဖြောင့်မတ်မှ ပိုပြီးကောင်းမယ်ထင်တယ်။ NDF ကလူတွေဆိုရင် တိုင်းပြည်အတွက် ထောင်ထဲမှာနေလာခဲ့သူတွေပါ။ ဒါပေမယ့် သူတို့က နအဖ ရွေးကောက်ပွဲကို ထောက်ခံလို့ဆိုပြီး ခင်ဗျားတို့က သုံးမရအောင် ပြောဆိုခဲ့တယ်။ ထို့အတူပဲ နအဖရဲ ၀ါဒမှိုင်းတိုက်တဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်တဲ့ မင်းသား မင်းသမီးတွေကို ဆန့်ကျင်ခဲ့တယ်။ DKBA တို့လို နအဖနဲ့ ပနာသင့်တဲ့ လက်နက်ကိုင် တွေကိုလဲ ခင်ဗျားတို့က ဆန့်ကျင်ခဲ့တာပဲ။

အခုကိစ္စမှာ နအဖနဲ့ လက်တွဲနေတဲ့ ကုလားတွေကို ဘာလို့ အပြစ်မတင်တာလဲ? ပလီဆောက်ခွင့်ပေးမယ်ဆိုတဲ့ နအဖမက်လုံးကြောင့် ကုလားက ရွေးကောက်ပွဲ ထောက်ခံတယ်ဆိုတဲ့ လုပ်ရပ်ကို အကောင်းမြင်စရာမလိုဘူး။ ခင်ဗျားတို့နဲ့ လက်တွဲလုပ်နေတဲ့ ကုလားတွေကလည်း . . . . သူတို့ ကုလားအချင်းချင်းဆိုတော့ ဆန့်ကျင်တာတွေ… ဝေဖန်တာတွေ မလုပ်ကျဘူးလေ။ ခင်ဗျားတို့နဲ့ ပေါင်းနေတဲ့ ကုလားတွေရဲ့ အကျင့်ကို သတိပြုသင့်ပြီနော်။

ဘာသာရေးမိုလို့ မွတ်ဆလင်တွေကို မဝေဖန်တာဆိုတဲ့ အကြောင်းပြချက်တော့မပေးပါနဲ့။ စက်တင်ဘာအရေးအခင်းမှာ နအဖနဲ့ အဆင်ပြေတဲ့ ဆရာတော်ကြီးတွေကို ခင်ဗျားတို့ ဒီမိုတွေ ဘာစကားပြောခဲ့လဲဆိုတာ သတိရမယ်ထင်ပါတယ်။ ဒီတော့ နအဖနဲ့ ဆက်ဆံနေတဲ့ ကုလားအဖွဲ့တွေကို ဆန့်ကျင်မှု မလုပ်မချင်း.. ခင်ဗျားတို့ ဒီမိုတွေရဲ့ စကားကို ဘယ်သူမှ အလေးထားမှာမဟုတ်ဘူး။ ဒီမိုဘက်ရောက်နေတဲ့ ကုလားတွေကိုလည်း . . . သူတို့ ကုလားအချင်းချင်း ဆန့်ကျင်မှုတွေ မလုပ်တရွေ့ သစ္စာဖေါက်တွေလို့ သဘောထားဖို့လို လိမ့်မယ်။

ဒီကွန်မင်.လေးသိပ်ပြီးတော.သမာသမတ်ကျမှန်လွမ်းလို.
မျှဝေပေးတာပါ။

ကိုဘုန်းကျော်သို....
ခင်ဗျားဘလော.ကနေဒီ နအဖ နဲ.ပေါင်းပြီးပြည်သူ.နောက်ကျောကိုဒါးနဲ.ထိုးတဲ.ဒီမူဆလင်တစုကိုပထမဦးဆုံး
သောဒီမိုတဦးအနေနဲ.ဆန်.ကျင်၇ှတ်ချတယ်ဆို၇င်ဘဲကျေ
နပ်ပါပြီ။ဝေနှင်းပွင်.သုန်နဲ.ပြည်ပေ၇ာက်မူဆလင်အသင်း၊
ဒီမိုမူဆလင်တွေကမသိသလိုနေတာကိုကျူပ်တို.ဖြေတွေး
လို.၇သေးတယ်။ဒါပေမဲ.နိုင်ငံအတွက်တောထဲမှာလက်
နက်ကိုင်တော်လှန်လာတဲ.ခင်ဗျားတို.လိုအနစ်နာခံလာ
တဲ.သူတွေကအမှန်တ၇ားကိုထုတ်ဖော်ဝေဖန်၇ှတ်ချ၇မှာ
ကိုစိုး၇ိမ်နေ၇င်ခင်ဗျား၇ဲ.တော်လှန်ေ၇းသမိုင်းတွေကို
ဘယ်သူကယုံတော.မှာလဲ။ခင်ဗျားတို.ဦးဆောင်နေတဲ.
စစ်အာဏာ၇ှင်ကျဆုံးေ၇းကိုဘယ်သူကနောက်ကနေ
လိုက်တော.မှာလဲ။
သိပ်ပြီးတွေဝေနေ၇င်ဦးမဆောင်သင်.ဘူး။မှား၇င်မှားပါစေ
ပြတ်သားတဲ.သူတွေဘဲဦးဆောင်သင်.တယ်။
နအဖနဲ.လက်တွဲနေတဲ.၊ခွက်နှိက်စားဖို.အခွင်.ေ၇းချေုာင်း
နေတဲ.ဒီလက်တဆုပ်စာမှုဆလင်တွေကို နအဖနဲ.ပေါင်း
ပြီးကိုယ်ကျိုး၇ှာတဲ. တေဇ တို.လိုဘလော.ပေါ်မှာဝေဖန်
၇ှတ်ချတာလောက်တောင်မလုပ်၇ဲဘူးဆို၇င်ခင်ဗျားတို.၊
လုပ်နေတဲ.၊ကျူပ်တို.အလွန်လိုလားနေတဲ.ဒီမိုကေ၇စီကို
အိမ်မက်ဘဲမက်လိုက်ကြပါစို.

ei ko said...

ကိုဘုန်းကျော်ခင်ဗျားဘလော.ကိုဖတ်စကခင်ဗျားကို
မဟုတ်မခံ၊ပြတ်သားတဲ.လူငယ်တယောက်လို.တွေး
ဘူးခဲ.တာ၊ကိုယ်.ဘာသာကိုတွေးပြီး၇ှက်မိတယ်။

Unknown said...

မွတ်စလင်တွေအများစုမှာ နိုင်ငံရေးမရှိဘူး။ စီးပွားရေးပဲ သိတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ကြပေါ..။

ဟုတ်လားကိုဘုန်းကျော်
ဒါဆို ကြံဖွတ် ပါတီဝင်ကုလားတွေက
ဘာတွေလဲ ။
စီးပွားရေး လုပ်နေတာလား ???
ပြောမယ်ဆိုရင်လည်း
မျှမျှတတ ပြောကြဗျာ
မဟုတ်တာလုပ်ရင်
လူမျိုးမရွေး ဘာသာမရွေးပေါ.နော်.
ကွက်ကျားမိုးရွာတာ တခုခုတော. တခုခုပဲ ။

Anonymous said...

ကြေညာချက် (၁)
ပြည်သူ့ အစိုးရဖွဲ့ စည်းခြင်း

ဒေါ်အောင်ဆန်းစုကြည် ( သမ္မတ )
ဦးတင်ဦး ( ဒု သမ္မတ ) - ၁
ဦးဝင်းတင် ( ဒု သမ္မတ ) - ၂
ဦးဥာဏ်ဝင်း ( ၀န်ကြီးချုပ်)
ဒေါ်မေ၀င်းမြင့် (ဒု-၀န်ကြီးချုပ်) -၁
ဦးမင်းကိုနိုင် (ဒု-၀န်ကြီးချုပ်) -၂
ဦးဝင်းထိန် (ကာကွယ်ရေး )
ဒေါ်ဝေနှင်းပွင့်သုန် (နိုင်ငံခြားရေး)
ဦးထွန်းအောင်ကျော် ( ပြည်ထဲရေး )
ဦးအုံးကြိုင် (ဘဏ္ဍာရေး နှင့် အခွန် )
ဦးခွန်ထွန်းဦး (ကုန်သွယ်ရေး)
ဦးမင်းဇေယျ (လယ်ယာ နှင့် သစိတောရေးရာ )
ဦးကိုကိုကြီး ( ပို့ ဆောင် ရေး )
ဦးဌေးကြွယ် ( သာသနာရေး )
ဦးစိုင်းသိန်းဝင်း ( နည်းပညာ နှင့် လျှပ်စစ် )
ဦးပြုံးချို ( စက်မှု နှင့် လက် မှု )
ဦးဂျင်မီ ( မွေးမြူရေး နှင့် ရေလုပ်ငန်း )
ဒေါ်မြင့်မြင့်အေး (နယ်စပ် ရေးရာ )
ဒေါက်တာလွမိးဆွေ (ပြန်ကြားရေး)
ဦးမိုးသီးဇွန် (ဆက်သွယ်ရေး)
ဒေါက်တာစင်သီယာမောင် (ကျန်းမာရေး )
ဦးဖေအောင် (ပညာရေး )
ဒေါ်ဇိုရာဖန်း (လူမှုဖူလုံရေး )
ဒေါ်နော်အုံးလှ ( ယဥိကျေးမှု )
ဦးအောင်လင်းထွဋ် ( အမျိုးသားလုံခြုံရေး)
ဦးဟန်သာမြင့် ( ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် )



ပုံ
ခင်ဥမ္မာ
ဝန်ကြီး
ဝန်ကြီးချုပ်ရုံး ၊ပြည်သူ့ အစိုးရအဖွဲ့ 
ခေတ္တ ထိုင်း-မြန်မာနယ်စပ်။
October 24, 2010 11:15 AM

http://drlunswe.blogspot.com/2007/09/blog-post_5131.html

Aung Moe Thein said...

Dear Sir ;
Who will handle ACA (Anti Corruption Agency )?

Aung Moe Thein

Bo said...

ဒီနေမှာ ကျွန်တော် နည်းနည်းပြောပါရစေ။ အထူးသဖြင့် မွတ်စလင်မ်ကိစ္စမှာပါ။ မွတ်စလင်မ်ထဲမှာ စီးပွါးရှာနေတဲ့ လက်ရှိအစိုးရကို ထောက်ခံတဲ့လူရှိသလို၊ အစိုးရကိုဆန့်ကျင်တဲ့ လူတွေလည်း တော်တော်များများ ရှိပါတယ်။ ဥပမာ ကျွန်တော့ အဖေတို့ဆိုရင် နိုင်ငံရေးအကျဉ်းသမားဟောင်းတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ ဆွေမျိးတွေထဲက တချို့က အခုထိ အစိုးရနဲ့မပေါင်းဘဲ ထမင်းငတ်နေတယ်။ ကျွန်တော်ကိုယ်တိုင် မိမိကိုယ်ကို ဘာသာမဲ့လို့ ယူဆပြီး နိုင်ငံရေး၊ လူ့အခွင့်အရေးအတွက် ကိုယ့်အိတ်ထဲက ငွေအကုန်ခံပြီး လုပ်နေဒါ နှစ်အနည်းငယ်ရှိပြီ။ ဒါပေမယ့် တခြားတဘက်မှာ အခွင့်အရေးသမား မွတ်စလင်မ်တွေ လက်တဆုတ်စာ ရှိနေတယ်။ ကျွန်တော်ကိုယ်တိုင် က အီစ္စလာမ် ထဲက မွေးလာပြီး သူတို့ကို ကာကွယ်ပေးနေပေမယ့်လည်း ကျွန်တော့ကို တားဆီးနေတဲ့ ဒုက္ခပေးနေတဲ့ထဲမှာ မြန်မာမွတ်စလင်မ် အများစုဖြစ်နေတယ်။ ဒါဆိုရင် ကျွန်တော့ မူဝါဒဖြစ်တဲ့ ဘာသာပေါင်းစုံ ညီအစ်ကိုမောင်နှမလို အေးချမ်းတည်ငြိမ်တဲ့ နိုင်ငံမှာ နေနိုင်ဖို့ အနစ်နာခံပေးနေဒါ ရပ်တန့်ရမလား။ ကျွန်တော့ ဆုံးဖြတ်ချက်က ဦးတည်ချက်အတိုင်းသာ ဆက်သွား။ ထိလာရင် ဘယ်ဘာသာဘဲဖြစ်ဖြစ် မျက်နှာသာမပေးဘူး ဆိုဒါကို လက်ကိုင်ထားတယ်။ ဒါကြောင့် ဘာသာမဲ့ပါလို့ မိမိကိုယ်ကို ယုံကြည်တယ်။ ဒီလိုမူဝါဒနဲ့ မသွားရင်လည်း ဘာသာရေးက ကြားဝင်ပြီး ကျွန်တော့မူများကို ဖျက်စီးလိမ်မယ့်။ နောက်ဆုံးအနေနဲ့ ကျွန်တော့မူဝါဒထဲကတစ်ချက်ကို အသိပေးပါမယ်။ ဒါကတော့ အီစ္စလာမ် လက်မထပ်ရမူ ဖြစ်တယ်။


View My Stats