ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/21/10

ခွဲခြားမြင်ဖို့ပါ

ကျနော်သတိထားမိတာက မြန်မာပြည်က မွတ်စလင်တွေကို တိုက်ခိုက်ထားတဲ့ ဘလော့ဂ်တွေကို တွေ့မိတယ်။ ဗုဒ္ဓဘာသာကို တိုက်ခိုက်ထားတဲ့ ဘလော့ဂ်တွေကို သတိထားမိတယ်။ ဖတ်တော့မဖတ်ပါဘူး။ အချိန်ကုန်တာပဲရှိပြီး အကျိုးမရှိလို့ပါ။ ဒီနေရာမှာ ဒီဘလော့ဂ်တွေကို ဖန်တီးတဲ့သူတွေရဲ့ ရည်ရွယ်ချက်ကိုမေးချင်ပါတယ်။ ဒီလိုလုပ်လို့ ဘာများအကျိုးထူးမှာလဲလို့။

တရုတ်၊ ဟိဒ္ဒူ၊ ခရာဇ်ယာန်ဘာသာဝင်တွေကိုတော့ စော်ကားမော်ကားရေးတဲ့ ဘလော့ဂ်ကိုတော့မတွေ့မိဘူး။ ဘာဖြစ်လို့လဲ။

မြန်မာပြည်မှာ တရုတ်၊ ကုလားနဲ့ပက်သက်လာရင် စီးပွားရေးအဓိကလုပ်တဲ့လူတွေဆိုပြီး အမျိုးမျိုးကဲ့ရဲ့ ရှုတ်ချတာရှိတယ်။ အထင်သေးတယ်။ စော်ကားမော်ကားလုပ်တယ်။ အထူးသဖြင့် ကုလားတွေကိုပေါ့။ အဓိကတော့ သူတို့က မြန်မာပြည်က ဌာနေတိုင်းရင်းသားမဟုတ်လို့လို့ထင်မိတယ်။ သမိုင်းကြောင်းမှာလည်း ထင်ထင်ရှားရှား ချစ်တီးတွေက မြန်မာတွေကို ဂုတ်သွေးစုပ်ခဲ့လို့၊ အနိုင်ကျင့်ခဲ့လို့ဆိုတာတွေလည်း ရုပ်ရှင်တွေထဲမှာ တွေ့မိတယ်။ ဒါကတော့ အရင်တုန်းကဖြစ်ရပ်ဆိုတော့ ပြန်ပြောနေရင် အာညောင်းတာပဲအဖတ်တင်မယ်။ တကယ်လက်တွေ့မှာ အလုပ်မဖြစ်ရုံမကဘူး၊ အချင်းချင်းသွေးကွဲတာပဲ အဖတ်ရမယ်။

ုမြန်မာပြည်မှာ မွေး၊ မြန်မာပြည်မှာကြီး၊ မြန်မာပြည်မှာ ပညာသင်ခဲ့တဲ့ ကုလား၊ တရုတ်တွေ တပုံကြီးရှိပါတယ်။ သူတို့တွေဟာ လူဆိုးသူခိုးတွေမဟုတ်ပါဘူး။ ဒါ့ကြောင့် သူတို့ကို ဘာလို့မုန်းကြရမှာလဲ။

မုန်းသင့်တဲ့လူများ-


မိမိအကျိုးကလွဲရင် ကျန်တာဂရုမစိုက်သူများ၊ မိမိချမ်းသာဖို့ဆိုရင် ဘယ်သူ့ ကိုပဲ ထိခိုက်ထိခိုက် လုပ်ဖို့ဝန်မလေးသူများအားလုံးကို ကျနော်တို့ မုန်းသင့်ပါတယ်။ လူမျိုးတိုင်းမှာ ဒီလိုလူမျိုးတွေရှိပါတယ်။ မြန်မာကစလို့ ရှမ်းအဆုံးမှာလည်း ဒီလို ပုတ်သိုးနေတဲ့ လူတွေရှိပါတယ်။ ခွဲခြားကြည့်ဖို့ပါ။ ဒါက အနည်းစုပါ။

ဘာသာရေး-


ဖြစ်နိုင်ရင် ဘယ်ဘာသာကမှ မြင့်မြတ်တယ်ဆိုတဲ့အတွေးအခေါ်အယူအဆကို မထားသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ဘာသာက မြင့်မြတ်လဲဆိုတာ ကျနော်နားမလည်လို့ပါ။ မသိလို့ပါ။ ဒုက္ခရောက်ရင် ဘုရားကယ်တယ်လို့တော့ ကြားဖူးတယ်။ ဖြစ်နိုင်ရင် ကျနော်က အကုန်လုံးကို ကိုးကွယ်ချင်တယ်။ ကျနော်ဒုက္ခရောက်ရင် ဘုရားပေါင်းစုံကယ်နိုင်အောင်လို့ ။ ဘုရားတစ်ဆူမအားရင် အခြားဘုရားတစ်ဆူက ကယ်နိုင်မယ်ထင်လို့ပါ။

နိုင်ငံရေး နှင့် ဘာသာရေးမရောစေနဲ့


စစ်အာဏာရှင် စနစ်ကို တော်လှန်နေတာပါ။ တော်လှန်တဲ့နေရာမှာ စစ်အာဏာရှင်စနစ်ကြီးထွားလာအောင် အားပေးအားမြှောက်လုပ်တဲ့လူမှန်သမျှ ကျနော်တော်လှန်မယ်။ အတွေးအခေါ်၊ လုပ်ဟန် (ကျနော်ကွန်မြူနစ်မဟုတ်ပါ)၊ အပါအ၀င် ဘယ်လိုနည်းနဲ့ စစ်အာဏာရှင်စနစ်ကို ထောက်ခံ၊ ထောက်ခံ ကျနော်တို့ရှုတ်ချတယ်။ ဒီနေရာမှာ မွတ်စလင်မှ၊ တရုတ်မှ မဟုတ်ဘူး။ ထောက်ခံတဲ့လူမှန်သမျှ ခွင့်မလွှတ်ပါဘူး။

လူတွေဟာ အတ္တအပေါ်မှာ အခြေခံကြတာဆိုတော့ မိမိကောင်းစားရေးကိုလုပ်တဲ့လူတွေများတယ်။ လုပ်တာကို အပြစ်မပြောဘူး။ သူများကို မထိခိုက်စေနဲ့။ ဒီနေရာမှာဘာမှသွားပြီး သူကတော့ ကုလားဖြစ်လို့ ၊ တရုတ်ဖြစ်လို့ဆိုပြီး နိုင်ငံရေးထဲက ကန်မထုတ်စေနဲ့။ အားလုံးမြန်မာပြည်သားတွေပဲ။ အားလုံးမှာ တာဝန်ရှိတယ်။

ရွေးကောက်ပွဲမှာ မဲ, ရဖို့အဓိကပါ

စစ်တပ်က ကိုယ်စားလှယ်တွေက သူတို့ကို မဲပေးဖို့အတွက် နည်းမျိုးစုံနဲ့လုပ်မှာပဲ။ ဗလီမကလို့၊ ဘုံကျောင်းဆောက်ပေးဆိုလည်း ဆောက်ပေးမှာပဲ။ ဒါက စည်းရုံးရေးဖြစ်တယ်။ အာဏာရှင်က တရားဝင်အာဏာရှင်ဖြစ်ရေးလုပ်တာကို အားလုံးသိတယ်။ ဗလီဆောက်ပေးတော့ ဗလီရတယ်။ လမ်းဖောက်ပေးတော့ လမ်းရတယ်။ မဲ, တော့မပေးနဲ့။ ရသမျှအကုန်ယူထားပေါ့။

အရင်တုန်းက မွတ်စလင်တွေကို စစ်အစိုးရနှိမ်တယ်။ အခုလက်တလော မဲရအောင် မွတ်စလင်တွေကိုဖားတယ်။ စစ်အစိုးရက သူ့အလုပ်သူလုပ်တာဆိုတော့ ဘာမှမပြောတော့ဘူး။

မှားနေတာကိုပဲတိုက်ခိုက်ပါ


ဘယ်ဟာ မှားနေတာလဲ။ မှားနေတာကို ထောက်ပြပြီး ဒဲ့ဒိုး တိုက်ခိုက်ပါ။ ၀ါးလုံးရှည်နဲ့တော့ မရမ်းကြနဲ့။ အခု မှားနေတာက ရွေးကောက်ပွဲအတုကိစ္စပဲ။ ဒါကိုလုပ်ပြီး သူတို့အာဏာတရားဝင်ယူဖို့အတွက်လုပ်နေတာက မှန်နေတာလား။

ဘယ်လူမျိုး၊ ဘာသာကွဲမဆို သူတို့ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားပေးထောက်ခံတာကိုတော့ ကျနော်တို့ရှုတ်ချတယ်။ စစ်အစိုးရကိုအားပေးနေတဲ့လူတွေထဲမှာ မြန်မာလည်းပါတယ်။ ရခိုင်လည်းပါတယ်။ တရုတ်လည်းပါနိုင်တယ်။ ကုလားလည်းရှိတာပဲ။ ဆိုတော့ လူအမျိုးအမျိုး၊ ဘာာသာအမျိုးအမျိုးရှိနိုင်တယ်။ ဒီလူတွေက ဒီမိုကရေစီရေးတိုက်ပွဲမှာ ဘာမှသုံးစားလို့မရတဲ့လူတွေပဲ။ ဒီလိုမျိုး လူပုတ်သိုးတွေကိုပဲ တိုက်ခိုက်ပါ။

ဖြစ်နိုင်ရင် ခွဲခြားပြီး မြင်နိုင်အောင် ကျိုးစားကြည့်ပေါ့။

ဒီလောက်ပါပဲ။

မှတ်ချက်။ ။ သခင်မျိုးဟေ့ ဒို့ဗမာနှင့် အပေါင်းအပါများသို့ ရည်ညွှန်းသည်။

8 comments:

Anonymous said...

ဗျို့ ဆရာဇော်မျိုး နိုင်ငံရေး ဘလောဂ်တွေဖတ်တာ မကြာသေးပေမဲ့ နေရာတကာမှာ တွေ့ရတာက ကိုဇော်မျိုးရဲ့ မှတ်ချက်တွေကြီးပါလား။ ကောင်းပါတယ်ဗျာ ဒေါက်တာလွမ်းဆွေရဲ့ပို့စ် တစ်ခုမှာ မှတ်ချက်ပေးထားတာလေးတော့။ အဲဒါနဲ့ ကိုဇော်မျိုး ဘလောဂ်မှာ ဘာရေးမလဲ လိုက်ကြည့်တော့မှ မွတ်ဆလင်ဆန့်ကျင်ရေး အဓိကဖြစ်နေမှန်း သိတော့တယ်။ စစ်မျက်နှာတွေ အများကြီး တိုက်ဖို့ချွန်ပေးတာတော့ မဟုတ်ပါဘူးဗျ၊ ဒါပေမဲ့ မြန်မာ့စီးပွါးရေးကို အဓိက ဂုတ်သွေးစုပ် ခြယ်ယ်လှယ်နေတဲ့ တရုတ်တွေရော ဘယ့်နှယ် သဘောထားတုန်းဗျ? အဲဒါလေးလဲ သိချင်လို့။
နောက်ထပ် သိချင်တာလေးတွေက အညာသားကြီးဆိုတော့ ဗမာအပြင် တစ်ခြားတိုင်းရင်းသားတွေကို ဘယ်လိုသဘောထားပါသလဲ? ပြီးတော့ ဗုဒ္ဓဘာသာကလွဲရင် ကျန်တဲ့ ဘာသာဝင်တွေကိုရော ဘယ်လိုသဘောထားလဲ သိပါရစေဗျာ။ ဗုဒ္ဓဘာသာမှာ အရေခြုံနေတဲ့ အတွင်းရန်များ ရှိတာကိုရော လက်ခံပါသလား? မွတ်ဆလင်တွေအပြင် ကျန်တဲ့ဘာသာတွေမှာ အစွန်းရောက်တွေရှိတာ လက်ခံပါသလား? ပြီးတော့ ကိုဇော်မျိုးက မွတ်စလင်ဆန့်ကျင်တာလား၊ ဗုဒ္ဓဘာသာကိုကာကွယ် ဆောင့်ရှောက်တာလား? ဗုဒ္ဓဘာသာကို ကာကွယ်ဆောင့်ရှောက်တာဆိုရင် ပြည်ပက ဗုဒ္ဓဘာသာဝင်တွေကိုပဲ အဓိကထားပါသလား၊ ပြည်တွင်းက နာမည်ကြီး ဖိုရမ်မှာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က မွတ်ဆလင်တစ်ချို့ ဝင်သောင်းကျန်းသွားတာမှာ ကိုဇော်မျိုးရဲ့ ရဲရဲတောက် အရေးအသားတွေ မတွေ့ရလို့ပါ။
အပိတ်အနေနဲ့ ပြောချင်တာက မွတ်ဆလင် ဒါမျိုးလုပ်လို့ ငါလဲဒါမျိုးလုပ်မယ်ဆိုရင်တော့ ကိုဇော်မျိုးကိုယ်တိုင်လဲ အသိနည်းတဲ့ အစွန်းရောက်သာဖြစ်တယ်လို့ ယူဆပါတယ်။ ကျွန်တော့ကိုလဲ ကိုဇော်မျိုးထုံးစံအတိုင်း တံဆိပ်လျှောက်တပ်လဲ ရပါသဗျာ၊ ဒါပေမဲ့ မေးတာလေးတွေတော့ ပြန်ဖြေပေးနော်။
စာမျက်နှာပိုင်ရှင်တော့ အားနာပါရဲ့ဗျာ ...

ငါနဲ့မတူ ငါ့ရန်သူလို့မြင်သူတွေကို စောက်မြင်ကပ်တဲ့
မောင်ရွှေအိုး

October 7, 2010 12:45 PM

Anonymous said...

ဇော်မျိုးဟာခွေးရူးတစ်ကောင်လိုပါပဲလားကွယ်
ဘလော့တိုင်းမှာလိုက်ဟောင်နေတော့တာပဲ

Unknown said...

မြန်မာတွေအတွက်
ဇော်မျိုးလိုလူလည်းရှိသင်.ပါတယ်
အမှန်အတိုင်းမေးရရင်
ခင်ဗျားတို.ဟာ မြန်မာစစ်စစ်ဆိုရင်
ဇော်မျိုးလုပ်တာကို မထောက်ခံရင်တောင်
မကန်.ကွက်သင်.ဘူး
ဘေးကနေ အေးအေးဆေးဆေးနေပေါ.
ဘလော.ဒ်တွေကိုဖတ်တယ်ဆိုရင်
ကိုးမန်.တွေဖတ်တယ်ဆိုရင်
(၂)ဖက်ရေးသားချက်တွေကိုဖတ်ပြီး
မျှမျှတတ စဉ်းစားပါ။
ဇော်မျိုးပြောသလို
တဖက်ကလည်း
ထိုနည်းတူစွာ
ပြန်လှန်ပြောဆိုတယ်ဆိုတာကိုလည်း ဖတ်ကြပါ။
ဒီတော. မနေနိုင်လို. အပြစ်ဝင်ပြောမယ်ဆိုရင်
ဇော်မျိုးတဖက်တည်းကိုပဲ မပြောပါနဲ.
(၂)ဖက်စလုံးကို ပြောပါ ။မျှမျှတတဖြစ်ပါစေ။
သင်ဟာဘာလူမျိုးပဲဖြစ်ဖြစ်
မျိုးမစစ်ရင်တော. မျိုးမချစ်တတ်ပါဘူး ။
အပိုတွေဝင်ပြောမနေကြပါနဲ.
ပြန်ဆန်းစစ်ကြပါအုံး ။

Anonymous said...

သို့...ကိုဘုန်းကျော်
လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိပါသည်...ကိုဘုန်းကျော် ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ် ဘယ်ဘုရားကို ယုံကြည်ယုံကြည် ကျွန်တော်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါ..ဒါပေမဲ့ ကိုဘုန်းကျော် ရေးထားတာလေးကိုတော့ သဘောကျမိပါသည်.."ဒုက္ခရောက်ရင် ဘုရားကယ်တယ်လို့တော့ ကြားဖူးတယ်။ ဖြစ်နိုင်ရင် ကျနော်က အကုန်လုံးကို ကိုးကွယ်ချင်တယ်။ ကျနော်ဒုက္ခရောက်ရင် ဘုရားပေါင်းစုံကယ်နိုင်အောင်လို့ ။ ဘုရားတစ်ဆူမအားရင် အခြားဘုရားတစ်ဆူက ကယ်နိုင်မယ်ထင်လို့ပါ။" ကိုဘုန်းကျော် ရေးထားတဲ့ စာထဲမှာဘဲ ကိုဘုန်းကျော်ရဲ့ ဇာတိက ပြနေပါပြီ။ ကိုဘုန်းကျော် ဟာ မိမိအတွက် အကျိုးရှိမယ်ဆိုရင် ယောက်ကျာင်္းတိုင်းကို အဖေခေါ်မယ်ဆိုတဲ့ ပုံစံဖြစ်နေပြီး မိစ္ဆာဒိဌိ အယူကိုလည်း လက်ခံမယ်ဆိုတာ ပေါ်လွင်နေပါသည်။ ကိုဘုန်းကျော် ရေးထားသလို အမှန်တကယ်ပင် ကိုဘုန်းကျော်တစ်ယောက် နိုင်ငံရေးကို လုပ်ခဲ့သည် ဆိုစေအုန်းတော့ အကျိုးအမြတ်မရှိရင် "နောက်ပြန်ပြေးမဲ့ ဖောက်ပြန်ရေးသမားတစ်ယောက်" ဆိုတာ သေချာနေပါပြီ...ကျွန်တော်သည်လည်း မင်္ဂလာဒုံ 982 ပစ္စည်းထိန်း အင်ဂျင်နီယာ တပ်မှာ ကြီးပြင်းလာသူပါ..အောင်ဆန်းသူရိယ လှသောင်းကျောင်းထွက် တယောက်လို့ ကိုဘုန်းကျော်က ရေးထားပေမဲ့ စာလုံးပေါင်း သတ်ပုံတွေကတော့ ကျောင်းရဲ့ ဂုဏ်ကို ကျဆင်းစေပါသည်..နောက်တခု ပြောချင်ပါသေးသည်။ သူပုန်လုပ်ချင်လို့ လူ့ဘောင်သစ်ကို ၀င်တယ်ဆိုတာ ရယ်စရာမှ အလွန်ကောင်းသလို ရှက်တတ်ရင် ရှက်စရာ ကောင်းလှပါသည်..လူ့ဘောင်သစ်ဆိုသည်မှာ ပါတီတခုသာ ဖြစ်ပါသည်..ပါတီဆိုင်းဘုတ်အောက်ကနေ သူပုန်လုပ်ချင်တယ်ဆိုတော့ ပျက်လုံး တခုလို့ ဖြစ်နေပါသည်...အမှန်တကယ် သူပုန်လုပ်ချင်သူက ဆိုင်းဘုတ်အောက်မှာ ခိုပြီးအော်မနေပါ...အခု ကိုဘုန်းကျော်က သြစီမှာ ရောက်နေတယ်ဆိုတော့ မဲဘုန်းမြို့ မှာ ရှိနေတဲ့ 204 တပ်ရင်းမှူးဟောင်းကိုသိုက်ထွန်းဦး ကို တွေ့အောင် ရှာပြီး သူပုန်ဆိုတာ ဘာလည်း လို့ မေးကြည့်စေချင်ပါသည်...ဒီလောက်ဆို နားလည်သဘောပေါက်မည်ထင်ပါသည်...

သင်သိဖို့ said...

သို့...ကိုဘုန်းကျော်
လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိပါသည်...ကိုဘုန်းကျော် ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ် ဘယ်ဘုရားကို ယုံကြည်ယုံကြည် ကျွန်တော်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါ..ဒါပေမဲ့ ကိုဘုန်းကျော် ရေးထားတာလေးကိုတော့ သဘောကျမိပါသည်.."ဒုက္ခရောက်ရင် ဘုရားကယ်တယ်လို့တော့ ကြားဖူးတယ်။ ဖြစ်နိုင်ရင် ကျနော်က အကုန်လုံးကို ကိုးကွယ်ချင်တယ်။ ကျနော်ဒုက္ခရောက်ရင် ဘုရားပေါင်းစုံကယ်နိုင်အောင်လို့ ။ ဘုရားတစ်ဆူမအားရင် အခြားဘုရားတစ်ဆူက ကယ်နိုင်မယ်ထင်လို့ပါ။" ကိုဘုန်းကျော် ရေးထားတဲ့ စာထဲမှာဘဲ ကိုဘုန်းကျော်ရဲ့ ဇာတိက ပြနေပါပြီ။ ကိုဘုန်းကျော် ဟာ မိမိအတွက် အကျိုးရှိမယ်ဆိုရင် ယောက်ကျာင်္းတိုင်းကို အဖေခေါ်မယ်ဆိုတဲ့ ပုံစံဖြစ်နေပြီး မိစ္ဆာဒိဌိ အယူကိုလည်း လက်ခံမယ်ဆိုတာ ပေါ်လွင်နေပါသည်။ ကိုဘုန်းကျော် ရေးထားသလို အမှန်တကယ်ပင် ကိုဘုန်းကျော်တစ်ယောက် နိုင်ငံရေးကို လုပ်ခဲ့သည် ဆိုစေအုန်းတော့ အကျိုးအမြတ်မရှိရင် "နောက်ပြန်ပြေးမဲ့ ဖောက်ပြန်ရေးသမားတစ်ယောက်" ဆိုတာ သေချာနေပါပြီ...ကျွန်တော်သည်လည်း မင်္ဂလာဒုံ 982 ပစ္စည်းထိန်း အင်ဂျင်နီယာ တပ်မှာ ကြီးပြင်းလာသူပါ..အောင်ဆန်းသူရိယ လှသောင်းကျောင်းထွက် တယောက်လို့ ကိုဘုန်းကျော်က ရေးထားပေမဲ့ စာလုံးပေါင်း သတ်ပုံတွေကတော့ ကျောင်းရဲ့ ဂုဏ်ကို ကျဆင်းစေပါသည်..နောက်တခု ပြောချင်ပါသေးသည်။ သူပုန်လုပ်ချင်လို့ လူ့ဘောင်သစ်ကို ၀င်တယ်ဆိုတာ ရယ်စရာမှ အလွန်ကောင်းသလို ရှက်တတ်ရင် ရှက်စရာ ကောင်းလှပါသည်..လူ့ဘောင်သစ်ဆိုသည်မှာ ပါတီတခုသာ ဖြစ်ပါသည်..ပါတီဆိုင်းဘုတ်အောက်ကနေ သူပုန်လုပ်ချင်တယ်ဆိုတော့ ပျက်လုံး တခုလို့ ဖြစ်နေပါသည်...အမှန်တကယ် သူပုန်လုပ်ချင်သူက ဆိုင်းဘုတ်အောက်မှာ ခိုပြီးအော်မနေပါ...အခု ကိုဘုန်းကျော်က သြစီမှာ ရောက်နေတယ်ဆိုတော့ မဲဘုန်းမြို့ မှာ ရှိနေတဲ့ 204 တပ်ရင်းမှူးဟောင်းကိုသိုက်ထွန်းဦး ကို တွေ့အောင် ရှာပြီး သူပုန်ဆိုတာ ဘာလည်း လို့ မေးကြည့်စေချင်ပါသည်...ဒီလောက်ဆို နားလည်သဘောပေါက်မည်ထင်ပါသည်...

ei ko said...

ဘုန်းကျော်
နိုင်ငံေ၇းလုပ်တယ်၊စစ်အစိုး၇ကိုပြုတ်အောင်တိုက်မယ်ဆို
တဲ.သူတွေမှာဘာဘဲလုပ်လုပ်ပြတ်သား၇မယ်။
အခုတော.မင်းကနအဖနဲ.ပေါင်းပြီးပလီဆောက်မဲ.မူဆလင်တွေကိုဆန်.ကျင်၊၇ှတ်ချချင်တယ်၊ဆန်.လည်းမ
ဆန်.ကျင်၇ဲဘူး၊မုံးလုံးစက္ကူပတ်ပြောနေတယ်။
ဟေ.ဘုန်းကျော်၊မင်းယောင်္ကျားမဟုတ်ဘူးလား၊မင်းပြော
ချင်တာမင်းမပြော၇ဲ၇အောင်၊၇ှင်း၇ှင်းလေးကိုမင်းပတ်ပြီး
၇ှတ်နေတယ်။မင်းပြော၇မှာကဒီနအဖကိုထောက်ခံတဲ.
မူဆလင်ကိုငါ၇ှတ်ချတယ်၊ဒါမှမဟုတ်မ၇ှတ်ချဘူး။ဒါလေး
တောင်ပြတ်ပြတ်သားသားလုပ်၇ဲတဲ.သတ္တိမ၇ှိဘူး။
ပြောတော.ဆင်ဖမ်းမယ်၊ကျားဖမ်းမယ်၊အဆုံးကျတော.
ပြောတော.မိုး၊လိုးတော.မြေကြီး။
ဟေ.စောက်ခြောက်ကြီးမင်း၇ုပ်ကြီးမတင်ထားနဲ.ကွာ
ုကြက်သေ၇တုံးတယ်။

saw_yakhawaddy said...

ဟားဟားဟား။
သန်းေ၇ွနဲ.နအဖခွေးသခိုးတွေကိုတိုက်ခိုက်ပြီးသန်း၆၀
သောမြန်မာပြည်သူတွေကိုကယ်တင်မဲ.စူပါမင်းဘုန်းေ၇ှာ်
ဆိုတာသူဘဲကို၊လေးစား၇ပါဧ။် ၊ မှတ်သား၇ပါဧ။်

Anonymous said...

၇ိုးသားဖြူစင်သောမြန်မာလုမျိုးများ သတိပြု၇န်

ဇော်မျိုး/ေ၇ွှဂျုး/အိကို/စနေ တို.ဟာ ပိတောက်မြေ မြန်မာ.အလင်း သာကီနွယ် တို.မှာ နအဖကိုးစား နအဖ၇ဲ.လစာငွေကိုစားပြီး သံယာတော်တွေခေါင်းကို၇ိုက်ခွဲ ပြည်သူတွေကို ဒုက္ခပေး နေသော ကြေးစားစစ်သား တစုဖြစ်ပါတယ် တကယ်တော.သူတို.စားတဲ. လစာငွေဟာပြည်သူတွေ၇ဲ.ချွေးနဲစာပါ နအဖလက်ကိုင်တုတ် ပုဆိုးစုတ်လုပ်ပြီးတော. ပြည်သူအချင်းချင်း ၇န်ဘက်ဖြစ်အောင် ဘာသာေ၇း လူမှုေ၇း ဒီမိုကေ၇စီအေ၇း စသဖြင်. အကြောငိးအမျိုးမျိုးပြပြီး သွေးခွဲ သတ်သျှို နေသော လူယုတ်မာ လူ၇မ်းကား ကြေးစားစစ်သားတစုဖြစ်ကြောင်း အများသိစေအပ်ပါသည်။


View My Stats