ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/26/10

ဒုက္ခသည်အတုတွေကိုသတိထား

ဒုက္ခသည်ဆိုတာ အမျိုးအစားသုံးလေးမျိုးအနည်းဆုံးရှိတယ်။ အထူးသဖြင့် နိုင်ငံရေး ဒုက္ခသည်(Political Reufgees)၊ စားဝတ်နေရေးအဆင်မပြေလို့ထွက်ပြေးလာတဲ့ ဒုက္ခသည် (Economic Refugees)၊ သဘာဝဘေးအန္တရယ်ကြောင့်ထွက်ပြေးလာတဲ့ ဒုက္ခသည် (Enviromental Refugees) ဆိုပြီးရှိတယ်။ နောက်ဆုံးဒုက္ခသည်ကတော့ စစ်ပြေးဒုက္ခသည် (Refugees from War) ဆိုတာလည်းရှိတယ်။ အားလုံးကို ခြုံကြည့်ရင် နိုင်ငံရေးကြောင့်အားလုံးဒုက္ခရောက်ကြတယ်လို့ နားလည်နိုင်တယ်။ မြန်မာပြည်က ဒုက္ခသည်အတော်များများ နယ်စပ်မှာရှိတယ်။ မလေးရှား၊ အိန္ဒယနဲ့အခြားနိုင်ငံတွေမှာလည်းရှိတယ်။ တတိယနိုင်ငံသွားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ယူအန်လျှောက်ပြီး ထွက်ဖို့လုပ်တဲ့ဒုက္ခသည်တွေက အများစုဖြစ်တယ်။ တချို့ ကတော့ ယူအန်အောင်လည်း တတိယနိုင်ငံကို ထွက်ဖို့မလုပ်ကြဘူး။

နိုင်ငံရေးဒုက္ခသည်


ဒီအုပ်စုကတော့ နိုင်ငံရေးလုပ်လို့ မိမိတိုင်းပြည်ကို ပြန်လို့မရတဲ့လူတွေပါ။ ပြန်ရင် အနည်းဆုံးအဖမ်းခံရနိုင်သလို ထောင်လည်းကျနိုင်ပါတယ်။ သူပုန်အဖွဲ့အစည်းတွေနဲ့ အတိုက်အခံအင်အားစုကလူတွေဖြစ်တယ်။ ဥပမာ NLD ABSDF နဲ့ အခြားအဖွဲ့အစည်းတွေဖြစ်တယ်။ ပြည်တွင်းမှာ နေမရတော့လို့ ထွက်ပြေးရောက်ရှိလာတဲ့နိုင်ငံရေးသမားတွေ၊ လှုပ်ရှားသူတွေလည်း ဒီအုပ်စုထဲမှာပါတယ်။ သူတို့ ကြောင့် တတိယနိုင်ငံတွေကို ထွက်လို့ရတယ်လို့နားလည်နိုင်တယ်။ ၈၈-နောက်ပိုင်းမှာ ဒီလူတွေကြောင့် အမေရိကနဲ့အခြားနိုင်ငံကြီးတွေမှာ မြန်မာတွေတပုံကြီးဖြစ်ကုန်တယ်။

စီးပွားအဆင်မပြေလို့ ဒုက္ခသည်အဖြစ်လျှောက်သူများ

ဒီအုပ်စုကတော့ ရှင်းရှင်းပြောရင် မြန်မာပြည်မှာ ငတ်လို့၊ အဆင်မပြေလို့ဒုက္ခသည်လျှောက်သူတွေဖြစ်တယ်။ တတိယနိုင်ငံတခုခုကိုထွက်ရင်အနည်းဆုံး မိသားစုအတွက်အဆင်ပြေနိုင်လို့ဆိုတဲ့ရည်ရွယ်ချက်ကိုကိုင်ပြီး နိုင်ငံခြားထွက်ဖို့အတွက် လုပ်တယ်။ မြန်မာပြည်ကနေ တရားဝင် အမေရိကနဲ့ သြစတျေးလျလိုနိုင်ငံတွေကို သွားဖို့လုံးဝမတက်နိုင်တော့ ဒုက္ခသည်အဖြစ်ခံပြီး၊ ထွက်တာအကောင်းဆုံးဖြစ်တယ်လို့ ယူဆသူတွေဖြစ်တယ်။ ဒီအုပ်စုမှာ ပါတဲ့လူတွေကတော့ မဲ့ဆေက်က အလုပ်သမား၊ ပြည်တွင်းက အလုပ်သမားတွေ၊ နိုင်ငံသမားတွေရဲ့ အမျိုးတွေ၊ မိသားစုတွေပါဝင်နိုင်တယ်။ လူစုံပါပဲ။

သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခသည်ဖြစ်သူများ


နားဂစ်ကာလမှာ အိမ်မရှိ၊ ယာမရှိဖြစ်ပြီး ဘ၀ပျက်သလိုဖြစ်နေတဲ့ လူတွေလည်း ဒုက္ခသည်ဖြစ်ကုန်တယ်။ ဒုက္ခသည်စခန်းထဲဝင်ပြီးနေရင် အနည်းဆုံး ဆန်ဆီဆားတော့ အလကားရနိုင်တယ်။ သူတို့အတွက် အဆင်ပြေနိုင်တယ်။ ကံကောင်းရင် နိုင်ငံခြားကိုရောက်နိုင်တာပေါ့။

စစ်ပြေးဒုက္ခသည်

ဒီအုပ်စုကတော့ နအဖနဲ့ သူပုန်အဖွဲ့အစည်းတွေတိုက်ပွဲဖြစ်တဲ့အခါမှာ နယ်စပ်ကိုထွက်ပြေးလာတဲ့တိုင်းရင်းသားတွေဖြစ်တယ်။ ကရင်၊ ချင်း၊ မွန်စတဲ့လူမျိုးတွေများပါတယ်။ သူတို့က နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ အများကြီးရှိပါတယ်။

အထက်ကအုပ်စုတွေကို အမေရိကန်၊ သြစတျေးလျနိုင်ငံအပါအ၀င် ချမ်းသာတဲ့နိုင်ငံတွေကနေ Quata စနစ်နဲ့လက်ခံတယ်။ ဥပမာ အမေရိကန်က တစ်နှစ်ကိုလူအယောက်ငါးထောင်၊ သြစတျေးလျက လူအယောက်ငါးထောင် စသဖြင့် နှစ်စဉ်ခေါ်ယူလက်ခံတယ်။ ခေါ်တဲ့ရည်ရွယ်ချက်ကတော့ သူတို့နိုင်ငံမှာ အလုပ်သမားလိုတာကြောင့်ရယ်၊ သနားလို့ခေါ်တာကြောင့်ရယ်ဆိုပြီး လက်ခံပေးတယ်။

ဒီနေရာမှာ ဒုက္ခသည်တစ်ယောက်ကအနည်းဆုံး မြန်မာပြည်ပြန်ရင် သူ့ဘ၀လုံခြုံရေးကိုထိခိုက်နိုင်တယ်လို့အကြောင်းပြနိုင်ရင် ခေါ်တယ်။ အထူးသဖြင့် မြန်မာပြည်ပြန်လို့မရဘူးဆိုတဲ့အကြောင်းပြချက်ပဲ။ ပြန်ရင်စစ်အစိုးရ ဖမ်းလိုက်မယ်။ သတ်လိုက်မယ်ပေါ့။ ဒါကို ဒုက္ခသည်တွေဖြစ်ချင်သူတိုင်း အကြောင်းပြချက်ပေးရတယ်။ သက်သေအထောက်အထားနဲ့ပေါ့။

သို့သော် ဒီနေရာမှာ UNHCR အပါအ၀င်၊ သံရုံးတွေကလည်း အတိအကျမစစ်ဆေးနိုင်ဘူး။ ဖြစ်သလိုလက်ခံလိုက်တာများတယ်။

ဒုက္ခသည်အတုကိစ္စ

ဒုက္ခသည်စခန်းတွေမှာ ရန်ကုန်သိမ်ကြီးဈေးက ကုန်သည်တွေရှိတယ်။ မဂိုလမ်းက ကုလားသူဌေးတွေရှိတယ်။ မဲ့ဆောက်က ကျောက်ကုန်သည်တွေလည်းပါတယ်။ သူတို့ရှိသလို စစ်အစိုးရဘက်ကအရာရှိသားသမီးတွေ၊ ဆွေမျိုးတွေရှိတယ်။

သူဌေးကြီးတွေနိုင်ငံခြားထွက်ဖို့အတွက် ဒုက္ခသည်ဘ၀ကနေ ထွက်တာအလွယ်ကူဆုံး၊ တရားဝင်ဆုံးဖြစ်တော့ ဒုက္ခသည်ခံကြတာရှိတယ်။ အများဆုံးဒုက္ခသည်စခန်းမှာနေရင် သုံးနှစ်ပေါ့။ ငွေရှိတော့ လဘ်ထိုးလိုက်ရင် တစ်နှစ်နဲ့တောင် ထွက်လို့ရတယ်။ ဥပမာ သြစတျေးလျနိုင်ငံမှာ ရောက်နေတဲ့ လူတစ်ချို့ ဆိုရင် ဒုက္ခသည်စခန်းမှာ နေဘူးတာ သုံးလပါတဲ့။ ထွက်ခါနီးမှ ရန်ကုန်ကနေ ဘန်ကောက်ကိုလေကြောင်းနဲ့လာ၊ မဲ့ဆောက်ကို လေယျာဉ်နဲ့ဘန်ကောက်ကဆင်း၊ ပြီးတော့ စီးလုံးငှားကားနဲ့ ဒုက္ခသည်စခန်းကို ၀င်ပါတယ်လို့ပြောပြပါတယ်။

သူကြတော့ ဒုက္ခသည်ဖြစ်ရတာ တော်တော်မိုက်တယ်။ ဒီလိုလူမျိုးတွေကို ဒုက္ခသည်အတုလို့မပြောရင် ဘယ်လိုပြောရမလဲ။ သူတို့ကြောင့် တကယ်အနစ်အနာခံရတဲ့၊ တိုင်းပြည်ကို တကယ်ပြန်ဖို့မဖြစ်နိုင်တဲ့လူတွေ ဘယ်လောက်နစ်နာရသလဲ။ စဉ်းစားကြည့်ကြပေါ့။ ဒုက္ခသည်စခန်းတွေမှာ ABSDF KNU NLD-LA DPNS စတဲ့အဖွဲ့အစည်းက တကယ်အစစ်အမှန်တွေ ၁၀-နှစ်လောက်ဒုက္ခသည်စခန်းမှာ ပုန်းခိုနေတာတောင် ထွက်လို့မရသေးဘူး။ ဒီအခြေအနေကို မေးကြည့်ပါ။ သွားကြည့်ပါ။
သိနိုင်ပါတယ်။

ချမ်းသာတဲ့လုပ်စားဒုက္ခသည်တွေကြောင့် ဒုက္ခသည်စခန်းမှာ အကျင့်စာရိတ္တတွေဖောက်ပြန်ကုန်ကြပြီ။ နှလုံးထီ၊ ချဲ၊ ဘောလုံးပွဲဒိုင်ခံ၊ ဖဲရိုက်၊ အတိုးချေးစားစတဲ့ မသမာမှုတွေဖြစ်နေတယ်။ ဒါတွေကို ထိုင်းအာဏာပိုင်နဲ့စခန်းကော်မတီတွေကလည်း မသိကျိုးကျွံပြုထားတယ်။ သူတို့အတွက်ကြားပေါက်ရတယ်ဆိုတော့ ငြိမ်းခံနေကြတယ်လို့ယူဆတယ်။

ဒီလိုမသမာမှုတွေက ဒုက္ခသည်တွေရဲ့ ဘ၀ကို ဖျက်စီးနေသလိုဖြစ်နေပြီ။ နှစ်ပေါင်းကြာရှည်စွာ လူမသိသူမသိတောထဲမှာ အထီးကျန်နေရတဲ့ဘ၀တွေကို မစာနာ၊ မိမိကောင်းစားရင်ပြီးရောဆိုတဲ့ ချမ်းသာတဲ့လူတစ်စုက အနိုင်ကျင့်နေတာကို လက်ပိုက်ကြည့်နေလို့မရပါ။

ဒုက္ခသည်အတုတွေကို တခုခုတော့ လုပ်သင့်ပါတယ်။ အာဏာပိုင်တွေက အရေးမယူရင် တာဝန်သိတဲ့ဒုက္ခသည်တွေက ဘယ်သူ၊ဘယ်ဝါဆိုတာကို အင်တာနက်ခေတ်ကြီးမှာ ဖော်ထုတ်လို့ရပါတယ်။ ဒုက္ခသည်စခန်းထဲမှာ တယ်လီဖုန်း၊ အင်တာနက်၊ ဆက်တလိုက်တွေတောင်ရှိနေတဲ့ခေတ်ဆိုတော့ လုပ်ရတာလွယ်ပါတယ်။

၂၀၁၀-ခေတ်နှစ်ဒုက္ခသည်စခန်းကတော်တော်အဆင့်မြင့်လှပါတယ်။

တကယ်လို့ ဒုက္ခသည်အတုတွေကို တာဝန်သိသိနဲ့မဖော်ထုတ်ဘူးဆိုရင် တတိယနိုင်ငံတွေက ခေါ်တဲ့ Quota စနစ်မှာ လူနည်းသွားပါလိမ့်မယ်။ နောက်ဆုံးပြောချင်တာ ဒုက္ခသည်အတုတွေက နိုင်ငံခြားကိုများများရောက်ပြီး၊ ဒုက္ခသည်အစစ်တွေက ဒုက္ခသည်စခန်းမှာ ဆက်လက်ရပ်တည်နေချင်တယ်ဆိုရင် ဒီအတိုင်းပဲနေကြပေါ့ဗျာ။

သြစတျေးလျနိုင်ငံက ဒုက္ခသည်များ


အထက်က အုပ်စုငါးခုနေ ထွက်လာတဲ့ ဒုက္ခသည်တွေ သြစတျေးလျနိုင်ငံမှာ သုံးလေးသောင်းရှိပါတယ်။ သြစတျေးလျသံရုံးနဲ့ယူအန်မှာလျှောက်တော့ သူတို့က ဒီလိုအကြောင်းပြချက်ပေးပါတယ်။ နိုင်ငံရေးလုပ်လို့၊ စစ်အစိုးရက နှိပ်စက်လို့၊ ဘာသာရေးခွဲခြားလို့၊ စီးပွားရေးအရအနိုင်ကျင့်လို့၊ ကျနော်ကျနော်ကျမကို သတ်လို့၊ မုဒိမ်းကျင့်လို့ပါဆိုပြီး မလာခင်မှာလျှောက်ပါတယ်။

သြစတျေးလျနိုင်ငံရောက်လည်းရောက်ရော နိုင်ငံရေးမပက်သက်ချင်တော့ဘူးဆိုပြီး စောက်ရှက်မရှိပြောကြတယ်။ နိုင်ငံရေးလုပ်ရင် ဗမာပြည်ပြန်လို့မရမှာစိုးရိမ်လို့ဆိုပြီး အကြောင်းပြချက်ပေးတယ်။ ဗြောင်လိမ်ကြတယ်။ ဒီလိုလူမျိုးတွေကိုလည်း ကျနော်တို့ ဒုက္ခသည်အတုဆိုတဲ့စာရင်းထဲမှာ ထည့်ရပါလိမ့်မယ်။ နိုင်ငံရေးမလုပ်ချင်၊ မလုပ်ချင်ဘူးလို့ဗြောင်ပြောရင် ဖြေနိုင်ပါတယ်။ အခုတော့ ဗမာပြည်မပြန်ရမှာစိုးလို့၊ နိုင်ငံရေးနဲ့မပက်သက်ချင်လို့ပါလို့ပြောတဲ့စကားကို ဘယ်လိုခံစားပေးရမှာလဲ။ ဒါဆိုရင် ဘာ့ကြောင့် သံရုံးမှာလျှောက်တုံးက ဗမာပြည်ပြန်လို့မရဘူးဆိုပြီး ဆင်ခြေပေးကြတာလဲ။ ဘာလို့လိမ်ပြီး ပြောကြတာလဲ။

ဒုက္ခသည်အတုတွေဟာ ဒုက္ခသည်အစစ်တွေကို တော်တော်စော်ကားနေကြပြီ။

2 comments:

Anonymous said...

အသိထဲက ဒုက်ခသည် အဖြစ်ခံယူပြီး ( အင်္ဂလန်နိုင်ငံ မှာနေသူ ) ကတော့ ရန်ကုန်က နေ တရားဝင် အင်္ဂလန်ကို လာတဲ့ မိန်းကလေးနဲ့ ယူတယ်။ မိန်းကလေးကလည်း နေထိုင်ခွင့်ရအောင် အဲ့ဒီ့ ဒုက်ခသည်နဲ့ အင်္ဂလန်မှာ ယူတယ်။ အချိန်တန် တော့ အင်္ဂလန် ပါ့စ်ပို့ ကို ကိုင်တယ်။ ကလေးမွေးတယ်။ ကလေးက အင်္ဂလန်နိုင်ငံသားဖြစ်တယ်။ ပထမတော့ ဒုက်ခသည်အမျိုးသားက အမျိုးတွေနဲ့ တွေ့ ချင်ရင် မဲဆောက်မှာ တွေ့ ကြတယ်။ အခုတော့ မြန်မာပြည်ကို အိမ်ဦးနဲ့ ကြမ်းပြင်ပါဘဲ။ အေးအေးဆေးဆေးဘဲပြန်ပြီး မြန်မာပြည်မှာ နေတာ သုံးလလောက်နေပြီး အခု အောက်တိုဘာလမှာဘဲ ပြန်ထွက်သွားပြီ။ အဲ မြန်မာပြည်မှာ စီးပွားရေးတွေ တောင် အကြီးအကျယ် လုပ်ထားသေးတယ်။ မွေးလာတဲ့ ကလေးကိုတောင် မြန်မာနိုင်ငံမှာ ပိုက်ဆံပေးပြီး မြန်မာနိုင်ငံသားပါ ဖြစ်အောင် မွေးစာ၇င်းကိုတောင် မြန်မာပြည် မွေးစာ၇င်းထပ်လုပ်ထားသေးတယ်။

ကဲစဉ်းစားကြည့်ပါဦး။ ဘယ်လိုအမျိုးအစား ဒုက်ခသည်လည်းဆိုတာ။

Anonymous said...

There are many Burmese students here in UK went to demostration in front of the Burmese embassy when they can not extend the visa. They took the photos themselves and applied for political asylum with those photos. You can get an experience professional agent who can apply an asylum. These people with political asylum status visit Burma frequently and some do business with Generals. After living over 30 years in the UK, I have never seen a single genuīnus political refugee. They all have their own different reasons. Once they got their asylum, they never come near to those political events and activities.


View My Stats